Pages

March 24, 2007

Orisinal : Morning Sunshine

ဒီနေ့  ဟိုအရင် ၂ နှစ်ကျော်က ဆော့လေ့ရှိတဲ့ Flash Game Website တစ်ခုကို ပြန်တွေ့ တယ်။ အဲ့ဒီတုန်းက သူငယ်ချင်းတစ်ယောက် email က တဆင့်ပို့ ပေးလို့ ရခဲ့တဲ့ HTML File ကတဆင့် သွားပြီး ဒီ Site က Games ကစားလေ့ရှိခဲ့တာပါ။ နောက်ပိုင်း Computer ထဲက File တွေရှင်းရင်း အဲ့ဒီ HTML file ကိုပါ Delete လုပ်လိုက်တော့ ဆက်မကစားဖြစ်တော့ပါဘူး။ မှတ်မိသေးတယ်။ အဲ့ဒီ HTML File Name ကိုက MorningSunshine ပါပဲ။ မနက်မိုးလင်း အိပ်ရာနိုး အချိန်ရရင်၊ စာဖတ်ရတာ ပျင်းလာတယ်ဆိုရင်၊ စိတ်တွေရှုပ်လာပြီး ပတ်ဝန်းကျင်ကိုမေ့ထားပြီး စိတ်ပြန် တည်ငြိမ်ချင်တယ် ဆိုရင် Desktop ပေါ်မှာ တင်ထားတဲ့ အဲ့ဒီ File လေးဖွင့်ပြီး Flash Games တွေ ကစားလေ့ရှိတယ်။

PC Game ဆို ကျွန်မက Strategy Games တွေကြိုက်တယ်။ ပြီးတော့ ဒီလို့  Game သေးသေးလေးတွေ ကြိုက်တယ်။ အရင် ၁၀ တန်း အောင်ပြီးစကဆို StarCraft ကို တော်တော်စွဲစွဲမြဲမြဲဆော့ခဲ့တယ်။ ကျောင်းသွားတက်တဲ့ အထိဆော့တုန်းပါပဲ။ နောက်ပိုင်းတော့ အချိန်ကုန်လို့  အဆော့ဖြစ်တာကြာပါပြီ။ နောက်ပိုင်းတော့ ခု Website က game မျိုးတွေ နဲ့  Yahoo and MSN က Game အသေးလေးတွေပဲ ဆော့ပါတော့တယ်။

Morning Sunshine မှာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ကျွန်မ အမြဲ ဆော့လေ့ရှိခဲ့တဲ့ Games တွေရှိပါ။

Midnight Serenade
ဒီ Game က ဟိုအရင်စာအုပ်တွေ၊ ရုပ်ရှင်တွေမှာ တွေ့ ဖူးတဲ့ အတိုင်း ကောင်းလေးတွေ သူကြိုက်တဲ့ ကောင်မလေးအိမ်ရှေ့ ညသန်းခေါင် သီချင်းသွားဆိုတဲ့ ပုံစံလေးပါ။ နောက်ခံ သီချင်းသံလေးကိုလည်း ကြားနေရတယ်။ အိမ်ပေါ်က ကောင်မလေးက ဂစ်တာကိုင်ပြီး သီချင်းဆိုနေတဲ့ ကောင်လေးကို နှင်းဆီပန်း နီနီလေးတွေ ချပေးတယ်။ အဲ့ဒီ နှင်းဆီပန်းလေးတွေကို မိအောင်ဖမ်းနိုင်ရင် အမှတ်တိုးတယ်။ ဒီ Game ထဲမှာ အပြင်မှာလိုပဲ.. ကောင်လေးဆိုတဲ့ သီချင်းသံရဲ့ ဆူညံနားညည်းမှု့ ကို သည်းငြီးမခံနိုင်တဲ့ အိမ်နီးခြင်းတွေက ပစ္စည်းမျိုးစုံနဲ့  ပစ်ပေါက်ပြီး အားပေးကြပါတယ်။ အဲ့ဒီ ပစ္စည်းတွေကို မထိအောင် ရှောင်ရပါတယ်. ထိသွားရင် အသက်သေသွားလိမ့်မယ်။ တစ်ခါဆော့ရင် ၃ ခါ သေခွင့်ပေးထား ပါတယ်။

Bungee Bear
ဒါလေးလည်း ချစ်စရာလေးပါ။ ၀က်ဝံလေးက Bunny လေးတွေ ခြင်းနဲ့ လိုက်ဖမ်းရတာပါ။ ခုန်ပြီးလာတဲ့ Bunny လေးတွေကိုဆို Bear လေးကို အဲ့ဒီ Bunny လေးအောက်တည့်တည့်သွားပြီး ခုန်ပြီး ဖမ်းရပါတယ်။ ရှေ့က သွားတိုးမိရင်တော့ အသက်လျှော့မှာပေါ့။ လျှံကိုင်လာတဲ့ Bunny လေးတွေကိုတော့ ဝေးဝေးရှောင်ပေါ့။ သူတိုကိုသွားထိရင်လည်း အသက်လျှော့သွားမှာပါပဲ။

Friend Always Stick Together
ကျွန်မ ဒီ Game နာမည်လေးကို သဘောကျတယ်။ ပုံလေးတွေကလည်း ချစ်စရာလေးတွေပါ။ ယုန်ကလေးက လိပ်ကလေးကို ခေါင်းပေါ်ရွက်ပြီး သွားနေတဲ့ ပုံလေးနဲ့ ပါ။ ယုန် နဲ့ လိပ် သူငယ်ချင်း နှစ်ယောက်ပေါ့။ လမ်းလျှောက်နှေးတဲ့ လိပ်ကို ထမ်းပြီး ယုန်က လမ်းလျှောက်တယ်၊ အပေါ်မှာရှိနေတဲ့ လိပ်ကလေးက လေးခွနဲ့ ပစ်ပြီး အပင်ပေါ်က ပန်းသီးတွေကို ခြွေပြီး အတူစားကြတယ်လို့ ဆိုရမယ်။ အသီးမှည့်က ပိုပြီး အမှတ်ရပါတယ်။ မြွေ တွေ နဲ့  ငှက် တွေကို အန္တရယ်ကို ရှောင်ရပါသေးတယ်။ ယုန်လေးက ထိုင်ပေးပြီး အပေါ်က လိပ်လေးက တုတ်လေးနဲ့  ရိုက်ပြီး တယ် မြေပြင်ကလာတဲ့ မြွေတွေကို သတ်ရပါတယ်။ ကောင်ကင်ကလာတဲ့ ငှက်တွေကိုတော့ လိပ်က လေးခွနဲ့ ပစ်ပြီး သတ်ရပါတယ်။

နောက်ဆော့လေ့ရှိတာတွေကတော့
Hungry Spiders (ဒီGameကစားပြီးရင် ပင့်ကူမြင်ရင် လက်နဲ့ တောက်ထုတ်ချင်စိတ် ပေါက်တယ် )
Chicken Wings are not for Flying (ကြက်တောင်ပံက ကြော်စားဖို့ ပါ။ :D)


တခြား Games လေးတွေလည်း အများကြီးရှိတယ်။ အပျင်းပြေ သွားဆော့ကြည့်ကြပါ။

2 comments:

Unknown said...

Gameလေးတွေက တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။ :) ငါကတော့ ကောင်မလေးဆီကနေ နှင်းဆီပန်းတွေတော်တော်များများ ရလိုက်တယ်။ တော်သေးတယ်ဟ မြေညီထပ်က လူကြီးက ထွက်မရိုက်လို့။

Nay Nay Naing said...

ဟားဟား သူ.. မကြားလို့ နေမယ်.. ကြားရင်တော့ ထွက်ရိုက်မှာသေချာတယ်..