
ဒီနေ့  အလုပ် ကို ရောက်ရောက်ခြင်း လုပ်ဖြစ်တာက မြန်မာ ဘလောခ့်တွေ လိုက်ဖတ်တာပါ။ ဟီး ဟီး။ အလုပ် အရမ်း ကြိုးစား နေတာလေ။ ဒီတစ်ပတ်လုံး အလုပ် အရမ်း ရှုပ်နေတယ်။ အလုပ်က နှစ်ရက်တောင် ခွင့်ယူထားတာ၊ ဒီနေ့ မှ အလုပ်ပြန်ဆင်းရတာတောင် လုပ်စရာတွေက ကျန်နေတုန်းပဲ။ နှစ်ရက် ခွင့်ယူထားတာ ဆိုတော့ အလုပ်မှာ လည်း လုပ်စရာတွေ က အများကြီး ဖြစ်နေလောက်တယ်။ ခုထိတော့ အလုပ် အီးမေး မစစ်ရသေးဘူး။ ကြည့်လိုက်ရင် လုပ်ဖို့  ဟာတွေ တွေ့ မှာစိုးလို့  ၊ ဒါလေး အရင် ပိုစ့်လုပ်ပြီးမှ ကြည့်တော့မယ်။ လုပ်စရာတွေ အရမ်း မမျုားပါစေနဲ့ ။ အလုပ်များရင် မနက်ဖြန် အလုပ်လာရမှာ။ စနေ နေ့  အလုပ် မလာချင်ဘူး။ ဒီ အပတ် အိမ်မှာလည်း လုပ်စရာတွေရှိ သေးတယ်။ နောက် တစ်ပတ်ဆိုရင်တော့ အားလောက်ပြီ ထင်ပါရဲ့။
No comments:
Post a Comment