Pages

March 30, 2008

Myanmar Food (Burmese Recipes)

မြန်မာအစားအစာ ချက်ပုံချက်နည်းကို ပုံတွေနဲ့ တကွ ဖော်ပြထားတဲ့ နေရာတွေပါ။

မေတ္တာရပ်ဝန်းမီးဖိုဆောင်
ကျွန်မ အကြိုက်ဆုံး နေရာတစ်ခုက မမလုရဲ့ မေတ္တာရပ်ဝန်းမီးဖိုဆောင် ပါ။ ဟင်းချက်နည်းတွေကို အသေးစိတ် ရေးပြထားရုံမကဘူး၊ မမလု တင်ထားပေးတဲ အစားအသောက်ပုံတွေက ကြည်ကြည်လင်လင် ကြီးကြီးမားမားတွေများတော့ သွားကြည့်တဲ့အခါတိုင်း အဲ့ဒီမှာ တင်ထားသမျှ အကုန်လုံးကို စားချင်စိတ်ပေါ်လာတာ များပါတယ်။
HsaBa.com
နောက်တစ်ခုကတော့ မမလု စီကနေ တစ်ဆင့်သိခဲ့ရတဲ့ မြန်မာဟင်းချက်နည်းတွေကို အင်္ဂလိပ်လို ရေးသားဖော်ပြထားတဲ့ "စားပါ" လို့ အမည်ရသော နေရာတစ်ခုပါ။ ချက်နည်းတွေ အများကြီး တင်ထားတာ မတွေ့ ပေမယ့် တချို့ သိချင်တာလေးတွေ သိရတဲ့အတွက် သွားဖတ်ဖြစ်တယ်။ ရေးသားသူက မြန်မာပြည်မှာ မွေးဖွါးပြီး ၈ နှစ်အရွယ်ထဲက အင်္ဂလန်မှာ နေထိုင်၊ ကြီးပြင်းလာသူ မ တင်ချိုချော ဖြစ်ပြ်ီး၊ စာအုပ်ထုတ်ဖို့ ရည်ရွယ်ထားတယ်လို့  ဖတ်ရတယ်။ (ဒါကြောင့် အများကြီး ရေးမထားတာဖြစ်မယ်။ စာအုပ်ထွက်မှ စိတ်ဝင်စားတယ်ဆို ၀ယ်ဖတ်လိုက်ကြတာပေါ့)။ ဒါပေမယ့် ဘယ်တော့ စာအုပ်ထွက်မှာလည်း ဆိုတာတော့ မရေးထားဘူး။
Somke and Spice
နောက်ထပ်နေရာ တစ်ခုကတော့ ရှင်မင်းရဲ့ Somke and Spice ပါ။ နိုင်ငံရပ်ခြားမှာ နေထိုင်သူ တစ်ယောက်ဖြစ်ပြီး၊ သူကိုယ်တိုင် ချက်စားဖြစ်တဲ့ ဟင်းချက်နည်းတွေကို တင်ပေးတာ ဖြစ်တဲ့အတွက်ကြောင့် စိတ်ဝင်းစားတယ်ဆို အဲ့ဒီမှာ ဖော်ပြထားတဲ့ ဟင်းတွေကို လိုက်ချက်ကြည့်လို့  ရနိုင်မယ် ထင်ပါတယ်။

ဒီနေရာတွေအပြင် ဖိုရမ်တွေမှာ ဟင်းချက်နည်းအကြောင်းတွေ ရေးထားတဲ့ တော့ပစ်တွေလည်း ဖတ်ဖြစ်တယ်။ မြန်မာ ဖိုရမ်ဆို တခြားရေးတာတွေ မဖတ်ဖြစ်တောင်မှ သတင်း၊ သီချင်းနဲ့ အစားအသောက် နဲ့  ပတ်သက်တာတွေကိုတော့ ဖတ်ဖြစ်ပါတယ်။

ဟိုနေ့ တုန်းက အလုပ်က တရုတ်တွေက မြန်မာအစားတွေ အကြောင်းမေးလာတာ နဲ့  သူတို့ ကို ရှင်းပြရင်း ကိုယ်အမြဲ သွားဖတ်လေ့ရှိတဲ့ နေရာတွေကို ပြန်စုထားလိုက်တာပါ။ တခါတလေ အစားစားချင်စိတ် မရှိရင် အဲဒီနေရာတွေက ပုံတွေ သွားကြည့်လိုက်ရင် အစားစားချင်စိတ် ပေါ်လာတာများတယ်။ ကြည့်လိုက်တုန်းတော့ သူတို့  ဖော်ပြထားတဲ့ နည်းတွေအတိုင်း ချက်ကြည့်ချင်စိတ်တွေလည်း ပေါ်တတ်ပါတယ်။ ဒါပေမယ့် အခုအချိန်အထိ တစ်ခါမှ စိတ်ရှည်လက်ရှည် လိုက်ချက် မကြည့်ဖြစ်ပါဘူး။ တွန်းအားရှိတဲ့ တစ်နေ့ တော့ ချက်ချင်စိတ်ပေါ်ရင် ချက်ကြည့်ဖြစ်မယ် ထင်ပါတယ်။

No comments: