Pages

April 08, 2007

ဘယ်နေရာမှာလဲ

ဒီနေ့ Forward အီးမေးတစ်စောင်မှာ ပါလာတဲ့ ပုံလေးပါ။ ကျောက်တောင် တစ်တောင်ရဲ့ ပုံလို့  ပြောထားပါတယ်။ ဘာပုံပေါ်နေလဲ သိချင်ရင် ခု ဘေးတစ်စောင်း ဖြစ်နေတဲ့ ပုံကို Rotate Right လုပ်ကြည့်လိုက်ပါ။ ဘာပုံပေါ်နေလဲ တွေ့ ရမှာပါ။

တကယ်တော့ အင်တာနက်မှာ ဟိုပုံ ဒီပုံတွေ Forward ပို့ နေတာ မထူးဆန်းပါဘူး။ တချို့ ကလည်း တကယ့်ဟာမဟုတ်ပဲ ဖိုတိုရှော့ လို ဟာမျိုးတွေနဲ့ လုပ်ထားတာတွေပါ။ ခုပုံလည်း Fake ဟာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ခုပုံနဲ့  တကွ ပါလာတဲ့ စာက ထူးဆန်းနေလို့ ပါ။ ဒီမှာကြည့်ကြပါ။


ဒီလိုနေရာ မြန်မာပြည်မှာ တကယ်ရှိလို့ လား။ ပုံထဲက မိန်းမကိုကြည့်ရတာတော့ တရုတ်မပုံ ပေါက်နေတယ်။ မြန်မာပြည်မှာရှိတယ်ဆို မြန်မာမပုံတော့ ပေါ်သင့်တာပေါ့နော်။ တော်ကြာ မြန်မာတွေဟာ တရုတ်ရုပ်မျိုးလို့  ထင်သွားကြဦးမယ်။ ခုတောင် ထင်နေကြပါပြီ။ ကြုံတုန်း လေး ကျွန်မကြုံဖူးတာလေး ပြောပြဦးမယ်။ ကျွန်မ အရင်အလုပ်မှာ အလုပ်စ၀င်ခါစကပေါ့၊ ကျွန်မက ဒီက Local ရုပ်မပေါက်တော့ ဘယ်နိုင်ငံကလည်းလို့  မေးကြတယ်။ Burma ( Myanmar ) ကလည်း ပြောလိုက်တော့ နင်က မြန်မာရုပ်လည်း မပေါက်ဘူးတဲ့။ ကျွန်မလည်း ပထမတော့ နည်းနည်းကြောင်တောင်တောင် ဖြစ်သွားတာပေါ့။ ကျွန်မရုပ်ကိုများ မြန်မာရုပ်မပေါက်ဘူးဆိုလို့ ... ထူးဆန်းသွားတာပါ။ ဒါနဲ့ ဘာလို့  အဲ့ဒီလိုပြောတာလည်းလို့  ပြန်မေးလိုက်တော့.. အဲ့ဒီတစ်ယောက်ကပြောတယ်။ သူတွေ့ ဖူးတဲ့ မြန်မာပြည်ကဆိုတဲ့သူတွေက ငါတို့ လိုပဲ Chinese တွေတဲ့။ ပြီးတော့ ဆက်ပြောသေးတယ်။ ကျွန်မကို တရုတ်စကားတတ်လားတဲ့။ ကျွန်မကလည်း မတတ်ဘူးလို့ ပြောလိုက်တော့ သူတွေ့ ဘူးတဲ့ မြန်မာတွေ တရုတ်လို တတ်ကြတယ်တဲ့။ ကျွန်မက ငါက မြန်မာပြည်က ဗမာလူမျိုး၊ Burmese လိုပြောတာရယ်၊ English လိုပြောတာရယ် နှစ်မျိုးပဲ ပြောတတ်တယ်။ အဲ့ဒီလူက တအံ့တသြနဲ့  သူတွေ့ ဖူးသမျှ မြန်မာနိုင်ငံက ဆိုတာတွေက တရုတ်လိုတွေ ပြောကြ၊ Chinese လို့လည်း ပြောကြတယ် ဆိုတော့ သူက မြန်မာပြည်ဆိုတာ ထိုင်ဝမ်လိုမျိုး တရုတ်တွေ နေတဲ့နေရာ ထင်နေတာတဲ့လေ။ တောတောတုန်းတဲ့၊ ဗဟုသုတ မရှိတဲ့ စလုံးကောင်ပါပဲ။

ကျွန်မလည်း ကျွန်မကို မြန်မာရုပ်မပေါက်ဘူး ပြောတာခံထားရတော့ စိတ်ပေါက်ပေါက်နဲ့  သေချာ ရှင်းပြ လိုက်ပါတယ်။ မြန်မာဆိုတာ တရုတ်နဲ့ ဘာမှမဆိုင်ဘူး။ ငါဆို ဗမာလူမျိုး၊ တခြား race တွေလည်း ရှိကြတယ်။ အများကြီးပဲလို့ ။ မြန်မာမှာအဓိက ရုံးသုံး ဘာသာစကားက မြန်မာစာ၊ အရင်က အင်္ဂလိပ်ကိုလိုနီဖြစ်ခဲ့ဖူးတော့ အင်္ဂလိပ်လိုလဲ သုံးကြတယ်ဆိုတဲ့ အကြောင်းနဲ့  မြန်မာလိုသာ အပြောများ ကြတယ်ဆိုတာကို ပြောပြ လိုက်တယ်။ တရုတ်လူမျိုးက ငါတို့ တိုင်းရင်းသာ race တွေထဲမှာတော့ မပါဘူး။ ဒါပေမယ့် ငါတို့ တိုင်းပြည်က အရင်က စည်းပွါးရေးကောင်းခဲ့တော့ တရုတ်တွေ၊ ကုလားတွေက မြန်မာပြည်မှာလာပြီ အလုပ်လုပ်ကြတဲ့ အတွက် တရုတ်တွေ၊ ကုလားတွေ လည်း ရှိကြတယ်ဆိုတဲ့အကြောင်း၊ ဗုဒ္ဓ ဘာသာကို ကိုးကွယ်သူ များပြီး တခြား သာသာဝင်တွေလည်း ရှိကြတယ်ဆိုတာ ပြောလိုက်တယ်။ ငါက ဗမာလူမျိုးရုပ်လို့ ၊ ဒါပေမယ့် ငါကသာ လူကောင် သေးသေးလေးဖြစ်တာ တခြား ဗမာတွေ ငါ့လို လူကောင်မသေးဘူး ဆိုတာလေးကိုလည်း သေချာထဲ့ ပြောလိုက်ရသေးတယ်။ နောက်ပြီး ခုတော့ မြန်မာနိုင်ငံမှာ စည်းပွါးရေး မကောင်းတော့ဘူး ဆိုတာ ပိတ်ပြော လိုက်တယ်။ တော်ကြာ နင့်နိုင်ငံမှာ စည်းပွါးရေး ကောင်နေရဲ့နဲ့  ဒီမှာဘာလို့  အလုပ်လာလုပ်တာလဲ ဆိုပြီး မေးခွန်းတွေ ဆက်လာတော့မှာ ကျွန်မ ကြိုသိနေတယ်လေ။

ကျွန်မ အဲ့ဒီ စလုံးကောင်ကို မြန်မာနိုင်ငံအကြောင်း Website တွေပြ၊ မြန်မာပြည်ပုံတွေပြ၊ မြန်မာ အ၀တ်စားနဲ့  ကောင်မလေးပုံတွေ ဘာတွေ ပြလိုက်တယ်။ ကျွန်မစီမှာ အမြဲပါတဲ့ မြန်မာစာအုပ်ကိုထုတ်ပြီး မြန်မာ စာလုံးတွေက ဒီလိုပုံဆိုပြီး ပြခဲ့သေးတယ်။ ကျွန်မ တော်တော်လေးပြောပြီးနောက်မှာ သူလည်း မြန်မာဆိုတာ တရုတ်နဲ့ မဆိုင်တဲ့ သီးခြား တိုင်းပြည်ဆိုတာ လက်ခံသွားပြီး မြန်မာပြည်ကို တစ်ခေါက်လောက် သွားလည် ကြည့်အုံးမယ် ပြောတာပဲ။ ကျွန်မလည်း ကောင်းတယ် သွားလို့ ပဲ ပြောလိုက်တယ်။ သူဟာသူ သွားတာ မသွားတာ ကျွန်မစိတ်မ၀င်စားတော့ဘူးလေ။ မြန်မာဆိုတာ သီးခြားဘာသာစကား၊ သီးခြားလူမျိုးတွေရှိပြီး၊ တရုတ်နဲ့  မဆိုင်ကြောင်း သူသိသွားရင်ပဲ ကျွန်မ ကျေနပ်သွားပြီလေ။

