Pages

April 18, 2007

How to be Happy

ဘ၀မှာ အမြဲပျော်နေနိုင်တဲ့ လူဆိုတာ ရှိရင်တောင်မှ အရမ်းရှားမယ် ထင်ပါတယ်။ လူဖြစ်လာမှတော့ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း၊ သုခ၊ ဒုက္ခ၊ အကောင်း၊ အဆိုး ဆိုတာတွေ အမြဲကြုံတွေ့ နေရမှာပါပဲ။

တချို့ လူတွေက ပြောကြတယ်။ လူဘ၀ဆိုတာ ဘာမှမကြာလိုက်ပါဘူး၊ သက်တန်းတိုတိုလေးပဲ ရှိပါတယ်၊ ဒီခဏတာရခဲတဲ့ ဘ၀လေးမှာ စိတ်ညစ်စရာတွေကို မေ့ပြီး ပျော်အောင်နေကြပါတဲ့လေ။ အဲ့ဒီလိုပြောနေသူတွေကို မေးကြည့်ပါ။ သူတို့ ရော အမြဲပျော်အောင် နေနိုင်ကြရဲ့လားလို့ ။ ကျွန်မကတော့ အမြဲတမ်း ပျော်ရွှင်အောင် မနေနိုင်ပါဘူး။ ဘ၀မှာ အဆင်မပြေမှု တွေကြုံလာရင် စိတ်ညစ်တတ်ပါတယ်။ စိတ်ညစ်တဲ့အချိန်မှာ အပိုစကားတွေလာပြောနေရင် စိတ်တိုပြီး ပိုစိတ်ရှုပ်တတ်ပါသေးတယ်။

အဆင်မပြေမှုတွေဆိုတာ ဘာအကြောင်းကြောင့် ဖြစ်လာတယ် ဆိုတာပေါ် မူတည်ပြီး ကွဲပြားတဲ့ ဖြေရှင်းနည်းတွေ အများကြီး ရှိမှာပါ။ အများအားဖြင့်တော့ ကျွန်မမှာ စိတ်ညစ်စရာတွေ ကြုံလာရင် ငါတစ်ယောက်တည်းမှာ ကြုံရတာ မဟုတ်ဘူးဆိုပြီး တွေးပါတယ်။ (သေဖော်သေဖက် လိုက်ညှိတာပါ၊ အဖော်လေးနဲ့ ဆိုတော့ စိတ်သက်သာရာ ရတာပေါ့)။ ငါ ဖြေရှင်းနိုင်ပါတယ်လို့  တွေးပြီး ဖြေရှင်းနည်းကို ရှာပါတယ်။(ကိုယ့်ကိုကိုယ် စိတ်ဓာတ်မြှင့်တင်တာပါ။ ကိုယ့်ပြဿနာ ကိုယ်သာရှင်းရမှာမို့  စိတ်ဓာတ်ကျမသွားဖို့ က အရေးအကြီးဆုံးလို့ ထင်မိတယ်။) တစ်ခါတလေတော့ ကျွန်မကို သည်းငြီးခံတဲ့ သူငယ်ချင်းတစ်ယောက်ကို စကားတွေ လျှောက်ပြောပါတယ်။ ( စိတ်ညစ်တာတွေမဟုတ်ပဲ တခြားဟာတွေ လျှောက်ပြောနေတာပါ။ ကျွန်မ စိတ်ညစ်ရင် ရင်နှီးတဲ့ သူငယ်ချင်းတွေ နားအလွန်ငြီးကြ ပါလိမ့်မယ်။ ) နောက်တစ်ခုကတော့ စိတ်ရှုပ်နေချိန်တွေမှာဆို အလုပ် မရှုပ်ရှုပ်အောင် လုပ်စရာတွေကို ရှာကြံပြီး လုပ်ပါတယ်။ (အလုပ်တွေ ရှုပ်နေတော့ စိတ်ညစ်စရာတွေ တွေးဖို့ အချိန် မရှိတော့ဘူးပေါ့။ အလုပ်တွေ လုပ်နေတော့ လူပင်ပန်း၊ လူပင်ပန်းတော့ ညဆိုလည်း ဟိုတွေးဒီတွေး မလုပ်မိတော့ပဲ အိပ်ပျော်နိုင်တာပေါ့။) ခုနောက်ပိုင်းဆို စိတ်ရှုပ်စရာတွေ ကြုံလာရင် အစာတွေ အများကြီးစားမယ်လို့  စိတ်ကူးထားတယ်။ (အရမ်းပိန်လွန်းတဲ့ ကျွန်မ့ စိတ်ညစ်စရာတွေစီကနေ အမြတ်ထုတ်ဖို့  ကြံစည်နေတာပါ။) ဒါကျွန်မလုပ်လေ့ရှိတဲ့ အကျင့်တွေပါ။ သူငယ်ချင်းတစ်ယောက်ကတော့ စိတ်ညစ်လာရင် အိပ်နေလိုက်တယ် ပြောဘူးပါတယ်။

ဒီနေ့  သူငယ်ချင်းတစ်ယောက် Friendster မှာ "Be Happy" ဆိုပြီး တင်ထားတာလေးတွေပါ။ ကျွန်မ့ သူငယ်ချင်းတင်ထားတာ ၁၂ ချက်ပါ။ No. 13 စာကြောင်းလေးကို အင်တာနက် တစ်နေရာမှာတွေ့ လိုက်လို့  ထပ်ဖြည့်ထားလိုက်တာပါ။ ဒါလေးတွေ ဖတ်ပြီး စိတ်ရှုပ်၊ စိတ်ညစ်တာလေးတွေကို ဖြေဖျောက်နိုင်ကြပါစေ။

1. Make up your mind to be happy & learn to find pleasure in simple things.
2. Make the best of your circumstances. No one has everything, and everyone has something of sorrow intermingled with gladness of life. The trick is to make the laughter outweigh the tears.
3. Don’t take yourself too seriously. Don't think that somehow you should be protected from misfortune that befalls other people.
4. You can't please everybody. Don't let criticism worry you.
5. Don't let your neighbor set your standards. Be yourself!!
6. Do the things you enjoy doing but stay out of debt.?
7. Never borrow trouble. Imaginary things are harder to bear than real ones.
8. Since hate poisons the soul, do not cherish jealousy; avoid people who make us unhappy.
9. Have many interests. If you can't travel, read about new places.
10. Don't hold postmortems. Don't spend your time brooding over sorrows or mistakes. Don't be one who never gets over things.
11. Do what you can for those less fortunate than yourself.
12. Keep busy at something. A busy person never has time to be unhappy.
13. Happiness can not be inherited, purchased, rented, imported, or bargained for. It must be home-grown.

Source: 12 Ways to be happy (Geez.com)

ပြောဖို့ မေ့နေတယ်။ စိတ်တွေရှုပ်လာရင် ဘလောခ့်မှာ ဟိုရေးဒီရေး လုပ်တတ်တဲ့ အကျင့်တစ်ခုလည်း ကျွန်မမှာ ရှိပါသေးတယ်။

2 comments:

Yan said...

စိတ်တွေရှုပ်လာရင် ဘလောခ့်မှာ ဟိုရေးဒီရေး လုပ်တတ်တဲ့ အကျင့်တစ်ခုလည်း ကျွန်မမှာ ရှိပါသေးတယ်။

ကျွန်တော်လည်း တူတူပဲ. အဲလိုရေးလို့ရအောင်တောင်မှ ဘယ်သူမှ မသိနိုင်တဲ့ personal blog နောက်တစ်ခု လုပ်ထားသေးတယ်. ရေးပြီးရင် စိတ်ထဲမှာ ပေါ့သွားရောပဲဗျ.

BTW, No. 6 ကိုကြိုက်တယ်. လောလောဆယ်တော့ Credit Card မှာ အကြွေးတင်နေတယ်ဗျာ...

:D

ကလိုစေးထူး said...

စိတ်ညစ်စရာ ကြုံလာရင် ငါတယောက်ထဲမှာ ကြုံတာမဟုတ်ဘူးလို့ ဖြေတွေးတယ်ဆိုလို့ ..။
အကို ဆယ်တန်းကျတုန်းက အောင်စာရင်းထွက်တဲ့နေ့မှာ ငါ့လို ကျတဲ့လူ ဘယ်လောက်များပါလိမ့်လို့ လိုက်မေးပြီး ကြံဖန်ဖြေသိမ့်ဖူးတယ်။ ဟိုလူလဲ ကျတယ်ဟ၊ ဒီလူလဲ ကျတယ်ဟ..နဲ့။ (အကျင့်မကောင်းပုံများ)
:)