Pages

July 22, 2006

Than Lwin Ain Mat - Issue7

၁၉ ရက်နေ့  အာဇာနည်နေ့ က သံလွင်အိမ်မက် အမှတ်(၇) ထွက်နေပြီးဆို တဲ့ email ရပါတယ်။ ဘာတွေများ ထူးထူးခြားခြားလေးတွေ လုပ်ထားမလည်း ဆိုပြီး ချက်ချင်း ဖတ်ကြည့် လိုက်မိတယ်။ သံလွင် အိမ်မက် အဖွဲ့  သားတွေရဲ့ ကြိုးစား အားထုတ်မှုတွေကို တွေ့ ရလို ဖတ်ရတာ ကျေနပ်မိပါတယ်။ သူတို့  တွေကို ကျွန်မ တကယ်ပဲ ချီးကျူးပါတယ်။ သူတို့  ဘယ်လိုများ အလုပ်တစ်ဖတ်နဲ့  ဒီလို သံလွင်အိမ်မက် ezine တွေ မှန်မှန်ထွက်နိုင်အောင် လုပ်ကြသလဲ။ ကျွန်မ လည်း ဒီနိုင်ငံမှာ အလုပ် လုပ်နေသူတစ်ယောက်ဖြစ်နေတော့၊ ဒီမှာ အလုပ်လုပ်နေတဲ့သူတွေ ဘယ်လောက် အလုပ်များတယ်၊ ကိုယ်ပိုင်အားလပ်ချိန် ဘယ်လောက်ရှားတယ် ဆိုတာကို သိနေလို့ ပါ။ တကယ် လေးစားပါတယ်။ မအားတဲ့ ကြားကနေ ကိုယ်ရဲ့ အိမ်မက်တွေ ကို မရ ရအောင်ကြိုးစား အကောင်အထည်ဖေါ်နေကြတဲ့ အတွက်ပါ။ အာပေးလျှက်ပါ။ ဒီထက်အောင်မြင်ကြပါစေ။

သံလွင်အိမ်မက်(ရ) ထဲက ဆောင်းပါးလေးတစ်ခုက ကျွန်မကို တွေးစရာလေးတွေ ပေးသွားပါတယ်။ အဲ့ ဒီဆောင်းပါးလေးဖတ်ပြီး ကျွန်မ ကိုယ့်ကိုကိုယ် မေးခွန်းလေးတွေ တော်တော်လေး ပြန်မေးကြည့်မိတယ်။ အဖြေရတဲ့ ဟာလည်းရှိ သလို၊ ခုချိန်ထိ အဖြေမရသေးတာတွေလည်း ရှိပါတယ်။ တစ်ချို့  မေးခွန်းတွေ အတွက် ကျွန်မ ဘယ်တော့မှ အဖြေရမှာ မဟုတ်ဘူးဆိုတာလည်း သိနေပါတယ်။

ကျွန်မ ဘာတွေ တွေးမိလည်း ဒီနေရာမှာ ရေးပြချင်ပါတယ်။ ဒါပေမယ့် ကျွန်မ မရေးတော့ပါဘူး။ ကိုယ့်ဟာကိုယ်ဖတ်ကြည့် တွေးကြည့်ကြပါ။ မေးခွန်းလေးတွေ မေးကြည့်ကြပါ။

ကျွန်မပြောတဲ့ ဆောင်းပါးလေး က မောင်သစ်ဆင်း ရေးတဲ့ ကျောင်းကောင်း ဆိုတဲ့ ဆောင်းပါးလေးပါ။ ဒီမှာ ဖတ်လို့  ရပါတယ် ။

ကျောင်းကောင်း - မောင်သစ်ဆင်း

1 comment:

NLS said...

Yap, this is very good article!i was in Village school when I was young, but it didnt make my life down among others. The point is, I got some other experiences that cannot get in so called Good School, and I had figured it out from that.