Pages

October 05, 2009

ဝက်ခြေထောက်အစပ်

စားချင်လို့ ပါ။ ဒါမျို ချက်တာ တစ်ခါမှ မစားဖူးဘူး။ အခုအောက်ကပုံက မကြည်လို့  သေချာကြည့်ချင်တယ်ဆို ဒီနေရာမှာ ကြည့်။ ကြိုက်တတ်တယ်ဆို စားချင်စရာ။ ၀က်ခြေထောက်လို့ သာ ရေးလိုက်တာ အသားသိပ်မပါသလို ဆိုတော့ ၀က်လက် ဖြစ်မလား မသိဘူး။ ဘာပဲဖြစ်ဖြစ် စားချင်တယ်။
From Food

ပုံမှန် ၀က်ခြေထောက်ဆို စွပ်ပြုတ်ပဲ စားဖူးတယ်။ စားတဲ့အခါတိုင်း အဆီအခေါက် နည်းနည်း၊ အသားများများ ပါတဲ့ အတုံးရွေးစားတယ်။ အိမ်မှာ စားရင် လုနေစရာတော့ မလိုဘူး၊ တခြားမောင်နှမတွေက အဆီအခေါက် ပိုကြိုက်ကြတယ်။ နောက်ဆိုလည်း လုစရာ လိုမှာ မဟုတ်ပါဘူး။

ဝက်ခြေထောက်စွပ်ပြုတ် အပြင်ဆိုင်မှာ တစ်ခါမှတော့ မစားဖူးဘူး။ ရန်ကုန်မှာဆို အိမ်မှာက ၀က်ခြေထောက် စွပ်ပြုတ် မကြာခန ချက်ပေးတယ်။ ဒီတော့ မကြာခန စားရတယ်။ အခုတော့ မစားရတော့ဘူး။ အိမ်မှာတုန်းက စားရတာ ဆိတ်စွပ်၊ ၀က်ခြေထောက်စွပ်။ ဆိတ်စွပ်ထက်စာရင် ၀က်ခြေထောက် ပိုကြိုက်တယ်။ ဟိုတလော ပြန်တုန်းကလည်း စားရသေးတယ်။ ပြန်တိုင်း အမြဲစား ရပါတယ်။ ဒီတစ်ခေါက် ပြန်တဲ့ အချိန်မှာတော့ အိမ်မှာ ချက်ပေးမယ့်သူ မရှိလို့  ကြီးမေတို့ အိမ်က ချက်ပြီး လာပို့ ပေးခဲ့တယ်။ စားလို့ ကောင်းတယ်။ မှတ်မှတ်ရရ ဆို အဲဒီနေ့ က တနေကုန် အိမ်မှာ၊ အပြင်မှာ စားသမျှ ၀က်သားတွေကြီးပဲ။

ရန်ကုန်က ၀က်ခြေထောက်စွပ်ပြုတ်

မှတ်ချက် ။ အဲ့ဒီလို ဟင်းတွေ အမြဲ စားမယ်ဆို ၀ လာလိမ့်မယ်။

8 comments:

Anonymous said...

ဟင့် ဒီကို လာတိုင်း "ဂလုဂလု" နဲ့ လုပ်ပြီးမှပဲ ပြန်ကတယ်။ တစ်နေ့ အခွင့်သင့်ရင် လုပ်စားမယ်ဗျာ။ တေးထားမယ်။

Rita said...

ကိုယ်တော့ ဘာစားစား ၀ပါဘူး။
ကုသိုလ်ကောင်းတယ် ဆိုရမှာပေါ့

ကြည် said...

ဝက်သားတွေ ဒါလောက်စားတာတောင် ပိန်ပိန်လေးရယ်..Rita လိုပဲ ညီမလေးလည်း ကုသိုလ်ကောင်းတယ်ခေါ်ရမဲ့သူဆိုတာ သိပြီးသားပါ။

Anonymous said...

အဲဒီလိုမျိုး လုံးဝမစားလဲ ၀တာပါပဲ နေနေရယ်။
း(
မမွန်

ခရေညို said...

ဝချင်ဝပါစေ အမကတော့ စားမှာပဲ။
ဝက်ခြေထောက်အစပ် ချက်လေးအဝစားသွားပါတယ
် ( အမြင်နဲ့)

Vista said...

Sunday က ဝက်ခြေထောက်စွပ်ပြုတ်လုပ်စားတယ် ..
မနေနေဘာလို့ မစားဖြစ်တာလည်းမချက်ဖြစ်လို့ လား
ကျနော်လည်းဘာစားစားမဝတဲ့အထဲမှာပါပါတယ်

Anonymous said...

ငယ်တုန်းတော့ ဘာစားစားမ၀ဘူးလို့ ပြောနိုင်ဦးမယ်နေနေ တို့ ရီတာတို့ရေ.. ထိပ်စည်း ၄ ကိုပြောင်းတာနဲ့ သိသာလာတာပဲ ကိုယ်တွေ့...
အမခင်မင်းဇော်

Anonymous said...

ငယ်တုန်းတော့ ဘာစားစားမ၀ဘူးလို့ ပြောနိုင်ဦးမယ်နေနေ တို့ ရီတာတို့ရေ.. ထိပ်စည်း ၄ ကိုပြောင်းတာနဲ့ သိသာလာတာပဲ ကိုယ်တွေ့...
အမခင်မင်းဇော်