MLG ဆိုတာ Making Life Great တဲ့။ Life ကို Great ဖြစ်အောင် လုပ်ဖို့ အတွက် Company မှာရှိနေသူတွေ မတက်မနေရ တတ်ရတဲ့ Session တစ်ခုပါ။ ဒီနှစ်အတွက်တော့ 4D Approach ကို အကြောင်းကို နားလည်အောင် အုပ်စုလိုက် Game တွေဆော့ခိုင်း၊ တစ်ယောက်နဲ့  တစ်ယောက် အင်တာဗျူးတွေ လုပ်ခိုင်းပြီး လုပ်ဖော်ကိုင်ဖက်တွေရဲ့ Strengthတွေ၊ Companyရဲ့ အကြောင်းအရာတွေကို နားလည်စေပြီး လက်ရှိ အလုပ်ပတ်ဝန်းကျင်ကို ဘယ်လိုတိုးတက်အောင် လုပ်ကြမလဲဆိုတဲ့ အတွေးအခေါ်၊ Idea တွေ မျှဝေတဲ့ သဘောပါပဲ။ သူတို့ အပြောအရတော့ Brain Strong ဖြစ်အောင်လုပ်တယ်ပေါ့။
ဒီ Session က ကလေးတွေကို ကစားနည်းလေးတွေ ကစားခိုင်းပြီး စာသင်တာနဲ့ တူတယ်။ ဒီနည်းက တမျိုးတော့ ကောင်းပါတယ်။ ဒီတိုင်းကြီး သူပြောတာ တစ်နေကုန် ဒီတိုင်း ထိုင်ပြီး နားထောင်နေရမယ် ဆိုရင် ပျင်းစရာကောင်းပြီး ဘာပြောသွားမှန်းတောင် သိလိုက်မှာ မဟုတ်ကြဘူး။ ခုတော့ 4D Approach ဆိုတာဘာလဲနဲ့ Company မှာ ဆက်ပြီးရှိစေချင်တဲ့ Strangth တွေနဲ့  ပြောင်းလဲစေချင်တဲ့ အကြောင်းတွေ ပြောချင်တာတွေတော့ ပြောလိုက် ရတယ်။ ကျွန်မတို့  Session ရဲ့ Leader က ဒီ Session က တောင်းဆိုထားတာတွေ၊ ဆွေးနွေးထားတာတွေကို ထပ်ပြီးဆွေးနွေးတောင်းဆိုဖို့  နောက် Session တွေ ထပ်တက်ရဦးမယ် ထင်တယ်။
4D Approach ဆိုတာစပြီး ကြားတုန်းက Singapapore Pool ရဲ့ နာမည်ကြီး 4D က စိတ်ထဲမှာ အရင်ဆုံး ပေါ်လာတယ်။ ဒီနေ့  ပြောတဲ့ 4D approach ကတော့ ( Discover, Dream, Design, and Deliver)။ ဘာတွေလည်း သိချင်ရင်တော့ Google ကြည့်လိုက်ကြပါ။ :D Dream အကြောင်း ရှင်းပြတဲ့အချိန်မှာ ကျွန်မတို့ ကို ဒီ Company ရဲ့ ရှေ့ မှာ ဘာတွေဖြစ်စေချင်တယ်ဆိုတဲ့ ကျွန်မတို့ ရဲ့ Dream ကို ပန်းချီ တစ်ချပ်ဆွဲပြီး ပုံဖေါ်ခိုင်းတယ်။ ဒီမှာ လူ ၁၀ ယောက်ကျော် တစ်ယောက် တစ်လက် ၀ိုင်းဆွဲတဲ့ ပန်းချီကား။
ဒီနေ့  Sessionမှာ အားလုံးအပြီး ပြန်ခါနည်းမှာ အရုပ်လေး တစ်ရုပ်စီ လက်ဆောင်ပေးတာကို ကျွန်မ အကြိုက်ဆုံးပါပဲ။ ရေမြင်းရုပ်လေးပေးမယ့်အစား Compnay Logo ဖြစ်တဲ့ ခြင်္သေ့ရုပ်လေး ပေးသင့်တယ် ထင်တာပဲ။ ဒါပေမယ့် အလကားရတာကို ဂျီးများနေလို့်  မဖြစ်တော့ ပေးတာ ယူလာလိုက်တယ်။ ၂၀၀ရအတွက် ပထမဆုံးရတဲ့ အရုပ်ပါပဲ။ဘာရယ်တော့ မဟုတ်ပါဘူး၊ အလုပ်မှာ ကြုံရတာလေးတွေ မှတ်ထားလိုက်တာပါ..
2 comments:
ပျော်စရာကြီးနော်..
ဒါနဲ့ ပန်းချီကို ဘယ်လိုရှင်းပြလိုက်သလဲဟင်..
ပြောဖို့ မေ့သွားလို့..
ရေမြင်းရုပ်လေးလဲ လှတာဘဲဟာကို..
Post a Comment