Pages

January 16, 2007

IF ( အကယ်၍ )

ဒီနေ့  ကဗျာဖတ်ချင်စိတ် ပေါက်လာလို့  English ကဗျာတွေ လိုက်ဖတ်ရင်းကနေ Rudyard Kipling ရေးတဲ့ IF ဆိုတဲ့ ကဗျာကို ပြန်ဖတ်မိသွားတယ်။ ဒီ အင်္ဂလိပ်လိုရေးထားတာလေး ဖတ်ရင်း ဒီကဗျာရဲ့ မြန်မာ ဘာသာပြန်ကို ဖတ်ချင်လာတယ်။ အားလုံးသိတဲ့ အတိုင်း ဒေါ်အောင်ဆန်းစုကြည် က ဒီကဗျာကို "အကယ်၍" ဆိုတဲ့ ခေါင်းစဉ်နဲ့  ဘာသာပြန်ပေးထားတယ်လေ။ ကျွန်မ ဒီ အကယ်၍ ကဗျာကို ဘယ်မှာရှာလို့ ရမယ်မှန်း သိပါတယ်။ မမေက လွန်ခဲ့တဲ့ နှစ်က သူ့ ဘလောခ့်မှာ ပိုစ့်လုပ်ပေးဖူးတယ်လေ။ ဒါနဲ့  သူဘလောခ့်သွားပြီး တစ်ခေါက် ပြန်ဖတ်မိတယ်။ မြန်မာလို ရေးထားတာလေး ဖတ်ရင်း အဲ့ဒီကဗျာလေးနဲ့  ပတ်သက်တဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်မိခဲ့တာကို သတိရလိုက်ပြန်တယ်။ တစ်ခုခုဆို အချိန်မဆိုင်းချင်တဲ့ ကျွန်မ အကျင့်အတိုင်း အဲ့ဒီ ဆောင်းပါးရှိတဲ့ နေရာကို သွားပြီး တစ်ခေါက်လောက် ဖတ်လိုက်မိပြန်တယ်။ ကဗျာတွေ လိုက်အဖတ်ကောင်းတာ အလုပ်မှာ ရောက်နေတာပါလားဆိုတာတောင် မေ့မလို ဖြစ်သွားရတယ်။

ကျွန်မ ကဗျာမရေးတတ်ပါဘူး။ ဒါပေမယ့် ကဗျာ ဖတ်တာကိုတော့ ကြိုက်တယ်။ ဒီ IF ( အကယ်၍ ) ဆိုတဲ့ ကဗျာက ကျွန်မ ကြိုက်တဲ့ ကဗျာတွေ ထဲမှာပါ ပါတယ်။ ကျွန်မ ဒီကဗျာကို အင်္ဂလိပ်လိုပဲ ဖြစ်ဖြစ်၊ မြန်မာလို ဘာသာပြန်ထားတာကိုပဲ ဖြစ်ဖြစ်၊ ဘယ်အချိန် ဖတ်ရဖတ်ရ၊ သဘောကျ နှစ်သက်မိတယ်။

If----- By Rudyard Kipling (1895)
If you can keep your head when all about you
Are losing theirs and blaming it on you;
If you can trust yourself when all men doubt you,
But make allowance for their doubting too;
If you can wait and not be tired by waiting,
Or, being lied about, don't deal in lies,
Or, being hated, don't give way to hating,
And yet don't look too good, nor talk too wise;

If you can dream - and not make dreams your master;
If you can think - and not make thoughts your aim;
If you can meet with triumph and disaster
And treat those two imposters just the same;
If you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to broken,
And stoop and build 'em up with wornout tools;

If you can make one heap of all your winnings
And risk it on one turn of pitch-and-toss,
And lose, and start again at your beginnings
And never breath a word about your loss;
If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: "Hold on";

If you can talk with crowds and keep your virtue,
Or walk with kings - nor lose the common touch;
If neither foes nor loving friends can hurt you;
If all men count with you, but none too much;
If you can fill the unforgiving minute
With sixty seconds' worth of distance run -
Yours is the Earth and everything that's in it,
And - which is more - you'll be a Man my son!

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၉ ခုနှစ်မှာ NLD လူငယ်တွေကို အမှာစကားပြောကြားရင်း ဒီ ကဗျာကို ဆိုပြခဲ့တယ်လို့  သိရပါတယ်။

အကယ်၍ - ဘာသာပြန်သူ အောင်ဆန်းစုကြည် (၁၉၈၉)
အကယ်၍
မင်းအသိုင်းအ၀ိုင်း တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်းအပြစ်တင်ကြတဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင် ...
အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာ ဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင် ...
အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပမ်း နေနိုင်မယ်ဆိုရင် ...
အကယ်၍
မင်းရဲ့အကြောင်း မဟုတ်မတရား မုသားစကား ကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင်
ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းကလည်း အမုန်းတွေ ပြန်မပွားဘူးဆိုရင် ...

အကယ်၍
စိတ်ကူးယဉ်အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေပဲ
စိတ်ကူးနိုင်မယ်ဆိုရင် ...
ပြီးတော့ အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေပဲ တွေးခေါ်နိုင်မယ်ဆိုရင်...
အကယ်၍
အောင်မြင်မှု သုခနဲ့ ဆုံးရှုံးဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလားရယ်လို့
ခံယူထားနိုင်မယ်ဆိုရင် ...
အကယ်၍
မင်းရဲ့အမှန်စကားတွေကို
လူလိမ်လူညာတွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင်...
အကယ်၍
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်
အင်မတန်မှ သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြည်လည်တည်ဆောက်နိုင်မယ်ဆိုရင် ...

အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံး
ကြွေတစ်လှည့် ကြက်တစ်ခုန်ပမာ
တစ်လှည့်တစ်ခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်
ပြီးတော့ ...
အစကနေ ပြန်စနိုင်မယ်ဆိုရင်
ပြီးတော့တစ်ခါ
ဆိုးလှတဲ့ ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင် ...
အကယ်၍
သူများတကာတွေ လုပ်ပြီးသွားကြလို့
အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတစ်ယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိ ရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင်....
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီ စိတ်အင်အားကိုပဲ ခိုင်မာစွာနဲ့ပဲ
လက်ဆုပ်လက်ကိုင် ထားနိုင်မယ်ဆိုရင် ...

အကယ်၍
လူတွေနဲ့ ထိတွေ့ဆက်ထံ ပြောဆိုတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်...
ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့အတူ လမ်းလျှောက်နေရပေမယ့်
မာန် မာန သွေး မကြွဘူးဆိုရင် ...
အကယ်၍
ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ
မင်းကိုနာကျည်းအောင် မလုပ်နိုင်စေရင်...
အကယ်၍
လူတိုင်းကို တန်ဖိုးထား လေးစားပေမယ့်
စွဲလန်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်...
အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ် အသုံးချနိုင်မယ်ဆိုရင် ....
ငါ့သားရေ ...
မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့
အဲဒီတော့ မင်းဟာလည်း ယောက်ျားကောင်းတစ်ယောက်ပဲပေါ့ ...

Source:
If By Rudyard Kipling ( businessballs.com)
အကယ်၍ - အောင်ဆန်းစုကြည် (မိုးမခ)
အကယ်၍ - အောင်ဆန်းစုကြည် (Emotionalcorner)
ငှက်ပျောတောတန်း လှည်းလမ်းကြောင်းနှင့် ရိုးပေါ်ကလေညှင်း - မောင်သစ်ဦး (Irrawaddy.org)

January 15, 2007

D Programming Language

D Programming ဆိုတာကို ပထမဆုံးကြားဖူးတာ ပြီးခဲ့တဲ့ အပတ်၊ ၂၀၀၇ ရဲ့ နှစ်ဦးပိုင်းက ပါ။ အဲ့ဒီ အချိန်က D Programming အကြောင်း သိလားလို့  လားမေးခဲ့သူ၊ သတင်းပေးခဲ့သူကို “ B နဲ့  C Programming ဆိုတာတော့ သိတယ်၊ ရေးဖူးတယ်၊ D Programming ဆိုတာတော့၊ ဒါဟာ ပထမဆုံး ကြားဖူးတာပါ “ လို့  ကျွန်မ ပြန်အဖြေပေးခဲ့ပါတယ်။ အဲ…ခုချိန်မှာ D Programming သိလားလို့  တစ်ယောက်ယောက်က လာမေးမယ်ဆို….” အင်း အဲ့ဒီ Language အကြောင်း နည်းနည်းဖတ်ဖူးတယ်၊ ဒါပေမယ့် တခါမှ မရေးဖူးဘူး“ လို့  ပြန်ဖြေနိုင်တဲ့ အဆင့်ဖြစ်သွားပါပြီ။ ဒါဆို သိသလောက်လေး ပြောပြပါလို့  ထပ်ဆင့် မေးခဲ့ရင် ကျွန်မ ဘယ်လို ပြန်ဖြေမလဲ။ သိချင်လား…??? သိချင်သူများ…. ဒီမှာ ဆက် ဖတ်ကြည့်ပါ။

D Programming ဟာ System Programming Language တစ်ခုပါ။ အင်း… System Programming ဆိုတာ ဘာလဲ မသိလို့ ရှင်းပါဦးလို့  ထပ်မေးမယ်ဆိုရင်တော့ Wiki – System Programming မှာသာသွားဖတ် ကြည့်လိုက်ပါလို့ ပဲ ပြောလိုက် မိမယ်ထင် ပါတယ်။

D Programming ဆိုတာကို လူတော်တော်များများက မကြားဖူးကြဘူး ပြောရင်လည်း မထူးဆန်းပါဘူး။ဘာလို့ လဲ ဆိုတော့ ဒီ D Programming ရဲ့ ပထမဆုံး Stable Version ထွက်လာတာက 2nd January 2007 ကမှလို့  ဖတ်လိုက်ရပါတယ်။ ဒီ D Language ကို တီထွင်သူက Digital Mars မှ Walter Bright ဆိုသူ ဖြစ်ပါတယ်။ Digital Mars အကြောင်း အသေးစိတ် သိချင်ရင်တော့ သူတို့ ရဲ့ WebSite မှာ သွားကြည့်လိုက်ပါ။

အဲ့ဒီ Walter Bright ဆိုသူက သာမည လူတစ်ယောက်တော့ မဟုတ်ဘူး။ သူဟာ ပထမဆုံး C Complier ကို ထီထွင်ရာမှာ အဓိက ပါဝင်ခဲ့သူတစ်ယောက် ဖြစ်ပြီး C Compliers အမျိုးမျိုးကို တီထွင်ရာမှာလည်း ပါဝင်ခဲ့တယ် လို့  သိရတယ်။ C Complier ကို တီထွင်ရာမှာ အဓိကပါသူတစ်ယောက်က C ကို အခြေခံပြီး D Language ကို ဖန်တီးခဲ့တယ်ဆိုတော့ D Language ဆိုတာ C Language နဲ့  အခွဲများလားဆို.. မဟုတ်ပါဘူး။

D Language ဟာ C Syntax Family ရဲ့ အဖွဲ့ ဝင်လို့  ပြောထားတော့ D ရဲ့ Syntax တွေဟာ Java လို မျိုးပဲ.. C က Syntax တွေနဲ့  ဆင်တူတူ ရှိနေပေမယ့် C က C Language သတ်သတ်, D က D Language သတ်သတ် တခြားစီပါ။

D language မှာ C နဲ့  C++ က ကောင်းမွန်တဲ့ အချက်တွေဖြစ်တဲ့ Powerful ဖြစ်တာ၊ Performance ကောင်းတာတွေနဲ့  IT လောကမှာ ခုနောက်ပိုင်း ခေတ်စားနေတဲ့ Ruby တို့  Python တိုလို့ မျိုး Language မျိုးတွေမှာရှိတဲ့ productivity ဆိုတာမျိုး ရှိအောင်လည်း ဖန်းတီးထားတယ် ပြောထားတယ်။ ကိုယ်တိုင် မရေးဘူးတော့ ဟုတ်မဟုတ်မသိဘူး။

နောက်ပြီး D နဲ့  တခြား Langauges တွေနဲ့  နှိုင်းယှဉ်ပြထားတာကို Website မှာ တွေ့ လိုက်မိသေးတယ်။ အဲ့ဒါလေးကို ကိုယ်တိုင် ကြည့်လိုက်ရင် ပိုကောင်းမယ်။ ဒါနဲ့  D ကို သိပ်စိတ်ဝင်စားနေလား။ ဒါဆို သူများရှင်းပြတာ နားထောင်နေတာထက်စာရင် ကိုယ်တိုင် သွားဖတ်လိုက်တာဟာ အကောင်းဆုံးနဲ့  အမြန်ဆုံး နည်းလမ်းပါပဲ ဆိုပြီး ကျွန်မ ဖတ်တဲ့ Links တွေပေးလိုက်မယ်။
D Programming Language (Digital Mars)
D Programming Language (Wiki)
D vs Other Languages Comparison

ဒါပါပဲ။

ကိုယ့်ဟာကို တွေးမိတာလေးပါ။
ဒီ D Programming က ဘယ် Language တွေကို ယှဉ်ပြိုင်ဖို့  ထွက်လာတာလည်း စဉ်းစားနေမိတယ်။ C ကိုလား၊ Java ကိုလား။ Scripting Languages တွေကိုလား။ တချို့ နေရာတွေမှာတော့ D ဟာ C/C++ ကို အစားထိုးမလို့  လို့ ရေးထားတာ ဖတ်ရတယ်။ ဖြစ်နိုင်ပါ့မလား။ နောက်ပြီး ထွက်လိုက်ကြတဲ့ အသစ်အသစ်တွေ၊ နာမည်လေး ကြားဖူးအောင်တောင် မနည်းကြိုးစားနေရတယ်။ ဘာလို့  ရှိပြီးသားတွေကို ကောင်းအောင် မကြိုးစားပဲ အသစ်အသစ်တွေ ထုတ်နေကြတာလဲ။ လိုအပ်လို့ လား။ ဟင်း. စဉ်းစားရတာ ခေါင်းရှုပ်ပါတယ်။ ဒါနဲ့ ကျွန်မတောင် အချိန်ရရင် ကိုယ်ပိုင် Language လေး ထုတ်နိုင်အောင် ကြိုးစားရင် ကောင်းမလား တွေးနေမိသေးတယ်။

January 14, 2007

မြန်မာ့ အရေးနှင့် မြန်မာ့ စိတ်ဓာတ်

သောကြာနေ့  ကလုံခြုံရေးကောင်စီမှာ အမေရိကန်ပြည်ထောင်စုက ဦးဆောင်ပြီး ကျွန်မတို့  မြန်မာနိုင်ငံနဲ့  ပတ်သက်တဲ့ မူကြမ်းကို ဆုံးဖြတ်ရာမှာ တရုတ်နဲ့  ရုရှ က ဗီတိုအာဏာသုံးပြီး ပယ်ချလိုက်တယ်လို့  သိလိုက်ရတယ်။ အဲ့ဒီ သတင်းကြားကြားခြင်း ကျွန်မ တစုံတခု အတွက် ၀မ်းနည်း စိတ်မကောင်းဖြစ်မိတယ်။ မနေ့  ညက အဲ့ဒီ ကိစ္စ နဲ့ ပတ်သက်တဲ့ English လို ရေးထားတဲ့ သတင်းတွေ လိုက်ဖတ်ဖြစ်တယ်၊ တခြား ဘလောခ့်ဂါတွေ ရေးထားတဲ့ ခံစားချက်တွေ လိုက်ဖတ်ဖြစ်တယ်။ ဒါပေမယ့် ကျွန်မတော့ ဘာမှ မရေးဖြစ်ဘူး။ ရေးချင် စိတ်လည်း မရှိဘူး။ ဒီမနက်ကြတော့ အဲ့ဒီကိစ္စနဲ့  ပတ်သက်တဲ့ မြန်မာလို ရေးထားတဲ့ သတင်း website တွေကို သတိတရ၊ လိုက်ဖတ်ကြည့်၊ နားထောင်ကြည့်လိုက်တဲ့ အခါ ကျွန်မကို အားအင်ဖြစ်စေတဲ့ စကားလုံး တချို့ကို ဖတ်မိ၊ ကြားမိလိုက်ပါတယ်။

" (၈၈) စိတ်ဓာတ်မျိုး နဲ့  ကျွန်တော်တို့ ဟာ ပြဿနာတွေကို ဖြေရှင်းရမှာပဲ။ ဘာလဲ၊ ကိုယ့်အား ကိုယ်ကိုးတဲ့ စိတ်ဓာတ်ပါ။ ဒါပဲ၊ လုံးဝ မပျက်သွားပါဘူး။ ကျွန်တော်တို့  သူတပါး အားကိုးမှာ မဟုတ်ဘူး။ ကိုယ့်အား ကိုယ်ကိုးမှာ။ တခုတော့ရှိတယ်။ နိုင်ငံတကာရဲ့ မိသားစု အဖွဲ့ အစည်းကလဲ ၀င်ရောက်ဖြေရှင်းပေးတာမျိုး ငြိမ်းချမ်းစွားနဲ့  ဖြစ်ပေါ်လာမယ်ဆိုရင်တော့ ကျွန်တော်တို့  ကြိုဆိုမယ်၊ လက်ခံမယ်။ ဒါက တပိုင်းဖြစ်နေတာကို။ အဲ့ဒီတော့ ကိုယ့်မှာရှိတဲ့ ကိုယ့်အင်အားနဲ့  ခွက်နဲ့ ပဲရရ၊ ရတဲ့ ရေနဲ့ သဲနဲ့ ပဲဖြစ်ဖြစ် နောက်ဆုံး အသက်စွန့့် ပြီးတော့ ပဲဖြစ်ဖြစ် မီးကို ငြိမ်းသက်ကြရမှာပဲ။ ကျွန်တော်တို့  ပြည်တွင်းမှာ တောက်လောင်နေတဲ့ မီးတွေကို။ ဒါက ကျွန်တော်တို့  ဘက်က လုပ်ရမယ့် အပိုင်း။ "

"ဒါက စိတ်ဓာတ်ကျစရာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဘက်က တကယ်တမ်းနိုင်တာပါ။ ရှုံးတာလဲ မဟုတ်ဘူး။ ကျွန်တော်တို့  နိုင်တာ။ ကျွန်တော်တို့  နိုင်တယ် ဆိုတာ မဲခွဲပြီးတော့ ဆုံးဖြတ်လိုက်တဲ့ အခါ ထွက်လာတဲ့ အဖြေမှာ ကြည့်လေ။ "

ဒါကျွန်မတို့ လေးစားရတဲ့ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ စကားတချို့ ပါ။
ကျွန်မတို့  မြန်မာ့အရေးကို လုံခြုံရေးကောင်စီမှာ မဲဆန္ဒကောက်ခံရာမှာ ထောင်ခံမဲ ၉ မဲ၊ ကြားနေမဲ ၃ မဲ၊ ကန့်ကွက်မဲ ၃ မဲ ရရှိခဲ့တာပါ။ ဒါပေမယ့် တရုတ်နဲ့  ရုရှတို့ က ဗီတို အာဏာသုံးပယ်ချလို့  လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ဆုံးဖြတ်ချက် မချနိုင်ခဲ့ပါဘူး။

ကျွန်မ တို့ ကို အားရှိစေတဲ့ ကိုမင်းကိုနိုင် ပြောခဲ့တဲ့ စကားတွေက

"ပြောရမယ်ဆိုရင် ကျွန်တော်တို့  တိုင်းပြည်ရဲ့ ပြဿနာကို အခု လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ဆုံးဖြတ်ချက်တစ်ခု အနေနဲ့  မကျသွားတာပဲရှိတယ်။ နဂိုက ကျွန်တော်တို့  ရထားတဲ့ ရှိရင်းစွဲ ရလဒ်တွေ တခုမှ ယုတ်လျော့ သွားတာမှမဟုတ်ဘဲ။ အချိန်မရွေး ကျွန်တော်တို့  ပြန်ပြီး ဆွေးနွေးလို့ ရတယ်။ ကျွန်တော်တို့  တိုင်းပြည်မှာ ကျွန်တော်တို့ ပြည်သူတွေ ဒီမိုကရေစီရေးအတွက် ကိုယ့်သဘောထားတွေကို ဘယ်လောက် ဖေါ်ထုတ် ပြသနိုင်မလဲ။ အဲ့ဒီအပေါ် မူတည်ပြီးတော့မှ ကျွန်တော်တို့  ဘယ်လောက် ငြိမ်းချမ်းစွာနဲ့  ကျွန်တော်တို့  ဥပဒေဘောင်ထဲ ကနေပြီးတော့ ဘယ်လောက်လှုပ်ရှားနိုင်ကြမလဲ။ အဲ့ဒီ အပေါ်မှာ မူတည်ပြီးတော့ နောက်တကြိမ် ပြန်တက်ဦးမှာပဲ။ အဲ့ဒီအချိန် ကျလို့ ရှိရင် ကျွန်တော်တို့ ရဲ့ မှတ်ကျောက်တင် ခံနိုင်မှု့  ပေါ့။ အဲ့ဒီမှာ ဘွားကနဲ မျက်ဝါးထင်ထင် မြင်ရဦးမှာပဲ။ ကျွန်တော် တို့ စိတ်ဓာတ်ကျစရာ ဘာတခုမှ မရှိဘူး။ ကျွန်တော်တို့  ဒီအပေါ်မှာ အင်အားသစ်တွေ မွေးပြီးတော့ ဆက်ပြီး လုပ်သွားကြရဦးမှာပဲ။ ၈၈ တုန်းက ကျွန်တော်တို့ ဘယ်လို လုပ်ခဲ့ကြ လို့လဲ။ ကျွန်တော်တို့  ကိုယ့်အား ကိုယ်ကိုးပြီး လုပ်ခဲ့ကြတာပဲ။ ကျွန်တော်တို့  ဘယ်သူ့ အားကိုမှ မျှော်လင့်ခဲ့တာ မဟုတ်ဘူးလေ။ အဲ့ဒီတော့ ၈၈ စိတ်ဓာတ်မျိုး ပြန်မွေးကြစမ်းပါ။ မကြာခင် ကျွန်တော်တို့  အောင်ပွဲကို ရောက်မှာပါ။ "

ဟုတ်ပါတယ်။ ကိုမင်းကိုနိုင်ပြောသလို့  အောင်ပွဲရအောင် ကျွန်မတို့  ကိုယ့်အားကိုယ်ကိုးပြီး ဆက်ကြိုးစားကြရမှာပါ။..

ကျွန်မ ခုချိန်မှာ နားအထောင်ချင်ဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်စီက အဲ့ဒီကိစ္စနဲ့  ပတ်သက်ပြီး ပြည်သူတွေ အပေါ် ပြောကြားမယ့် သတင်းအမှာစကားကို ပါ။ ကျွန်မရဲ့ ဆန္ဒ တစ်ခုပါ။

အဲ့ဒီကိစ္စ နဲ့  ပတ်သက်ပြီး ကျွန်မ ဖတ်မိတယ် သတင်းတွေကို ဒီမှာ မျှဝေထားပါတယ်။ မြန်မာအရေး စိတ်ဝင်စားတဲ့ ကျွန်မတို့  မြန်မာနိုင်ငံသားတိုင်း ဒီသတင်းတွေကို ဖတ်ကြည့်မိကြမယ်လို့  ကျွန်မ ထင်ပါတယ်။

လုံခြုံ့ရေးကောင်စီ၏ မြန်မာ့ အရေးဆုံးဖြတ်ချက် တရုတ်နဲ့ ရုရှ ဗီတိုသုံးပယ်ချ
တရုတ် နှင့်ရုရှ ကန့် ကွက်မှု့ အပေါ် ပြည်တွင်းနိုင်ငံရေး အဖွဲ့ အစည်များ၏ အမြင်
လွတ်လပ်တဲ့ အာရှအသံ (RFA) မြန်မာ မနက်ပိုင်း သတင်း
လွတ်လပ်တဲ့ အာရှအသံ (RFA) မြန်မာ ညနေပိုင်း သတင်း
တရုတ်နှင့် ရုရှတို့  ဗီတိုသုံးပြီ - သန့် ဇင်အောင်

January 13, 2007

ဘယ်သူရှိမလဲ - ဇော်ဝင်းထွဋ်

ဒီရက်ပိုင်း ရာသီဥတုက မိုးလေးတအေးအေးနဲ့  ဆိုတော့ ညအိပ်ရင် သီချင်းတိုးတိုးလေး ဖွင့်ပြီး အိပ်တဲ့ အကျင့်ကို ပြန်လုပ်ဖြစ်နေတယ်။ အဲ့ဒီတော့ နားမထောင်ဖြစ်တာကြာနေတဲ့ သီချင်းဟောင်းတွေ ပြန်နားထောင်ဖြစ် သွားတာပေါ့။ တချို့ သီချင်းဟောင်းလေးတွေက နားမထောင်ရတာကြာပြီ ဆိုပေမယ့် ခုပြန် နားထောင် ဖြစ်တော့လည်း အရင်ကလိုပဲ ကြိုက်နှစ်သက်မိနေတုန်း ပါပဲ။ အရသာ တမျိုး စီပေါ့။

ဒီ ဇော်ဝင်းထွဋ် ရဲ့ ဘယ်သူရှိမလဲ ဆိုတဲ့ သီချင်းကို ဟိုအရင် စပြီး နားထောင်ခဲ့တုန်းကလည်း ကြိုက်နှစ်သက်ခဲ့တယ်၊ ခုပြန်နားထောင်ဖြစ်တော့လည်း နှစ်သက်နေတုန်းပါပဲ။

ဘယ်သူရှိမလဲ - ဇော်ဝင်းထွဋ်
အမုန်းမီးများပဲ နှလုံးသားထဲမှာ တ၀ုန်းဝုန်းကျွမ်းလောင်နေပြီ
ရှေးရှေးတုန်းက ကောင်းခဲ့ဖူးသမျှ ခုကျ မင်းက မေ့ပြီ
ချစ်ခဲ့ကြတဲ့ ရက်၊လ၊နှစ် တို့ မင်း ပြန်စောင်းကာ မကြည့်ဘူး
ငါ့ဘ၀လေး တစ်စစီ မင်းရက်စက်သွားပြီ
ဘယ်သူရှိမလဲ

cho:
အရမ်းချစ်ပြီးမှ အချစ်နဲ့  မပေါင်းချင် ဘယ်သူရှိမလဲ
လောကကြီးထဲ အချစ်နဲ့  မဝေးချင် ဘယ်သူရှိမလဲ
အသည်းကွဲရတော့ မျက်ရည်မကျတာ ဘယ်သူရှိမလဲ
ပြော... အချစ်ရေ..
ဘယ်သူရှိမလဲ

မင်းအတွက် လုံးလုံးပေးအပ်ခဲ့တဲ့ /ထားတဲ့ ငါ့အချစ်ရဲ့တန်ဖိုး
မင်းမသိပဲနဲ့  စတေးပြစ်ခဲ့တဲ့ ငါ့ယုံကြည်မှု့ အားလုံး
အဆုံးသတ်ကြတော့ နစ်မြုပ်သွားတဲ့ ငါ့အိပ်မက်ကမ္ဘာလေး
နှလုံးသားအား တစ်စစီ မင်းခွဲစိတ်ခဲ့ပြီ
ဘယ်သူရှိမလဲ

cho:

ငါဆိုတာ မင်းအတွက်အသက်ရှင်ခဲ့တဲ့ အကြောင်းတွေ ပြောတာ အကြိမ်ကြိမ်ပဲ
ဒီကမ္ဘာမှာ ငါ့လောက် မင်းအပေါ် ဂရုစိုက် ချစ်နိုင်ခဲ့တာ ဘယ်သူရှိမလဲ
နှစ်သက်ခဲ့တဲ့ ငါ့ရဲ့အပြုအမူတွေကို နင်....ခုတော့.... ကြည့်မရ .... ငါ့ဘဝ

cho:

January 12, 2007

It's Friday again!

ဒီတပတ် အလုပ်လုပ်ရတဲ့ ၅ ရက်ကို သာမန်ထက် ရှည်ကြာတယ်လို့ ခံစားနေရတယ်။ လူက နေမကောင်း ပျောက်ခါစ၊ နှုံးပြီး ပင်ပန်းနေတာကြောင့်လည်း ပါမယ်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီနေ့  တော့ စောင့်မျှော်နေရတဲ့ သောကြာနေ့ ရောက်ပြန်ပြီ။ ဒီမနက်စောစော အိပ်ရာနိုးတာနဲ့  သတိရမိတယ် စကားလုံးလေးက.. TGIF ဆိုတာလေးပါ။ ဒီ ဘလောခ့်မှာ TGIF နဲ့  ပက်သက်တာ တစ်ခါရေးခဲ့ဖူး ပါတယ်။


ဒီနေ့  အလုပ်က ပြန်လာပြီးရင် နောက် ၂ ရက် အလုပ်သွားစရာ မလိုတော့ဘူး။ အားလပ်ရက် ရတော့မယ်။ ကဲ .. ကဲ .. စိတ်ချမ်းသာစွာနဲ့  နေ့ သစ် တစ်ခုကို စတင်လိုက်ပါဦးမယ်။

မနေ့ ညနေထဲက ရွာနေတဲ့မိုးက ခုထိ မတိတ်သေးဘူးဆိုတော့ တကယ်ဆို ဘယ် အလုပ်သွားချင်ပါ့မလဲ။ ပြီးတော့ ဒီမိုးက တိတ်မယ့်ပုံမရှိဘူး၊ တစ်နေကုန် မိုးရွာမယ့်ပုံပါပဲ။ ပုံလေးထဲကလို့  ဟိုတိုးဒီတိုး ဟိုကွေးဒီကောက် နဲ့ ပျင်းကျောလေးဆန့် ပြီး အိမ်မှာပဲ အိပ်နေလိုက်ချင်မိတယ်။ ဒါပေမယ့် လူဆိုတော့လည်း စားဖို့ နေဖို့  အလုပ်လုပ်ရ ပေဦးတော့ မပေါ့။

Law Of Nature - ဓမ္မတာ

မြန်မာစာပေလောကတွင် ကျော်ကြား ထင်ရှားသော ကဗျာတစ်ပုဒ်။
ဒီကဗျာကို နာရပတိစည်သူ မင်းလက်ထက်မှာ မင်းယဉ် နရသိင်္ခ၏ အထိန်းတော် အနန္တသူရိယ အမတ် ကရေးစပ်ခဲ့တယ်လို့  သိရပါတယ်။ မင်းပြစ်မင်းဒဏ်ကြောင့် သေခါနီးဆဲဆဲမှာ ရေးစပ်ခဲ့တာလို့  မှတ်သားရပါတယ်။ ခွင့်လွှတ်ခြင်း နဲ့  မတည်မြဲသော လောကသဘာဝကို ဒီကဗျာမှာ ရေးဖွဲ့ ထားပုံမှာ ထိမိလှပါတယ်။

"ဓမ္မတာ" မျက်ဖြေလင်္ကာ
အနန္တသူရိယ အမတ်

သူတည်းတစ်ယောက်၊ ကောင်းဖို့ ရောက်မူ
သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ ဓမ္မတာတည်း။

ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ။
မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊
စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊
သမုဒ္ဒရာ၊ ရေမျက်နှာထက်၊
ခဏတက်သည်၊
ရေပွက်ပမာ တသက်လျာတည်း။

ကြင်နာသနား၊ ငါ့အားမသတ်၊
ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊
လူတကာတို့ ၊ ခန္ဓာခိုင်ကျည်၊
အတည်မမြဲ၊ ဖောက်လှဲတတ်သည်။
မချွတ်စသာ သတ္တ၀ါတည်း။

ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊
ပန်ခဲ့တုံ ၏။ ခိုက်ကြုံဝိပါက်၊
သံသာစက် ၊ ကြိုက်လတ်တွန်မူ၊
တုံ့ မယူလို၊ ကြည်ညိုစိတ်သန်၊
သခင်မွန်ကို၊ ချင်ဘိစင်စစ်၊
အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏။
သွေးသည် အနိစ္စာ ငါခန္ဓာတည်း။


Law Of Nature
Translated by Pe Maung Tin and G.H. Luce.

When one attains property,
Another is sure to perish.
It is the law of nature.

Happiness of life as king-
Having a golden palace to dwell in,
Court life, with a host of ministers about one,
Enjoyment__showdow__peace,
No break to felicity__
Is but a bubble mounting for a moment to the surface of the ocean.

Thought he kill me not,
But in mercy and pity release me,
I shall not escape my karma.
Man's stark-seeming body
Lasteth not ever;
Verily it is the nature of every living thing to decay.

Thy slave,I beg
But to bow down in homage and adore thee!
If the wheel of samsara
Mpast deeds offer me vantage,
I seek not for vengeance.
Nay,master, mine awe of thee is too strong!

If I might, yet I would not touch thee;
I would let thee pass without scathe.
Dissolution lures the elements of my body.

January 11, 2007

ကျောင်းသားခေါင်းဆောင်များ ပြန်လည် လွတ်မြောက်

ကျွန်မတို့  လေးစားရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်ကြတဲ့
ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျ၊ ကိုကိုကြီး၊ ကိုဌေးကြွယ်နှင့် ကိုပြုံးချိုတို့ ၅ ဦး စစ်အစိုးရရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရာကနေ မနေ့ က ပြန်လည် လွတ်မြောက်လာကြပြီလို့ 
WebSites သတင်းတွေမှာ ရေးထားတာ ဖတ်လိုက်ရပါတယ်။

ဝမ်းသာစရာ သတင်းကောင်းပါပဲ။

ကြိုဆိုပါတယ်...


Source :
၈၈ ကျောင်းသားခေါင်းဆောင် (၅) ဦး ပြန်လည်လွတ်မြောက် - DVB
ကျောင်းသားခေါင်းဆောင်များ လွတ်ပြီ - Irrawaddy
ကျောင်းသားခေါင်းဆောင် ၅ ဦး လွတ်မြောက်လာ - KhitPyaing

January 10, 2007

10 January 2006

ဘယ်ရောက်နေလဲ မေးနေသူ၊ တွေးနေသူ၊ သတိရနေသူများသို့ 

ကျွန်မ နေလို့  ကောင်းသွားပါပြီ။ .. ထင်ရတာပဲ။.. ကိုယ်မပူတော့ဘူး ဆိုတော့၊ အဖျားမရှိတော့ဘူး။ အင်း.. ဒါဆို နေကောင်းပြီပေါ့။
နေလို့ နည်းနည်း ကောင်းတာနဲ့  တနင်္လာနေ့ ထဲက အလုပ်ရောက်၊ အလုပ်လုပ်နေရလို့ .. ဘလောခ့်မှာ ဘာမှ မရေးနိုင်ဖြစ်နေတာပါ။

ဒီရက်ပိုင်းမှပဲ အလုပ်မှာကလည်း အလုပ်ရှုပ်တယ် မဆိုသာပေမယ့် လုပ်စရာလေးတွေ မပြတ်ရှိနေတော့ ဘလောခ့်မှာ ပိုစ့်အသစ်မရေး အားဖူး ဖြစ်နေတာပါ။ ခေါင်း သိပ်မကြည်တော့ ဘာကိုမှ သိပ်မတွေးချင်တာလည်းပါ ပါတယ်။ အရင်က ကျွန်မ ဘလောခ့်ရေးတယ်ဆိုတာ အလုပ်လုပ်ရင်း ရေးတာလေ။ အလုပ်မှာ မအားရင် အိမ်မှာ ရေးဆိုရင်လည်း၊ အိမ်မှာဆို ဘလောခ့်ရေးဖို့ အားမရှိလို့ ပါ လို့  ဆင်ခြေပေးချင်မိတယ်။ လူက မဖျားတော့ဘူး ဆိုပေမယ့်၊ ပုံမှန်လူကောင်းလိုတော့ မဖြစ်သေးဘူး။ သက်သာတယ်ဆိုပေမယ့်၊ ချောင်းဆက်ဆိုးနေတုန်းဆိုတော့ ဆေးတွေက ဆက်သောက်နေရတုန်းပါ။ ချောင်းဆိုးပျောက်ဆေး သောက်နေရပါတယ်ဆိုမှတော့ အိပ်ချင်ပြီပေါ့။ အလုပ်သွားမှ ပိုက်ဆံရမှာမို့ သာ အလုပ်လာနေရတာ၊ အလုပ်မှာလည်း အိပ်ငိုက်၊ အိမ်ပြန်ရောက်ပြီဆိုလည်း ထမင်းစားပြီးရင် အရင်လို ကွန်ပြူတာရှေ့တောင် မထိုင်နိုင်တော့ပဲ အိပ်ရာဝင်ပြီး အိပ်ဖို့ ပဲ စိတ်ကူးရှိ၊ အိပ်မိနေပါတော့တယ်။

ကျွန်မ နေမကောင်းတုန်းက ဂရုတစိုက်နဲ့  သတင်းမေး၊ အားပေးကြတဲ့ သူငယ်ချင်းတွေ နဲ့  စားစရာ လာပို့ ပေးတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ကျွန်မ နေမကောင်းရင် စိတ်ညစ်နေတတ်မှန်းသိလို့  အဝေးကနေပြီး သတိတရ နဲ့  ဖုန်းဆက်၊ စကားတွေပြော၊ စိတ်ချမ်းသာအောင် အားပေးခဲ့တဲ့ အပြင်၊ ကျွန်မ ပြောသမျှ ( အင်း ရစ်သမျှ လို့ ပြောရင်ပိုကောင်းမယ်) နားထောင်ပေးခဲ့တဲ့ ကျွန်မရဲ့ အချစ်ဆုံး သူငယ်ချင်း ကိုလည်း ကျေးဇူးတင်မိတယ်။

အရင်က ဖျားတယ် ဆိုတာ ဘယ်လိုလည်း သေချာမသိဘူးဖြစ်နေတာ၊ ခုသိလိုက်ရတော့ ဖျားတယ်ဆိုတာ တော်တော် မကောင်းတဲ့ အလုပ်ပဲ။ ကျွန်မ အမေက ကျွန်မကို ကျန်းမာရေးကောင်းတယ်ဆိုတာ နည်းတဲ့ ကုသိုလ်မဟုတ်ဘူးလို့  ဘာလို့  အမြဲပြောခဲ့တာလည်းဆိုတာကို ခုတော့ ကောင်းကောင်းကြီး နားလည်သွားပါပြီ။ တစ်ခေါက်တည်းနဲ့  မှတ်သွားပြီ။ နောက် ဘယ်တော့မှ ထပ် မဖျားချင်တော့ဘူး။ :D

January 07, 2007

Never Ever - All Saint

ဓမ္မ ဒါန

ခုရက်ပိုင်း သူငယ်ချင်းတွေစီက တဆင့် သိခဲ့ရတဲ့ ဘာသာရေးနဲ့  ပတ်သက်တဲ့ WebSite တချို့ ကို ထပ်ဆင့် မျှဝေချင်ပါတယ်.. အဲ့ဒီ WebSite တွေမှ တရားခွေတွေကို တိုက်ရိုက် နားထောင်နိုင်သလို ၊ Mp3 format နဲ့  လည်း Download လုပ်ပြီး နားဆင်နိုင်ပါတယ်..

အဲ့ဒီ မှာ ဓမ္မစာအုပ်များ၊ ဓမ္မခွေများ၊ ဓမ္မမှတ်စုများ၊ ဓမ္မ ဗီစီဒီများ၊ ဝေမျှရန် ဓမ္မများ၊ ဓမ္မ သတင်းများ နဲ့  ဓမ္မ အင်တာနက်ဆိုပြီး အပိုင်းလေးတွေ ခွဲကာ စုံစုံလင်လင် ရှိနေတာ တွေ့ ရပါတယ်။

ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္ဒ ဟောကြားခဲ့တဲ့ တရားတော်အများအပြားနဲ့ ၊ ဆရာတော် အရှင် ဆန္နတိက၊ ဓမ္မဒူတ ဆရာတော် အရှင် စန္ဒောဒယ ဟောကြားခဲ့တဲ့ တရားတော်တွေ နဲ့တောင်တန်းသာသနာပြု ဆရာတော် ဦးဥတ္တမသာရရဲ့ ပရိတ်ကြီး (၁၁) သုတ်၊ ကမ္မ၀ါစာ နဲ့  ဂုဏ်တော်ကွန်ခြာ တရားတွေကို နာယူနိုင်၊ Download လုပ်နိုင်ပါတယ်။

ရွှေပါရမီတောရ ဆရာတော် အရှင် ဆန္ဒဓိက ဟောကြားခဲ့တဲ့ တရားတော်တွေ နဲ့  ထုတ်ဝေခဲ့တဲ့ တရား စာအုပ်တွေ ကို ရယူနိုင်ပါတယ်။

ဒီမှာလည်း နာမည်ကြီး ဆရာတော်တွေ ဟောကြားခဲ့တဲ့ တရားခွေ တော်တော်များများကို မျှဝေထားတာတွေ့  ရပါတယ်။

January 05, 2007

ကြင်နာသူ တယ်လီဖုန်း - ရင်ဂို

ကြင်နာသူ တယ်လီဖုန်း - ရင်ဂို

ဖုန်းလေးဆက်မယ် ခဏလောက်ခေါ်ပေးပါ
ကြင်နာသူရယ် မင်းကြောင့်ဖျားပြီကွယ်

အချစ်ဟာ သိတဲ့အတိုင်း အရှင်ဘုရားတစ်ပါး
အချစ်ကို ကိုးကွယ်တဲ့သူ ကျွန်တော်မျိုးပဲ..

မေမေရေ သားတော့ အရမ်းလေးဖျား...
ကြင်နာသူကိုပြောဖို့  တယ်လီဖုန်းဆက်ရပြီ...

ဖုန်းလေးလှမ်းကိုင် ဖျားတဲ့ သူပေါ့ကွယ်
ကြင်နာသူရေ အချစ်အတွက်ဖျားရပြီ

မင်းလေးပြုံးရင် ပန်းလေးတွေ ပွင့်မယ်
ကြယ်တွေကြွေမယ် အစွမ်းထက်လွန်းသူရယ်..

.....
.....


မှတ်ချက်။ ။ ကျွန်မဖျားတာ ဘယ်သူ့ ကြောင့်မှ မဟုတ်ပါဘူး :D

Blogger is on MC again


နေမကောင်း ဖြစ်ပြန်ပြီ.. ခုပဲ ဆေးခန်းက ပြန်လာတယ်.. နေ့ လယ် အလုပ်မှာထဲက နေလို့  သိပ်ပြီး မကောင်းချင် ဖြစ်နေခဲ့တာ.. မိုးတွေ ရွာနေလို့ ပဲ ဖြစ်မယ်ဆိုပြီး သိပ်ဂရုမစိုက်မိဘူး။ မိုးရွာတဲ့ အချိန် Aircon ခန်းထဲမှာ ရှိနေတယ်ဆို အဲ့လို မအီမသာက ဖြစ်နေကြပဲလေ။ ချောင်းတွေ ဆက်တိုက် ဆိုးနေပေမယ့် အလုပ်ဆက်လုပ် နေခဲ့မိတယ်။ ၆နာရီ ထိုးတာနဲ့  အိမ်ပြန်ပြီး၊ ရောက်ရောက်ချင်းပဲ ဆေးသောက်၊ အိပ်လိုက်တာ ည ၁၀ လောက် ပြန်နိုးလာတော့ မသက်သာပဲ ပိုပြီး ဆိုးလာပါတယ် .. ဒါနဲ့  မဖြစ်ချေဘူးဆိုပြီး 24 Hours ဖွင့်တဲ့ ဆေးခန်းကို သွားဖြစ်လိုက်တယ်.. ဆေးခန်းသွားဖြစ်တာ မှန်သွားတယ်ရှင့်။ ဒီညသာ ဆေးခန်းမသွားဖြစ်ရင် မနက်စောစော ထပြီး ဆေးခန်းသွားနေရမှာ။ ဆရာဝန်က ကျွန်မမှာ အဖျားလည်း ရှိနေတယ်၊ ချောင်းလည်း အရမ်း ဆိုးနေတယ်၊ မနက်ဖြန် အလုပ်မသွားနဲ့  MC ယူဆိုပြီး ပေးလိုက်တယ်လေ.. နောက် ... ဒီရက်ပိုင်း သောက်ဖို့ ဆိုပြီး ပေးလိုက်တဲ့ ဆေးတွေက အများကြီး၊ အရင်တခေါက်ထပ်စာရင် နှစ်ဆ လောက်များလာတယ်.. အင်း .. အဲ့ဒီ ဆေးတွေသောက်ပြီးရင်တော့ မနက်ဖြန်ကျရင် ကျွန်မ၊ တစ်နေကုန် အိပ်နေတော့မှာ သေချာပါတယ်...

Singapore ရောက်ပြီး မှတ်မှတ်ရရ ဒါဟာ ပထမ အကြိမ် ကိုယ်ပူပြီး ဖျားခြင်းပါပဲ.. ကဲ.. ဆေးသောက်ပြီး အနားယူလိုက်ဦးမယ်.. အားလုံးပဲ.. ကောင်းသော ညပါ..

January 03, 2007

Peekvid: Watch Videos Online

ဒီအားလပ်ရက်မှာ သူငယ်ချင်းတစ်ယောက်ပေးတဲ့ လင့်ကတစ်ဆင့် ရုပ်ရှင်တွေ ကြည့်ဖြစ်ပါတယ်။ Site ရဲ့ Home Page မှာပြောထားတာတော့ 20,000+ videos online ရှိတယ် ပြောထားပါတယ်။ တကယ် ဟုတ်မဟုတ်တော့ လိုက်ရီမကြည့်မှိပါဘူး။

Peekvid.com မှာ English Moives တွေ တင်မကဘူး Asian Drama /Movies တွေ၊ TV Shows တွေ၊ Cartoon တွေကိုပါ တော်တော်လေး စုံစုံလင်လင် တင်ပေးထားတာကို တွေ့ မိတယ်။ ကြည့်ရတဲ့ Quality ကလည်း အရမ်းမဆိုးပါဘူး။

အဲ့ဒီ Peekvid.com က သူစီက ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေကို DailyMotion ဆိုတဲ့ VedioSharing Site မှာ အပိုင်းလေးတွေ ခွဲပြီး တင်ထားတာပါ။ မဆိုးပါဘူး။ ခုတလော ကျွန်မတို့ စီမှာ အင်တာနက် ကွန်နက်ရှင် အရမ်းမကောင်းလို့ YouCube ကိုတောင် ဖွင့်မရအောင်နှေးနေချိန်မှာ အဲ့ဒီက Site ကဟာတွေကို အဆင်ပြေပြေနဲ့  ကြည့်နိုင်ခဲ့ ပါတယ်။

02 January 2007

ဒီ Holiday မှာ အပြင်မသွားတော့ဘူး စိတ်ကူးပေမယ့် မနေ့ ညကရယ်၊ ဒီနေ့  မနက်စောစောမှာပါ မမေက SMS ပို့ သတင်းပေးတာမို့  ရန်ကုန် နဲ့  မေမြို နာမည်ကြီး ဖိုရမ်မာနှစ်ဦး ဒီရောက်နေတယ်ဆိုတာ သိရပြီး သွားတွေ့  ဖြစ်လိုက် ပါတယ်။ ရန်ကုန်က နာမည်ကြီး ဖိုရမ်မာကြီးက သူတစ်ယောက်တည်း မဟုတ်ပဲ သူ့ ချစ်သူ ချောချောလေးကိုပါ အပါ ခေါ်လာတာကို တွေ့ လိုက်ရပါတယ်။ ဘာပဲ ပြောပြော ဒီလောက်နာမည်ကြီးတဲ့ ဖိုရမ်မာ နှစ်ယောက်ကို ၂၀၀၇ နှစ်ဦးမှာ အရှင်လတ်လတ် အပြင်မှာ မြင်ဘူးလိုက်တယ်။ စကားပြောကြ၊ ကော်ဖီသောက်ကြနဲ့  မနက်စာ စားချိန်ရောက်တော့ စေတနာရှင်တစ်ဦး ဖြစ်တဲ့ ရိုးသားကြိုးစားတဲ့ အစ်ကိုကြီးက ကျွေးမွေးမယ် ဆိုလို့  CityHall သွား ကြေးအိုးဆီချက် စားဖြစ်တယ်။ City Hallကို စောစောစီးစီး ရောက်သွား လို့ လားမသိဘူး လူတော်တော် ရှင်းနေသေးတယ်။ ဒါတောင် ဒီလောက် လူရှင်းပါတယ် ဆိုတဲ့ ကြားထဲက ကျွန်မရဲ့ သူငယ်ချင်းနှစ်ယောက်နဲ့  တွေ့ ဖြစ်အောင် တွေ့ လိုက်သေးတယ်။ ဒီနိုင်ငံ ကျဉ်းတယ်ဆိုတာ ကြာလေ ပိုသိလေပါပဲ။ ဒီနိုင်ငံမှာ အားလပ်ရက်ဆို ဘယ်ကိုသွားသွား သိတဲ့ သူတွေကို ရှောင်လွှဲမရ၊ ဟိုနားတွေ့  ဒီနားတွေ့  တွေ့ နေရ ပါတယ်။ ဒါတောင် ကျွန်မက ဒီနိုင်ငံမှာ ကျောင်းတက်ခဲ့တဲ့ သူမဟုတ်တော့ ဒီလောက် သိသူများတာ မဟုတ်သေးဘူးရှင့်။ ဒီမှာ ကျောင်းတက်ပြီးမှ အလုပ်လုပ်ကြတဲ့ သူတွေဆို ဘယ်လောက်များ အသိအကျွမ်း များကြမလဲ မသိပါဘူး။

စားသောက်ပြီးတော့ ViVoCity ကို ခရီးဆက်ဖြစ်ကြတယ်။ ဟိုမှာ သူများတွေ သွားသမျှတွေနောက် လျှောက်လိုက်ကြည့်တာ တော်တော်လေး ခြေထောက် ညောင်းသွားတယ်။ ပြီးတော့ Haagen-Dazs မှာရေခဲမုန့်  စားဖြစ်တယ်။ ရေခဲမုန့်  ကျွေးသွားတဲ့ မေမြို့ မှ အစ်ကိုကြီး ကိုလည်း ကျေးဇူးတင်ပါတယ်။
သူတို့ နဲ့ လမ်းခွဲပြီး အိမ်တန်းမပြန်သေးပဲ... မမွန်နဲ့  ဟိုဆိုင်ဒီဆိုင် လျှောက်ကြည့်၊ ဘာဂါကင်း ၀င်ပြီး ဘာဂါစား၊ ပြီးတော့ ရန်ကုန်အတွက် လူကြုံနဲ့ ပေးဖို့  ချောကလက်နဲနဲ ၀ယ်ဖြစ်လိုက်တယ်။ တနေကုန်လမ်းလျှောက်ရတော့ အိမ်ပြန်ရောက်တဲ့ အချိန်မှာ မလှုပ်ချင် လောက်အောင် ခြေထောက်တွေက ညောင်းညာနေပါပြီ။ ရှေ့ အားလပ်ရက် ၃ ရက်မှာ အိမ်တွင်းအောင်းနေတဲ့ ကျွန်မ နောက်ဆုံးရက်မှ အပြင်ထွက်လိုက်တော့လည်း မနက် ၉း၃၀ ကနေ ည ၈း၃၀ အထိပါပဲလား။

December 31, 2006

The Last Day of 2006

ဘယ်လိုလူမှ ကောင်းတာတွေကြီး အမြဲ မကြုံတွေနိုင်သလို ၊ ဆိုးတာတွေကြီးပဲလည်း အမြဲတမ်း ကြုံတွေနေ့  ရမယ်လို့  ကျွန်မ မထင်မိ ပါဘူး။ ဒီ ပြီးဆုံးတော့မယ့် ၂၀၀၆ မှာ .. ကျွန်မ ဘာတွေ တွေ့ ကြုံခဲ့ရသလဲ.. အကောင်းတွေရော၊ အဆိုးတွေပါ ကြုံတွေခဲ့ရ ပါတယ်.. ပြောင်းလဲမှု့ တွေ တော်တော်များများလည်း ကြုံတွေ့ ခဲ့ရပါတယ်။ အဲ့ဒီပြောင်းလဲမှု့ တွေဟာလည်း၊ ကောင်းသော ပြောင်းလဲမှု့ များလို့  ကျွန်မ ယုံကြည်မိပါတယ်။

တကယ်တော့ ဖြစ်လာသမျှ အကြောင်းအရာတွေကို ဒီဟာက ကောင်းလို့  ငါလက်ခံမယ်၊ ဒါကတော့ ဆိုးလို့  ငါလက်မခံချင်ဘူးဆိုပြီး ရွေချယ်ခွင့် ကျွန်မတို့ မှာမှ မရှိကြတာ။ ဒီတော့ ဖြစ်သမျှကို လက်ခံ၊ နောင်ဖြစ်လာမယ် ကိစ္စတွေမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားဖို့ သာ လို အပ်တာပါ။ ဒီတော့ ၂၀၀၆ မှာ ဖြစ်သမျှ အကောင်း၊ အဆိုး မှန်သမျှကို ရှောင်လွှဲမရ၊ ကျွန်မ လက်ခံရတယ်။ အဲ့ဒီ ကြုံတွေခဲ့သမျှ အဆိုးတွေစီက သင်ခန်းစာယူ၊ ကောင်းတာတွေ စီက အားအင်တွေယူပြီး နောက် လာမယ် ၂၀၀၇ မှာ အကောင်းဆုံးတွေ ဖြစ်အောင် ဆက်ကြိုးစားရ ပါဦးမယ်။

၂၀၀၆ မှာ ထူးထူးခြားခြား မှတ်မိနေမယ့် အကြောင်းအရာတွေကတော့..
သူငယ်ချင်း အသစ်တချို့ ရခဲ့တယ်..
ဒီနှစ်ထဲ ရန်ကုန်မပြန်ဖြစ်ပေမယ့် ကျွန်မရဲ့ မိဘနှစ်ယောက်လုံးနဲ့  တွေ့ ရပြီး ရက်အတော်ကြာကြာ တူတူနေခဲ့ရတယ်..
၂၀၀၆ ဖေဖေါ်ဝါရီမှ စတင်ခဲ့တဲ့ ဒီဘလောခ့်နဲ့  နေးတစ်ဖိုရမ်ကနေ တဆင့် သူငယ်ချင်း အသစ်တွေရရှိခဲ့တယ်..

၂၀၀၆ မှာ ထူးထူးခြားခြား မှတ်မိနေမယ့် နေ့ တွေကတော့..
01 August 2006
08 August 2006
22 November 2006
27 November 2006
06 December 2006
22 December 2006

ဒီနှစ်အတွင်း ....
ကျွန်မ စိတ်ညစ်စရာတွေ ကြုံတိုင်း ကျွန်မကို အားပေးခဲ့ ၊ ကျွန်မရဲ့ ပျော်ရွှင်မှု့ တွေကို အတူမျှဝေ ခံစားပေးခဲ့ ယုံမက ကျွန်မကို အချိန်တိုင်းမှာ နားလည်မှု့  အပြည့်ပေးခဲ့တဲ့ တစ်စုံတစ်ယောက်သောသူ နဲ့  ကျွန်မရဲ့ မိဘတွေ၊ မောင်နှမတွေ၊ ကျွန်မ ရဲ့ အနီးမှာ ရှိနေတဲ့ (စု၊ကြယ်၊စိုးမိုး) နဲ့  တခြား အဝေးက သူငယ်ချင်းတွေ ကိုလည်း ကျေးဇူးတင်တယ်ဆိုတာ ပြောချင်ပါတယ်။

အားလုံး ကိုယ်၊စိတ် နှစ်ပါး ကျန်းမာ ရွှင်လန်း ချမ်းမြေ့ကြပါစေလို့ 
နှစ်သစ်ကူး အကြိုဆုတောင်းလိုက်ပါတယ်။

Happy Holiday ( 30-Dec-2006 to 02-Jan-2007)

အားလုံးပဲ ပျော်ရွှင်ဖွယ်ကောင်းသော အားလပ်ရက်များကို ပိုင်ဆိုင်ကြပါစေ။


Holiday Mood ၀င်နေတာနဲ့  ဘလောခ့်မရေးဖြစ်ဘူး။ ပြီးခဲ့တဲ့ အားလပ်ရက် တွေရဲ့ အစ သောကြာနေ့  (29-December-2006) ညမှာတော့ သူငယ်ချင်း တချို့ နဲ့ Suntec City က Marché မှာ Dinner သွားစားဖြစ်တယ်။ ပြီးတော့ Orchard သွား Coffee ဆိုင်ထိုင် စကားပြောကြတယ်။ ပျော်စရာကောင်းတဲ့ တွေ့ စုံပွဲ လေးပါ။ Dinner ကျွေးတဲ့ သူငယ်ချင်း နဲ့  Coffee တိုက်တဲ့ သူငယ်ချင်းကို ကျေးဇူးတင်ပါတယ်။ မနေ့ ညကတော့ ကျွန်မက ဘာမှ ပြန်မကျွေးပဲ သူတွေ ကျွေးတာပဲ စားခဲ့လိုက်တယ်။ အိမ်ရောက်တော့ ၁၁:၃၀ ရှိပြီ။ ထုံးစံအတိုင်း စားချင်တာတွေ စားလိုက်တော့ အိမ်အပြန် လမ်းကစပြီး ချောင်းပြန်ဆိုး လာတယ်။ ဆေးသောက်ပြီး အိပ်ရာ ၀င်လိုက်ရတယ်။ ဒီနေ့ မနက် နိုးလာတော့ နေလို့  ကောင်းသွားပါပြီ်။ တော်သေးတယ် ဒီရက်ပိုင်း မိုးသိပ်မရွာတော့လို့ ။ အဟုတ်ရင် နေရထိုင်ရတာ အဆင်မပြေဘူး။

မနေ့ (30-December-2006) ကတော့ အိမ်ပြောင်းသူတစ်ယောက်ကို ပါးစပ်နဲ့  လိုက်ကူလိုက်တယ်။ သူတော့ မသိဘူး ကျွန်မတော့ တော်တော်မောသွားတယ်။ သြော်...သူ့ ခမျာလည်း သူများတွေ အားလပ်ရက်နားနေချိန်မှာ မနားနိုင်ပဲ၊ ပစ္စည်းတွေသိမ်းပြီး အိမ်အပြောင်းအရွှေ့ လုပ်နေရတယ်။ နောက် အိမ်သစ်ရောက်ရင်လည်း ပြန်လည် နေရာ ချထားရေးက လုပ်ရဦးမယ်။ ကိုယ်တိုင်ကူချင်ပေမယ့် အဝေးကြီးမို့ ဘာမှ မတတ်နိုင်ဘူး။ အိမ်ပြောင်းတယ်ဆိုတာ တော်တော် ပင်ပန်းတဲ့ အလုပ်။ သူ တင်မက၊ တခြား ဒီက အိမ်အသစ်ကို ပြောင်းမယ့် သူငယ်ချင်းတွေလည်း အိမ် အသစ်တွေမှာ အစစ အရာရာ အဆင်ပြေပါစေလို့  ဆုတောင်းပေးလိုက်ပါတယ်။ သူများတွေ အတွက်တော့ မသိဘူး၊ ကျွန်မ အတွက်ကတော့ ညနေ အလုပ်ပြီးလို့  ပင်ပင်းပန်းပန်း ပြန်လာပြီဆို၊ ကိုယ်ရဲ့ နေရာလေးမှာ ကြိုဆိုမယ့်သူတွေ မရှိတဲ့ကြားက ပျော်စရာတွေမရှိတောင်၊စိတ်ညစ်စရာတွေနဲ့ ပြည့်မနေဖို့က အရမ်းအရေးကြီးပါတယ်။

ခုတော့ တွေးနေမိတာက ဒီ Holiday မှာ ဘာလုပ်ရင်ကောင်းမလဲ ဆိုတာပါပဲ။ ထွေထွေထူးထူးတော့ လုပ်ဖြစ်မယ် မထင်ပါဘူး။ အိမ်မှာပဲ အတိုးချ အနားယူဖို့  စိတ်ကူးမိတယ်။ အိမ်ရှင်းစရာလေးတွေ ရှိတာ ရှင်းရင်း၊ Web Site တွေက ရုပ်ရှင်တွေလိုက်ကြည့်မယ်။ ၂၀၀၆ ရဲ့ ရှားရှားပါးပါး ၄ ရက်ဆက်တိုက်ရတဲ့ နောက်ဆုံး အားလပ်ရက်တွေကို အနားယူရင်း၊ Home Sweet Home လုပ်ရင်း နဲ့ ပဲ ကုန်းဆုံးပါတော့မယ်။ ...

December 29, 2006

ဒီထက်ပိုပြီး မတတ်နိုင်ဘူး

စိုင်းထီးဆိုင်ရဲ့ သီချင်းလေး တစ်ပုဒ်ပါ။ အစ်ကိုတွေ၊ ဦးလေးတွေက ခင်မောင်တိုးတို့  စိုင်းထီးဆိုင် တို့ ကို ဆို အရမ်းကြိုက်ကြတယ်ဆိုတော့ သူတို့ သီချင်းတွေကို ကျွန်မ ငယ်ငယ်ထဲက ရင်းနှီးနေခဲ့ပါတယ်။ ဒီသီချင်းလေးကို ပြန်နားထောင်ချင်စိတ်ပေါက်နေတာတော့ ကြာပါပြီ။ ဒီနေ့ တော့ မတွေ့ တွေအောင်ရှာမယ်ဆိုပြီး ရှာလိုက်တာ 1 နာရီလောက် အချိန်ကုန်သွားတယ်။ ကျွန်မမှာ စိုင်းထီးဆိုင် သီချင်းတွေ တော်တော်များများရှိပေမယ့် မူရင်း အဲ့ဒီသီချင်း ပါတဲ့ album မရှိဘူးဖြစ်နေတော့၊ ရှိသမျှ စိုင်းထီးဆိုင်ရဲ့ သီချင်း အကုန်လုံးကို လိုက်နားထောင်ကြည့်လိုက်ရပါတယ်။ နောက်ဆုံးမှ စိုင်းထီးဆိုင်ရဲ့ "အကောင်းတက အကောင်းဆုံးတေးများ" (၃) ထဲမှာ ဒီသီချင်းပြန်ပါနေတာ တွေ့ လိုက်ရတယ်။

ဒီထက်ပိုပြီး မတတ်နိုင်ဘူး - စိုင်းထီးဆိုင်

လူတစ်ယောက်ရဲ့ ကောင်းကွက်ချည်းပဲ လိုချင်လို့ တော့ မရဘူးရယ်
ဒွန်တွဲတဲ့ ဆိုးကွက်လဲပါမယ် အံဝင်ဂွင်ကျ ဆုတောင်းသမျှ
ပြည့်စုံအောင် ဘယ်ဘုရားမှ မစွမ်းနိုင်ဘူး
နီးစပ်တာနဲ့  ရောင့်ရဲကြရတာပဲ .. မင်းအသိပါပဲ

ကျောက်တိုင်းအပြစ်လေးတော့ရှိတယ်.. လူတိုင်းချို့ ယွင်းချက်ရှိမယ်
သဘာဝရဲ့ သဘောတရား တခုပါပဲ
ပုံစံတစ်ခုတည်း ဇွတ်အတင်းသွတ်သွင်းနေရင်
နဂိုရှိရင်းစွဲ ဂုဏ်အင်ပျက်စီးမယ့်အရေး
ပြန်ငဲ့ကွက့်သင့်တာလဲ မင်းအသိပါပဲ..

Cho:
ကိုယ်စွမ်းသလောက်တော့ ကိုယ်ကြိုးစားခဲ့ပါတယ်
ထိပ်ဆုံးထိမရောက်ခဲ့ရတောင် အလယ်အလတ်တော့ မကပါတယ်
စိတ်သွားသလောက်တော့ ကိုယ်လိုက်ပြီးမလုပ်နိုင်ဘူး
ဒီလောက်နဲ့ မှ မကျေနပ်ရင် အရှုံးပေးဖို့ / လက်လျှော့ဖို့ ပဲ ကျန်တော့တယ်
ဒီထက်ပိုပြီး မင်းအလိုကို မဖြည့်နိုင်ဘူး
ဒီထက်ပိုပြီး မဖြစ်နိုင်ဘူး မတတ်နိုင်ဘူး ....

ရေနက်လည်း ကြမ်းရှိရမယ် အပင်မြင့်လည်း အဖျားရှိရမယ်
အရာရာမှာ အဆုံးရှိကြရစမြဲ
ဒါပေမယ့်လည်း တိုင်းလို့ မရစကောင်းနိုင်တဲ့ ချစ်ခြင်းတော့ရှိပါတယ်
မင်းမတောင်းရပဲ ကိုယ်ပေးအပ်ခဲ့တာ မင်းအသိပါပဲ...

Cho: Cho:

December 28, 2006

Top 99 Women 2006 - AskMen



ဒီနေ့ တော့ တွေ့ မိတာက AskMen.com ကနေ့  စာရင်းပြုစုထားတဲ့ TOP 99 Women 2006 ဆိုတာကိုပါ။ အဲ့ဒီ မှာ What she is known for? , 2005 Careers Hightligh နဲ့  2006 Career Forecast ဆိုပြီး တစ်ယောက်ချင်း အကြောင်းလေးတွေကို ရှင်းပြထားတော့ ပုံလေးတွေလည်း ကြည့်ရ၊ ဒါ ဘယ်သူလဲ၊ ဘာလို့ ကျော်ကြားတာလဲ သိရဆိုတော့ ကျွန်မတော့ တော်တော်လေး သဘောကျမိတယ်။ ပြီးတော့ အရင်နှစ်က ရတဲ့ Rank ကိုလည်း Last Year's Rank ဆိုပြီး ပြထားပြန်တယ်။ နောက်ပြီးတော့ AskMen.com Desirability Score ဆိုပြီးလည်း ပြထားသေးတယ်။ ဘယ်လို အဲ့ဒီ Score ကို တွက်ချက်ရရှိတယ်ဆိုတာကို .. ရှင်းပြထားပါတယ်။


ထိပ်ဆုံး 1 to 10 မှာရှိနေသူများစာရင်းပါ။
1. Jassica Alba
2. Sienna Miller
3. Angelina Jolie
4. Adriana Lima
5. Maria Menounos
6. Charlize Theron
7. Jessica Biel
8. Amerie
9. Natalie Portman
10. Eva Longoria

နောက်ဆုံးက No. 99 ချိတ်တဲ့ သူကတော့ Anna Kournikova ပါ။
ကျွန်မ သတိထားမိတဲ့ တခြားသူတွေကတော့
Jennifer Lopez (JLo) က နံပါတ် (81) ၊
LindsayLohan က နံပါတ် (18) ၊
Jennifer Aniston က နံပါတ် (27) ၊
Nicole Kidman က နံပါတ် (96) ၊
Lucy Liu က နံပါတ်( 93) ၊
Zhang Ziyi က နံပါတ် (79)
Cameron Diaz က နံပါတ် (91)၊

AskMen.com ဆိုတာ ယောက်ျားလေးတွေရဲ့ နေရာတဲ့.. အမယ်လေး.. တစ်လ တစ်လ လာဖတ်သူ အရေအတွက်က 5 Millions တောင်ရှိတယ် ပြောထားတယ်။ တော်တော် လူကြည့်များတဲ့ WebSite ပါပဲ။ ကျွန်မတော့ ဒီနေ့ TOP 99 Women 2006 List ကိုပဲ ကြည့်လိုက်ရသေးတယ်။ ကြည့်မိသလောက်တော့ ပုံလေးတွေက မရိုင်းပဲ လှလို့  ကြည့်လို့  ကောင်းပါတယ်။ သွားကြည့်လိုက်ကြပါဦး။ လူဆိုတာ အလှကြိုက်တဲ့ သူတွေကြီးပဲမို့  ဒီလို ချောချော လှလှလေး ချစ်စရာ ပုံလေးတွေ ကြည့်ရရင် အနည်းဆုံးတော့ စိတ်ချမ်းသာမှု့ ရမှာ အသေအချာပဲ မဟုတ်လား။

December 27, 2006

Very Slow Internet Connection

မနက်က အလုပ်မှာ ဘယ်ဆိုဒ်မှာ ၀င်လို့ မရ ဖြစ်သွားတယ်။ ပထမတော့ ကျွန်မ တို့  အလုပ်က Server တစ်ခုခု ဖြစ်လို့  လို့ ပဲ ထင်လိုက်တာ။ နေ့ လယ် ထမင်းစားချိန်ရောက်တော့ ဖုန်းပြောဖြစ်မှ ပဲ တခြား သူငယ်ချင်းတွေလည်း အလုပ်မှာရော၊ အိမ်တွေမှာပါ အင်တာနက် ရတော့ ရတယ်၊ Connection ကတော့ အရမ်းနှေးနေတယ်ဆိုတာ သိလိုက်ရတယ်။ ထမင်းစားပြန်လာတော့ အလုပ်မှာ အင်တာနက်တော့ ပြန်ရနေပြီ၊ ဒါပေမယ့် Website တွေ ၀င်ရတာ အရမ်းနှေးနေပြန်တယ်။ ခဏခဏ လည်း disconnect ဖြစ်နေပါတယ်။ ပုံမှန် WebSite တွေကို သွားတာရတာ နည်းနည်း စိတ်ရှည်ရှည်နဲ့  စောင့်လိုက်ရင် အဆင်ပြေပေမယ့်၊ ဘယ် File မှ Upload လုပ်လို့ မရဘူး ဖြစ်နေပါတယ်။ နောက်ပြီး ကျွန်မတို့  အလုပ်မှာ Messenger မသုံးရဘူးဆိုတော့ အရင်ကဆို Web Messenger တွေသုံးပြီး ခဏ လောက်တော့ ၀င်ကြည့်နိုင်ပေမယ့် ဒီနေ့ တော့ လုံးဝ ၀င်မရပါဘူး။

ဘာကြောင့် ဒီလိုဖြစ်နေရတာလည်းလို့  သတင်းတွေလိုက်ရှာ ဖတ်ကြည့်လိုက်တော့မှ ထိုင်ဝမ်မှာ မနေ့ က လုပ်သွားတဲ့ ငလျှင်ကြောင့် ဒီမှာ Internet Connection တွေ အရမ်းနှေးနေတာလို့  သိလိုက်ရတယ်။ ဒီမှာ လူသုံးအများဆုံး Service Provider ဖြစ်တဲ့ StarHub ကတော့ ဒီလိုလေး ပြောထားတယ်..

Due to an earthquake in Taiwan yesterday, the undersea cable was disrupted resulting in slow Internet access to some international sites. You can be assured that our topmost priority is to quickly restore services and we have deployed all available resources to address the situation as soon as possible.

အလုပ်မှာတောင် ဒီလောက် နှေးနေရင် အိမ်က အင်တာနက် တော့ ဘယ်လို ဖြစ်နေမလဲ မသိဘူး။ ... အိမ်ပြန်ချိန်ကျော်နေပေမယ့် သိပ်မပြန်ချင်ဘူး ဖြစ်နေတယ်။ အိမ်မှာ လုပ်စရာဆိုလို့  အင်တာနက်သုံးတာပဲ ရှိတဲ့ဟာကို ဒီလောက်နှေးတဲ့ Connection နဲ့ ဆို သိပ်စိတ်ရှည်မှာ မဟုတ်ဘူး။ အင်း .. ဒီညတော့ DVD လေးကြည့်ပြီး စောစော အိပ်ရတော့မယ်နဲ့  တူပါတယ်။

Collection of Old Pictures

အလုပ်လုပ်ရင်း စိတ်ပြေလက်ပျောက်၊ ကိုယ်စိတ်ဝင်စားတာလေးလုပ်လိုပ်ဦးမယ်ဆိုပြီး ဟိုရှာဒီရှာလုပ်လိုက်တာ၊ စိတ်ဝင်စားဖို့ ကောင်းတဲ့ Website တစ်ခုရှာ ရှာတွေ့ လိုက်တယ်။ ဟိုရှေးရှေးတုန်းက ရိုက်ထားတဲ့ Photo အဟောင်းတွေ ကို စုစည်းပေးထားတဲ့ Website တစ်ခုပါ။ ပုံတွေက အရမ်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ကျွန်မတော့ အလုပ်မှာ မအားတဲ့ကြားကနေပြီး Burma, Civil War, Castles ,Flights, England ဆိုတာတွေကို လိုက်ရှာ ကြည့်လိုက်တယ်။ ကျွန်မတို့  နိုင်ငံ (Burma) နဲ့  ပတ်သက်တဲ့ ပုံကတော့ ၃ ပုံပဲ ရှိပါတယ်။

အဲ့ဒီ site မှာ .. အပိုင်း ၃ ပိုင်းခွဲပြီး စုစည်း ပေးထားတာတွေ့ ရတယ်။
Defining Moments
Picture Collections
Themed Collections
Site Search မှာလည်း ကိုယ်စိတ်ဝင်စားတာတွေကို လိုက်ရှာကြည့်နိုင် သေးတယ်။

ဓာတ်ပုံ တွေ၊ သမိုင်းဖြစ်ရပ်တွေကို စိတ်ဝင်စားတဲ့ သူတွေ အဖို့  တစ်ခေါက်လောက်တော့ သွားကြည့်သင့် ပါတယ်။

ဒီမှာက အဲ့ဒီ ဆိုဒ်မှာရှိနေတဲ့ Burma နဲ့ ဆိုင်တဲ့ ပုံတွေ အကြောင်းပါ။




The photo documents Burmah: elephant working.






It was taken in 1910 by Carpenter, Frank G. (Frank George), 1855-1924.

The image shows two uniformed and armed prison guards in Rangoon, Burma.





It was made in 1910 by Carpenter, Frank G. (Frank George), 1855-1924.
The illustration documents five male prisoners squatting with hands pressed together amidst a fibrous material in Rangoon, Burma.

26 December 2006

What If I Die Tonight ??
by Manu Kanwarpal

What if I die tonight..
Will it be a joy, sorrow or delight..

And does it really matter, whether I am or I am not..
Coz all this world, just seems to be a plot !

Would the earth stop moving and the Sun stop shining ..
Would the stars stop twinkling and the wind stop rhyming..

Would the men stop doing their daily chores..
Would the water stop splashing on sea shores..

If nothing in this world is gonna change at all..
Then why on earth are we afraid to fall .. ?

Then some would come to say good bye..
But I wont be there to see them sigh !

And some would remember in their silent tears..
In memories of those wonderful years..

For the world that night might be sad..
But deep inside I will be glad..

Coz I'm gonna meet the lord that night..
After all this wait, I'm gonna see that light !

December 26, 2006

သူ့ မှာတမ်း - မင်းသုဝဏ်

မင်းသုဝဏ် ရေးသားတဲ့ "သူ့ မှာတမ်း" ဆိုတဲ့ ကဗျာအပိုင်းအစလေးကို စာအုပ်တစ်အုပ်မှာ ဖတ်လိုက်မိတာနဲ့  ကဗျာတစ်ပုဒ်လုံးကို ဖတ်ချင်စိတ်ပေါက်လာလို့  လိုက်ရှာလိုက်တော့ မမွန်ရဲ့ ဘလောခ့်မှာတွေ့ လိုက်ရတယ်။ မမွန်ကို ကျေးဇူးအရမ်းတင်သွားတယ်။ မဟုတ်ရင် ခက်ခက်ခဲခဲ လိုက်ရှာနေရဦးမှာ။ မမွန်က ဒီကဗျာလေးကို ပလန်းနတ်က ကူးထားတာလို့ ပြောထားပါတယ်။ ဒီကဗျာကို ကြိုက်နှစ်သက်တာနဲ့  ကျွန်မလည်း မမွန်စီက ထပ်ကူးပြီး ဒီမှာ မှတ်ထားလိုက်တယ်။

သူ့ မှာတမ်း - မင်းသုဝဏ်
သူတို့ အဆုတ်၊ ထားခဲ့မြှုပ်သည့်
ဗုံးငုတ်တိုက်မှား၊ မောင်ပြောက်ကျားကို
ရွာသား ရွာသူ မေးကြမြူသည်
အူအူယမ်းငွေ့  ထတုန်းတည်း။

အမောင်ပြောက်ကျား၊ ချစ်သူအားကို
ဘာများမှာကြားလိုသနည်း။
ငယ်ကကြင်မြတ် မိသက်မှတ်ကို
ခွင့်လွတ်ခဲ့ကြောင်း ပြောပါလေ။

အမောင်ပြောက်ကျား မိဘအားကို
ဘာများမှာကြားလိုသနည်း။
မွေးသည့်မိခင် မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ။

အမောင်ပြောက်ကျား တိုင်းပြည်အားကို
ဘာများမှာကြားလိုသနည်း။
ခရီးမတ်တပ် လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွာ ခွဲရပါရွေ့ 
အားနာခဲ့ကြောင်းပြောပါလေ။

ယမ်းငွေအူအူ တလူလူနဲ့  မေးမြူကြတုန်း
အနောက်ကုန်းဝယ် နေလုံးကွယ်လေပြီတကား။ ။


Source : ThuHninSee

X'mas Holidays

သောကြာညနေ ( 22nd Dec 2006)
ပုံမှန်အရဆို သောကြာ ညနေတိုင်း အပြင်မှာ ညစာ စားဖြစ်ပေမယ့်၊ ဒီသောကြာညနေတော့ မိုးတွေကရွာပြီး၊ နေမကောင်းတာနဲ့  အိမ်ကို တန်းပြန် ဖြစ်သွားတယ်။ နောက် ၃ ရက်ဆက်တိုက် အားလပ်ရက်ရတာဆိုတော့ အဲ့ဒီရက်တွေမှာ နေမကောင်း ဖြစ်နေမှာ စိုးရိမ်တာနဲ့  ပြန်နားဖြစ်သွားခဲ့တာပါ။ တစ်နေ့ လုံး မိုးတွေရွာနေတော့ အလုပ်မှာ တချိန်လုံး ချောင်းတွေဆိုးပြီး လူက ပင်ပန်းနေတာကြောင့် အားလပ်ရက်မှာ ကြည့်ဖို့  သောကြာညတော့ Movie တွေဒေါင်းလုတ် လုပ်လိုက်မယ်လို့  စိတ်ကူးရှိခဲ့ပေမယ့်၊ မလုပ်ဖြစ်ဘဲ စောစော အိပ်ပျော်သွားခဲ့တယ်။

စနေနေ့  .. ( 23rd Dec 2006)
တစ်နေကုန် အလုပ်တွေရှုပ်နေခဲ့တယ်။ ညနေပိုင်းတော့ သူငယ်ချင်း နှစ်ယောက်နဲ့ တွေဖို့  orchard သွားဖြစ်လိုက်တယ်။ ချိန်းထားတာ ၆း၃၀ ဆိုပေမယ့်၊ တကယ်တွေ့ တော့ ၇ နာရီကျော်နေပြီ။ အဲ့ဒီသူငယ်ချင်းနဲ့  တွေ့ မယ် ဆိုပြီး ချိန်နေတာ ၁ နှစ်လောက် ရှိနေခဲ့ပေမယ့်၊ အဲ့ဒီနေ့ မှ တကယ်တွေ့ ဖြစ်တော့တယ်။ orchard မှာ များလိုက်ကြတဲ့ လူတွေ၊ ကျိတ်ကျိတ်တိုးနေတာပဲ။ လူကြားထဲမှာ လူပိပြီး ပြားမသွားအောင် မနည်းကို တိုးသွားရတယ်။ ဒါလည်း မဆန်းပါဘူးလေ။ ဒီနိုင်ငံမှာက သွားစရာဆိုလို့  အဲ့ဒီနေရာတစ်ခုပဲရှိတာကို။ သူငယ်ချင်းတွေနဲ့  dinner စားပြီး နောက် ရုပ်ရှင် ကြည့်ဖြစ်သွားတယ်။ ၁ နှစ်ကျော်အတွင်း ဒါ ပထမဆုံး ရုပ်ရှင် ကြည့်ဖြစ်တားပါပဲ။ ၂၀၀၅ နိုဝင်ဘာက နောက်ဆုံးတစ်ခေါက်ကြည့်ခဲ့တာပဲ။ ညဖက် အိမ်ပြန်ရောက်တော့ ည ၁း၃၀ လောက်ရှိနေပြီ။ ထုံစံအတိုင်း Taxi နဲ့  အိမ်ပြန်ရတာပေါ့။ Taxi ရဖို့  တော်တော်လေး စောင့်လိုက်ရတယ်။ သုံးယောက်ဆိုပေမယ့် ပြန်မယ့် နေရာက တခြားစီဆိုတော့ Taxi သုံးစီးဖြစ်သွားတာပေါ့။ အိမ်ရောက်တော့ ကိုရီးယား ဇာတ်လမ်းတွဲကို 1 to 6 အထိကြည့်လိုက်တာ မနက် မိုးလင်း ၅ နာရီမှပဲ အိပ်ဖြစ်တော့တယ်။

တနင်္ဂနွေနေ့ ( 24th Dec 2006)
မနက် ၁၁ နာရီထိုးမှပဲ နိုးတော့တယ်။ မနက်စာနဲ့  နေလယ်စာ ပေါင်းစားလိုက်ပြီး ညက ကြည့်လက်စ ကိုရီးယားဇာတ်လမ်းကို ဆက်ကြည့်ဖြစ်တယ်။ 6 to 9 အထိပြီးသွားတယ်။ သူငယ်ချင်းတစ်ယောက်က သူ့ ကောင်မလေး လာလည်လို့  ဧည့်သည်ကိုမုန့့် လိုက်ကျွေးရမယ် ဆိုတာနဲ့  တခြား သူငယ်ချင်းတစ်ယောက်နဲ့ ပါ ချိန်းပြီး dinner သွားစားဖြစ်တယ်။ ထုံးစံအတိုင်း orchard မှာပဲပေါ့။ အပြင်ထွက်ခါနီးမှာမှ ရွာလိုက်တဲ့မိုး၊ သည်းကြီးမဲကြီးကို ရွာနေတာပဲ။ နေလို့ မကောင်းပေမယ့် တွေ့ မယ်ပြောထားပြီး မှတော့ ကိုယ့်ဘက်က မပျက်ကွက်ချင်တာနဲ့  အနွေးထည် ၀တ်ပြီး ထွက်ရတာပေါ့။ တော်ပါသေးတယ်၊ orchard ရောက်တဲ့ အချိန်ကြတော့ မိုးတိတ်သလောက်ရှိသွားပြီ။ X'mas eve ဆိုတော့ dinner စားဖို့ ဟာ ဆိုင်မှာ တော်တော်ကြာကြာတန်းစီပြီး စောင့်လိုက်ရပါတယ်။ သူငယ်ချင်းတွေနဲ့  dinner စား၊ စကားပြောတာ တော်တော်လေးကြာတယ်။ အဲ့ဒီနေ့ က orchard မှာ mid-night sale ရှိပေမယ့် လူတွေ အရမ်းများနေတာရယ်၊ နေလို့  မကောင်းတာနဲ့  shopping မသွားဖြစ်တော့ပဲ ညစာစားပြီးတာနဲ့  အိမ်တန်းပြန်လာဖြစ် လိုက်တယ်။ အိမ်ရောက်တော့ ၁၁:၃၀ ရှိနေပြီ။ မအိပ်ချင်တာနဲ့  ကိုရီးယားဇာတ်လမ်း ဆက်ကြည့်လိုက်တာ အတွဲ 11 အထိ ပြီးသွားလို့  အိပ်ရာ ၀င်တဲ့ အချိန်ရောက်တော့ မနက် ၅ နာရီထိုးရှိနေပြီ။

အဲ့ဒီနေ့ က လုပ်မယ်ကြံပြီး မလုပ်ဖြစ်လိုက်တာက Channel 5 က လာမယ့် Love Actually movie ကို ကြည့်မယ်ဆိုတဲ့ စိတ်ကူးပါ။ အဲ့ဒီ ရုပ်ရှင်ကို ၂၀၀၃ ရုံစတင်တော့ oxford မှာ သူငယ်ချင်းတွေနဲ့  သွားကြည့်ဖြစ်ခဲ့ပေမယ့် သိပ်မမှတ်မိတော့တာနဲ့  ပြန်ကြည့်ချင်နေခဲ့တာပါ။ ဟိုမှာ ကျန်နေသေးတဲ့ သူငယ်ချင်းတွေကို သတိရတာလည်း ပါတာပေါ့လေ။

တနင်္ဂလာနေ့  ( 25th Dec 2006)
X'mas နေ့ မှာတော့ စောစောနိုးနေတယ်။ မနက် ၉ နာရီလောက်မှာ နိုးလာတယ်။ မိုးတွေကလည်းရွာ၊ ချောင်းပြန်ဆိုးပြီး နေလို့  မကောင်းတာနဲ့  ဘယ်မှ မသွားပဲ အိမ်မှာပဲ နေတော့မယ် ဆုံးဖြတ်လိုက်တယ်။ ဒီနေ့  မိုးရွာထဲ အပြင်ထပ်သွားရင်တော့ ဆရာဝန်ကို ထပ်သွားတွေ့ ရဖို့ က သေချာသလောက်ရှိသွားပြီ။ မနက်စာစားပြီးတာနဲ့  ဖတ်စရာရှိတဲ့ webpage လေးတွေ ခဏဖတ်ပြီး၊ ကိုရီးယားကား ဆက်ကြည့်လိုက်တာ အတွဲ 16 အထိ ပြီးသွားတယ်။ လူလည်း ခေါင်းတွေ မူးနောက်၊ ချောင်းက မတရားဆိုးလာတာနဲ့ ဆေးသောက် အိပ်လိုက်တာ ပြန်နိုးလာတဲ့ အချိန်မှာ ည ၇ နာရီ ထိုးနေပြီ။ ရေချိုးပြီး မြန်မာ ရုပ်ရှင်တွေကို အွန်လိုင်းက ကြည့်လိုက်တာ ၂ ခွေပြီးသွားတယ်။ နောက်တော့ မမေ နဲ့  တခြား သူငယ်ချင်းတစ်ယောက်က JaJah ကနေ့  ရန်ကုန်ကို free ခေါ်လို့ ရနေတယ် ဆိုတာ အကြောင်းကြားတာနဲ့  အိမ်နဲ့  ဖုန်းပြောဖြစ်လိုက်တယ်။ ပြီးတော့ အိပ်ချင်စိတ်မရှိတာနဲ့  ရုပ်ရှင် ၂ ကား ဒေါင်းလုတ် လုပ်ပြီး ကြည့်ဖြစ်လိုက်သေးတယ်။ မိုးတွေ အရမ်းရွာနေတာ ဆူညံနေတာနဲ့  တစ်ညလုံးကောင်းကောင်းမအိပ်လိုက်ရဘူး။ ခေါင်မိုးပေါ် မိုးစက် ကြသံ တဖျောက်ဖျောက်ကို ကြားနေရတော့ ရန်ကုန်က မိုးတွင်း မှာကြုံတွေ့ ရတာတွေ၊ ငယ်ငယ်တုန်းက မိုးရာသီဆို အတန်းကျောင်း စတက်ရတာတွေ၊ မိုးရာသီမှာ ညဘက်ဆို ကြားရတဲ့ အကောင် အော်သံတွေကို သတိရနေခဲ့ မိတယ်။

ဒီ ၃ ရက်ရတဲ့ အားလပ်ရက်မှာ ဘာတွေ သာမန်ထက် ထူးခြားလည်းဆိုတော့
  • ရောက်လေ့မရှိတဲ့ 0rchard မှာ နှစ်ရက်ဆက်တိုက် Dinner သွားစားဖြစ်တယ်။ ( ပိုက်ဆံ ကုန်တာသွားတယ်)
  • မကြည့်စဖူး ကိုရီးယား ဇာတ်လမ်းတွဲနဲ့  တခြား Movie တွေ တော်တော်များများကို ဇွဲကြီးကြီးနဲ့  ကြည့်ဖြစ်သွားတယ်။ ( မျက်စိညောင်းတယ် )
  • Technical နဲ့  ပတ်သက်တဲ့ Web Pages နည်းနည်းနဲ့  Email Check တာရယ်က လွဲလို့  တခြားဘယ် Web Site မှ မရောက်ဖြစ်၊ မဖတ်ဖြစ် လိုက်ဘူး။ ( ဘာသတင်းမှ မသိတော့ဘူး )
  • ဒီ Holidays မှာ ဖတ်စရာရှိတာတွေ ကို စဖတ်မယ် ၊ Information လိုက်ရှာစရာတွေကို အပြီး လိုက်ရှာမယ် စိတ်ကူးပေမယ့်.. လုံးဝကို မလုပ်ဖြစ်ခဲ့ဘူး။ (ပုံမှန်ထက် ပိုအပျင်းထူနေတယ်)
  • လုပ်စရာ ရှိတာတွေ အားလုံးကို မေ့ထားခဲ့တယ်။ ( စိတ်ချမ်းသာတယ်)

ဇာဂနာ - မြန်မာပြည်ရဲ့ ချာလီချက်ပလင်

လူထုစိန်ဝင်းပြော သော ဇာဂနာ အကြောင်း....

ဇာဂနာကို စတင်တွေ့ဖူးတဲ့အချိန်က သူဟာ ရှက်တတ်ပြီး စကားနည်းတဲ့ တကိုယ်တော် လူငယ်လေးတဦး ဖြစ်ပါတယ်။ ဒါပေမယ့် ၁၉၉၀ ခုနှစ်အတွင်း ကျွန်တော့် စာသင်ခန်း ကျဉ်းကျဉ်းလေးထဲမှာ ထပ်ပြီး တွေ့ဆုံတဲ့အချိန်မှာတော့ ရှက်ရွံ့ရွံ့နဲ့ စကားနည်းတဲ့ ကောင်လေးတယောက် မဟုတ်တော့ပါဘူး။ အဲဒီ အချိန်မှာ သူဟာ လူသိများတဲ့ အကျဉ်းသားဟောင်းတဦးဖြစ်သလို အလွန် ကျော်ကြားတဲ့ လူရွှင်တော်တဦးလည်း ဖြစ်နေပါပြီ။

နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အင်းစိန်အကျဉ်းထောင်က ပြန်လွတ်ပြီး ရက် အနည်းငယ် အကြာမှာ ဆရာဟောင်းကို သူ လာတွေ့ပါတယ်။ အဲဒီအချိန်မှာတော့ သူဟာ စကားအိုး တယောက် ဖြစ်နေပါပြီ။ အားရပါးရရယ်မောပြီး ဘေးနားမှာရှိတဲ့ အတန်းဖော်ဟောင်း တွေနဲ့ ပြက်လုံးတွေ တခုပြီးတခု ထုတ်နေပါတယ်။ အဲဒီလို ရှက်တတ်ပြီး စကားနည်းတဲ့ ကောင်လေးကနေ အာဝဇ္ဇန်းရွှင်တဲ့ လူရွှင်တော်တယောက် ဘယ်လိုများဖြစ်သွားပါလိမ့်။ သူ့ပြက်လုံးတွေက ဘာကြောင့်များ သူ့ကို နှစ်ပေါင်းများစွာ ထောင်ကျအောင်လုပ်လိုက်တာလဲ ဆိုတာကို ကျွန်တော် စဉ်းစားနေမိပါတယ်။

သူငယ်ချင်းတွေနဲ့ သူ ရယ်မောပြီး ပြက်လုံးထုတ်နေတာကို ကျွန်တော် ကြည့်နေမိပါတယ်။ ဒါပေမယ့် သူ အမှန်တကယ် ရယ်မောနေ တာဟုတ်ရဲ့လား။ သူ့ရယ်မောသံမှာ နောက်သံစဉ်တခုကို ကျွန်တော် ကြားရတယ်လို့ ထင်ပါတယ်။ အမှန်တော့ သူဟာ နှလုံးခုန် လိုက်တိုင်း ငိုကြွေးနေတာပါ။ သေသေချာချာ ကြည့်တဲ့အခါ သူ့ရဲ့ရယ်မောနေတဲ့ မျက်လုံးတွေမှာ မျက်ရည်စတွေ တွေ့ရပါတယ်။ ဟုတ်ပါတယ်။ သူ့ရဲ့မျက်လုံးတွေက ငိုကြွေးနေတယ်။ နာကျင်မှု ဝေဒနာတွေနဲ့ ငိုကြွေး နေပါတယ်။ သူကိုယ်တိုင်အတွက်တော့ မဟုတ်ပါ။ သူ့တိုင်းပြည်အတွက် ငိုကြွေးနေခြင်းသာ ဖြစ်ပါတယ်။

မြင်မြင်သမျှ အရာရာတိုင်းကို ပြက်လုံးထုတ်တတ်တဲ့ လူရွှင်တော်တယောက်ဖြစ်လာအောင် အဲဒီလို ငိုကြွေးခြင်းက ဖန်တီး လိုက်တာပါ။ သူဟာ သာမန်လူရွှင်တော် တယောက်သာ မကပါ။ သူဟာ မြန်မာပြည်သူတွေအတွက် ချာလီချက်ပလင် ဖြစ်ပါတယ်။ သူဟာ လူမှု ဝေဖန်ရေးသမား ဖြစ်တယ်။ ပြည်သူလူထုရဲ့အသံ ဖြစ်တယ်။

သူ့ပြက်လုံးတွေဟာ တိတ်ဆိတ်နေတဲ့ ပြည်သူသန်းပေါင်းများစွာရဲ့ ပြောမထွက်တဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ နေရာ တိုင်းမှာ အမြဲ စောင့်ကြည့်နေတဲ့ “အကိုကြီး” ကို ကြောက်တဲ့အတွက် ကိုယ်တိုင်မပြောရဲပေမယ့် ကြားချင်တဲ့စကားတွေ ပြည်သူများမှာ ရှိပါတယ်။ ဒီလို ပြည်သူတွေကြားချင်တဲ့ စကားတွေကို ဇာဂနာက ကျယ်ကျယ်လောင်လောင် ပြောပေးပါတယ်။

ပြည်သူတွေရဲ့ကိုယ်စား ဇာဂနာဟာ မျက်ရည်ပြည့်နေတဲ့ မျက်လုံးတွေနဲ့ ရယ်မောနေပါတယ်။ သူ့ပြက်လုံးတွေဟာ ဓားသွားလို စူးရှတယ်။ ဟာသပါတဲ့ စကားတွေက မြားတစင်းလို လျင်မြန်တယ်။

ဒါပေမယ့် သူ့ဆရာဟောင်း ကျွန်တော်ကတော့ တမင်ဖန်တီးထားတဲ့ သူ့ရဲ့ရယ်မောခြင်းထဲမှာ နာကျင်မှုဝေဒနာအပြည့်နဲ့ သံစဉ်တခုကို ကြားနေရပါတယ်။
===============================================================
ဒီစာပုဒ်ကို ဧရာဝတီ -၂၀၀၆ ခုနှစ်၏ ထူးခြားထင်ရှားပုဂ္ဂိုလ်များ မှာ ဖတ်လိုက်မိတာပါ။ အဲ့ဒီ စာရင်းမှာ ပါဝင်သူတွေနဲ့  အဖွဲ့ အစည်း တော်တော်များများကို သဘောကျမိပေမယ့်၊ တချို့ သောသူတွေကိုတော့ ဘာလို့ ထည့်ထားတာလဲဆိုတာ ကျွန်မ နားမလည်နိုင်ပါဘူး။

December 25, 2006

Merry Christmas

May the Love, Peace, and Joy of Christmas be yours always.

Christmas Wish

by Myra Scovel

God give you blessings at Christmas time;
Stars for your darkness, sun for your day,
Light on the path as you search for the Way,
And a mountain to climb.

God grant you courage this coming year,
Fruit for your striving, friends if you roam,
Joy in your labor, love in your home,
And a summit to clear.

December 21, 2006

အလုံးအရင်းနှင့် လာနေသော မြန်မာ့ပို့ကုန်

လွန်ခဲ့တဲ့ အပတ်က ဧရာဝတီမှာ တင်လိုက်တဲ့ ဆောင်းပါးတစ်ပုဒ်ပါ အားလုံးကို ဖတ်စေချင်ပါတယ်။ တချို့ လည်း ဒီဆောင်းပါးကို ဖတ်ဖူး ကြမှာပါ။ ကျွန်မ ကတော့ ဒီဆောင်းပါး ပိုစ့်လုပ်လုပ်ချင်း ဖတ်လိုက်မိပါတယ်။ ကျွန်မတို့  မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ AIDS ရောဂါ အကြောင်း တကယ့် အမှန်တရားတွေကို ရေးသားထားတာမို့  ကျွန်မတို့  မြန်မာနိုင်ငံသားတိုင်း အနည်းဆုံး တစ်ခေါက်လောက်တော့ ဖတ်သင့်တဲ့ ဆောင်းပါးတစ်ပုဒ်လို့  ထင်လိုက်မိပါတယ်။ ဒီ ဆောင်းပါးကို PDF ပြောင်းပြီး သူငယ်ချင်း တချို့ စီကို ပို့ ဖို့  ကြိုးစား လိုက်ပေမယ့် အလုပ်နည်းနည်း ရှုပ်သွားတာနဲ့  မပို့  ဖြစ်လိုက်ပါဘူး။

ဒီနေ့ တော့ ကျွန်မနဲ့  အရင်းနှီးဆုံး လူတစ်ယောက်က ကျွန်မကို ဒီဆောင်းပါးလေး ကောင်းတယ် ဖတ်ကြည့်ပါလားဆိုပြီး လင့်လေး လာပို့ ပါတယ်။ သူ့ လို မြန်မာသတင်းတွေကို အမြဲဖတ်နေတဲ့ သူတစ်ယောက်တောင် ဒီဆောင်းပါးကို ခုမှတွေ့ တယ်ဆိုတော့ .. တခြားလူတွေဆို ဒီလို သတင်းဆောင်းပါးကို ဖတ်မိချင်မှာ ဖတ်မိကြမှာ၊ တွေ့ ချင်မှ တွေ့ ကြမှာလို တွေးမိလိုက်တာနဲ့  အနည်းဆုံးတော့ ကျွန်မရဲ့ ဘလောခ့်ကို လာဖတ်လေ့ရှိတဲ့ သူငယ်ချင်းတွေ ဖတ်မိအောင် ဒီမှာ မျှဝေဖို့  ဆုံးဖြတ်လိုက်တာပါ။

အေ့ဒ်စ်ရောဂါ သို့မဟုတ် အလုံးအရင်းနှင့်လာနေသောမြန်မာ့ပို့ကုန် - အင်ဒရူးမာရှယ်
ဧရာဝတီ : အလုံးအရင်းနှင့်လာနေသောမြန်မာ့ပို့ကုန် - အင်ဒရူးမာရှယ်
PDF - Myanmar Version

Irrawaddy : AIDS:Burma’s shadowy mass export - Andrew Marshall
PDF - English Version

မသိနားမလည်ခြင်း၊ ကျွမ်းကျင်မှုမရှိခြင်းနှင့် နိုင်ငံတကာ၏ မသိကျိုးကျင်ပြုခြင်းတို့ကြောင့် ကုသ၍ရနိုင်သော ရောဂါ တခုသည် မြန်မာပြည်သူတရပ်လုံးကို အမျိုးတုံးစေပြီး အရှေ့အာရှကိုပါ အန္တရာယ်ပြု ခြိမ်းခြောက် နေပြီလော။

ကျွန်မရဲ့ ဘလောခ့်ကို ဖတ်လေ့မရှိတဲ့၊ မသိကြတဲ့ ကျွန်မရဲ့ တခြားသူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ မိသားစုဝင်တွေ email က တဆင့် ပိုမယ့်ဆိုပြီး ဒီဆောင်းပါးကို PDF ဖိုင်ကိုလည်း ပြောင်းထား ပါတယ်။ Irrawaddy site ကို ကျော်ခွ ၀င်လို့ မရတဲ့ မြန်မာပြည်က သူငယ်ချင်းတွေလည်း PDF file ကို ဖတ်လို့  ရတာပေါ့။ ဒီ ဆောင်းပါးလေး ဖတ်မိကြရင် တက်နိုင်သမျှ သူငယ်ချင်းတွေ၊ မိသားစုတွေ ဖတ်မိအောင်၊ ထပ်ဆင့် မျှဝေ ပေးကြပါလို့  တိုက်တွန်းချင်ပါတယ်။

မှတ်ချက်..
ဇော်ဂျီ ယူနီကုတ်နဲ့ေ၇းထားတာကို PDF file ပြောင်းလိုက်တာ စားလုံးတွေ အမှန်မပေါ်ပဲဖြစ်နေတာခဲ့တယ်။ ဒါနဲ့  ကိုမောင်လှရဲ့ MgHla ဘလောခ့်က ZawGyi 2 Win Converter ကိုသုံးပြီး ဇော်ဂျီကို ၀င်းကလောဖွန့်  အရင်ပြောင်း၊ ပြီးတော့ English စာလုံးတွေကို အမှန် အတိုင်း ပေါ်အောင်လုပ်ပြီး PDF ပြောင်းလိုက်မှ အဆင်ပြေ သွားတော့တယ်။ Zawgyi 2 Win Converter အတွက် ကိုမောင်လှကို ကျေးဇူးတင်ပါတယ်..

IT Xmas Nite 2006

ဒီညနေက အလုပ်မှာ IT Department ရဲ့ Xmas Party ရှိလို့ သွားဖြစ်တယ်။ အရင်ကဆို အဲ့လိုမျိုးပွဲတွေ သွားလေ့မရှိပေမယ့် ခုတော့ အသက်ကလည်းကြီးလာပြီ၊ လူမှု့ ရေး၊ ပေါင်းသင်းဆက်ဆံရေးကလည်း အရေးကြီးတယ်ဆိုတဲ့ ချစ်သူငယ်ချင်းကြီးရဲ့ စကားတွေကြောင့် သွားမှဖြစ်မယ်ဆိုပြီ သွားလိုက်တယ်။ တစ်ယောက်တည်းဆိုတော့ နည်းနည်းတော့ ကြောင်တောင်တောင်ဖြစ်နေတာပေါ့။ ဒါပေမယ့်လည်း ကိစ္စ မရှိပါဘူး၊ လုပ်ချင်ရင် အကုန်ဖြစ်တယ်လို့  သဘောထားပြီး တွေ့ တဲ့လူတွေနဲ့  ပြုံပြ၊ မိတ်ဆက်၊ အလာပ သလာပ ဟိုပြော ဒီပြော စကားတွေပြောလိုက်တာပေါ့။ အဆင်ပြေသွားတာပါပဲ။

ပွဲကတော့ ထုံးစံအတိုင်း အုပ်စုတွေဖွဲ့ ပြီး ကစားကြတယ်၊ Xmas သီချင်းတွေ ဆိုကြတယ်။ ဆုတွေပေးတယ်၊ ဒီလောက်ပါပဲ။ နောက်ပြီး Xmas လက်ဆောင် မဲဖောက်ပေးတာ၊ မဲတော့ပေါက်တယ်၊ ဒါပေမယ့် ဆုကြီး ၁၀ ဆု ထဲကတော့ မဟုတ်ဘူး။ ဆုကြီးတွေထဲက ၀ိုင်ပုလင်းတွေ အများကြီးပါတဲ့ ဟာကိုမဲပေါက်လို့ ကတော့ ဟို သူငယ်ချင်း နှစ်ယောက်ကို တစ်ယောက် ၁ ပုလင်းတော့ ပေးလိုက်မယ်ဆိုပြီး တွေးနေခဲ့ပေမယ့် ဆုမပေါက်တာနဲ့  ပေးစရာမလိုဘူး ဖြစ်သွားတယ်။

သူများတွေ သီချင်းဆိုနေတုန်း ဟိုကြည့်ဒီကြည့်လိုက်ကြည့်နေလိုက်တာ.. ဟိုဘက်ကမ်းမှာရှိနေတဲ့ Sentosa ရယ်၊ မီးထွန်းထားတဲ့ တိုက်ကြီးတွေရယ်ကို အမြင့်ကနေ ကြည့်ရလို့ လားတော့မသိဘူး၊ မြင်ရတဲ့ ရှု့ ခင်းက တော်တော်လေး လှတယ်။ နောက်ပြီး ကိုယ့်ခေါင်မိုးပေါ်ကနေ ကျော်ပြီး Sentosa ဘက်သွားနေတဲ့ Cable Car တွေတွေ့ ရတာလည်း မိုက်တယ်။ စားစရာ နေရာရှားလို့  Cable Car ပေါ်တွေမှာ ဖရောင်းတိုင်မီးလေးထွန်းပြီး ညစာစားနေကြသူတွေကို လည်း အံ့သြမဆုံးဖြစ်မိတယ်။ အဲ့ဒီနေရာမှာ ငသလောက်ကျော်လို၊ ငပြေမဟင်းလို အရိုးများများဟင်း ကျွေးရင် ဘယ်လိုများနေမလဲမသိဘူး။ ရုပ်ရှင်ထဲကလိုမျိုးဆို Cable Car ပေါ်မှာ ဖရောင်းတိုင်မီးလေးနဲ့  romantic ဆန်ဆန် dinner ကျွေးပြီး propose လုပ်တဲ့ သူတွေလည်း ရှိချင်ရှိနေမှာလို့  အတွေးကြောင် မိလိုက်သေးတယ်။ မရှိဘူး မပြောနိုင်ဘူး၊ ရှိချင်ရှိနေမှာပါ။ တစ်ချို့ လူတွေကလည်း ဒါမျိုးတွေကို သဘောကျတာ မဟုတ်လား။

အမှတ်တရကတော့ ..
ဘူဖေး(လ်) ကျွေးတာကို အ၀ စားခဲ့လိုက်တယ်။ အရင်ကဆို ပွဲတွေမှာ အစားအစာတွေ သွားယူ စားရမှာ၊ ရွံ့ တွံ့  တွံ့  ဖြစ်နေတာနဲ့  ဘယ်တော့မှာ ၀အောင်မစားရဘူး။ ခုတော့ “သြော် ငါမစားရင်တော့၊ ငါငတ်ရုံသာ ရှိတော့မယ်ဟဲ့” ဆိုပြီး ၀အောင်စားလိုက်တယ်။ တစ်ကိုယ်တော် ကျဲတဲ့ ပွဲလို့ ဆိုရမယ်။

နောက်တစ်ခုက ဒီနိုင်ငံမှာ ကျတဲ့ snow ကို မြင်ဘူးလိုက်ရတယ်။ အစစ်တော့ ဘယ်ဟုတ်မလဲ။ ထုံးစံအတိုင်း စက်နဲ့  ဖန်တီးထားတာပေါ့။ ဒါပေမယ့် အမိုးပေါ်ကနေ snow လေးတွေကျလာတာ ကို လက်နဲ့  လိုက်ဖမ်းရင်း ဟို အရင်က ထိခဲ့ဘူးတဲ့ snow ပွင့်လေးတွေကို သတိရသွားတယ်။

ပြန်ဖို့ စီစဉ်ပေးထားတဲ့ ကားနဲ့  အိမ်ပြန်လာတာ အိမ်ရောက်တော့ ည ၁၁း၃၀ ရှိနေပြီ။ ဒါ ကျွန်မရဲ့ အလုပ်က လုပ်တဲ့ 2006 Xmas Party အတွေ့ အကြုံပါပဲ။ တစ်ခြားသူတွေလို Xmas Party မှာ ရင်ခုန်စရာလေးတွေ မဖြစ်ခဲ့ဘူးလား။ ခုတော့ ဖတ်ရတာ စိတ်ဝင်စားစရာ မကောင်းဘူးဖြစ်နေတယ် ပြောရင်လည်း ခံရမှာပါပဲ။ ကျွန်မဟာ ဒီလိုနေရာတွေမှာ တခြားသူတွေလို မတော်ပဲ အနည်းငယ် ညံ့တယ်ဆိုတာကိုတော့ ရှက်ရှက်နဲ့  ၀ံခံ လိုက်ပါတယ်။

December 19, 2006

1st Waxing Day of Pyatho

၂၇၄၆ ကြိမ်မြောက် ကရင် နှစ်သစ်ကူးနေ့  (ပြာသိုလဆန်း ၁ ရက်နေ့ )

အိမ်ကို သတိရနေတယ်... ဒီအချိန်ဆို ဆူညံ ပျော်ရွှင်နေကြမှာပဲ။
နောက်ဆုံး ကြုံတွေ့ ရတဲ့ ကရင်နှစ်ကူးနေ့ နဲ့  ခရစ်စမတ်နေ့ က တစ်ရက်ထဲကြပြီး ပျော်ဖို့ ကောင်းတာကို သတိရမိတယ်..
ကရင်နှစ်ကူးတိုင်း စားမေးပွဲရှိလို့  သူများတွေလို မပျော်နိုင်ပဲ စာကြည့်နေခဲ့ရတာတွေကို သတိရတယ်.
အိမ်ရှေ့က ပွဲဈေးတန်းကြီးကို သတိရတယ်..
ပွဲခင်းထဲမှာ စားချင်တာတွေ လိုက်ဝယ်စားရတာကို သတိရတယ်..
အနီရောင်၊ အဖြူရောင်၊ အနက်ရောင် ကရင်ဝတ်စုံတွေ ၀တ်ထားတဲ့ ကရင်မ ချောချောလေးတွေကို သတိရတယ်…
တိုင်းရင်းသား သွေးစည်းညီညွတ်ဖို့  ကြိုးစားနေကြတဲ့ သုငယ်ချင်းတွေကို သတိရတယ်..
ဆူညံ မြူးကြွနေတဲ့ ကရင် ဒုံးရိမ်းအကကို သတိရတယ်..
ချမ်းအေးလှတဲ့ အချိန်မှာ ချွေးထွက်အောက် ကနေကြတဲ့ ကရင်ဒုံးယိမ်း ပြိုင်ပွဲဝင်တွေကို သတိရတယ်..
နားမလည်ပေမယ့် နားမထောင်ချင်လည်း ကြားနေရတဲ့ ကရင်လို စကားပြောသံတွေ၊ ကရင်လို သီချင်းဆိုသံတွေကို သတိရတယ်..

.. ကရင်နှစ်ကူးမှာ .. ကျွန်မ အတွက် သတိရစရာတွေကတော့ အများကြီးပါပဲ..

ကရင်နှစ်ကူးနဲ့  ပတ်သက်တဲ့ ပုံတွေကြည့်ချင်လာလို့ လိုက်ရှာလိုက်တာ Kayin New Year Celebrations မှာ ပုံလေးတွေ ထတင်ထားတာ တွေ့ တယ်။ အဲ့ဒီက ဓာတ်ပုံလေးတွေကြည့်ပြီး ရန်ကုန်က ကရင်နှစ်သစ်ကူးပွဲကို ပိုသတိရသွားတယ်။

ကရင် အလံ..
The national flag of Karen (Republic of Kawtholei)

The design with a drum is attributed to the KNU (Karen National Union)

Source : Karean Flags

Unwell = Ungrateful

Blogger is on MC for 2 Days
(18 Dec 2006 & 19 Dec 2006)

December 17, 2006

Interview Your Next Boss

အလုပ်အသစ်ရှာဖို့ ဆို ကျွန်မတို့  Interview တွေသွားကြရတယ်...
ပြီးတော့ Interviewer တွေ မေးသမျှ မေးခွန်းတွေကို ကျွန်မတို့  ကြိုးစားဖြေကြရတယ်..
အဲလို Interview တွေသွားရာမှာ Interviewer တွေကို ပြန်မေးခွန်းတွေ ပြန်ထုတ်ပြီး သူတို့  ဖြေတာလေးတွေကို နားထောင်ချင်စိတ်လေးများ တစ်ခါမှ မဖြစ်မိကြဘူးလားရှင်...

သူများတွေတော့ မသိဘူး၊ ကျွန်မ အနေနဲ့  ကတော့ Interviewer တွေက ချောင်ပိတ်မေးခွန်းတွေ အရမ်းမေးလာပြီဆို ဖြေနေရရင်းက သိပ်စိတ်မရှည်တော့ပဲ၊ အလုပ်ရတာ မရတာ အသာထားရော သူတို့  တွေကို မေးခွန်းတွေ ပြန်ထုတ်ချင်စိတ်ပေါက်မိတယ်..
နောက်ပြီး ကျွန်မ အနေနဲ့ က လုပ်သက်ကလည်း သိပ်မရှိသေး၊ Interview သွားဖူးတဲ့ အကြိမ်အရေ အတွက်ကလည်း မများသေးတော့.. ( Interviewပါး မ၀သေးဘူး ဆိုရမလားပဲ) သူတို့  ဘက်က မေးခွန်းတွေ မေးပြီးလို့  ကျွန်မဘက်က ဘာများမေးချင်ပါသေးလဲ မေးလာရင် ဘာမေးရမှန်း မသိဖြစ်သွား တတ်သေးတယ်...

အဲလို ဖြစ်တတ်တဲ့ ကျွန်မ အကြောင်းတွေကို သိနေတဲ့ သူငယ်ချင်းတစ်ယောက်က၊ လွန်ခဲ့တဲ့ ၃ လ၊ ကျွန်မ အလုပ်အသစ်ရှာနေတဲ့ အချိန်တုန်းက ဒီ "Interview Your Next Boss" ဆိုတာလေးကို ရှာပြီး email နဲ့ ပို့  ပေးခဲ့ပါတယ်။ အဲ့ဒီထဲက တချို့ မေးခွန်းတွေကို ကျွန်မ လက်တွေ့  အသုံးချဖြစ်ခဲ့ပါတယ်။

Following are a few sample questions you might consider posing to a hiring manager:
  • Why is this position open? Why did the last person leave?
  • If a project is not on schedule, what does the company do to make the deadlines?
  • How does the review process work? How often does it occur?
  • How big is the engineering team?
  • How does the manager share credit/recognition for joint ideas?
  • How long has the manager worked there?
  • Is it possible to get a patent while you work there, or does all intellectual property belong to the company?
  • Can you tell me about your best employees and how you like to work with them?
  • Can you tell me about your least favorite employees?
အဲ့ဒီ article ထဲမှာပါတဲ့ "Always remember that the interview process is a two-way street. And even a bad interview was well worth your time. " ဆိုတာလေးကို သဘောကျမိတယ်။

Thanks to STAung..

December 16, 2006

God Grant Me The Serenity


God grant me the serenity
to accept the things I cannot change,
the courage to change the things I can
and the wisdom to know the difference.

ငယ်ငယ်ထဲက နေရာတော်တော်များများမှာ အမြဲ မြင်တွေ့ နေခဲ့ပြီး မှတ်မိနေတဲ့ စာသားတွေပါ။ ဒီလို စာသားမျိုးတွေကို ခရစ်ယာန် အိမ်တွေရဲ့ အ၀င်ဝမှာ ဒါမှမဟုတ် ဧည့်ခန်းနံရံ တွေမှာ ချိတ်ထားလေ့ရှိကြတယ်။ ကျွန်မ နှစ်သက်မိလို့  ကျွန်မ ရဲ့ အင်တာနက်ပေါ်က နေရာ တော်တော်များများမှာ ဒါလေးကို ရေးထားလေ့ ရှိခဲ့ပါတယ်။ ပုံမှန်ဆို အဲ့လို စာသားလေးတွေမှာ ရေးသူဘယ်သူ ဒါမှ မဟုတ် ဘယ်စာအုပ်၊ ဘယ်ကျမ်းစာက ဆိုတာပါပေမယ့် ဒီဆုတောင်းစကား မှာ ရေးသူနေရာမှာ ( Anonymous ) လို့ ပဲ တွေ့  နေခဲ့တယ်။ ဒီနေ့  ကိုယ့်ရဲ့ webpage တွေကို လိုက်ကြည့်မိရင်း ဒါလေးပြန်ဖတ်မိတော့ ဘယ်သူ ရေးတာလည်း၊ ဘယ်ကလည်း သိချင်သွားတာနဲ့ လိုက်ရှာကြည့်လိုက်တာ ဒီ Prayer အကြောင်းရေးထာတာကို AAHistory တွေ့  မိတယ်။

ကျွန်မ အနေနဲ့  သူတို့  ခရစ်ယာန်တွေလို ဘုရားသခင်စီမှာ ဆုတောင်းတာ မဟုတ်ပေမယ့်..
ရနိုင်မယ်ဆိုရင်....

၁. မပြောင်းလဲနိုင်သော အရာများကို လက်ခံရန် တည်ငြိမ်အေးဆေးသော စိတ်ဓာတ်ရယ်..
၂. ပြောင်းလဲနိုင်သော အရာများကို ပြောင်းလဲရန် ရဲရင့်သော သတ္တိ နဲ့ ...
၃. အဲဒီ အရာနှစ်မျိုးရဲ့ ခြားနားမှု့ ကို သိနိုင်သော ဥာဏ်ပညာ ..

ဒီသုံးခု ကျွန်မမှာ အမြဲ ရှိစေချင်တယ်။

December 15, 2006

ထိပ်ဆုံးသို့ 

ငယ်ငယ်ကလေးဘ၀တည်းကနေ ခုချိန်ထိ ကြိုက်နှစ်သက်မိနေတဲ့ ကဗျာတစ်ပုဒ်ပါ။ ကျွန်မ့ဘ၀မှာ ခုချိန်ထိတော့ သူများတိုက်တွန်းလို့  လုပ်ခဲ့ရတယ်ဆိုတဲ့ အရာတွေ အလွန်နည်းပါးခဲ့ပြီး၊ ကိုယ့်ဆန္ဒ အရ လုပ်ချင်စိတ်ရှိလို့  လုပ်ခဲ့တာတွေက အတော်များပါတယ်။ ကျွန်မ ဆန္ဒနဲ့ ကျွန်မ လုပ်ခဲ့တဲ့ အကြောင်းအရာတွေ အလယ်မှာ ကြိုးစားနေပါလျှက်နဲ့  အဆင်မပြေမှု့ တွေ ကြုံလာပြီး စိတ်တွေရှုပ်လာ၊ အားလျှော့လာပြီး ရှေ့ဆက် လုပ်ချင်စိတ် မရှိတာတွေ ဖြစ်လာတာမျိုး အကြိမ်ပေါင်းများ ဖြစ်ခဲ့ဘူးတယ်။ အဲ့ဒီလို စိတ်ဓာတ်ကျလာပြီဆို ကျွန်မ၊ ဒီကဗျာလေးကို သတိတရနဲ့  စိတ်ထဲကနေ အကြိမ်ပေါင်း များစွာ ရွတ်ဆိုပြီး အားတင်း၊ အားယူ ခဲ့ဘူးပါတယ်။ ကျွန်မ အတွက် အမှတ်တရပါပဲ။ ဒီကဗျာလေးကို ကျွန်မ နောက်ထပ်လည်း အကြိမ်ပေါင်း များစွာ ရွတ်ဆိုနေဦးမှာပါ။

ထိပ်ဆုံးသို့ 

တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန်ပြန်သေးသမို့ 
ဖန်ဖန်လေ အားအင်နှိုးလို့ ရယ်
ကြိုးလျှောက်ရပြန်။

ခါတလေ ပင်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်မလား။

စခဲ့မိဟာပေါ့
တစ်နေ့ မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့ 
စိတ်နွမ်း အသာဖြေဦး
မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့ 
မူတသွင် အားသင်သစ်လိုက်ပါ့
ချစ်ဖွယ့်လူသား။

ငွေတာရီ

Thanks to khwunn and THKZ.

December 13, 2006

Joke Of The Month

ဒီနေ့  ခေတ်ပြိုင်က သတင်းတစ်ခုဖတ်ပြီး ရယ်ချင် သွားတယ်။ Joke of the Month လို့  ပြောရမလား။ ဒီသတင်း ဖတ်ပြီးမှ နောက်ဆုံးလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း ဘာလို့  မပါတာလဲဆိုတာ သဘောပေါက်တော့တယ်။ ပြန်ကြားရေးဝန်ကြီးက မှန်တာတွေပြောလို့ ၊ လိမ်တာကို သဘာဝကျကျ မလိမ်တတ်လို့  ဆိုပြီး ပြောရေးဆိုရေး အပိတ်ခံရတယ် ဆိုတာမျိုး ကျွန်မတို့  နိုင်ငံတစ်ခုတည်းမှာ ရှိမယ်ထင်တယ်။

ပြန်ကြားရေးဝန်ကြီး ပြောရေးဆိုရေးပိတ်ပင်ခံရခြင်း - ခေတ်ပြိုင်

ပြန်ကြားရေး ၀န်ကြီးဆိုတာ ကျွန်မနားလည်တာတော့ ပြန်ကြားရေးနဲ့  ပတ်သက်ရင် အကြီးဆုံး၊ တာဝန် အရှိဆုံးသူ ဖြစ်ပါတယ်။ အဲ့ဒီ ပြန်ကြားရေးဝန်ကြီးရဲ့ ပြောရေးဆိုခွင့် အပိတ်ခံရတယ်ဆိုတော့ တော်တော်ကို ရယ်ရပါတယ်။ သူ့ အစား ဘယ်သူက ပြန်ကြားပေးရမလဲ မသိဘူး။ စဉ်းစားလေ ရယ်ဖို့ ကောင်းလေပဲ။

စစ်အစိုးရ လက်ထက်မှာ ကမောင်ကမ ရှိပုံများ.. ရှက်များရှက်တက်လို့ကတော့ … …
ဒါပေမယ့် သူတို့ က ဒါကို ရှက်ရကောင်းမှန်းလဲ သိမယ့်ပုံမပေါ်ပါဘူး။
ဥပမာ ပေးရရင်.. လူတချို့ က ရန်ဖြစ်ရင်၊ လမ်းမပေါ်ထွက်ပြီး လုံချည်လှန်၊ အော်ဆဲနဲ့  ရန်ဖြစ်တက်ကြတယ်။ ပြီးတော့ သူဒီလို လုပ်လိုက်လို့  တဖက်လူက ဘာမှ ပြန်မပြောရဲ၊ သူတို့ နဲ့ ပြန်ရန်မဖြစ်ရဲဖူးဆိုပြီး ဂုဏ်ယူတတ်ကြတယ်။ လူတချို့ ကတော့ ဒီလိုလုပ်တာဟာ သေလောက်အောင် ရှက်ဖို့ ကောင်းတဲ့ ကိစ္စလို့  မြင်တတ်ကြတယ်။ ဒီသဘောပါပဲ။

မင်းကိုနိုင်တို့  ကိစ္စ တုန်းကလည်း ဆွေးနွေးဖို့  ခဏခေါ်တာဘာဆိုပြီး၊ နောက်ကျတော့ ထိန်းသိမ်းထားတယ် ဖြစ်သွားပြန်ရော…။ ဒါ cabinet-level officer ပြောတဲ့ စကားပါ။ ဒီ အစိုးရ စကား ဘယ်လောက်များ ယုံကြည်စိတ်ချ ရပါသလဲ။

ကျွန်မ ဖတ်ခဲ့ မှတ်ခဲ့ မိတာလေး တစ်ခုပါ။ ဗိုလ်ချုပ်အောင်ဆန်း က ဒုတိယ ကမ္ဘာစစ်တုန်းက British နဲ့  မဟာမိတ်ပြန်ယူပြီး ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲဖို့  British စစ်တပ်က အရာရှိနဲ့  လျှို့ ဝှက်ဆွေးနွေးဖို့  သွားခဲ့ပါတယ်။ ဗိုလ်ချုပ်က British တွေရဲ့ နယ်မြေမှာ သွားတွေ့ ခဲ့တာပါ။ အဲ့လို တွေ့ ဆုံကြတော့ British အရာရှိက ဗိုလ်ချုပ်အောင်ဆန်းကို မင်းကို ငါတို့  လှည့်ဖျားခေါ်ပြီး ဖမ်းလိုက်မှာ မကြောက်ဘူးလားလို့  မေးပါတယ်တဲ့။ ဗိုလ်ချုပ်အောင်ဆန်း က ခင်ဗျားက British Officer တစ်ယောက်ဖြစ်နေတဲ့ အတွက်၊ စိတ်မပူပါဘူးလို့  ပြန်ဖြေခဲ့ပါတယ်။ စဉ်းစားကြည့် အဲ့ဒီတုန်းက ဗိုလ်ချုပ်ဟာ ရန်သူကိုတောင် ယုံကြည့်ထိုက်လို့  ယုံကြည်ခဲ့တယ်။ အဲ့ဒီတုန်းက ဗိုလ်ချုပ်နဲ့  တွေ့ ခဲ့တာ နာမည်ကြီး British Officer တစ်ယောက်ပါပဲ။ ကျွန်မ နာမည်တော့ မမှတ်မိတော့ပါဘူး။

ဒီဘက် မင်းကိုနိုင်တို့ ခေတ်မှာတော့ အမျိုးသားပြန်လည် စည်းလုံးရေးအတွက် Burmese Officer နဲ့  တွေ့ မှသာ ခံလိုက်ရတော့တာပါပဲ။ ကျွန်မတို့  လက်ရှိ အစိုးရရဲ့ ယုံကြည်စရာ မကောင်းလိုက်ပုံတွေက ပြော မကုန်နိုင်အောင်ပါပဲ။

December 12, 2006

12 December 2006

ဒီနေ့  ကျွန်မအတွက် အလုပ် schedule ထွက်လာပါတယ်။ 11 December 2006 က ကျွန်မလုပ်လို့  ပြီးသွားတဲ့ အလုပ်တွေ အတွက် Item တစ်ခုကို Development Time ဆိုပြီး 1 day ရပါတယ်။ Analyst လုပ်ဖို့ ဆိုပြီး ၂ ရက် ထပ်ပေးထားပါတယ်။ ဒီတော့ ကျွန်မရဲ့ Time Schedule က 29 December 2006 အထိ ပြည့်သွား ပါတယ်။ ဒါ Development သတ်သတ် အတွက်ပါပဲ။ SIT and UAT testing က January 2007 မှ လုပ်မှာပါတဲ့။ ရက်သတ်သတ် ထပ်ရပါသေးတယ်။ အင်း………….. ဒီ ၁ လလုံး ဘာမှ လုပ်စရာမရှိတော့ဘူး။

ဒီနေ့ ပဲ PM က User က Changing Request တစ်ခု လုပ်တာကို ကျွန်မကို Assign လုပ်မယ်ဆို ရနိုင်မလားတဲ့ လာမေးတယ်။ ရပါတယ် လုပ်ပေးမယ် ပြောလိုက်တာ.. ဒါဆို အဲ့ဒီ ဟာကို ဘယ်လောက်ကြာမလဲတဲ့။ Analyst လုပ်ဦးမယ်၊ 1 day ပေးပါ၊ ဒါပေမယ့် development က 2 to 3 days ပေါ့လို့  ပြောလိုက်တော့၊ development အတွက် 1 week ယူတဲ့။ ဟုတ်ပြီ.. အီးမေးပို့ ပေးလိုက်လို့  ပြောလိုက်တော့ ကျွန်မက 29 December အထိ အားမှာ မဟုတ်တော့ ဒီ Item ကို 1st and 2nd week of Jan မှာ လုပ်ဖို့  Assign လုပ်လိုက်မယ်တဲ့ရှင်။ ဖြစ်နိုင်မလား ထပ်မေးသေးတယ်။ ဟိုရှေ့ ကဟာက Testing ဆိုတော့ ဒီဟာ development နဲ့  တစ်ချိန်ထဲ နှစ်ခုလုပ်ရမှာ အဆင်ပြေပါ့မလားတဲ့လေ။ စိတ်လေတယ်။ သူလုပ်ခိုင်းတာက ၁ ရက်နဲ့ တောင် ပြီးနိုင်နေတယ်။ ကိုယ်က ပိုပိုလိုလို 2 or 3 days Development လို့ ပြောလိုက်တာပါ။

ဒီအလုပ်မှာ ဒီပုံအတိုင်းသာသွားရင် ကြာရင် ကျွန်မ ပျင်းပြီး ရူးလောက်တယ်။ အော်..အရင် အလုပ်တွေမှာ အ မလုပ်ရှုပ်တုန်းကတော့ အလုပ်မရှုပ်တဲ့ အလုပ်လေးရရင် ကောင်းမှာလို့  ဆုတောင်းတယ်၊ ခုအလုပ်မှာ အလုပ်မရှုပ်၊ အားနေပြန်တော့ လုပ်စရာလေးတွေ ပေါ်လာပြီး အလုပ်ရယ် ရှုပ်စမ်းပါလို့  ဆုတောင်းနေရတယ်။ လူတွေများ အမျိုးမျိုးပါပဲ။ ဒါကြောင့် လူ့ အလို နတ်မလိုက်နိုင်လို့  ပြောနေကြတာ ဖြစ်ပါလိမ့်မယ်။

Just The Way You Are

One should love you, the way you are
Not the way she wants you to be ...
If someone tries to change you then it is not love but a compromise
And love needs no compromise ...

from Mohabbatein

( Thanks To sylatt From NativeMyanmar)

December 11, 2006

Busy Day At Work - 11 December 2006

ဒီနေ့  ထူးထူးခြားခြား တစ်နေကုန်အလုပ်ရှုပ်နေတယ်။ မနက် ၉ နာရီက ညနေ ၆ နာရီအထိ အလုပ်ရှုပ်နေတယ် ဆိုတာ တစ်ခြားအလုပ်တွေ တုန်းက စကားထဲ ထည့်ပြောနေစရာမလိုပေမယ့် ဒီအလုပ်မှာ တော့ ၁လခွဲ အတွင်းမှာ ပထမဆုံး အလုပ်ရှုပ်တဲ့ နေ့ ပါပဲ။

ကျွန်မ နဲ့  နောက် တစ်ယောက်ကို တာဝန်ယူပြီး ရှင်းလိုက်ပါဆိုပြီး Items 13 ပါတဲ့ Task List တစ်ခု ကို ပြီးခဲ့ တဲ့ အပတ်က PM က email ပို့ ပေးခဲ့တယ်။ ကျွန်မက ခုမှ စ၀င်တာ မကြာသေးဘူဆိုတော့ ခက်တာတွေ မလုပ်ပါနဲ့  လွယ်လွယ်လေးတွေပဲ လုပ်ပါတဲ့။ Task List ကို ကြည့်လိုက်တာ လွယ်လွယ်လေးတွေ။ ပြီးတော့ Rollout date က February 2007 တဲ့။ ဒါနဲ့  ပြီးခဲ့တဲ့ သောကြာနေ့ က Business Analyst ၊ တစ်ခြားတစ်ယောက် နဲ့  ကျွန်မ ရယ် meeting လုပ်ပြီး သိပ်မရှင်းတာလေးတွေ မေးဖြစ်ခဲ့တယ်။ တစ်ကယ်တော့ Requirement Email မှာထဲက 99% လောက် အသေးစိတ်ရှင်းပြီးသားပါ။ ကျွန်မကို 8 out of 13 Items assign လုပ်မယ်တဲ့။ Ok ရဲ့လားတဲ့။ ခက်တာ 5 ခုကို တစ်ခြားတစ်ယောက်လုပ်ခိုင်းမယ်တဲ့။ ဘာပြောရမှန်းတောင်မသိဘူး။ :D

ဒီနေ့  အဲ့ဒီ Item 8 ခုကို လုပ်လိုက်တာ အကုန်ပြီးသွားပါပြီ။ တစ်ခုပြီးတစ်ခါ application server ကို restart လုပ်ပြီး test လုပ်ရတာဆိုတော့ နည်းနည်း အချိန်ကုန်တယ်။ SIT and UAT မှာ Testing schedule က ဘယ်တော့လဲ မေးတော့ Development & Testing Schedules မပြီးသေးလို့  နောက်နေ့ မှ ပြောမယ် ပြောတာပဲ။ ဘယ်တော့ Testing လုပ်လုပ် ကိစ္စမရှိပါဘူး၊ ကိုယ်နဲ့  ဆိုင်တာက ကိုယ့်အလုပ်ပြီးဖို့ ပါပဲ။
ကျွန်မအနေနဲ့ တော့ အလုပ်ဆိုတာ အလုပ်နဲ့ တူမှ ကောင်းတယ် ထင်တယ်။ အချိန်ပိုတွေ အရမ်းလုပ်နေရတာကို မကြိုက်ပေမယ့်၊ အလုပ်မှာ ပုံမှန် အလုပ်ချိန် 9 AM to 6 PM အတွင်းမှာတော့ လုပ်စရာလေးတွေနဲ့  အလုပ်ရှုပ်နေမှ။ မဟုတ်ရင် ပျင်းတာနဲ့  သေလောက်တယ်။ အလုပ်မရှိရင်၊ တခြား ကိုယ်လုပ်စရာရှိတာတွေ လုပ်ပေါ့ဆိုတော့လဲ အလုပ်မှာဆို အလုပ်နဲ့  ဆိုင်တာတွေပဲ လုပ်ရတာ ကြိုက်တယ်။ တခါတလေ အလုပ်တွေရှုပ်နေတဲ့ ကြားကမှ ကိုယ်လုပ်ချင်တာလေးတွေကို မရမက အချိန် ယူ လုပ်ရတာကလည်း ပျော်စရာ တစ်မျိုးပဲလေ။

December 10, 2006

Present From Best Friend

မနေ့ က သူငယ်ချင်းတစ်ယောက် ပေးတဲ့ လက်ဆောင်..
ဒီလို စာလုံးလေးတွေနဲ့  နာမည်ဖေါ်တာကို ဟို တစ်ခါ အရုပ်ဆိုင်ရောက်ထဲက လိုချင်နေတာပါ။ ဘာလို့ မှန် မသိဘူး အဲ့လို စာလုံးလေးတွေ အရုပ်လေးတွေကို သဘောအရမ်းကျမိတယ်။ ကိုယ့်ဟာကို ၀ယ်ဖို့ ဆိုတာ နည်းနည်းများ ကြောင်တောင်တောင် နိုင်မလားဆိုပြီး.. မ၀ယ်ပဲနေလိုက်တာ.. ကိုယ်ဘာကြိုက်တတ်လဲ သူပဲသိနေတာလား၊ သူကြိုက်တာနဲ့  ကိုယ်ကြိုက်တာ ဒီနေရာမှာ တူသွားတာလားတော့မသိဘူး။ ခုတော့ ၀ယ်စရာမလိုပဲ လိုချင်တာရလိုက်တယ်။
ကျေးဇူးပါပဲ။

ကျွန်မကတော့ သူ့ မွေးနေ့ ဆို သတိရတောင် မွေးနေ့ လက်ဆောင်ပေးဖို့  မေ့နေတတ်တယ်..
အမေ့ကောင်း လို့ ပဲ ပြောရမလား။ မှတ်မှတ်ယယ မနှစ်ကတော့ သုံးနှစ်စာပေါင်းပြီး လက်ဆောင်ပေးဖြစ်ခဲ့တယ်. :D ဒါတောင် မေ့တော့မလို့ ။

ကျွန်မ ပထမဆုံးပေးရခဲ့တဲ့ မွေးနေ့ လက်ဆောင် က ၂၁ နှစ်ပြည့်မွေးနေ့ မှာ….. ၂၁ နှစ်ကနေ ခုထိဆို နှစ်ပေါင်းမနည်းတော့ဘူး။ နှစ်စဉ် မွေးနေ့  ရောက်တိုင်း မမေ့မလျှော့၊ သတိတရ ရှိခဲ့တာတွေ အတွက် ကျေးဇူးတင်ပါတယ်။ နောင်နှစ်ပေါင်းများစွာ ခုလိုပဲ မှတ်မိ၊ သတိရ၊ ဆုတောင်း၊ လက်ဆောင်တွေ ပေးနိုင်နေပါစေ။

December 09, 2006

Dinner and Shopping at Friday Evening

ဒီနေ့  သောကြာနေဆိုတော့ City Hall မှာ မြန်မာအစားအစာတွေကို ညစာအနေနဲ့  သွားစားမလို့ ဟာ ချစ်သူငယ်ချင်းကြီးရဲ့ ကောင်းမှု့ နဲ့  Orchard မှာ စားဖြစ်သွားတယ်။ နှစ်ခေါက်ရှိမှ မှတ်မိမယ်ထင်လို့ နဲ့ တူတယ် ဒီနှစ်တော့ နှစ်ခါတောင်စားလိုက်ရတယ်။ နောက် နှစ်တွေရောက်ရင်လဲ ဒီရက်တွေရောက်တိုင်း သတိရနေမှာပါ။

နိုဝင်ဘာရောက်တိုင်း ရာထူးတွေတိုး ၊ လခ တွေတိုးပြီး ငါ့ကို မွေးနေ့ လက်ဆောင် ကောင်းကောင်းပေးနိုင်၊ ဒီဇင်ဘာရောက်တိုင်း Bonus တွေရပြီး မုန့် တွေများများ လိုက်ကျွေးနိုင်ပါစေ လို့  ဆုတောင်းပေးလိုက်တယ်။
ဒီနေ့ စားတာတွေက ပိုများပေမယ့် ဘာဓာတ်ပုံမှ မရိုက်ထားမိတော့ အရင် 3rd December က ရိုက်ထားတဲ့ ပုံလေးပဲ တင်လိုက်တော့မယ်
ထုံးစံအတိုင်း စာပြီးဗိုက်ဝတော့ Shopping သွားကြည့် ဖြစ်ကြတယ်။ ဒီနေ့  Takashimaya မှာ သူရဲ့ Credit Card နဲ့ ဝယ်ရင် 10% discount ပေးတာတွေ့ တယ်။ ကျွန်မမှာက Takashimaya က Credit Card မရှိတော့ ၀ယ်တဲ့ ပစ္စည်းအတွက် discount မရခဲ့ဘူး။ Credit Card တစ်ကတ်ရှိရင် လုံလောက်တယ်ဆိုပြီး နောက်ထပ်ဘာမှ မလျှောက်ပဲနေတာ မဖြစ်တော့ဘူး။ ဒီလို discount တွေရအောင် နောက်ဆို Credit Card တွေ များများလျှောက်ထားမှ ကောင်းမယ်နဲ့ တူတယ်။

ဘာတွေဝယ်ဖြစ်လဲဆိုတော့ သူငယ်ချင်းကို မွေးနေ့ လက်ဆောင် ၀ယ်ပေးဖြစ်တယ်။ မပေးရင် ဘလောခ့်မှာ ရေးမယ်ဆိုပြီး ချိန်းခြောက်နေသေးတယ်။ ဒါမျိုးချိန်းခြောက်ရင် ကျွန်မက ကြောက်မယ်ထင်နေ သလား မသိပါဘူး။ :P ကျွန်မက သူငယ်ချင်း ဆိုတဲ့ သံယောစဉ်ကို ဘာနဲ့ မှ တန်ဖိုးမဖြတ်ချင်လို့  ဘာမှ ၀ယ်မပေးပဲနေတာကို အတင်းကြီး တန်ဖိုးဖြတ်ခိုင်းနေတော့ စိတ်မကောင်းစွားနဲ့  တန်ဖိုးဖြတ် လိုက်ရတော့တယ်။ ဘာဝယ်ပေးခဲ့လဲ? ... ကျွန်မရဲ့ သူငယ်ချင်းကြီး အတွက် အမှန်တကယ် လိုအပ်နေတဲ့ အရာကိုပဲ ၀ယ်ပေးခဲ့တာပါ။

Gap က အင်္ကျီလေးတစ်ထည် ကြည့်ခဲ့သေးတယ်။ ကြည့်ရုံကြည့်တာပါ၊ ဈေးက S$ 579 ဆိုလို့ မ ၀ယ်နိုင်ခဲ့ပါဘူး။ အင်း.. ချစ်သူငယ်ချင်းတွေ အားလုံးက မွေးနေ့ လက်ဆောင်ပေးပြီး ကုန်လို့ ပေါ့။ မဟုတ်ရင် ပေးဖို့  ကျန်နေတဲ့သူကို မွေးနေ့ လက်ဆောင်အဖြစ် ၀ယ်ခိုင်းလိုက်ပါတယ်။ ပါလာတဲ့ သူငယ်ချင်းကလည်း မိုက်တယ်၊ လိုက်လောက်တယ်ဆိုပြီး ချောက်တွန်းစကားသာ ဆိုနေတာ၊ ဘာမှ မသိတတ်ဘူး။ တကယ်ဆို ၀ယ်ပေးလိုက်ပြီးတာပဲဟာကို ၀ယ်တော့ ၀ယ်မပေးဘူး။ ဒီနှစ်တော့ ထားလိုက်ပါတော့ ... နောက် နှစ်မှပဲ.. နိုဝင်ဘာဆို Shopping လေးကြိုသွားထား... လိုချင်တာလေးတွေ စာရင်းလုပ်ပြီး တောင်းတော့မယ်။

December 07, 2006

My Working Place

ပြီးခဲ့တဲ့ တနင်္ဂလာနေ့ က Desktop ကွန်ပြူတာတစ်လုံးလာပေးလို့  လိုအပ်တဲ့ Install လုပ်နေရတာနဲ့  ဒီရက်ပိုင်း မအားဘူး ဖြစ်နေတာပါ။ သူတို့  အသစ်လာပေးတဲ့ စက်ထဲမှာက Window ၊ Office ၊ WinZip နဲ့  LoutsNote ပဲ သွင်းပေးထားတာဆိုတော့ ကိုယ့်အတွက်လိုအပ်တာ အကုန်သွင်းပြီး configuration တွေလုပ်နေရတာ အလုပ်ရှုပ်၊ စိတ်ရှုပ် ဖြစ်နေတာပဲါ။ အရင်ပေးထားတဲ့ Laptop တုန်းက အကုန် Install လုပ်ပြီးသားဆိုတော့ ကျွန်မလိုတဲ့ ZawGyi Font လောက်ပဲ Install လုပ်ခဲ့ရတာ။ Development လုပ်တာတွေက Laptop မှာ အဆင်မပြေတာနဲ့  Project Manager က နောက် Desktop တစ်လုံး ထပ်တောင်းပေးတာပါ။ မနေ့ ကတော့ Desktop မှာ လိုတာတွေ အကုန်နီ်းပါး Install လုပ်ပြီးသွားတယ်။ ဒီနေ့  တော့ အလုပ်မှာ တခြား လုပ်စရလေးတွေ လုပ်လို့ ရမလား အောင်မေ့ခဲ့ပါတယ် ဒီမနက် အလုပ်လည်းရောက်ရော Supervisor ကပြောတယ်၊ ဒီနေ့  မနက်ပိုင်း 0ffice ပြန်ရွှေ့ ရမယ့်တဲ့ရှင်။

ကျွန်မ ဒီအလုပ်ကို စ၀င်တုန်းက နေရတာ ၁၂ ထပ်မှာ။ ရောက်ပြီး ၂ ပတ်လောက်လဲနေရော ၉ ထပ်ကို ခဏ ပြောင်းရမယ်တဲ့။ ဘာလိုလဲ ပြောင်းရမလဲဆိုတာကို Senior တစ်ယောက်က ပြောပြတယ်။ ဒီနေရာမှ ပြန်ပြီး ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ဖို့ ပါတဲ့။ ကျွန်မ စိတ်ထဲ နည်းနည်း အူကြောင်ကြောင်ဖြစ်သွားတယ်။ ကြည့်ရတာ နေရထိုင်ခင်း အကုန် အဆင်ပြေနေရဲ့နဲ့  ဘာလို လုပ်မှာလဲပေါ့။ ခဏနေတော့ Project Manager က တိုးတိုးလေး လာပြောတယ်။ သူတို့ Hotdesking System လုပ်မလို့ ဒီလို ပြင်ဆင်မှု့ တွေ လုပ်ရမှာပါ။ တွေ့ တဲ့ အတိုင်းပဲ ခု တစ်ယောက်ချင်းစီ ရထားတဲ့ နေရာတွေက အကျယ်ကြီးတွေ၊ နောက် အားလုံးပြင်ဆင်ပြီးရင်တော့ လူ တစ်ယောက်ချင်းစီကို နေရာ သတ်သတ် မှတ်မှတ် မပေးတော့ဘူးတဲ့။ လူတိုင်းကို Desktop Computer တွေအစား Laptop တွေပေးမယ်၊ ရိုးရိုးဖုန်းတွေအစား IP Phone တွေတပ်ပေးမယ်၊ ပြီးတော့ နေရာတွေက ကျဉ်းသွားမှာမို့  ကိုယ်ပိုင် ပစ္စည်းတွေ သိမ်းဖို့  Swimming Pool Locker ပေးမယ်တဲ့။ ဘေးမှာ နားထောင်နေတဲ့ တစ်ယောက်က Swimming Pool Locker ဆိုတာ မသိဘူး၊ ဘာလဲလို့  မေးတော့ အဲ့ဒီ ပြောတဲ့ သူက Swimming Pool တွေမှာ တွေ့ ရတဲ့ Locker မျိုးမို့  သူကတော့ အဲ့လို ခေါ်တယ်၊ ဘယ်လိုဟာလဲ သိချင်ရင် ခေါင်းမိုးပေါ်က Swimming Pool နားမှာ ရှိတယ်။ ကိုယ့်ဟာကိုသာ တက်ကြည့်တဲ့လေ။ နောက်ဆုံး သူအဓိက က ပြောချင်တာက ဒီလို ပြောင်းတာဟာ နေရာ အများကြီးမယူပဲ လူများများဆန့် အောင်လို ပြောင်းရတာလို့ ပဲ ကျွန်မနားလည်ခဲ့တယ်။ သူတို့  အဲ့လို ပြောင်းရတာကို သိပ်ကြိုက်ကြပုံ မပေါ်ဘူး။ အင်း ... ကိုယ်နဂို ရထားတဲ့ နေရထက်စာရင် အများကြီးကျဉ်းသွားမယ့် နေရာကို ပြောင်းရမှာကို ဘယ်လို လူမျိုးတွေမှ ကြိုက်ကြမယ် မထင်ပါဘူး။

အင်း ဒီနေ့ တော့ အဲ့ဒီ Hotdesking System နဲ့  စမိတ်ဆက်ရ တော့တယ်။ ဒါကြောင့်မို့  မနေ့ က User Training ဆိုပြီး IP ဖုန်းတွေ ဘယ်လို သုံးရသလဲဆိုတာကို နာရီ ၀က်လောက်သွား နားထောင်၊ စမ်းကြည့် လုပ်လိုက်ရတာ ဖြစ်မယ်။ IP ဖုန်းက ရိုးရိုးဖုန်းတွေလိုပါပဲ။ ထူးတာက ဖုန်းသုံးမယ်ဆို User Account နဲ့  ကိုယ်ပိုင် Password သုံးပြီး Login ၀င်ရတယ်။ ဘယ်နေရာ ကိုယ်က ထိုင်ထိုင်၊ ဘယ်ဖုန်းကို မဆို ကိုယ် Login လုပ်ထားရင် ကိုယ်ရဲ့ ဖုန်းနံပါတ် နဲ့  ကိုယ့်ဖုန်းပေါ့။ သူတို့ ပြောတာတော့ အလုပ်ရောက်ရင် ထိုင်ချင်တဲ့နေရာထိုင်၊ Laptop လေး နဲ့  Internet connect လုပ်၊ ဖုန်းလေးမှာ Login ၀င်၊ လိုအပ်ရင် တစ်ခြားသွားမယ်၊ Meeting သွားမယ် ဆိုရင်၊ ကိုယ့်ရဲ့ HP ကို Call Forward လုပ်ရတယ်၊ HandPhone No. ပေးစရာမလိုဘူးတဲ့၊ ပြန်ရင် ဖုန်းကို Logout ပြန်လုပ်။ ဟင်း….. တော်တော် ရှုပ်တယ်။ ဖုန်းကို Login ၀င်ဖို့  မေ့နေရင်၊ ဘယ်သူမှ ကိုယ့်ကို ခေါ်လို့ ရတော့မှာ မဟုတ်ဘူး။ အင်း…. တစ်နေ့ လောက်တော့ မေ့ချင်ယောင်ဆောင်ပြီး Phone ကို Login မလုပ်ပဲ ထားကြည့်ဦးမှနဲ့  တူတယ်။

ဒီနေ့  ပြောင်းရတဲ့ အတွေ့ အကြုံအရတော့ နေရတွေက တော်တော်ကျဉ်းသွားတယ်။ ၁၂ ထပ်က Main Room ထဲမှာ အားလုံး နေရာလေးတွေ လူ ၂၀၀ စာလောက်ရှိမယ် ထင်တယ်။ လိုက်တော့ သေချာမကြည့်မိဘူး။ လူတွေများတော့ ကိုယ်စောစောပြန်ရင် လူသိတယ်၊ ဒါ မကောင်းဘူး။ သူများတွေ ဘယ်နားထိုင်လဲ လိုက်ရှာမှ သိရပေမယ့် ကျွန်မက Desktop ကွန်ပြူတာပါရှိနေတော့ ဟိုရွှေ့  ဒီရွှေ့  သိပ်လုပ်နိုင်မယ် မထင်ဘူး။ ခုတော့ ရှေ့မျက်နှာချင်းဆိုင် လူတစ်ယောက်ရှိနေတယ်။ အဲ့ဒီနေရာမှာ BA တစ်ယောက်ထိုင်နေတယ်၊ ဘေးတစ်ဘက် မှာတော့ Project Lead က လာထိုင်တယ်။ နောက်တစ်ဘက်မှာ Senior တစ်ယောက် လာထိုင်တယ်၊ ဆိုးတာက နောက်ဘက် မျက်စောင်းထိုးမှာ Project Manager က လာထိုင်နေတယ်။ Lead နဲ့  PM က ကျွန်မရဲ့ Desktop ရဲ့ ကွန်ပြူတာ Screen ကို မြင်နိုင်နေတယ်။ Laptop သုံးနေရင်တော့ မြင်ရမယ် မထင်ဘူး။ နောက်ဆို ဘလောခ့်တွေ ဖတ်ရင် Laptop သုံးပြီး ဖတ်မှ နဲ့ တူတယ်။

နောက်ဆိုးတာ တစ်ခုက ဒီနေရာမှာ ဘာ ရှု့ ခင်းမှ မမြင်ရဘူး။ ဒါဆို မျက်စိညောင်းရင် ဟိုငေး ဒီငေး လုပ်လို့  မရတော့ဘူး။ အရင်နေရာ ၁၂ ထပ်က နေရာတုန်းက တိုက်ကြီတွေ မြင်ရတယ်။ ၉ ထပ်မှာ ၁ လလောက် နေရတဲ့ နေရာတတွေတုန်းက စိမ်းစိမ်းစိုစိုနဲ့  ရှုခင်း ကောင်းကောင်းမြင်ရတယ်။ အရင် နေရာတွေတုန်းက ဖုန်းနဲ့ လက်ဆော့ပြီး ရိုက်ထားတဲ့ ပုံတွေ ရှိတယ်။ အဲ့ဒီတုန်းကတော့ ပျင်းလို့  ရိုက်ထားတာ၊ ခုတော့ အမှတ်တရပေါ့။ ဒီမှာ

၉ ထပ်မှာ ဘယ်ဘက်ကို လှမ်းကြည့်ရင် မြင်ရတဲ့ မြင်ကွင်း...
၉ ထပ်မှာ မှန်နားကပ် ငုံ့ ကြည့်ရင် မြင်ရတဲ့ မြင်ကွင်း
Temp-OfficeDesk at 9th Floorဒါက အရင် ၁၂ ထပ်ကနေ လှမ်းမြင်ရတဲ့ မြင်ကွင်း.. ( ခုတော့ ဘာမှ မမြင်ရတော့ဘူး)

December 06, 2006

06 December 2006

06 December 2006

Algorithams

Algorithms
Sanjoy Dasgupta, University of California - San Diego
Christos Papadimitriou, University of California at Berkeley
Umesh Vazirani, University of California at Berkeley

Contents:
instructor view
Chapter 0: Prologue
Chapter 1: Algorithms with numbers
Chapter 2: Divide-and-conquer algorithms
Chapter 3: Decompositions of graphs
Chapter 4: Paths in graphs
Chapter 5: Greedy algorithms
Chapter 6: Dynamic programming
Chapter 7: Linear programming
Chapter 8: NP-complete problems
Chapter 9: Coping with NP-completeness
Chapter 10: Quantum algorithms
Download : Algorithms
Source: http://www.cse.ucsd.edu/

December 03, 2006

3rd December- Birthday Star!

Happy Birthday Kyal!
၃-ဒီဇင်ဘာ-၂၀၀၆
ပျော်ရွှင်ဖွယ်ကောင်းသော မွေးနေ့ ဖြစ်ပါစေ သူငယ်ချင်းကြီး...
စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး၊ လိုအင်ဆန္ဒ အာလုံး အမြန်ဆုံးပြည့်ဝပါစေ..