ဒီနေ့ မနက် စောစော ဖေဖေ၊ မေမေ၊ ညီမလေး၊ ယောင်းမချောရယ်နဲ့  ရွှေတိဂုံဘုရားကို ရောက်ဖြစ်တယ်။ အလုပ်ပိတ်ရက် တနင်္ဂနွေနေ့ မို့ လားတော့ မသိဘူး၊ ဘုရားပေါ်မှာ လူတွေ အရမ်းများပြား စည်ကားနေတာကို တွေ့ ခဲ့ရပါတယ်။ ရန်ကုန်ပြန်ရောက်ထဲက ရွှေတိဂုံသွားမယ် စိတ်ကူးထားပေမယ့် ညီမလေးက သူနဲ့ မှ တူတူသွားပါဆိုတာနဲ့  ညီမလေး အလုပ်အားတဲ့နေ့ ကို စောင့်နေရတာကြောင့် ဒီနေ့ မှ ပဲ ရွှေတိဂုံဘုရားကို သွားဖူးဖြစ်တော့တာပါ။ ဘုရားပေါ်ရောက်တော့ ဘုရားရှိခိုး၊ မေတ္တာပို့ ၊ ချစ်သူခင်သူများ ကျန်းမာပါစေကြောင်း၊ လူသားအားလုံး အေးချမ်းကြစေကြောင်း ဆုမွန်ကောင်းတောင်းပြီး၊ ဘုရားကို လက်ယာရစ် တစ်ပတ်ပတ် ကြည်ညိုကာ ဓာတ်ပုံနည်းနည်းပါးပါး ရိုက်ဖြစ်ခဲ့ပါတယ်။
ရွှေတိဂုံဘုရားမှာ ရိုက်ထားတဲ့ ပုံတွေကို Picasa Web Album မှာ ကြိုးစားတင်ထားပါတယ်။
ဒီပုံက ဘုရားပေါ် အောင်မြေမှာ လူအများအပြား ဘုရားရှိခိုး ဆုတောင်းနေတဲ့ ပုံပါ။ အောင်မြေမှာ ဆုတောင်းရင် ဆုတောင်းပြည့်တယ်၊ အောင်မြင်တယ်လို့  လူအများက ယုံကြည်ကြတယ်လို့  သိရတယ်။ ဒါကြောင့် ဒီအောင်မြေမှာ စုရုံးပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆုလာတောင်းလေ့ ရှိကြသူတစ်ချို့ ကိုတော့ လက်ရှိ စစ်အစိုးရက ဘုရားပေါ်တက်၊ အောင်မြေမှာ ဆုတောင်းခွင့်မပြုတာ ကြာပြီလို့ လည်း သိရှိရပါတယ်။ သြော် ... ကြောက်တတ်လိုက်ကြတာနော်။ နောက်ပြီး ဒို့ှဗမာပြည်ကြီးမှာ ဘုရားပေါ်တတ်ပြီး ကိုယ်လိုချင်တာလေး ဆုတောင်းတာတောင် လွတ်လွတ်လပ်လပ် ဆုတောင်းခွင့်မရှိပါလားလို့  တွေးမိတယ်..... အင်း ...အောင်မြေမှာ ကျွန်မ စိတ်ထဲက ဆုတောင်းတာတွေများ သူတို့ တွေမကြားနိုင်လို့  တော်သေးတယ်ဆိုရမယ်... ကြားများကြားနိုင်ခဲ့ရင် ကျွန်မကို နောက်အကြိမ်တွေမှာ ရွှေတိဂုံဘုရားပေါ် တက်ခွင့် ပြုမယ် မထင်တော့ပါဘူး.....
5 comments:
ဓာတ်ပုံတင်တာ..ကြိုးစားပြီးတော့တောင်တင်ရတယ်တဲ့လားအမရယ်..
တော်ပြီ.. ပြန်တော့ဘူး..
nay nay will u see me? come 'usis',i'm kyin hope.
Good that u r in YGN. if u were here, we can read ur post covering the full story of chaos in CBD area this afternoon. gosh, many tall buildings in CBD swayed due to tremors and a lot of ppl got evacuated. :(
နေနေနိုင်က
ရန်ကုန် ပြန်ရောက်နေတယ်ပေါ့လေ...
မန္တလေးလာရင် ပြောနော်...
Ko Thar Gi >> တော်တော်လေးစိတ်ရှည်ရင်တော့ အဆင်ပြေပါတယ်. အစ်မတော့ ၇ ရက်အတွင်း စိတ်ရှည်သည်းခံနိုင်မှု့ တွေ အတော်လေး တိုးတက်လာပြီ။
sttw2201>> မရှိလို့ မရေးတော့ မဖတ်ရတာကို စိတ်မကောင်းဖြစ်နေတာလား။ ပျော်နေတာလား :P take care medi..
ကိုမောင်လှ >> ကျွန်တော် ရန်ကုန်ရောက်တာ တစ်ပတ်ကျော်လို့  ပြန်ရခါနီးနေပါပြီ။ ဒီတစ်ခေါက်တော့ မန်းလေး မလာနိုင်တော့ပါဘူးဗျာ.. နောက်တစ်ခေါက်တော့ မန်းလေး ရောက်ဖြစ်မယ်ထင်တယ်...
Post a Comment