Pages

July 24, 2006

တစ်ကိုယ်ရေ နေထိုင်မှု့ ၏ အားသာချက်များ

ဒီနေ့  သူငယ်ချင်း တစ်ယောက် စီက တဆင့်ပြန်ပို့ တဲ့ email တစ်စောင်ရပါတယ်။ အပျိုကြီးများ၏ အားသာချက်များဆိုတဲ့ email ပါ။ တစ်ချို့  အချက်တွေက အမျိုးသမီးတွေ ဘက်က ရေးထားတာပါ။ အဲ့ဒီ အမျိုးသမီးတွေဘက်က ရေးထားတာ အများစုကို ကျွန်မ သဘောမတူပါဘူး။ အဲ့ဒီတော့ မမှန်ဘူးထင်တာတွေကို မရေးတော့ပါဘူး။ ဒါပေမယ့် တစ်ချို့ ဟာတွေကတော့ ယောက်ျား၊မိန်မ ယူမှ မဟုတ်ပါဘူး၊ ရည်းစာ ဘဝ မှာထဲက မှန်နေတယ်ထင်တာတွေရှိပါတယ်။ အဲ့ဒီ အချက်တွေကို သူငယ်ချင်းတွေနဲ့  မျှဝေချင်ပါတယ်။

ဘာလို့  လည်းတော့ မသိပါဘူး။ ကျွန်မနဲ့  အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတချို့ က အပျိုကြီး၊ လူပျိုကြီး လုပ်မယ် အမြဲပြောလေ့ ရှိကြပါတယ်။ အဲ့ဒီ အပျိုကြီး၊ လူပျိုကြီး လုပ်မယ် ပြောနေသော သူငယ်ချင်း တွေ ကို ဘာလို့  အပျိုကြီးလုပ်ချင်ရတာလည်း ၊ ဘာလို့  လူပျိုကြီး လုပ်ချင်ရတာလည်း မေးတာခံရတဲ့ အခါ ဒီထဲက တစ်ချို့  ဟာလေးတွေကို အဖြေအဖြစ် အသုံးပြုနိုင် အောင်လို့  ကူညီတဲ့ သပေါနဲ့  ဒီမှာတင်ပေးတာပါ ။ ဟီး ဟီး။

တစ်ကိုယ်ရေ နေထိုင်မှု့ ၏ အားသာချက်များ
၁။ စိတ်ထဲရှိသလို နေထိုင်၊ လုပ်ကိုင် နိုင်သဖြင့် လွတ်လပ်မှုရှိုခြင်း
၂။ တစ်စုံ တစ်ယောက်ကို စောင့်ကြည့်၊ စိတ်ပူ နေစရာ မလိုခြင်း
၃။ မည်သူနှင့် မျှ စကားမပြောလိုပဲ တစ်ကိုယ်တည်း တိတ်ဆိတ်စွာ နေလိုပါက နေခွင့် ရခြင်း
၎။ သွားချင်ရာသွား၊ စာချင်ရာစား၊ လုပ်ချင်ရာ လုပ်ကိုင်နိုင်ခြင်း
၅။ ညဘက်တွင် ကိုယ်အိပ်ချင်သည့် အချိန်မှ အိပ်ရာဝင် နိုင်ခြင်း
၆။ မိမိ ယုံကြည်ရာ၊ ပြောလိုရာကို ပြောလိုသူနှင့် လွတ်လပ်စွာ ပြောဆိုနိုင်ခြင်း
၇။ မိမိစိတ်မဝင်စားသည့် အကြောင်းအရာများကို လိုက်ပါ စိတ်ဝင်စား နေစရာမလိုခြင်း
၈။ မိမိ နှင့် မရင်းနှီးသူများကို ပြုံးပြ၊ နှတ်ဆက်၊ လိုက်ရောညီထွေ ဆက်ဆံနေစရာ မလိုခြင်း
၉။ မိမိ မနှစ်သက်သော အပြုအမူ၊ အနေအထိုင်၊ အသံဗလံများကို အထူးသည်းခံခွင့် လွတ်နေစရာ မလိုခြင်း
၁၀။ မိမိကို ထာရစ်ခဲ့မှာကို စိတ်ပူနေစရာ မလိုခြင်း
၁၁။ တစ်စုံတစ်ဦးကို တွေးတော၊ တမ်းတ၊ သတိရနေ စရာ မလိုခြင်း
၁၂။ မိမိငွေကြေးကို မိမိစိတ်တိုင်းကျ သုံးစွဲနိုင်ခြင်း

