ဒါကတော့ မီးဘေးဒုက္ခသည် မိသားစုတွေကို ဘာတွေဘယ်လို လှူဒါန်းခဲ့တယ် ဆိုတဲ့ စာရင်းပါ။
အ၀တ်အထည်များ ဝေငှ လှူဒါန်းမှု့ စာရင်း
လူဦးရေ | အိမ်ထောင်စု | အထည် | စုစုပေါင်း(အထည်) |
၁ ဦးရှိ | ၁၀၂ | ၁ | ၁၀၂ |
၂ ဦးရှိ | ၅၅ | ၁ | ၅၅ |
၃ ဦးရှိ | ၂၂၂ | ၂ | ၄၄၄ |
၎ ဦးရှိ | ၃၃၀ | ၂ | ၆၆၀ |
၅ ဦးရှိ | ၂၀၀ | ၃ | ၆၀၀ |
၆ ဦးရှိ | ၁၄၈ | ၃ | ၄၄၄ |
၇ ဦးရှိ | ၁၅၀ | ၄ | ၆၀၀ |
- ၁ အိမ်ထောင်လျှင် ငွေကျပ် ၅၀၀ နှုန်း နဲ့  စုစုပေါင်း ငွေကျပ် ခြောက်သိန်းသုံးထောင့်ငါးရာ (၆၀၃၅၀၀)
- ၁ အိမ်ထောင်လျှင် ကြက်ဥ ၂ လုံးနှုန်း နဲ့  ကြက်ဥ ၂၀၀၀ ကျော် ၊ တန်းဖိုးအားဖြင့် ငွေကျပ် နှစ်သိန်း (၂၀၀၀၀၀)ဖိုး လှူဒါန်းခဲ့ ကြပါတယ်။
ဒါ့အပြင် ရန်ကုန်စည်ပင် လက်ထောက်ညွန်ကြားရေးမှူးက ပေးပို့ လိုက်တဲ့ ဗလာစာအုပ် ဒါဇင် ၆၀၀ ကိုလည်း အဲ့ဒီ နေ့ မှာပဲ လှူဒါန်း ဝေငှပေးနိုင် ခဲ့တယ်လို့  သိရတယ်။
လှူဒါန်းမှု့ များအတွက် ကြည်နူးမှု့ နဲ့  သာဓု ခေါ်ဆိုနိုင်ရန် ဓာတ်ပုံများကိုလည်း ဖော်ပြလိုက်ပါတယ်။
ဘာကြောင့် ဒီပစ္စည်းများကို လှူဒါန်းရကြောင်း သိချင်စိတ်နဲ့  မေးမြန်းကြည့်ရမှာ ....
မီးဘေးဒုက္ခသည်များမှာ အ၀တ်အစားများ လိုအပ်နေသည့် အတွက် လှူဒါန်းရခြင်း ဖြစ်ကြောင်း၊ တခြားအဖွဲ့ တွေက ပုဆိုး ထမီ များကို တာဝန်ယူ လှူဒါန်းကြကြောင်း၊ ငွေသားပဲ လှူမယ်ဆိုရင် ၁ အိမ်ထောင်ကို ၃၀၀၀ သာ ပေးနိုင်မည် ဖြစ်သည့် အတွက် လိုအပ်နေသော အ၀တ်အထည်များကို ၀ယ်ယူလှူဒါန်းရခြင်း ဖြစ်ကြောင်း Raven အဖွဲ့ ဝင်တစ်ဦးက ရှင်းလင်းပြောပြ ပါတယ်။ မေးမြန်းလိုသည်များ ရှိပါက raven.org@gmail.com ကို ဆက်သွယ် မေးမြန်းနိုင် ပါတယ်။
လှူဒါန်းမှု့များ နဲ့ ပတ်သက်တဲ့ သတင်း များကို နေးတစ်ဖိုရမ် RAVEN Blood Donor Club Topic တွင် ဖတ်ရှု့  နိုင်ပါတယ်။
Related Links:
နွေရာသီ ၏ စိန်ခေါ်မှု အား အံတု၍ - အိမ်ဝေးသူ
Hlaing Tayar Fire - JulyDream
No comments:
Post a Comment