Pages

July 10, 2006

Full Moon day of Waso

Full Moon Day of Waso (beginning of Buddhist Lent)

Waso, the fourth month in Myanmar calendar falls between June and July which is partially summer and partially rainy seasons. The full-moon day of Waso is very significant, because this is the day Buddha was conceived, the day that He renounced the worldly pleasure , and the very day that He preached the first sermon of Dhamma Cakka and the day that He performed the miracles of super natural powers. The day also marks the beginning of the Buddhist lent of three months when members of Sangha go into the rains retreat. A significant and meritorious deed of Buddhists in Waso is offering robes to members of the Sangha for use during the lent, and so these robes are called Waso robes. Moreover, there is a practice of young men and women going on outings of gathering flowers to be offered at Buddha images at pagodas and at homes.

Source

ဒီနေ့  ဝါဆိုလပြည့်နေ့ 
ကျွန်မ ဒီနေ့ ကဝါဆိုလပြည့်နေ့ ဆိုတာကို ညနေစောင်းမှ သိတာပါ။ ဘာ ကုသိုလ်ကောင်းမှုမှထူးထူးခြားခြားမလုပ်ဖြစ်ပါဘူး။ ဒီနေ့  Sunday ဖြစ်ပေမယ့် တစ်နေ့ လုံး ကျွန်မ အလုပ်ရှုပ်နေခဲ့ပါတယ်။ ပုံမှန်ဆို Sunday ဆို ကျွှန်မ အနားယူလေ့ရှိပါတယ်။ အပြင်မသွားပဲ အိမ်မှာပဲ နေလေ့ရှိတယ်။ အပြင်ထွက်ရင် ပင်ပန်းလို့ ပါ။ နောက်နေ့  Monday ဆို အလုပ်ကလည်း ပြန်သွားရတော့မှာလေ။ အိမ်မှာနေ၊ အဝတ်လျှော်၊ ရှင်းစရာရှိတာတွေရှင်း၊ ဖုန်းပြော၊ စာဖတ် ဒါပဲလုပ်လေ့ရှိပါတယ်။ အိပ်ရာကလည်း စောစောထလေ့မရှိပါဘူး။

ဒါပေမယ့် ဒီနေ့ တော့ စောစောထရပါတယ်။ ဖေဖေ အတွက် visa လျှောက်ဖို့  လိုတဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်ဖို့ ၊ ဓာတ်ပုံ Scan ကူးဖို့ ပါ။ မနက်ဖြန်မှာ လျှောက်လွှာသွားတင်ဖို့ ပါ။ ဒီနေ့ တစ်နေ့ လုံးက အားမှာမဟုတ်လို့ စောစောထလုပ်ရတာပါ။ မနေ့ က သူငယ်ချင်းတစ်ယောက်ရဲ့ ညီမ ဒီကိုရောက်ပါတယ်။ တစ်နေ့  ညနေ (Friday) က ကျွန်မ့ သူငယ်ချင်းက ဖုန်းဆက်ပြီး၊ သွားကြိုပေးပါ၊ လိုတာတွေ လုပ်ပေးလိုက်ပါဆိုတာနဲ့  မနေ့ ညနေက လေယာဉ်ကွင်းမှာ ကျွန်မ သွားကြိုပေးရပါသေးတယ်။ သူက မနေ့ ညကတော့ သူ့  သူငယ်ချင်းရဲ့ အစ်မတွေ အိမ်မှာ ခဏနေမယ်ဆိုလို့  အဲ့ဒီအိမ်ကို လိုက်ပို့ ပေးခဲ့ရတယ်လေ။ အဲ့ဒီအိမ်မှာ ကြာကြာနေရမှာ အားနာတဲ့ အတွက် ဒီနေ့ သူနေဖို့  အိမ်လိုက်ရှာပေးပါဆိုလို့  သွားရှာပေးရတာပါ။ ခုဏကမှ အိမ်ပြန်ရောက်ပါတယ်။ ည ၁၀နာရီလောက်ရှိနေပါပြီ။ လူလည်း နေမကောင်းချင် သလိုဖြစ်နေပါပြီ။ ဒီနေ့ တစ်နေ့ လုံးမိုးတွေရွာနေတော့ မိုးရွာထဲ အိမ်ခန်းတွေလိုက်ကြည့် ခဲ့ရတယ်လေ။ ကျွှန်မက မိုးမိခံလို့  မဖြစ်ပါဘူး။ မိုးမိလိုက်တာနဲ့ ဟိုနား နာသလိုလို ဒီနား နာလိုလို ဖြစ်တတ်ပါတယ်။ စိတ်ပူစရာတော့ မရှိပါဘူး။ ကျွန်မက တော်ရုံဆို ဖျားလေ့ မရှိပါဘူး။ ကိုတွေပူပြီး ဆေးခန်း သွားရလောက်အောင်ဖျား ခဲပါတယ်။ နေလို့ မကောင်း သလိုလိုကတော့ ခဏ ခဏ ဖြစ်တယ်။ အလုပ်က ခွင့်ယူရလောက်အောင်ကို တစ်ခါမှ မဖျား ဘူးပါဘူး။ ထုံးစံအတိုင်း ရေးနေရင်းက တောင်ရောက်လိုက် မြောက်ရောက်လိုက် ဖြစ်နေပြန်ပါပြီ။

ကဲ လူလည်း ပင်းပန်းနေပြီ၊ အနားလည်းယူသင့်ပြီ၊ မနက်ကြ အလုပ်သွားရဦးမယ်လေ။ နောက် အချိန်ရမှပဲ အိမ်ရှာတဲ့ အတွေ့ အကြုံလေး အမှတ်တရရေးရဦးမယ်။
ခုတော့ ဒီနေ့ တွေကြုံ ခဲ့ရတဲ့ ထဲက အတိုချုပ်မှတ်ထားရရင်
၁။ အိမ်ခန်း တစ်ခန်းကို ဒီမှာ ချက်ချင်းရဖို့ ဆိုတာ တော်တော်ကို မလွယ်ပါဘူး
၂။ တစ်ချို့ လူတွေက တော်တော်လေးကို စကားများပါလား (တစ်ခါမှ မတွေဘူး၊ မကြုံဘူးပဲနဲ့  အခန်းငှါးဖို့  ဖုန်းဆက်လိုက်တာ၊ ၁၀ မိနစ်လောက် မရပ်မနား စကားပြောသွားတာပါ။ ကျွှန်မမှာ သူပြောတာ နားထောင်ပြီး တော်တော်မော သွားရပါတယ်)
၃။ တစ်ချို့ လူတွေ တော်တော်အကြွားသန်ပါလား။
၎။ တစ်ချို့ လူတွေ က တော်တော်ကို အမြတ်ကြီးစား၊ မသိတဲ့ သူကိုဆို ခေါင်းပုံဖြတ်ဖို့  ဝန်မလေးပါလား။ ( ကျွန်မက မနေ့ ကမှရောက်တာ အခန်းလိုချင်လို လို့ ပြောလိုက်တာကို၊ ညာလိုကလည်း မဖြစ်ဘူလေ၊ အိမ်ငှါးရင် Passport နဲ့ Visa ကော်ပီကူးပေးရတာလေ။ အဲဒီ နေမယ့် ကောင်မလေးမှာက ကျောင်းသားကတ်က လုပ်မှ မလုပ်ရသေးတာ။ နောက် တော့မှ ကျွန်မက ဒီနိုင်ငံမှာ နေတာကြာပြီမှန်း သိတော့မှ စကားပြောတဲ့ လေသံတွေက ပြောင်းကုန်ကြတာ။)
၅။ နောက်ဆို ကျွန်မလည်း တစ်ခုခုလုပ်ရတော့မယ်ဆို၊ မလုပ်ခင် အစစ အရာရာ ကြိုတင်ပြင်ဆင်ထား ဖြစ်တော့မယ်။ ခုရေးတွင်းတူး၊ ခုရေကြည်သောက်ဖို့ ဆိုတာမဖြစ်နိုင်ပါဘူးလေ။

ဒီလောက်ပါပဲ။ ရေးချင်တာတွေတော့ ရှိသေးတယ်။ ဒါပေမယ့် မရေးတော့ပါဘူး။
ဖေဖေ အတွက် Visa ကို online ကတင်ပြီးရင် အိပ်တော့မယ်။ ကောင်းသောညပါ။

No comments: