Pages

March 29, 2008

The Body Shop Warehouse Sale

ဒီနေ့  သောကြာနေ့ ။ နေ့ တစ်ဝက်ပဲ အလုပ် လုပ်ရတယ်။ နေ့ လယ် ၁၂ နာရီ မှာ ပြန်လို့ ရပြီ။ အိမ်စောပြန်လည်း ဘာမှ လုပ်စရာမရှိတာနဲ့  စစ်တီးဟောမှာ ထမင်းသွားစားပြီး Suntec မှာ လုပ်နေတဲ့ BodyShop's Warehouse sales ကို သွားဖြစ်တယ်။ အရင် စဉ်းစားတာတော့ စနေ နေ့ မှ သူငယ်ချင်းတွေနဲ့  အတူ သွားရင် ကောင်းမလားလို့ ပါ။ ဒါပေမယ့် အလုပ်က ဖိလစ်ပိနို တစ်ယောက်က ကြာသာပတေးနေ့ ညနေက သွားတာ လူတွေ အများကြီးပဲ၊ ပိုက်ဆံရှင်းဖို့  တန်းတဲ့လူတန်းကလည်း အရှည်ကြီးပဲလို့  သတင်းပေးလာတာနဲ့  Week End ဆို ဒီထက် လူပိုများမယ်ထင်တာကြောင့် ဒီနေ့  နေ့ လယ် လူရှင်းချိန်မှာပဲ သွားဖို့  ဆုံးဖြတ်ပြီး သွားဖြစ် သွားတယ်။ ကျွန်မတို့  အဲ့ဒီကို စရောက်သွားတဲ့ အချိန်မှာ လူသိပ် မရှုပ်ပေမယ့် ညနေ ၅ ကျော်လောက်မှာတော့ လူတော်တော်များလာတာ သတိထားမိလိုက်တယ်။
The Body Shop Warehouse Sale
27 to 30 March 2008
Suntec Singapore Convention Centre Gallery East

Our annual warehouse sale is here again!
Enjoy great savings of up to 70% and many more special buys! Free gift* worth $19.90 with $50 or more spent, exclusively for UOB Credit Card.
Happy shopping!

ဟိုနည်းနည်း ဒီနည်းနည်းနဲ့  ၀ယ်လိုက်တာ ပိုက်ဆံတော့ အတော်လေးကုန်သွားတယ်။ Body Lotion နဲ့  Shower Gel တွေ ၀ယ်လာဖြစ်တယ်။ အေးအေးလေး ဖြစ်သွားတာကို သဘောကျတာနဲ့  Cooling Leg Gel လည်း ၀ယ်ဖြစ်သွားတယ်။ အဲ့ဒီမှာ ဈေးလျှော့ရောင်းတဲ့ ပစ္စည်းတွေက သေးသေးလေးတွေ များတယ်၊ အကြီးဆုံးဘူးတွေမှ 250 ml လောက်ပဲ ရှိတယ်။ ပစ္စည်းတွေ မ၀ယ်ခင် အနံတွေကို စမ်းကြည့်လိုက်တာ ဈေးဝယ်ပြီး ထွက်လာတဲ့အချိန်မှာ လူတကိုယ်လုံး မွှေးကြိုင်နေပြီ။ အဲ့ဒီမှာ တိုက်တိုက်ဆိုင်ဆိုင် Weekend ရှောင်ဖို့ အတွက် သောကြာနေ့ နေ့ လယ်အရောက် ဈေးလာဝယ်ကြတဲ့ သူငယ်ချင်းတချို့ နဲ့ တွေ့ လိုက်ရပြီး Happy Shopping လေးတစ်ခု ဖြစ်သွားခဲ့ပါတယ်။

Special Thank to ToMMyGirl
Credit to Juno and w4r10ck

No comments: