Pages

October 26, 2009

ရင်တွင်းရိုးသားပါ။

သူငယ်ချင်းရေ.. စိတ်ကောင်းကောင်းထားပါ။
သူငယ်ချင်းရေ.. ရင်တွင်းရိုးသားပါ။
မင်းရင်ထဲမှာ မင်းဆင်နွှဲကာ မင်းပဲသိတဲ့ မင်းရဲ့ အောင်ပွဲပါ။

စိတ်ကောင်းကောင်းထားပါ - ကိုင်ဇာ

မေးမေးမေး.. မမေး..မေး.....မေး. မကွယ်ဝှက်ပဲ အသိပေးလိုက်ပါ။
ဖုံးဖုံးဖုံး.... မဖုံး..ဖုံး.....ဖုံး.. အချိန်တန်တော့ အကုန်လုံးသိကြမှာ။
ရိုးရိုးသားသား ကြိုးကြိုးစားစား လုပ်စမ်းပါ။
တွေးတွေးစစ ဖေးဖေးမမ ရှိစမ်းပါ။
ရမ်းသန်းပန်းသမ်း မှန်းဆချက်နဲ့  ခုန်ပျံမသွား.. ပုံမှန်သာသွားပါ။

သိသိသိ.. မသိ..သိ....သိ.. လိုတာရှိတိုင်း ဒီဇိုင်းမပြောင်းနဲ့ ကွာ။
ပြောပြောပြော.. မပြော..ပြော..ပြော.. ဆင်ခြင်တဲ့သဘော အလိုက်သိလိုက်ပါ။
မားမားမတ်မတ်.. ပြတ်ပြတ်သားသား လုပ်စမ်းပါ။
ရှင်းရှင်းဘွင်းဘွင်း.. ပွင့်ပွင့်လင်းလင်း ရှိစမ်းပါ။
ဆန်းဆန်းပြားပြား ကွေ့ ကောက်သွားလို့  တရံတစ်ခေါက် အမှန်မပျောက်ရာ။

သူငယ်ချင်းရေ.. စိတ်ကောင်းကောင်းထားပါ။
သူငယ်ချင်းရေ.. ရင်တွင်းရိုးသားပါ။
မင်းရင်ထဲမှာ မင်းဆင်နွှဲကာ မင်းပဲသိတဲ့ မင်းရဲ့ အောင်ပွဲပါ။

ဟုတ်ဟုတ်ဟုတ်.. မဟုတ်..ဟုတ်.....ဟုတ်... အကြံထုတ်ပြီး ဟန်လုပ်မပြနဲ့ ကွာ။
ခက်ခက်ခက်.. မခက်..ခက်....ခက်.. ရည်ရွယ်ချက်လည်းမဖျက်နဲ့ ပေါ့ကွာ။
သွက်သွက်လက်လက် ထက်ထက်မြက်မြက် လုပ်စမ်းပါ။
ထိထိရောက်ရောက် ပေါက်ပေါက်မြောက်မြောက် ဖြစ်စမ်းပါ။
ခန်းခန်းနားနား လမ်းမမှားပဲ သေချာတဲ့လမ်း ရေရှည်ဖြတ်သန်းပါ။

ဝေးဝေးဝေး.. မဝေး..ဝေး....ဝေး.. လာချင်ရင်တော့ အနီးလေးပဲကွာ။
နီးနီးနီး.. မနီ..းနီး....နီး.. မလာချင်ရင်တော့ အဝေးကြီးဖြစ်မှာ။
အေးအေးဆေးဆေး နွေးနွေးထွေးထွေး ရှိစမ်းပါ။
တည့်တည့်မတ်မတ် ပြတ်ပြတ်သားသား လုပ်စမ်းပါ။
အပေါင်းအသင်းများကြား.. ကောင်းသတင်းထားလို့  လူကြည်ညိုမှ လူရာပိုရောက်တာ။

သူငယ်ချင်းရေ.. စိတ်ကောင်းကောင်းထားပါ။
သူငယ်ချင်းရေ.. ရင်တွင်းရိုးသားပါ။
မင်းရင်ထဲမှာ မင်းဆင်နွှဲကာ မင်းပဲသိတဲ့ မင်းရဲ့ အောင်ပွဲပါ။

Photo Credit to tippinthescales

7 comments:

Anonymous said...

ကိုင်ဇရာ သီချင်းယူသွားတယ် နေနေ၊ ကျေူးဇူး

sdl

Anonymous said...

ဒီလိုနေ..ဒီလိုထိုင်..ကြင်နာသူလေး သဘောကျပါ။
ဟုတ်ကဲ့..ဟုတ်ကဲ့..ဟုတ်ကဲ့ပါ။
ကိုင်ဇာသီချင်းပဲ
(စာသားတွေမှန်ရဲ့လားမသိဘူး)
မမွန်

TZA said...

စာသားတွေမွန်တယ်

မမှန်

သိင်္ဂါကျော် said...

ဒီသီချင်းက အဓိပ္ပါယ်လေး ကောင်းတယ်။

rose of sharon said...

အင်း...စိတ်ကောင်းလေးထားပါ့မယ်...ရိုးသားအောင် ကြိုးစားပါ့မယ်

Talkii said...

သီချင်းယူသွားပါတယ်။ ကျေးဇူးပါ။

စကားမစပ်။ ခမ်းခမ်းနားနား ဆိုပြီး ဖြစ်ရမယ်ဗျ။

ShwunMi- said...

သီချင်းကောင်းလေးတွက် ကျေးဇူး