Pages

March 17, 2007

The Road Not Taken

ဒီကဗျာကို ဘာသာပြန်ထားတာ စာအုပ်တစ်အုပ်မှာတွေ့  လို့ ကူးချထားတာ။ ဒီထက် ကောင်းကောင်း ဘာသာပြန်ထားတာလေး ရရင်လိုချင်တယ်။ ကိုယ်တိုင်ကလည်း ဘာသာပြန်မရတော့ ဘာသာပြန်တတ်သူများ ရေးပေးရင် ကောင်းမယ်..... ခုတော့ ရှိတာလေးပဲ တင်ထားလိုက်တော့တယ်...

Robert Frost, published in 1916 in his collection Mountain Interval.
Two roads diverged in a yellow wood,
And sorry I could not travel both
And be one traveler, long I stood
And looked down one as far as I could
To where it bent in the undergrowth;

ညိုဝါရွှေမှော်ရုံတောထဲ လမ်းနှစ်မြွာဖြာဝင်သွားတယ်၊
ခရီးသည်က ကိုယ်တစ်ယောက်တည်းရယ်
နှစ်သွယ်လမ်းကို ပြိုင်တူမလှမ်းနိုင်လို့  ၀မ်းပါးရသေးတယ်၊
ကွယ်... ဘယ်တတ်နိုင်ပါ့၊ မတ်တတ်ရပ်ပြီး မျက်စိတစ်ဆုံးလှမ်းမျှော်ကြည့်၊
အဲ့သည်လမ်းကလေး ချုံပုတ်တွေအောက် ကွေ့ ကောက်ဝင်သွားတဲ့ ဆီအထိ။

Then took the other, as just as fair,
And having perhaps the better claim,
Because it was grassy and wanted wear;
Though as for that the passing there
Had worn them really about the same,

နောက်တော့ သာတူညီမျှဖြစ်အောင် နောက်တစ်လမ်းကို အကဲခတ်ကြည့်၊
သူကတော့ သာယာမှုအပြည့်နဲ့  ညွတ်နူးစွာလက်ကမ်း၊
ခြေလှမ်းတွေကို ငံ့မျှော်နေတဲ့ မြမြက်ခင်းစိမ်းတွေအပြည့်၊
တစ်ခုတော့ရှိသပေါ့၊ သည်လမ်းကို ဖြတ်ရင်
ဖြတ်သူလည်းပန်း မြက်လည်းနွမ်းမှာ အသေအချာပင်။

And both that morning equally lay
In leaves no step had trodden black.
Oh, I kept the first for another day!
Yet knowing how way leads on to way,
I doubted if I should ever come back.

အဲသည်မနက်မှာ အဲသည်လမ်းနှစ်မြွှာ ငြိမ်သက်စွာလဲလျောင်းလို့ 
အနင်အချေမခံရသေးတဲ့ ရွက်ကြွေတွေ ဖြန့် ခင်းလို့ ၊
ငါ ပထမလမ်းကို နောက်နေ့ အတွက် ချန်ထားလိုက်တယ်၊
တစ်လမ်းလျှောက်မိရင် နောက်လမ်းတွေဆီ ခရီးပေါက်မယ်ဆိုတာသိကာထား
ငါပြန်လမ်းမှ ရှိပါဦးမလား သံသယတောင်ဝင်မိသေး။

I shall be telling this with a sigh
Somewhere ages and ages hence:
Two roads diverged in a wood, and I—
I took the one less traveled by,
And that has made all the difference

သည်အကြောင်းကို ငါသက်ပြင်းကြီးကြီးချပြီး ပြောပါရစေ
နှစ်တွေအသင်္ချေကြာခဲ့တုန်းက ထိုတစ်နေရာမှာလေ၊
ညိုဝါရွှေတောအုပ်ကြား လမ်းနှစ်မြွှာဖြာဝင်သွား၊
လူသူခြေမချသေးတဲ့လမ်း ငါရွေးလှမ်းခဲ့တယ်၊
အဲ့သည်ရွေးချယ်မှုက အရာရာတိုင်းကို ထူးခြားမှုတွေ ဖြစ်စေခဲ့တာပေါ့ကွယ်။

2 comments:

Anonymous said...

this famous poem was translated by U tha noe. we can get one of his books,

Nay Nay Naing said...

ဆရာတင်မိုး ဘာသာပြန်ထားတာလေး ရနိုင်ရင် လိုချင်တယ်.. သတင်းပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်..