အများအကျိုးရှိဖို့ ဆိုရင် အသည်းအသန် ပြိုင်ဆိုင်နေကြသူတွေတောင် တစ်ယောက်နဲ့ တစ်ယောက် ရန်ဆောင်အပုတ်ချပြောဆိုမှု့ တွေကိုရပ်ပြီး ညီညွတ်မှု တစ်ခုကို တည်ဆောင်သွားနိုင်ကြပါပြီ။
Browser wars over, say Microsoft, Mozilla, Opera and Google (computerworld.com)
ဒီနေရာမှာ ကျွန်မ နားလည်မိတဲ့ ညီညွတ်ရေးဆိုတာ၊ လူတွေအားလုံးဟာ တလေတည်း၊ တသံတည်း ထွက်နေစရာ မလိုပါဘူး။ ဘယ်လောက်ပဲ အကြိတ်အနယ် ပြိုင်ဆိုင်နေကြတဲ့ ပြိုင်ဖက်တွေပဲဖြစ်ဖြစ်၊ အများအတွက် အကျိုးရှိစေမယ့် ကိစ္စတွေမှာဆို အတ္တတွေ၊ မာနတွေ ခ၀ါချပြီး အတူပူးပေါင်း ဆောင်ရွက်နိုင် စွမ်းပါပဲ။ ဒီလို ဆောင်ရွက်နိုင်စွမ်းဟာ ညီညွတ်မှု့ အပြင် ထိုသူတို့ ရဲ့ စိတ်ဓာတ်ရေးရာအရ ဘယ်လောက်ရင့်ကျက်မှု့ ရှိတယ်ဆိုတာကို ပြနေတာပါပဲ။အများကောင်းကျိုးတွေတော့ လုပ်နေကြပါတယ်။ ဒါပေမယ့် အားလုံးဟာ ညီညွတ်မှု့ မရှိ၊ ကိုယ်လည်း ကိုယ်လုပ်ချင်ရာ ကိုယ်လုပ်၊ သူလည်း သူလုပ်ချင်ရာ သူလုပ်၊ ငါတစ်ဗိုလ်၊ သူတစ်မင်းနဲ့  လုပ်ဆောင်နေကြရင် ကောင်းကျိုးရဖို့ ဆိုတာ နည်းပါတယ်။ အင်း...အားလုံးပဲ သဘောထားကြီးကြီးနဲ့  ပေါင်းစည်းပြီး ညီညွတ်မှု့ ကို တည်ဆောက်လိုက်နိုင်မယ်ဆိုရင် ကျွန်မတို့ လိုချင်တဲ့ အရာတစ်ခုကို ရရှိကြဖို့  ပိုပြီး နီးစပ်လာမှာပါပဲ။
No comments:
Post a Comment