ပုံတွေကြည့်ပြီး ပဲပလာတာ၊ ပဲပြုတ် နံပြားနဲ့  မုန့် ဟင်းခါးစားကို ခုချက်ချင်း စားချင်သွားတယ်။ အကြော်စုံနဲ့  အသုတ်စုံလည်း စားချင်တယ်။ ဆီချက်ခေါက်ဆွဲနဲ့  ကြေးအိုးလည်း စားချင်ပြန်ရော။ ထမင်းပွဲကြည့်ပြီး ထမင်းစားချင်စိတ်လည်း ပေါ်လာတယ်။ ကြေးအိုးနဲ့ ဆီချက်ခေါက်ဆွဲလည်း စားချင်တာပဲ။ ဘဲကင်လည်း စားချင်တာပဲ။ ဒီက ဘဲကင်တွေက ရန်ကုန်က ဘဲကင်နဲ့  မတူဘူး။ နောက်ဆုံတစ်ခေါက် ရန်ကုန်ပြန်တုန်းက ကြက်ငှက်တုတ်ကွေးကြောက်နေရလို့  ဘဲကင်မစားခဲ့ရဘူး။ အကုန်လုံးကို စားချင်စိတ်ပေါက်နေတယ်။
အိမ်မှာ လက်ဖက်တွေ နဲ့ အကြော်စုံရှိတော့ လက်ဖက်သုတ် စားလို့ ရတယ်။ ပုစွန်ခြောက်လည်း ရှိတယ်။ ဂေါ်ဖီ၊ ခရမ်းချဉ်သီး နဲ့  ငရုတ်သီး ၀ယ်ထားတာလည်း ရှိတယ်။ အဖိုးကြီးသုတ်၊ အဖွားကြီးသုတ်၊ အားလုံးရောပြီး သုတ်တာ အကုန် လုပ်စားမယ်။ ပဲပြုတ် ၀ယ်ထားတာတွေ ရှိတယ်။ ဒီ အားလပ်ရက်မှာ ပဲပလာတာလည်း လုပ်စားအုံးမယ်။ အိမ်က ထည့်ပေးလိုက်တဲ့ ပုဇွန်ထုတ် နဲ့  ၀က်နံရိုးကျော်ကတော့ ကုန်သွားပြီ။ ငါးခူ အစပ်ကျော်တော့ ရှိသေးတယ်။ ဟင်းမချက်စား ဖြစ်တာ ကြာနေပြီ။ ပုဇွန်ဝယ်ပြီး ပုဇွန်ဟင်းချက် စားရင်ကောင်းမယ်။ ကြက်ဥကျော်ပြီး ပြန်ချက်တဲ့ဟင်းလည်း ချက်စားမယ်။ စိတ်ကူးတာတွေ။ မုန့် ဟင်းခါးကတော့ ပြီးခဲ့တဲ့ အပတ်က အစ်ကို ချက်ပေးလို့  စားလိုက်ရတယ်။ အကြော်တော့ မပါဘူးပေါ့။ စားလို့ ကောင်းပါတယ်။ ဒါပေမယ့် မုန့် ဟင်းခါးကို အကြော်စုံနဲ့ မှ ပိုကြိုက်တယ်။ အုန်းနို့ ခေါက်ဆွဲ စားချင်ရင်တော့ အိမ်က ထည့်ပေးလိုက်တဲ့ အထုတ်တွေရှိတယ်။ ဒီမှာ ဘဲသွေး ၀ယ်လို့ ရမယ် မထင်ဘူး။ ခုရက်ပိုင်း ဒံပေါက်လည်း စားချင်စိတ် ပေါ်နေတယ်။ တနင်္ဂနွေနေ့ မှ သွားဝယ်စားဦးမယ်။ အသုတ်စုံတို့  ဘာတို့ တော့ စားချင်စိတ် ရှိပေမယ့် လုပ်စားဖို့  စိတ်မရှည်ဘူး။ ဒီက မြန်မာဆိုင်တွေမှာ ရောင်းတဲ့ဟာတွေလည်း မစားချင်ဘူး။ အသုပ်စုံ လုပ်ကျွေးမယ့်သူ ရှိရင်ကောင်းမယ်။ :-)
6 comments:
ကြည့်ရတာ သွားရည် တောက်တောက် ကျ ရပါတယ် ... ရှလွတ်
နင်မစားချင်တာ ဘာများ ကျန်သေးလဲ မနေနေနိုင်ရယ် . . .
ဒီပုံတွေ ဟိုတစ်ခါ နင့် blog မှာတွေ့မိသလိုပဲ
မနေရေ...မနေ့ညက အဲပုံတွေကြည့်ပြီး အိပ်မက်ထဲတောင် ပါလာသေးတယ်။ ဟင့်..အဒေါ်ကကျွေးတာ မုန့်ဟင်းခါးက အဲပုံထဲကဟာနဲ့ မတူလို့ အမေ့ကို အစုံပါတဲ့ဟာ ထပ်ဝယ်ကြွေးခိုင်းတာတဲ့...ဆိုးတာ..တကယ်တမ်း ဘာမှလည်း မစားရဘူး။
အ၇မ်းစားချင်တာဘဲ :)
နေနေတစ်ယောက် ၀လာတော့မယ်ထင်ရဲ့။
မမေ၊ မအနတ္တ၊ စိုးမိုး၊ ညီမလေး p_spirit၊ Anonymous နဲ့  မမွန် တို့  ကို comments တွေ ချန်ထားပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။
ဒီဓာတ်ပုံတွေကြည့်ပြီး ပုံထဲကအစားအစာတွေကို စားချင်စိတ်တာ ကိုယ်တစ်ယောက်တည်း မဟုတ်ပဲ လူအတော်များများလည်း ဒီလို စိတ်မျိုး ဖြစ်ကြတယ် ဆိုတာ သိရလို့  ၀မ်းသာပါတယ်။ :D
မအနတ္တ ၊ မမေ နဲ့  p_spirit ကို ဒုက္ခပေးသလို ဖြစ်သွားရင် နောက် လူချင်းတွေ့ တဲ့အခါမှ ဒီလို အစားအစာတွေ ၀ယ်ကျွေးလို့ ရတဲ့ နေရာမှာဆို အကုန်လိုက်ဝယ်ကျွေးမယ်။ Anonymous ကိုလည်း မြန်မာအစားအစားတွေ ၀ယ်ကျွေးချင်ပေမယ့် ဘယ်သူမှန်းမသိလို့  မကျွေးနိုင်ဘူး ဖြစ်သွားတယ်။
စိုးမိုး -- ဒီပုံတွေ ဒီမှာ အရင်က မတင်ဖူး ပါဘူး။ အရင် ဒီမှာ တင်ဖူးတဲ့ အစားအသောက်ပုံတွေက ရန်ကုန်ပြန်တုန်းက ကိုယ်တိုင်ရိုက်ထားတဲ့ ပုံတွေများ ပါတယ်။
မမွန် -- မမွန် နဲ့  နေနေ နောက်ဆုံးတွေ့ ခဲ့တုန်းက ထက် ပိုမ၀ပါဘူး။ အရင်အတိုင်း ပါပဲ။ ဘယ်လောက်စားစား မ၀ဘူး ဖြစ်နေတယ်။ အစာများများ စားတဲ့အချိန် အအိပ်နည်းပြီး၊ အိပ်ချိန်မှန်တဲ့အခါ အစားအသောက် နည်းလို့ လားတော့ မသိဘူး။
Post a Comment