Pages

March 24, 2007

စင်ကြယ်သောစိတ်

ချင်းတွင်း မဂ္ဂဇင်းထဲမှာ ဖတ်မိတဲ့ ဆောင်းပါး " စိတ်ကို အစားကျွေးမယ့် ဗေဒါလေးများ - ကိုပေါက် " ထဲက စာသားတွေပါ။ Hyacinths to Feed the Soul by Carol Amen (R.D April 70) ကို ဆီလျော်အောင် ဘာသာပြန်ထားတာပါလို့  ရေးသားထားပါတယ်။

ဒီဆောင်းပါလေးထဲမှာပါတဲ့ ကဗျာလေးကို ကျွန်မ အရင်ကတည်းက ဖတ်ခဲ့ဘူးတယ်။ အဲ့ဒီကဗျာဖတ်တုန်းက ရေးထားတာတွေကို နားမလည်ခဲ့ဘူး။ ၁၃ ရာစုက ရေးထားတဲ့ ကဗျာဆိုတော့ သုံးထားတဲ့ English ကိုနားမလည်တာပါ။ အဲ့ဒီတုန်းက Simple English နဲ့  ပြန်ရေးထားတာကို Google အားကိုးနဲ့  ရှာဖတ်မှပဲ အဓိပ္ပါယ်ကို နားလည်သွားပါတယ်။ ခုဖတ်မိတဲ့ ဆောင်းပါးမှာ မြန်မာလို့  ဘာသာပြန်ထားပေးတာပါ ပါတယ်။
If of thy mortal goods thou art bereft
And from thy slender store
Two loaves alone to thee are left
Sell one, and with the dole
Buy hyacinths to feed thy soul.

- Sheikh Muslih-uddin Saadi Shirazi,
The Gulistan of Saadi, 1270
(13th Century Persian Poet)


"If I had but two loaves of bread
I would sell one of them
and buy White Hyacinths to feed my soul."

-Elbert Hubbard
(1856-1915)

"If you have two loaves of bread,
sell one and buy a hyacinth to feed your soul."

ဘ၀ရဲ့ လိုအပ်ချက်တွေ ချို့ တဲ့နေပြီး
သင်၏ တင်းကုပ်ထဲမှာလည်း စားစရာနှစ်ခုတည်း ကျန်ပါစေ။
တစ်ခု ရောင်းချရသမျှကို စိတ်အစာကျွေးရန်
ဗေဒါပန်းလေးများ ၀ယ်ပါလေ။

ခုဘာသာပြန်ထားတဲ့ ဆောင်းပါးထဲက ကျွန်မ သတိထားဖတ်မိတဲ့ စာသားတချို့ ...

" ကျွန်မ လူတွေကို သတိထားကြည့်နေတတ်သည်။ တစ်ခါလာလည်း စားဝတ်နေရေးတွေချည်းပဲလား။ လှရာရာလေးတွေရွေးကာ နှလုံးသား အာဟာရကို ဖြည့်ဆည်းပေးတတ်ကြသူများရော မရှိကြတော့ဘူးလား။"

" ကျွန်မတို့  ၀မ်းခေါင်းများ ဟာနေသောအခါ ဆာလောင်မွတ်သိပ်လာကြ၏။ နှလုံးသားအာဟာရ ငတ်မွတ်နေသည်ကိုမူ မည်သူမျှ မသိကြချေ။ သည်လိုနှင့် မနက်ဖြန်တွေ၊ မနက်ဖြန်တွေက တရွေ့ ရွေ့  ကုန်ဆုံးသွားကြ။ ရသမျှတွေကလည်း ပေါင်မုန့် ထဲ၊ ဖိနပ်ထဲ၊ အိမ်ခန်းထဲ ၀င်ရောက်သွားကြ။ နှလုံးသား နံရံကြီးများမှာတော့ ဟာလာဟင်းလင်း။ သည်အဖြစ်မျိုး ကြုံရပါပြီတဲ့။ ဘာလုပ်ကြမည်နည်း။ ဟုတ်ကဲ့။ ကျွန်မတို့ ဗေဒါပန်းများ ၀ယ်လို့ ရပါသည်။ "

1 comment:

Hay Mar said...

So colourful flowers, and meaning words.