နောက်မှ ဒီမှာ ကြုံရတာတွေ ထပ်ရေးတော့မယ်။ ခုနက ပုံက အစစ်ဟုတ်တာမဟုတ်တာ အသာထား ပုံလေးကတော့ လှသား၊ အမျိုးသမီးတစ်ယောက်ရယ် လက်အုပ်ချီနေတဲ့ ကလေးလေး တစ်ယောက်ရယ်။ အဲ့ဒီပုံကို ကျွန်မစီ forward လုပ်တာ ကျွန်မရဲ့ မြန်မာသူငယ်ချင်းတွေ မဟုတ်ပါဘူး။ သူတို့ က အစစ်ထင်လို့  forward လုပ်တာလားမသိဘူး။ ကျွန်မကတော့ အဲ့ဒီပုံကို အစစ်လို့  မထင်ပါဘူး။ ဒါပေမယ့် တကယ်လို့  အစစ်သာဖြစ်များ ဖြစ်နေမယ်ဆို ဘယ်နေရာကလည်း သိချင်မိပြန်တယ်။ အတုဆိုလည်း အတုဖြစ်ကြောင်း၊ အစစ်ဆိုလည်း ဘယ်နေရာမှာ ဖြစ်နိုင်တယ်ဆိုတာလေး သိကြရင် သတင်းပေးကြပါအုံး။

7 comments:

Anonymous said...

အဲ့ဒီပုံကိုကြည့်ရတာ။ နမိတ်တစ်ခုကိုပြနေသလိုပဲ။ တရုတ်ကိုအမေအဖြစ်ခေါ်ပြီးဗမာကလေးလေးကလက်အုပ်ချီနေရတဲ့ပုံပေါ်နေတယ်။ဟီး၂။

ကလိုစေးထူး said...

နေနေရေ..
လှည့်ဆိုလို့ လှည့်ကြည့်မိတာ.. စစချင်းလှည့်တာက ပြောင်းပြန်ဖြစ်သွားလို့လားမသိ… မျက်စိထဲမှာ ငှက်တကောင် အစာကို ကိုက်နေတယ်လိုလိုမြင်နေတာ.. (ပိန်းလိုက်ပုံများ) :D
တပတ်တိတိလည်အောင်ကြည့်မှပဲ ညီမပြောသလို လက်အုပ်ချီနေတဲ့ပုံမြင်တော့တယ်။

ခွန်မြလှိုင် said...

I thought it is a picture drawn by graphic designer. It doesn't look like a photograph.

Nay Nay Naing said...

MrProgrammer>> Bro .. ကလည်း မဟုတ်ကဟုတ်က ဘာတွေလာပြောနေတာလဲ... လွဲပါစေဖယ်ပါစေ..

ကလိုစေးထူး >> အစ်ကိုတစ်ယောက်တည်းဖြစ်တာမဟုတ်ဘူး။ ညီမလည်း လှည့်လိုက်တာ တလွဲကြီးဖြစ်သွားသေးတယ်။ နောက် သူများတွေ ကိုယ့်လို မဖြစ်အောင်ဆိုပြီး အောက်မှ လှည့်ထားတဲ့ ပုံလေးပါတင်ထား ပေးလိုက်တာ...

Khunmyahlaing >> Yes...
Thanks for visiting my blog ..

Anonymous said...

I don't think it is real. If there was such a place we would have known it long long ago. But it is a nice one. Quite unworldly. I think most of the MMR with Chinese ancestry went to S'pore that's why they think the MMR people looked like that.
KYO

MYO HAN HTUN said...

ဓါတ်ပုံကို Photoshop နဲ့ တောင်ရှောက်ပြင် မြောက်ရှောက်ပြင်ထားပုံရတယ်။

Nay Nay Naing said...

Anonymous (KYO) နဲ့  ကိုတိုး.. ခုလို Comments တွေ ချန်ထားပေးတဲ့ အတွက် ကျေးဇူးပါပဲ။ အင်း... အားလုံးက ဒီပုံကို အစစ် မဟုတ်နိုင်ဘူး ထင်ကြတာပဲ။