ဒီထက် အများကြီးရှိအုံးမှာပါ။ အဲ့ဒီ email ထဲကတော့ ဒီအချက်တွေလောက်ပဲ နည်းနည်းလက်ခံနိုင်ပါတယ်။ လူပျိုကြီး၊ အပျိုကြီး လုပ်တာမှာ ကောင်းတာတွေရှိ သလို၊ မကောင်းတာတွေ လည်းရှိမယ်ထင်ပါတယ်။ ဒီကိစက လူတိုင်းစိတ်ကြိုက် ရွေးချယ်ပိုင်ခွင့်၊ နေထိုင်နိုင်ခွင့်ရှိတယ်လို ကျွန်မကတော့ ယူဆပါတယ်။ ယောက်ျား၊ မီန်းမ ယူချင်သူများက ယူကြပါ။ လူပျိုကြီး၊ အပျိုကြီး လုပ်ချင်သူများက လူပျိုကြီး၊ အပျိုကြီး လုပ်ကြပါ။ သူတပါးကို မထိခိုက်ဘူးထင်ရင် ကျွန်မတို့ တွေ ကိုယ့်စိတ်တိုင်းကျ သပေါရှိ၊ မနောရှိ လွတ်လပ်စွာ နေနိုင်ကြတယ်လို ထင်ပါတယ်။

6 comments:

kyawmintun said...

အိမ်ထောင် သည် တွေရဲ့ …..အားနည်းချက် အားသာချက် ကို လဲ ရှာပေးပါအုံး

D Moe Thit said...

ကျွန်တော်ထင်တာနည်းနည်းပြောမယ်နော်. :)
အဲဒီလို စိတ်တိုင်းကျ နေခွင့် ထိုင်ခွင့်ရတာ များလာတဲ့ အခါမှာ တစ်ဖက်သားကို မကြည့်ပေးတတ်တော့ဘူးလို့ ထင်မိတယ်..။ များသောအားဖြင့် အပျိုကြီး၊ လူပျို ကြီးတွေဟာ အသက်ကြီးလေလေ .. ဇီဇာကြောင်လေလေပါပဲ ...။ ချစ်မယ်ဆိုရင်လည်း တဇွတ်ထိုး သဲကြီးမဲကြီး လုပ်သလို.. မုန်းပီဟေ့ ဆိုရင်တော့ လှည့်ကို မကြည့်တတ်တော့ဘူး။ ကျွန်တော့်အမြင်ကတော့ အပျိုကြီး၊ လူပျိုကြီးတွေဟာ ပါတ်ဝန်းကျင်နဲ့ လိုက်လျော ညီထွေဖြစ်အောင် မနေတတ်ဖူးလို့ ထင်မိပါတယ်... ။ ဒါကလည်း ကျွန်တော့် အမြင်သက်သက်ပါ။ :)

Nay Nay Naing said...

ကို ကျော်မင်းထွန်း ရေ...
ကျွန်တော် စဉ်းစာပြီး နောက်မှ ရေးအုံးမယ်။ တကယ်တော့ ကျွန်တော်မရေးသင့်ဘူး။ ခင်ဗျားက ပိုရေးသင့်တာဗျ.. လုပ်ပါဗျာ.. ဘာတွေကောင်းလည်း .. ဘာတွေမကောင်ဘူး လည်း ပြောပါဦးဗျာ။..

Nay Nay Naing said...

ကို ဇော်မိုးအောင် ..
ခင်ဗျားပြောထားတာ မှန်တယ်လို့  ကျွန်တော်လည်း ထင်တယ်။ ခင်ဗျားရေးတာ ဖတ်ကြည့်ပြီး ကိုယ်ဟာကို ပြန်မေးကြည့်တော့ ကျွန်တော်လည်း ကြာလေ ဇီဇာကြောင်လေ ဖြစ်နေတယ်ဗျို့ ။

MgAlbert said...

အပျိုကြီး တစ်ကယ်လုပ်မှာ လားပြောစမ်းပါ။ ဟီး နောက်တာနော်. ကိုဇော်မိုးအောင် ပြောသလိုပါဘဲ အပျိုကြီးတွေ လူပျိုကြီးတွေ ကြီးလာရင် ဇီဇာကြောင်တတ်ပါတယ်။

Nay Nay Naing said...

အပျိုကြီး လုပ်ဖို့ တော့ စိတ်ကူးမရှိပါဘူး။ ဟီး ဟီး။ လုပ်စရာ လား။ ကိုယ်ဟာကို ဇီဇာကြောင်ရင်တောင် အပျိုကြီးမို့  ဇီဇာကြောင်တယ် ပြောကြလိမ့်မယ်။ ဟုတ်တယ်ဟုတ်။ ခုတောင် ပြောချင်နေကြပြီ။ :P