Pages

April 02, 2007

1 April 2007

ဒီနေ့  ဧပြီ ၁ ရက်နေ့ ..
တချို့ ကတော့ April Fool နေ့ ဆိုပြီး တစ်ယောက်နဲ့  တစ်ယောက် စနောက်ကြတယ်။
ကျွန်မကတော့ သူများကို နောက်ဖို့ လည်း ၀ါသနာ မပါသလို .. ကိုယ့်ကို လာနောက်ရင်လည်း သိပ်ကြိုက်လေ့ မရှိသူဖြစ်လို့  အဲ့ဒီ April Fool ( 1st April ) ဆိုတာကြီးကို အရင်ထဲက ထူးပြီး စိတ်ဝင်စားလေ့ မရှိပါဘူး။

ကျွန်မသိတဲ့ ဧပြီ ၁ ရက်နေ့ က ကျွန်မ သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ ။ အဲ့ဒီ သူငယ်ချင်း ဒီမှာ ရှိနေရင် ဒီနေ့ ဆို တနင်္ဂနွေနေ့ လည်း ဖြစ်ပြန်၊ သူ့ မွေးနေ့ လည်း ဖြစ်ပြန်ဆိုတော့ မုန့် လိုက်ကျွေးခိုင်းလို့  ရမှာတွေးမိပြီး ရန်ကုန်ပြန်ပြီး ပျော်နေသူ သူငယ်ချင်းကို အထူးသတိရ နေပါတယ်။ သူငယ်ချင်းကတော့ ခုချိန်ဆို ချောင်းသာမှာ အတော် ပျော်နေရှာမယ် ထင်တယ်။ သူ့ ရဲ့ မွေးနေ့ မှာ မွေးနေ့ ရှင်ဟာ ဆက်သွယ်မှု ဧရိယာ ပြင်ပကို ရောက်နေမှာဖြစ်ကြောင်း သိနေခဲ့တာကြောင့် ကြိုတင်ပြီး မွေးနေ့ ဆုတောင်း လုပ်ပြီးသား ဖြစ်လို့  ဒီနေ့ မှာ ထပ်ပြီး ဆုတောင်းပေးဖို့  လိုမယ် မထင်တော့ဘူး။ မွေးနေ့ ရှင် ကလည်း ခုချိန်မှာ " ပျော်ရွှင်ဖွယ်ကောင်းသော မွေးနေ့  ရက်မြတ် ဖြစ်ပါစေ" ဆိုတဲ့ ဆုတောင်းကို ထပ်ပြီး ဆုတောင်းပေးစရာမလို ပဲနဲ့ ကို ပြည့် နေလောက်ပြီ။

အင်း.. ဒီအချိန်ဆို သူငယ်ချင်းက သူပြောထားတဲ့ ချောင်းသာရောက်ရင် Sea Food တွေ၊ အထူးသဖြင့် ဂဏန်းဟင်းကို အားပါးတရ စားလိုက်မယ်ဆိုတဲ့ စကားအတိုင်း အစားတွေ အနင့်တပိုးစားပြီး ဟိုကြည့်ဒီကြည့်နဲ့  သူရဲ့ ညောင်းညာနေတဲ့ မျက်လုံးတွေကိုလည်း အစာကျွေးနေလေမလား....

No comments: