လွန်ခဲ့တဲ့ ၃ နှစ်ကျော်လောက်တုန်းက ကျွန်မရဲ့သူငယ်ချင်း တစ်ယောက်က နားထောင်ကြည့်ဆိုပြီး Audio File (Mp3) တစ်ခုပေးဖူးတယ်။ ဖတ်သင့်တယ်ပေါ့လေ။ ကျွန်မက Audio File နားထောင်ရတာထက် စာရင် စာအုပ်ဖတ်တာကို ပိုပြီး အားသန်တာကြောင့် အချိန်ရရင်၊ ဖတ်ချင်စိတ်ပေါက်တဲ့ အချိန်ကြရင် ဖတ်လို့ ရနိုင်အောင် PDF ဖိုင်ကို ရှာထားဖြစ်ခဲ့တယ်။ အဲ့ဒီကစပြီး နောက်ပိုင်းမှာလည်း တချို့  ဖတ်ချင်တဲ့ စာအုပ်တွေကိုဆို PDF file တင်မကဘူး၊ Audio File တွေကို လိုက်ရှာတတ်တဲ့ အကျင့်ရသွားတယ် ဆိုရမယ်။
ပြီးခဲ့အပတ် အိမ်မှာ နေရတုန်းက HD ထဲက File တွေကို စနစ်တကျဖြစ်အောင် ပြန်စီဖြစ်ရင်နဲ့ မှ သူငယ်ချင်းပို့ ပေးတဲ့ Audio File နဲ့  PDF File ကို ပြန်တွေ့ တော့တယ်။ ဒီစာအုပ်အကြောင်းတော့ အတော်များများ သိပြီးကြပြီး ဖြစ်မယ် ထင်တယ်။ (Wikipedia) ယောက်ျားတွေ နဲ့ မိန်းမတွေအကြောင်း ရေးထားတာလို့  အကြမ်းဖျင်းပြောရမယ်။ နာမည်ကြီးတဲ့ စာအုပ်တစ်အုပ်မို့  အသေးစိတ် ဘာတွေရေးထားလည်း သိချင်ရင်တော့ ဖတ်ကြည့်ကြပါ။ စာဖတ်ရမှာ ပျင်းရင် Audio File လေးဖွင့်  နားထောင်ကြည့်လို့ ရပါတယ်။
ဒီမှာတော့ the Simpsons ကာတွန်း ထဲက ပြောပုံလေး..
Homer remarks,
"We're so different! It's like you're from Venus!"
Marge replies,
"And you're from Mars. ."
Pages
July 12, 2007
July 09, 2007
You are MY Best Friend!!
သူငယ်ချင်းတစ်ယောက် forward ပို့ တဲ့ အီးမေးတွေကို ကြည့်နေရင်းကနေ ဒီပုံလေးကို သဘောကျ သွားတယ်။ တစ်ယောက်နဲ့  တစ်ယောက် You are MY best friend ဆိုပြီး အတင်းကြီးကို Best Friend လုပ်ခိုင်းနေလိုက် ကြတာ။ တွေးကြည့်ရင် အတော်ရယ် ရတယ်။
အလုပ်ကနေ ကြိုးကြိုးစားစား အီးမေးတွေ Forward ပို့ ပေးနေတဲ့ သူငယ်ချင်းကို အထူးကျေးဇူးတင်ပါတယ်။ ;)
Recover after the flu!
မနေ့ ညနေက အိမ်ကိုဖုန်းဆက်ပြီး မေမေရေ.. သမီးတော့ မနက်ဖြန်အလုပ်သွားနိုင်ပြီ ထင်တယ်လို့  ပြောနိုင်သွားပါတယ်။ ကျွန်မ ဖျားနေတာကို အိမ်ကိုမသိစေချင်ပေမယ့် အချိန်ကောင်းလေးမှာမှ ဖုန်းဆက်လာတဲ့ Cousin တစ်ယောက်ကြောင့် အိမ်က သိသွားခဲ့တယ်။ ဒါနဲ့  ဆေးခန်းက ပြန်ရောက်တာနဲ့  အိမ်ကိုဖုန်းဆက် နေမကောင်းတဲ့ အကြောင်းပြော၊ စိုးရိမ်စရာမရှိကြောင်း၊ ခုပဲ ဆေးခန်းက ပြန်လာတာဖြစ်ကြောင်း၊ ဆေးခွင့်နှစ်ရက်ရပြီး၊ ဆေးတွေမှန်မှန် သောက်ပါ့မယ် ဆိုတဲ့အကြောင်း၊ ဒီရက်ပိုင်း အိမ်မှာပဲ ရှိနေမယ် ဆိုတဲ့အကြောင်း၊ ဘာမှ စိုးရိမ်စရာ မရှိကြောင်းကိုသာ အဓိက ပြောလိုက်ပြီးထဲက နောက်ထပ် ဆက်မယ့် ဖုန်းကို မျှော်နေမယ်မှန်းသိပေမယ့် ဖုန်းထပ်မဆက်ဖြစ်ခဲ့ဘူး။ အမေဆိုတာ သားသမီး အသံကြားရုံနဲ့ ဘာဖြစ်နေမယ်ဆိုတာ အနည်းနဲ့  အများတော့ မှန်းခန့် နိုင်ကြတာပဲ၊ ပြီးတော့ တစ်ခုခုကို သူတို့  မသိစေချင်တာကိုဆို မပြောပဲသာနေလိုက်မယ်၊ ညာပြီးတော့ မပြောချင်ဘူးလေ။ သားသမီးနဲ့  မိဘ အကြားမှာတောင်မှ ယုံကြည်မှုဆိုတာ တည်ဆောက်ရတာ လွယ်ကူတာ မဟုတ်ဘူး။
ကျွန်မ နေမကောင်းဖြစ်ကြောင်း ရေးလိုက်တဲ့ ပိုစ့်မှာ ဂရုတစိုက် Comment ထားသွားပေးတဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ နေးတစ်ဖိုရမ်က PM ပို့ ၊ SMS ပို့ ပြီး သတင်းမေးတဲ့ သူငယ်ချင်းတွေနဲ့  Gtalk ကနေ လှမ်းပြီး သတင်းမေးထားတဲ့ သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒါနဲ့  ကြားထဲမှာ တချို့ SMS တွေကို ကျွန်မချက်ချင်း Reply မလုပ်ဖြစ်ခဲ့ဘူး။ တကယ်ဆို ဖျားတယ်ဆိုတာ ဆေးသောက်မှ ပျောက်မယ် ဆိုပေမယ့် အဲ့ဒီ အားပေးစကားတွေ မိသားစုရဲ့ အဝေးမှာ တစ်ယောက်တည်း နေရတဲ့ ကျွန်မအတွက်တော့ အားအင်တွေ ဖြစ်စေပါတယ်။
နောက်ပြီး အနီးမှ မရှိနိုင်ပေမယ့် အဝေးကနေ တကူးတက ဂရုတစိုက်နဲ့  ဖုန်းဆက် အားပေး၊ သတင်းမေးကြတဲ့ အင်္ဂလန်က သူငယ်ချင်းတွေနဲ့  ယူအက်စ်က သူငယ်ချင်းတွေကို အထူး ကျေးဇူးတင်ပါတယ်။ ကျွန်မကိုသိတဲ့ သူတချို့ က အင်္ဂလန်မှာနဲ့  စင်္ကာပူ ဘယ်မှနေရတာကို ပိုကြိုက်လည်းလို့  မေးတိုင်း အင်္ဂလန်မှာ နေရတာကို ပိုပြီးနှစ်သက်တယ်လို့  အမြဲဖြေလေ့ရှိတာ တခြား ဘာအကြောင်း တွေကြောင့်မှ မဟုတ်ပါဘူး၊ အဲ့ဒီနိုင်ငံတွေမှာ ရှိနေတဲ့ ကျွန်မနဲ့  ရင်းနှီးတဲ့ အသိုင်းအ၀ိုင်း ပတ်ဝန်းကျင်တွေရဲ့ ကွာခြားမှု ကြောင့်သာ ဖြစ်ပါတယ်။ ကျွန်မရဲ့ တစ်ခုခုဆို အကူအညီတောင်းစကားကို ပြောဖို့  ပြောမထွက်၊ မပွင့်လင်းကြောင်းကို နားလည် သိနေပြီး၊ လိုအပ်တာတွေဆို လိုအပ်တဲ့ အချိန်တွေမှာ ထုတ်ပြောနေစရာမလိုပဲ သူတို့  လုပ်နိုင်သမျှ လုပ်ကိုင်ပေး သွားတတ်တဲ့ သူငယ်ချင်းတွေက အဲ့ဒီမှာ ရှိနေတယ်လေ။ မိသားစုနဲ့ ဝေးနေပေမယ့် ကိုယ်ကို ဂရုတစိုက်ရှိနေပြီး၊ သက်သောက်သက်သာ ဖြစ်နေစေမယ့် ပတ်ဝင်းကျင်မှာပဲ နေထိုင်ချင်ကြတာ သဘာဝပါပဲ။
ခုတော့ နေလို့ ကောင်းသွားပြီ။ ဒီတခါ အတော်ခံလိုက်ရတယ်။ ကြာသာပတေးနဲ့  သောကြာနေ့ တွေမှာ ရာသီဥတုကလည်း တအားပူ၊ အဲယားကွန်းကိုလည်း ဖွင့်လို့ မဖြစ်၊ ဆေးတွေက ပြင်းတော့ လူက မလှုပ်နိုင်တော့ဘူး။ တော်ပါသေးတယ်၊ စနေနေ့ မနက် မိုးတွေရွာမှပဲ နဲနဲ အေးလာတော့ ခေါင်းကိုက်သက်သာ၊ နေလို့ ကောင်းပြီး စားဖို့ သောက်ဖို့  ကိုယ်တိုင် ထလုပ်နိုင်တော့တယ်။ ထူးခြားတာက နေမကောင်းလို့  MC 2 ရက်ပါဆိုမှ အိမ်မှာနေပြီး အတော်လေး ပျော်နေမှာပေါ့နော်လို့  အမေးခံလိုက်ရသေးတယ်။ MC 1 ရက်ဆို ဒီမှာ ဒီလိုပဲယူနေကြမို့  အဲ့လိုမေးရင် တော်ပါသေးတယ်။ ခုတော့ နှစ်ရက် ပါဆို၊ ဆရာဝန်ကလည်း လိုအပ်လို့  ပေးလိုက်တာလို့  ထင်ပါတယ်။ ကြာသပတေးနေ့ က အဖျားဟာ စနေနေ့ ညမှပဲ သက်သာပါတော့တယ်။ အင်း.. အမေးခံရတုန်းက ခေါင်းကလည်းကိုက်၊ ဆေးသောက်ဖို့  အစားစားဖို့  မနည်းထလုပ်နေရလို့  စိတ်မကြည်လင် ဖြစ်နေတဲ့ကျွန်မ စိတ်တိုမိပေမယ့် နောက်တော့လည်း ငါ့ကို အတော်လေး ဟန်ဆောင်ကောင်းတဲ့ သူလို့ ၊ အထင်တကြီး ဖြစ်နေကြတာပဲလို့ သာ ဖြေတွေးလေးတွေး လိုက်ပါတော့တယ်။ ခက်ပါတယ်။ ရှိပါသေးတယ်။ ကြာသာပတေးနေ့  ညနေက အသိတစ်ယောက်က ဖုန်းဆက်တယ်။ ကျွန်မ နေမကောင်းလို့  အိမ်မှာ နားနေပါတယ်။ သက်သာရင် ပြန်ဆက်ပေးပါမယ် အသေအချာ ပြောလိုက်ပါတယ်။ ဒါကို နောက်နေ့ မှာ ဖုန်းအခါခါ ထပ်ဆက်နေတယ်။ လူက မထနိုင်တော့ အရမ်းရင်နှီးသူတွေစီက ဖုန်းတွေကလွဲရင် တခြားဖုန်းတွေလည်း မကိုင်ဖြစ်ခဲ့ဘူး။ နောက်နေ့  မနက်စောစော ဖုန်းဝင်လာတာနဲ့  ဟိုနေ့ တွေက နေမကောင်းလို့  ဖုန်းမကိုင်နိုင်လို့  ပြောလိုက်တော့မှ၊ တကယ်ဖျား နေတာလားတဲ့လေ။ သူက တကယ် ဖျားနေတယ်လို့  မထင်ခဲ့ဘူးတဲ့၊ ဒီတိုင်း MC ယူထားတယ် ထင်လို့  ဖုန်းတွေ ဆက်နေတာဖြစ်လို့  တောင်းပန်ပါတယ်တဲ့လေ။ သြော်.. ဒီနိုင်ငံရောက်မှပဲ နေမကောင်းပါဘူးတာကို တကယ်ကြီးကို နေထိုင်မကောင်း ဖြစ်နေတာလားလို့  အခါခါ အမေးခံနေရပါလား။
ဒီရက်ပိုင်းဖျားတာ သူငယ်ချင်းတွေနဲ့ တွေ့ ဖို့  အခွင့်ရေးတွေ အတော်လေး ဆုံးရှုံးသွားရမယ်။ အလုပ်က လုပ်တဲ့ IT Night ကိုလည်း မသွားလိုက်နိုင်ဘူး။ အင်း.. ဒီနှစ်စထဲက လူက အတော်လေး ချူချာနေသလိုပဲ။ လူက ပိန်ပေမယ့် တော်ရုံဆို ဖျားတာနာတာ ဖြစ်လေ့မရှိတဲ့ ကျွန်မ ပြီးခဲ့တဲ့ နှစ်ကုန်က တခါ ဖျားလိုက်သေးတယ်။ ဒီကြားထဲမှာလည်း မအီမသာ နေမကောင်းဖြစ်တာတွေ ခနခန ရှိနေတယ်။ သူငယ်ချင်းတချို့ ပြောသလိုဆို အသက်က စကားပြောလာတယ်ဆိုတာ မှန်နေပြီ ဆိုရမယ်။ ချောင်းဆိုး၊ ဗိုက်နာ၊ ခေါင်းကိုက် ပျောက်ဆေးလေး ဘာလေးတွေလောက်တော့ ဆောင်ထားမှ ဖြစ်တော့မယ်။ အရင်ကဆို ဖျားလေ့မရှိတော့ တခုခုဖြစ်ပြီဆို သောက်ဖို့ ဘာဆေးမှ မရှိဘူး။ အိမ်ကိုလည်း ဘာဖြစ်ရင် ဘာဆေးသောက်ရမယ် ဆိုတာ အသေအချာ မေးထားဦးမှ၊ ဆေးတွေဘာတွေလည်း လိုအပ်တယ်ထင်ရင် ပို့ ပေး ပါဦးလို့  ပြောရဦးမယ်။ အင်း ဟို ကွန်မန့် ရေးထားပေးခဲ့တဲ့ Peti ပြောသလို နိုင်ငံခြားမှာ မိဝေးဖဝေး နေရတော့ နေမကောင်းဖြစ်လဲ ကိုယ့်အား ကိုယ်ကိုးမှသာ ဖြစ်မှာမို့  နောက်ဆို ပေကပ်ကပ်နေတတ်တဲ့ အကျင့်ကို ဖျောက်၊ နေမကောင်းချင်သလို စဖြစ်တာနဲ့  ဆေးလေးဘာလေး ကြိုတင် သောက်သင့်ရင် သောက်ပြီး လိမ်လိမ်မာမာနဲ့  နေတတ်အောင် ကြိုးစားလိုက်ဦးမယ်။

July 06, 2007
Linux Journal (August 2007)
ရာသီဥတုက အတော်ပူတော့ နေရထိုင်ရတာ စိတ်ညစ်ဖို့ ကောင်းတယ်။ ဒီအချိန် နေမကောင်းဖြစ်တာ အတော်နေရခက်တာပဲ။ လူက နုန်းပြီး ဘာမှလုပ်ချင်စိတ်မရှိဘူး။ မနေ့ ထဲက August လထုတ် Linux Journal ထွက်ပြီ ဆိုပြီး Forward Email ရောက်နေပေမယ့် ခုမှပဲ့ ဘလော့မှာ လာတင်ဖြစ်တော့တယ်။
Credit to : THKZ
Related Link:
Linux Journal (July 2007 )
Linux Journals (May and June 2007 )
Linuxjournal.com
Credit to : THKZ
Related Link:
Linux Journal (July 2007 )
Linux Journals (May and June 2007 )
Linuxjournal.com
July 05, 2007
Taking rest at Home
အလုပ်တွေရှုပ်၊ အိမ်ပြန်ရောက်တော့လည်း နေလို့ မကောင်းတာနဲ့  စောစော အိပ်ဖြစ်နေတော့ ဘလော့တောင် Update မလုပ်ဖြစ်တာကြာပြီ။ နေမကောင်းသလိုလို ဖြစ်နေတာ ကတော့ သိတဲ့အတိုင်း တနင်္လာနေ့ ထဲက။ ဒီ မနက်တော့ ဆေးခန်းသွားဖြစ်သွားပါတယ်။ ဆေးခန်းသွားရမယ် အသေပျင်းတာ၊ အင်း.. ကြောက်တယ်လို့ ပဲ ခေါ်မလားပဲ၊ တော်ရုံဆို ဆေးခန်း မသွားချင်ဘူး။ ဒီနေ့ လည်း အလုပ်သွားဖို့  အားလုံး ပြင်ဆင်ပြီး အထွက်မှာ အရင်နေ့ တွေကထက် နည်းနည်း ပိုပြီးနေမကောင်းသလို ခံစားရ သလိုပဲ။ ဒါပေမယ့် အလုပ်မှာလည်း အလုပ်စရာလေးတွေ ရှိနေတော့ ဘာမှ မဖြစ်လောက်ပါဘူး ဆိုပြီး ထွက်လာလိုက်တယ်။ လမ်းလျှောက် နေတုန်းကလည်း အပြင်မှာ နေတွေ ချစ်ချစ်တောက် ပူလောက်နေပေမယ့် လူက ချမ်းစိမ့်စိမ့်လေး ဖြစ်နေတယ်။ Bus ကားပေါ်လည်း တတ်ရော Aircon လေနဲ့ တွေ့ လိုက်လို့  လားမသိဘူး၊ အရမ်း စိမ့်ပြီး ချမ်းသွားတယ်။ ဒါနဲ့  နောက်တစ်မှတ်တိုင်မှာ ဆင်းပြီး ဘေးမှာတွေ့ တဲ့  ဆေးခန်းကို ၀င်ပြလိုက်တယ်။
ဆေးခန်းအတွေ့ အကြုံလေး။ ဘာကိစ္စလဲမေးတော့ ဒေါက်တာနဲ့ တွေ့ ချင်လို့ ပါလို့  ဖြေလိုက်တာပေါ့။ ထုံးစံအတိုင်း ပြဖူးလား စမေးတာပေါ့။ တစ်ခါမှ ဒီဆေးခန်းမှာ မပြဖူးဘူး။ ဒါပထမဆုံးအကြိမ်လို့ ဆိုတော့ လိုတဲ့ အင်ဖော်မေးရှင်းတွေ ဖြည့်ရတယ်။ အားလုံးလဲ ပြီးရော.. ဒေါက်တာက ၉း၃၀ မှလာမှာပါတဲ့။ ဒီတော့ အိမ်ပြန်ပြီးမှ နောက်တစ်ခေါက် ပြန်လာပါတဲ့လေ။ ကျွန်မက အလုပ်အတွက် MC ယူရမှာ၊ ဒေါက်တာနဲ့ တွေ့ ပြီးမှ ဆေးခွင့်တောင်း အလုပ်ကို အကြောင်းကြားရမှာ ဆိုတော့ ( ကျွန်မကိုယ် ကျွန်မ သိပ်ဖျားတယ်လို့  မထင်တော့ စိုးရိမ်တာ) ရပါ့မလားပေါ့။ ရပါတယ်တဲ့၊ အကြောင်းကြားလိုက်ပါ၊ ဒေါက်တာကို ၁၂ မကျော်ခင်ပြန်လာတွေ့ ရင် MC အဆင်ပြေမှာပါတဲ့။ ကောင်းရော။ ကျွန်မက ပုံမှန်ဆို နေမကောင်းရင် မနက်စောစော ဆေးခန်းပြ၊ ဆေးခွင့်ရမှ အလုပ်ကို အကြောင်းကြားပြီး အလုပ်မသွားပဲနေလေ့ရှိတာ။ ခုတော့ ဆရာဝန်နဲ့ တောင် မတွေ့ ရ သေးဘူး ဆေးခွင့်လို့ ပြောလိုက်ရမှာ စိတ်မသန့် ဘူးပေါ့။ ဒါတွေကြောင့် လည်း သူငယ်ချင်းတွေက ကျွန်မကို အတော်ကြောင်တယ်ပြောတာဖြစ်မယ်။ ဒီနိုင်ငံမှာ MC ယူတာ အရမ်းလွယ်တယ်တဲ့။ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြဆို ခွင့်တစ်ရက်က တော့ အေးဆေးပဲ၊ ဆရာဝန်တွေကလည်း သဘောပေါက်နေပြီလို့  ပြောကြတာဖြစ်မယ် ထင်တယ်။ ကျွန်မကတော့ တကယ်နေမကောင်းမှပဲ ဆေးခွင့်ယူဖြစ်တယ်။ မဟုတ်ရင် တခြား လုပ်စရာ ရှိနေရင် Annual Leave ဒါမှမဟုတ်၊ Un-Paid Leave ပဲယူဖြစ်တာများတယ်။ သူများတွေ ပြောသလို စင်္ကာပူပါး မ၀သေးဘူးလို့ ပြောရမယ် ထင်တယ်။
အိမ်ပြန် ခနအိပ်ပြီး၊ ၁၀ ကျော်လောက်မှာ ဆေးခန်းပြန်သွားဖြစ်တယ်။ အိမ်နဲ့ ဆေးခန်းနဲ့ က အတော်လေးနီးလို့  တော်ပါသေးတယ်။ မဟုတ်ရင် ဆေးခန်းသွားပြန်ပြဖြစ်မယ် မထင်မိဘူး။ ဟိုရောက်တော့ ဆရာဝန်လည်း ရောက်နေပြီဖြစ်လို့  ခနစောင့်ပြီး ၀င်တွေ့ ခွင့်ရတယ်။ ဆရာဝန်မလေးက ငယ်ငယ်လေး၊ ချောချောလေးပဲ။ သဘောလည်း ကောင်းမယ့် ပုံမျိုးလေး။ ဟိုမေးဒီမေး လုပ်တာလေးဖြေ၊ ဖြစ်နေတာလေးတွေ အမှန်အတိုင်း ပြောပြလိုက်တော့ အလုပ်မသွားပါနဲ့ ၊ အိမ်မှာပဲ နားပါဆိုပြီး ဆေးခွင့် ပေးလိုက်ပါတယ်။
ကျွန်မ ကျန်းမာရေး အသိမှာ အတော်ညံ့သေးတာပဲ။ ကျွန်မက ကိုယ့်ကိုယ်ကို မဖျားဘူး၊ ဘာမှ မဖြစ်လောက်ဘူး ထင်တာကို ဆရာဝန်က ၂ ရက်လောက် အိမ်မှာပဲ အနားယူလိုက်ပါလို့  ပြောတာ ခံလိုက်ရပါတယ်။ ပေးလိုက်တဲ့ ဆေးတွေကလည်း မနည်းဘူး။ အားဆေးတွေလည်း ပါတယ်။ အင်း.. တကယ်လို့ သာ Bus ကား ပေါ် တတ်တတ်ခြင်းမှာ ချမ်းစိမ့်စိမ့်လေး ဖြစ်မသွားခဲ့ရင် ခုချိန်ဆို ကျွန်မ အလုပ်ရောက်နေပြီး အလုပ်တွေရှုပ်၊ ခေါင်းတွေရှုပ် ဖြစ်နေလောက်ပြီပေါ့။ ခုတော့ အိမ်မှာ ဆေးသောက်ပြီး အနားယူနေပါတယ်။ အရမ်း မဖျားပေမယ့် အဖျားက တက်လိုက်ကြလိုက် ဖြစ်နေလို့  ဒေါက်တာက စိုးရိမ်သွားတာဖြစ်မယ် ထင်ပါတယ်။ စနေ နေ့ အထိ ဒီအတိုင်းဖြစ်မယ်ဆိုရင်တော့ ဆေးခန်းပြန်လာပါ၊ Blood Test လုပ်ကြည့်ဖို့  လိုမယ်လို့  ပြောတယ်။ Dengue တွေကလည်း ခုတလော ဒီနိုင်ငံမှာ အဖြစ်များနေတယ် မဟုတ်လား။
၂ ရက်လောက်တော့ အိမ်မှာပဲ အနားယူလိုက် ပါဦးမယ်။ စနေ၊ တနင်္ဂနွေနဲ့ ပေါင်းဆို ၄ ရက်နားရတာပါ။ ကျန်းမာရေးကတော့ ဘာမှ မဖြစ်လောက်ဖူးလို့  ထင်ပါတယ်။ ဒီလိုပါပဲ။ ခုနောက်ပိုင်း ချူချာတယ် ဆိုရမယ်။ အင်း.. ဘာမှ မဖြစ်ပါစေနဲ့ လိုပဲ ကိုယ်ကိုကိုယ် ပြန်ဆုတောင်းပေး လိုက်မိတယ်။
ဆေးခန်းအတွေ့ အကြုံလေး။ ဘာကိစ္စလဲမေးတော့ ဒေါက်တာနဲ့ တွေ့ ချင်လို့ ပါလို့  ဖြေလိုက်တာပေါ့။ ထုံးစံအတိုင်း ပြဖူးလား စမေးတာပေါ့။ တစ်ခါမှ ဒီဆေးခန်းမှာ မပြဖူးဘူး။ ဒါပထမဆုံးအကြိမ်လို့ ဆိုတော့ လိုတဲ့ အင်ဖော်မေးရှင်းတွေ ဖြည့်ရတယ်။ အားလုံးလဲ ပြီးရော.. ဒေါက်တာက ၉း၃၀ မှလာမှာပါတဲ့။ ဒီတော့ အိမ်ပြန်ပြီးမှ နောက်တစ်ခေါက် ပြန်လာပါတဲ့လေ။ ကျွန်မက အလုပ်အတွက် MC ယူရမှာ၊ ဒေါက်တာနဲ့ တွေ့ ပြီးမှ ဆေးခွင့်တောင်း အလုပ်ကို အကြောင်းကြားရမှာ ဆိုတော့ ( ကျွန်မကိုယ် ကျွန်မ သိပ်ဖျားတယ်လို့  မထင်တော့ စိုးရိမ်တာ) ရပါ့မလားပေါ့။ ရပါတယ်တဲ့၊ အကြောင်းကြားလိုက်ပါ၊ ဒေါက်တာကို ၁၂ မကျော်ခင်ပြန်လာတွေ့ ရင် MC အဆင်ပြေမှာပါတဲ့။ ကောင်းရော။ ကျွန်မက ပုံမှန်ဆို နေမကောင်းရင် မနက်စောစော ဆေးခန်းပြ၊ ဆေးခွင့်ရမှ အလုပ်ကို အကြောင်းကြားပြီး အလုပ်မသွားပဲနေလေ့ရှိတာ။ ခုတော့ ဆရာဝန်နဲ့ တောင် မတွေ့ ရ သေးဘူး ဆေးခွင့်လို့ ပြောလိုက်ရမှာ စိတ်မသန့် ဘူးပေါ့။ ဒါတွေကြောင့် လည်း သူငယ်ချင်းတွေက ကျွန်မကို အတော်ကြောင်တယ်ပြောတာဖြစ်မယ်။ ဒီနိုင်ငံမှာ MC ယူတာ အရမ်းလွယ်တယ်တဲ့။ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြဆို ခွင့်တစ်ရက်က တော့ အေးဆေးပဲ၊ ဆရာဝန်တွေကလည်း သဘောပေါက်နေပြီလို့  ပြောကြတာဖြစ်မယ် ထင်တယ်။ ကျွန်မကတော့ တကယ်နေမကောင်းမှပဲ ဆေးခွင့်ယူဖြစ်တယ်။ မဟုတ်ရင် တခြား လုပ်စရာ ရှိနေရင် Annual Leave ဒါမှမဟုတ်၊ Un-Paid Leave ပဲယူဖြစ်တာများတယ်။ သူများတွေ ပြောသလို စင်္ကာပူပါး မ၀သေးဘူးလို့ ပြောရမယ် ထင်တယ်။
အိမ်ပြန် ခနအိပ်ပြီး၊ ၁၀ ကျော်လောက်မှာ ဆေးခန်းပြန်သွားဖြစ်တယ်။ အိမ်နဲ့ ဆေးခန်းနဲ့ က အတော်လေးနီးလို့  တော်ပါသေးတယ်။ မဟုတ်ရင် ဆေးခန်းသွားပြန်ပြဖြစ်မယ် မထင်မိဘူး။ ဟိုရောက်တော့ ဆရာဝန်လည်း ရောက်နေပြီဖြစ်လို့  ခနစောင့်ပြီး ၀င်တွေ့ ခွင့်ရတယ်။ ဆရာဝန်မလေးက ငယ်ငယ်လေး၊ ချောချောလေးပဲ။ သဘောလည်း ကောင်းမယ့် ပုံမျိုးလေး။ ဟိုမေးဒီမေး လုပ်တာလေးဖြေ၊ ဖြစ်နေတာလေးတွေ အမှန်အတိုင်း ပြောပြလိုက်တော့ အလုပ်မသွားပါနဲ့ ၊ အိမ်မှာပဲ နားပါဆိုပြီး ဆေးခွင့် ပေးလိုက်ပါတယ်။
Blogger is on MC for 2 days
(Today and Tomorrow)
ကျွန်မ ကျန်းမာရေး အသိမှာ အတော်ညံ့သေးတာပဲ။ ကျွန်မက ကိုယ့်ကိုယ်ကို မဖျားဘူး၊ ဘာမှ မဖြစ်လောက်ဘူး ထင်တာကို ဆရာဝန်က ၂ ရက်လောက် အိမ်မှာပဲ အနားယူလိုက်ပါလို့  ပြောတာ ခံလိုက်ရပါတယ်။ ပေးလိုက်တဲ့ ဆေးတွေကလည်း မနည်းဘူး။ အားဆေးတွေလည်း ပါတယ်။ အင်း.. တကယ်လို့ သာ Bus ကား ပေါ် တတ်တတ်ခြင်းမှာ ချမ်းစိမ့်စိမ့်လေး ဖြစ်မသွားခဲ့ရင် ခုချိန်ဆို ကျွန်မ အလုပ်ရောက်နေပြီး အလုပ်တွေရှုပ်၊ ခေါင်းတွေရှုပ် ဖြစ်နေလောက်ပြီပေါ့။ ခုတော့ အိမ်မှာ ဆေးသောက်ပြီး အနားယူနေပါတယ်။ အရမ်း မဖျားပေမယ့် အဖျားက တက်လိုက်ကြလိုက် ဖြစ်နေလို့  ဒေါက်တာက စိုးရိမ်သွားတာဖြစ်မယ် ထင်ပါတယ်။ စနေ နေ့ အထိ ဒီအတိုင်းဖြစ်မယ်ဆိုရင်တော့ ဆေးခန်းပြန်လာပါ၊ Blood Test လုပ်ကြည့်ဖို့  လိုမယ်လို့  ပြောတယ်။ Dengue တွေကလည်း ခုတလော ဒီနိုင်ငံမှာ အဖြစ်များနေတယ် မဟုတ်လား။၂ ရက်လောက်တော့ အိမ်မှာပဲ အနားယူလိုက် ပါဦးမယ်။ စနေ၊ တနင်္ဂနွေနဲ့ ပေါင်းဆို ၄ ရက်နားရတာပါ။ ကျန်းမာရေးကတော့ ဘာမှ မဖြစ်လောက်ဖူးလို့  ထင်ပါတယ်။ ဒီလိုပါပဲ။ ခုနောက်ပိုင်း ချူချာတယ် ဆိုရမယ်။ အင်း.. ဘာမှ မဖြစ်ပါစေနဲ့ လိုပဲ ကိုယ်ကိုကိုယ် ပြန်ဆုတောင်းပေး လိုက်မိတယ်။
July 03, 2007
Under A Violet Moon Live - Blackmoore's Night
ကျွန်မသူငယ်ချင်း clef ကြိုက်တယ်ဆိုတဲ့ သီချင်း။ ၁၉၉၉ ကထွက်ရှိခဲ့တယ် BlackMoore's Night ရဲ့ ဒုတိယ Album က Title Song ပါ။ Ritchie guitarist Ritchie Blackmore နဲ့  BlackMoore's Night ကို ကြိုက်လို့  သူတို့ ရဲ့ သီချင်းတွေကို ရနိုင်သမျှ စုထားမိတယ်။ သူတို့  စုံတွဲက အတွဲညီတဲ့ စုံတွဲလို့ ပြောလို့  ရမယ်။ သူတို့ ရဲ့ သီချင်းတွေကို အကုန်လုံးကို ကြိုက်တယ် မပြောနိုင်ပေမယ့် တော်တော်များများ ကိုတော့ သဘောကျမိတယ်။
Dancing to the feel of the drum
Leave this world behind
We'll have a drink and toast to ourselves
Under a Violet Moon
Tudor Rose with her hair in curls
Will make you turn and stare
Try to steal a kiss at the bridge
Under a Violet Moon
Raise your hats and your glasses too
We will dance the whole night through
We're going back to a time we knew
Under a Violet Moon
Cheers to the Knights and days of old
the beggars and the thieves
living in an enchanted wood
Under a Violet Moon
Fortuneteller what do you see
Future in a card
Share your secrets, tell them to me
Under a Violet Moon
Close your eyes and lose yourself
In a medieval mood
Taste the treasures and sing the tunes
Under a Violet Moon
Tis my delight on a shiny night
The season of the year
To keep the lanterns burning bright
Under a Violet Moon
Live ဆိုထားတာနဲ့  Original Version ၂ မျိုး ကို Zip လုပ်ပြီး Mediafire မှာပဲ Upload လုပ်ထားတာပါ။
Related Link:
The Official Ritchie Blackmore and Blackmores Night Website

July 02, 2007
Java J2EE Job Interview Companion
Java Interview ၀င်မယ့်သူတွေအတွက် အသုံးဝင်တဲ့ စာအုပ်တစ်အုပ်ပါ။ ဒီစာအုပ်မှာ အဖြေတွေကို အချက်အလက် အပြည့်အစုံ၊ ပုံနေနဲ့ တကွ ဖော်ပြထားပါတယ်။
Book reviews from javaranch.com
Book reviews from javaranch.com
- In its own ethics this is a very unique book.
- Though there are tons of internet sites listing the j2ee interview questions, the author of this book has taken great effort and care to list the questions and answers.
- The book leaves no topics un-turned. Gives very clear and short explanations for every topic and questions and goes through in-detail if needed.
- The answers were followed by neat images if necessary, which many other site/book doesn't.
- This book will certainly help both the interview host and attendee.
- I liked the chapters related to Design patterns, WebSerivces and Testing, which you may not find other books/sites.
- Very well organized for quick interview preparation as well.
- The advantages and disadvantages of each piece of j2ee are discussed.
Boring Day
တနင်္ဂနွေနေ့ .. ( 1st day of July) မနက် ၇း၀၀ ထဲက နိုးနေတယ်.. မနေ့ ညက ၂း၀၀ ကျော်မှအိပ်ပေမယ့် စောစောထတာ အကျင့်တစ်ခုဖြစ်သွားတယ် ထင်ပါတယ်။ သူငယ်ချင်းတွေနဲ့ စကားနည်းနည်းပြော.. မနေ့ က လွတ်သွားတဲ့ မနက်စာ၊ ညစာပေါင်းပြီး ဒီနေ့  ဟင်းချက်ဖြစ်တယ်။ ပုဇွန်ဟင်း နဲ့ ကြက်တောင်ပံကြော်... ဒီနေ့  နေလို့  သိပ်မကောင်းဘူး. မနက်စာစားပြီး စားဖတ်နေရင်း ခေါင်းကိုက်လာလို့  အိပ်ပျော်သွားတာ သူငယ်ချင်းတစ်ယောက် နှိုးမှ နိုးတော့တယ်။ နာရီကြည့်လိုက်တော့ နေ့ လယ် ၂ နာရီခွဲ။ ခေါင်းနည်းနည်း ကိုက်နေတယ်။ သာမန်အနေအထား မဟုတ်မှန်း သိပေမယ့် ပြန်မအိပ်ဖြစ်တော့ပဲ သူငယ်ချင်းတွေနဲ့ စကားပြောရင်း ရုပ်ရှင်ကြည့်လိုက် စာဖတ်လိုက် သီချင်းနားထောင်လိုက် လုပ်နေဖြစ်တယ်။ ကျန်တာတော့ မဖြစ်မနေ လုပ်ရမယ့် အ၀တ်လျှော်တာတို့  ဘာတို့ လောက်ပဲ လုပ်ဖြစ်တယ်။ မထူးဆန်းတဲ့ ပျင်းရိဖွယ် တနင်္ဂနွေနေ့ တစ်နေ့ ပါပဲ။
ညဘက်ရောက်တော့ စောစော( ၁၁ နာရီလောက်) အိပ်ရာဝင်ဖြစ်တယ်။ တကယ်ဆို မအိပ်ခင် ရေအချိုးသင့်ပေမယ့် အိပ်ခါနီး ရေးချိုးပြီးမှ အိပ်တတ်တဲ့ အကျင့်ကြောင့် ဘာပဲဖြစ်ဖြစ်ဆိုပြီး အ၀တ်လျှော်၊ ရေချိုးလုပ်လိုက်တယ်။ ညပိုင်းမှာ အိပ်ပျော်သွားလိုက်၊ လန့် နိုးလာလိုက်နဲ့ တညလုံး ကောင်းကောင်း အိပ်မပျော်ဘူး။ ဖျားချင်နေပြီ ထင်ပါတယ်။ လည်ချောင်းတွေလည်း နာနေတယ်။ ထပြီး ဆေးသောက်သင့်တယ် ဆိုပေမယ့် မသောက်ဖြစ်ခဲ့ဘူး။ မထချင်သလို၊ ဆေးသောက်ချင်စိတ်လည်းမရှိဘူး။ ဆေးသောက်မယ်ဆို စားစရာတစ်ခုခု လုပ်စားရဦးမယ်။ မုန့် တခုခု အမြဲ ၀ယ်ထားပါ အခါခါမှာကြပေမယ့် မ၀ယ်ထားဖြစ်ဘူး။ ပြောသာပြောတာပါ. တကယ် ဆေး သောက်မယ်ဆိုတောင်မှ သောက်ဖို့ ဆေးက မရှိဘူး။ အင်း... ရောဂါကို မွေးယူတယ်ဆိုပြီး ဆူမယ်ဆိုလည်း ဆူတယ့်သူ လွန်တယ်လို့  မပြောနိုင်မှန်း သိသာပါတယ်။
ဖျားနေသလိုလို ဘာလိုလိုနဲ့  နေရတာ တမျိုးကြီးပဲ။ ပူစပ်ပူလောင်နဲ့  လည်ချောင်းတွေနာနေသလိုလို။ အင်း ဖျားတယ်ဆိုတာ အတော်သိရခက်တဲ့ အရာပဲ။ ကိစ္စမရှိပါဘူး။ ခုတော့ ငါမဖျားသေးဘူးလို့  မှတ်ထားပြီး လုပ်စရာလေးတွေ လုပ်နေတယ်။ တကယ်ဖျားပြီဆိုတော့ လည်း အသိသားကြီး နေမှာပါ။

June 30, 2007
Times They Are Changin - MTV
ဒီနေ့  အလုပ်မှာ အားနေတုန်း YouTube ကသီချင်းတွေ ၀င်နားထောင်ဖြစ်ရင်း ဘာရယ်မဟုတ် ကျွန်မကြိုက်တဲ့ Time They Are Changin' သီချင်းကို ထည့်ရှာကြည့်လိုက်တာ.. တွေ့ လိုက်ရတော့ အံ့သြ၀မ်းသာ သွားတယ်။ ဒီ MTV ကို လိုက်ရှာနေတာ ကြာပြီ။ ဟိုတခါရှာတုန်းက YouTube မှာလည်း ရှာခဲ့တယ်။ ဘယ်လို မှ ရှာမရဘူး ဖြစ်နေခဲ့တယ်။ ခု ကျွန်မတွေ့ တဲ့ YouTube က လွန်ခဲ့တဲ့ ၂ လကျော်ကမှာ တင်ထားတာဆိုတော့ ဟိုတချိန်က ကျွန်မရှာလို့ မရတာလည်း ဘာဆန်းမလဲ။
အရင်က ဒီသီချင်းအကြောင်း တခါရေးဖူးသေးတယ်။ ခုတလော ဒီသီချင်းနားမထောင်ဖြစ်တာကြာပြီ။ ဒီနေ့ တော့ ဒီ MTV လေးကြည့်ပြီး ပြန်နားထောင်ဖြစ်သွားတယ်။
အရင်က ဒီသီချင်းအကြောင်း တခါရေးဖူးသေးတယ်။ ခုတလော ဒီသီချင်းနားမထောင်ဖြစ်တာကြာပြီ။ ဒီနေ့ တော့ ဒီ MTV လေးကြည့်ပြီး ပြန်နားထောင်ဖြစ်သွားတယ်။
Working Saturday Night ( GST 7%)
အခု အလုပ်မှာ Deployment လုပ်လို့  ပြီးလို့ သူများ Testing လုပ်တာ ထိုင်စောင့်နေရတယ်။ တကယ်ဆို ဒီနေ့  စနေနေ့  ကြီး အလုပ်လာစရာမလိုဘူး။ ဒါပေမယ့် မနက်ဖြန်က စပြီး GST (Goods and Services Tax) 5% ကနေ GST 7% ကို တက်မယ်ဆိုတဲ့ အကျိုးဆက်ကြောင့် အလုပ်လာ လိုက်ရတယ်။ လုပ်ရမယ့် အချိန်ကလည်း တကယ့် အချိန်ကောင်း ညနေ ၆ နာရီက ည ၁၂ နာရီ ။ အင်း.. ကံကောင်းရင်တော့ ဘာမှ ပြဿနာ မပေါ်ဘူးဆိုရင် ဒီနေ့  ည ၁နာရီလောက်တော့ အိမ်ပြန်ရောက်ကောင်းပါရဲ့။ ပြီးခဲ့တဲ့ Last Deployment တုန်းကဆို ပြဿနာတစ်ခုတတ်လို့  မနက် ၃ နာရီကျော်မှ အိမ်ပြန်ရောက်တယ်။
ပုံမှန်ဆို တစ်လ တစ်ခါ ရှိတဲ့ Deployment တွေကို သောကြာနေ့ မျိုးမှာတောင် လုပ်လေ့ မရှိဘူး။ တနင်္ဂလာ - ကြာသာပတေး အတွင်း တစ်ရက်ရက်မှာပဲ လုပ်ကြတယ်။ သောကြာလို နေ့ မျိုး ဆိုတာ အားလုံးက အလုပ် စောပြန်ချင်ကြတဲ့ နေ့ မျိုး ဖြစ်နေတယ်လေ။ စနေ၊ တနင်္ဂနွေဆိုတာ အလုပ်လာရမယ့် နေ့ တွေမှ မဟုတ်တာ။ ခုတော့ GST 7% ရဲ့ အကျိုးဆက်ကြောင့် အလုပ်ရောက်နေကြရတယ်။ 1st Day of July ကစပြီး GST ပြောင်းမှာဆိုတော့ Last day of June မှာ Deployment လုပ်ဖို့  လိုတယ်၊ တနင်္ဂနွေနေ့  ဖြစ်နေရင်းလည်း အလုပ် လာကြရမှာပဲ။ အစကတော့ GST လေးပြောင်းတာ Database Field လေးချိန်းလိုက် ပြီးတာပဲလို့ တွေးမိသေးတယ်။ နောက်မှ ဒီ System မှာက Online User တွေတင်မကဘူး၊ Offline Mobile User တွေလည်းရှိ တယ်လေ။ Mobile User တွေ အတွက်က ဒီနေ့ ည ပြောင်းပေးဖို့  လိုနေတယ်။ ခု ကျွန်မတို့ အလုပ်က လူတွေကတော့ နောက်တခါ GST % ပြောင်းအုန်းမယ်ဆို နောက်ဆုံးနေ့ ဟာ week end မကျပါစေနဲ့ လို့  အားလုံးက ၀ိုင်းဆုတောင်းနေကြတယ်။
ဒါနဲ့  စင်္ကာပူမှာ GST စပြီးကောက်တာ 1 April 1994 ကလို့ သိရတယ်။ 1994 ကစတဲ့ GST ဟာ 2003 မှာ 3% ကနေ 4% ကို တိုးတယ်၊ 2004 မှာ 4% ကနေ 5% ကိုတိုးသွားတယ်။ အင်း အခုတော့ 5% ကနေ 7% ကို တိုးသွားပြီပေါ့။ ဖြည်းဖြည်းချင်း ဆွဲတင်နေတာနဲ့ တူပါတယ်။ နောက်ဆို အင်္ဂလန်လို 20% လောက်ဖြစ်လာမလား မသိဘူး။ ဒီလတွင်းမှာ အိမ်၊ ကား နဲ့ တခြား ပစ္စည်းတွေ အ၀ယ်များနေတယ် ဆိုတာ ဒီ GST မတိုးခင်လေး အမှီ ၀ယ်နေကြတာကြောင့် ဖြစ်မယ်။ အင်း ကားခတွေတိုး၊ မီတာခတွေတိုး၊ အိမ်ငှါးခတွေတိုး၊ GST တိုး နဲ့  ကုန်စရာ၊ ပေးစရာတွေ တတိတိနဲ့  တိုးလာလိုက်တာ သူတို့ တိုးသလောက် လိုက်ပြီး မတိုးတာကတော့ လကုန်တိုင်း ကိုယ်အမြဲရနေတဲ့ လခပါပဲ။
စိတ်မကောင်းစရာပဲ။ Mobile Application မှာ ပြဿနာတတ်နေတယ်တဲ့။ Proposal အဟောင်းတွေ Upload လုပ်လို့  မရဘူး ပြောတယ်။ ဒုက္ခပါပဲ။ ဒီတစ်ခေါက်က ကျွန်မ တာဝန်ယူထားတဲ့ Module မပါလို့ သူများတွေ Testing လုပ်နေတုန်း ကျွန်မက ဘလော့လာရေးနေတာ။ ခုတော့ ကျွန်မ လည်း Testing ၀င်လုပ်ရတော့မှာပေါ့။ အင်း .. ဘာကြောင့်ဖြစ်လည်း ရှာတွေ့ ပြီးရင်လည်း ကိုယ်နဲ့ အဆိုင်တဲ့ ပြဿနာမို့  သူများဖြေရှင်းအပြီးကို ထိုင်စောင့်နေဖို့ ပဲရှိတယ်။ Testing အားလုံးပြီးမှ အကုန်ပြန်လို့  ရမှာမို့  ဘာကြောင့် ဖြစ်လည်းဆိုတာကို မြန်မြန် ရှာတွေပြီး မြန်မြန် ရှင်းလို့  ရပါစေလို့ ပဲ ဆုတောင်းရမယ်။ ဒီည ကံကောင်းပါစေ။
Related Link:
GST Information - Ministry Of Finance (Singapore)
ပုံမှန်ဆို တစ်လ တစ်ခါ ရှိတဲ့ Deployment တွေကို သောကြာနေ့ မျိုးမှာတောင် လုပ်လေ့ မရှိဘူး။ တနင်္ဂလာ - ကြာသာပတေး အတွင်း တစ်ရက်ရက်မှာပဲ လုပ်ကြတယ်။ သောကြာလို နေ့ မျိုး ဆိုတာ အားလုံးက အလုပ် စောပြန်ချင်ကြတဲ့ နေ့ မျိုး ဖြစ်နေတယ်လေ။ စနေ၊ တနင်္ဂနွေဆိုတာ အလုပ်လာရမယ့် နေ့ တွေမှ မဟုတ်တာ။ ခုတော့ GST 7% ရဲ့ အကျိုးဆက်ကြောင့် အလုပ်ရောက်နေကြရတယ်။ 1st Day of July ကစပြီး GST ပြောင်းမှာဆိုတော့ Last day of June မှာ Deployment လုပ်ဖို့  လိုတယ်၊ တနင်္ဂနွေနေ့  ဖြစ်နေရင်းလည်း အလုပ် လာကြရမှာပဲ။ အစကတော့ GST လေးပြောင်းတာ Database Field လေးချိန်းလိုက် ပြီးတာပဲလို့ တွေးမိသေးတယ်။ နောက်မှ ဒီ System မှာက Online User တွေတင်မကဘူး၊ Offline Mobile User တွေလည်းရှိ တယ်လေ။ Mobile User တွေ အတွက်က ဒီနေ့ ည ပြောင်းပေးဖို့  လိုနေတယ်။ ခု ကျွန်မတို့ အလုပ်က လူတွေကတော့ နောက်တခါ GST % ပြောင်းအုန်းမယ်ဆို နောက်ဆုံးနေ့ ဟာ week end မကျပါစေနဲ့ လို့  အားလုံးက ၀ိုင်းဆုတောင်းနေကြတယ်။
ဒါနဲ့  စင်္ကာပူမှာ GST စပြီးကောက်တာ 1 April 1994 ကလို့ သိရတယ်။ 1994 ကစတဲ့ GST ဟာ 2003 မှာ 3% ကနေ 4% ကို တိုးတယ်၊ 2004 မှာ 4% ကနေ 5% ကိုတိုးသွားတယ်။ အင်း အခုတော့ 5% ကနေ 7% ကို တိုးသွားပြီပေါ့။ ဖြည်းဖြည်းချင်း ဆွဲတင်နေတာနဲ့ တူပါတယ်။ နောက်ဆို အင်္ဂလန်လို 20% လောက်ဖြစ်လာမလား မသိဘူး။ ဒီလတွင်းမှာ အိမ်၊ ကား နဲ့ တခြား ပစ္စည်းတွေ အ၀ယ်များနေတယ် ဆိုတာ ဒီ GST မတိုးခင်လေး အမှီ ၀ယ်နေကြတာကြောင့် ဖြစ်မယ်။ အင်း ကားခတွေတိုး၊ မီတာခတွေတိုး၊ အိမ်ငှါးခတွေတိုး၊ GST တိုး နဲ့  ကုန်စရာ၊ ပေးစရာတွေ တတိတိနဲ့  တိုးလာလိုက်တာ သူတို့ တိုးသလောက် လိုက်ပြီး မတိုးတာကတော့ လကုန်တိုင်း ကိုယ်အမြဲရနေတဲ့ လခပါပဲ။စိတ်မကောင်းစရာပဲ။ Mobile Application မှာ ပြဿနာတတ်နေတယ်တဲ့။ Proposal အဟောင်းတွေ Upload လုပ်လို့  မရဘူး ပြောတယ်။ ဒုက္ခပါပဲ။ ဒီတစ်ခေါက်က ကျွန်မ တာဝန်ယူထားတဲ့ Module မပါလို့ သူများတွေ Testing လုပ်နေတုန်း ကျွန်မက ဘလော့လာရေးနေတာ။ ခုတော့ ကျွန်မ လည်း Testing ၀င်လုပ်ရတော့မှာပေါ့။ အင်း .. ဘာကြောင့်ဖြစ်လည်း ရှာတွေ့ ပြီးရင်လည်း ကိုယ်နဲ့ အဆိုင်တဲ့ ပြဿနာမို့  သူများဖြေရှင်းအပြီးကို ထိုင်စောင့်နေဖို့ ပဲရှိတယ်။ Testing အားလုံးပြီးမှ အကုန်ပြန်လို့  ရမှာမို့  ဘာကြောင့် ဖြစ်လည်းဆိုတာကို မြန်မြန် ရှာတွေပြီး မြန်မြန် ရှင်းလို့  ရပါစေလို့ ပဲ ဆုတောင်းရမယ်။ ဒီည ကံကောင်းပါစေ။
Related Link:
GST Information - Ministry Of Finance (Singapore)
June 28, 2007
Whatever, Anything and You Decide!
အလုပ်လုပ်ရင်း ဘာမှန်းမသိတဲ့ ဖြေရှင်းမရသေးတဲ့ error တွေတတ်နေတာနဲ့  စိတ်ပြေလက်ပျောက် Yahoo Mail ၀င်ကြည့်လိုက်တာ ဘယ်သူမှလည်း အီးမေးအသစ် ပို့ ထားတာ မရှိတာနဲ့  မဖတ်ရသေးတဲ့ Forward အီးမေးတွေ ဖတ်ကြည့်နေလိုက်တယ်။ ကျွန်မ အကျင့်က Email Title မှာ Forward လို့  ပါလာရင် အီးမေးရရချင်း မဖတ်တတ်ပါဘူး။ Delete မလုပ်ပဲ ဒီတိုင်းထားလိုက်ပြီး နောက်ပျင်းမှ၊ ဒါမှမဟုတ် လုပ်စရာမရှိ အချိန်အားမှ ဖတ်တတ်တယ်။ ဒီနေ့ တော့ မအားပေမယ့် ခေါင်းရှုပ်လို့  Forward Email တွေ ဖတ်ဖြစ်သွားရင် ဒီဟာလေးကို တွေ့ ပြီး သဘောကျသွားတယ်။
The Infamous Three Answers That Men are Afraid of.
(Whatever)
Men: What to have for dinner?
Women: Whatever..
Men: Why not we have steamboat?
Women: Don't want la, eat steamboat later got pimples in my face
Men: Alright, why not we have Si Chuan cuisine
Women: Yesterday ate Si Chuan, today eat again?
Men: Hmm..... I suggest we have seafood
Women: Seafood no good la, later I got diarrhea
Men: Then what you suggest?
Women : Whatever..
(Anything)
Men: So what should we do now?
Women: Anything
Men: How about watching movie? Long time we didn't watch movie
Women: Watching movie no good la, waste time only
Men: How about we play bowling, do some exercises?
Women: Exercise in such hot day? You not feel tire meh?
Men: Then find a cafe and have drink
Women: Drink coffee will affect my sleep
Men: Then what you suggest?
Women: Anything
(You decide)
Men: Then we just go home lo
Women: You decide
Men: Let take bus, I will accompany you
Women: Bus is dirty and crowded. Don't want la
Men: Ok we will take Taxi
Women: Not worth it la... for such a short distance
Men: Alright, then we walk lo. Take a slow walk
Women: What to walk with empty stomach woh?
Men: Then what you suggest?
Women: You decide
Men: Let's have dinner first
Women: Whatever...
Men: Eat what?
Women: Anyting
(Look around... no one here, gonna kill her....)
အရေးအသားအရ Singlish ကိုသုံးထားတာဆိုတော့ စင်္ကာပူက ဟာသဖြစ်မယ်ထင်တယ်။ ရီရတယ်။
ဒါနဲ့  စင်္ကာပူမှာ Whatever နဲ့  Anything ဆိုတဲ့ Drinks တွေကို TV မှာနဲ့  Bus Stop တွေမှာ ကြော်ငြာထားတာ တွေ့ ဖူးတယ်။ တခါမှတော့ မသောက်ဖူးသေးဘူး။ TV က ကြော်ငြာကို YouTube - WhateverAnything မှာကြည့်လို့ ရပါတယ်။ ပထမ TV ကြည့်နေတုန်း အဲ့ဒီ ကြော်ငြာလာတော့ ဘာကြီးလဲဟဆိုပြီး တွေးမိသေးတယ်။ သူတို့ မို့ ဒီနာမည်မျိုး ပေးတတ်ပါပေတယ်။

Do you think we can live without them?
သတင်းတွေ ဖတ်ရင်း Time.Com မှာ အခုအချိန်မှာ အင်တာနက်သုံးသူတွေ မရှိမဖြစ် လိုအပ် သုံးစွဲနေတဲ့ Websites 25 ခုကို ဖေါ်ပြထားတာ တွေ့ လိုက် ရတယ်။ အဲ့ဒီပိုစ့် Title က We can't live without them ဆိုလို့  ကျွန်မရော အဲ့ဒီ Website 25 ခုကို အမြဲတမ်း သုံးစွဲဖြစ်နေသလား၊ မရှိမဖြစ် လိုအပ်နေသလားလို့  တွေးကြည့်နေ မိတယ်။
ကျွန်မ ကတော့ အဲ့ဒီ List မှာပါတဲ့ Website 25 ခုလုံးကိုတော့ အမြဲတမ်း မသုံးဖြစ်ဘူး။ Amazon , BBC, Del.icio.us, Digg, Google, HowStuffWorks, Technorati, Wikipedia, Yahoo တို့ ကိုတော့ နေ့ တိုင်း သွားဖြစ်၊ သုံးဖြစ်တယ်။ တခြား ဆိုဒ်တွေကိုတော့ ကျွန်မ ရဲ့ စိတ်ဝင်စားမှု့ မရှိမှု ( eg. The Internet Movie Database )၊ တချို့ ဆိုဒ်တွေကိုတော့ ကျွန်မ ခုလက်ရှိနေတဲ့ ဒေသ၊ နိုင်ငံ အခြေအနေနဲ့ ဆို အသုံး မ၀င်တာတွေကြောင့် မသုံးဖြစ်တာ ဖြစ်လိမ့်မယ်။ အင်း Time က သတင်းဆို ခုချိန်မှာတော့ အဲ့ဒီ Sites တွေက လူတွေ အသွားအများဆုံး ဖြစ်နေတာပေါ့။ ဒါပေမယ့် နောက် ၅ နှစ်လောက်ဆို ဒီ Sites တွေပဲ ဆက်ပြီး အသုံးများနေမလား၊ နောက် အသစ်တွေပဲ ပေါ်လာမလား၊ စိတ်ဝင်စားစရာပဲ။ ခု List ကို မှတ်ထားလိုက်တာ ကောင်းပါတယ်။
လူတွေက Websites တွေကို အင်ဖော်မေးရှင်း ဘယ်လောက် အများဆုံးနဲ့ အတိကျဆုံး ပေးနိုင်လဲ ဆိုတာပေါ် မူတည်ပြီး အသုံးပြုကြတာပါ။ ခုခေတ်မှာလည်း သတင်း၊ Information က အရမ်းအရေးကြီးတယ် မဟုတ်လား။ Information တွေကို မြန်မြန်နဲ့  မှန်မှန်ပေးနိုင်ရင် အဲ့ဒီ Website ကို လာတဲ့သူ များမှာပဲ။ Website အဟောင်းထက် တခြား အသစ်တစ်ခုက Information တွေ ပိုပေးနိုင်တယ်၊ ပိုပြီး စိတ်ချရတယ်၊ သုံးရတာ အဆင်ပြေတယ်ဆို လူတွေက အဟောင်းကို သံယောဇဉ်တွယ်မနေပဲ အသစ်ကို လွယ်လွယ်ကူကူ ပြောင်းသုံးကြမှာပဲ။ နောက်ပြီး လူတွေရဲ့ စိတ်ဝင်စားမှု ၊ လိုအပ်ချက် တွေဟာ အချိန်နဲ့ အမျှ ပြောင်းလဲနေတာ မဟုတ်လား။
ဘာရယ်တော့ မဟုတ်ပါဘူး Lunch Time မှာ အလုပ်ကို စောပြန်ရောက်ပြီး တခြားသူတွေက ပြန်မရောက်ကြသေးလို့  သတင်းတွေဖတ်ရင်း ဟိုတွေးဒီတွေ လုပ်နေတာ။Amazon.com
BBC.co.uk
Citysearch.com
Craigslist.org
Del.icio.us
Digg.com
Ebay.com
Facebook.com
FactCheck.org
Flickr.com
Google.com
HowStuffWorks.com
The Internet Movie Database
iTunes
Kayak.com
NationalGeographic.com
Netflix.com
SimpleWeather.com
Technorati.com
TMZ.com
USA.gov
TelevisionWithoutPity.com
WebMD.com
Wikipedia.org
Yahoo.com
Source : Time.com

June 27, 2007
ပျဉ်းမနားနေပြည်တော်ကြီးမှာ
ပျဉ်းမနား နေပြည်တော်ကြီးမှာ တော်ဝင်ဘတ်စ်ကား စီးမဲ့ ခရီးသည်တွေ အဆင်ပြေစေဖို့  နားနေဆောင်များ (Bus Stop) ဆောက်လုပ်ပြီး ခရီးသည်တွေ လွယ်လင့်တကူ ဆက်သွယ်နိုင်ရန် Bus Stop တွေအနီးမှာ စာတိုက်ပုံးများနဲ့  ဆက်သွယ်ရေး တယ်လီဖုန်းများနဲ့  ပတ်ဝန်းကျင် ထိန်းသိမ်းမှု့ အတွက် အမှိုက်ပုံးများ ထားရှိတယ် ဆိုတဲ့ သတင်းကို First Eleven Journal မှာ ဖတ်လိုက် ရပါတယ်။ အဲ့ဒီ နားနေဆောင်တွေရဲ့ နံရံတွေမှာ ကြော်ငြာတွေနဲ့  တန်ဆာဆင်ရန် အတွက် စီးပွါးရေး လုပ်ငန်းရှင်ကြီးတွေက စိတ်ဝင်စားနေတယ်လို့ လည်း ရေးထားပါတယ်။ သတင်း အပြည့်အစုံကို First-11 မှာ ဖတ်နိုင် ပါတယ်။

ဒီသတင်းဖတ်ပြီး ဂျာနယ်စီစဉ်သူတွေနဲ့  သတင်းထောက် ရဲ့ Journalist ပညာကိုလည်း လေးစားမိတယ်။ တော်လိုက်တဲ့ သူတွေ။ နေပြည်တော် အသစ်ကြီးမှာ တည်ဆောင်ထားတဲ့ ခေတ်မှီ ကာဂိတ်ခရီးသည် နားနေဆောင် ရဲ့ အခြေအနေကို စာနဲ့  မဝေဖန်ဘဲ လူနေမှု အဆင့်အတန်းမြင့်အောင် ဆောင်ရွက်နေတယ်ဆိုတဲ့ အစိုးရရဲ့ အာဘော်ကိုဖော်ပြပြီး၊ ဗွက်တောထဲက ခေတ်မှီ ကာဂိတ်ခရီးသည် နားနေဆောင် ရဲ့ တကယ့် အခြေအနေကို ကွက်ကွက်ကွင်းကွင်း ထင်ထင်ရှားရှား မြင်နိုင်စေမယ့် ဓာတ်ပုံမျိုးကိုမှ ရွေးချယ် ထည့် ပေးလိုက်တယ်။
Source: First-11

ဒီသတင်းဖတ်ပြီး ဂျာနယ်စီစဉ်သူတွေနဲ့  သတင်းထောက် ရဲ့ Journalist ပညာကိုလည်း လေးစားမိတယ်။ တော်လိုက်တဲ့ သူတွေ။ နေပြည်တော် အသစ်ကြီးမှာ တည်ဆောင်ထားတဲ့ ခေတ်မှီ ကာဂိတ်ခရီးသည် နားနေဆောင် ရဲ့ အခြေအနေကို စာနဲ့  မဝေဖန်ဘဲ လူနေမှု အဆင့်အတန်းမြင့်အောင် ဆောင်ရွက်နေတယ်ဆိုတဲ့ အစိုးရရဲ့ အာဘော်ကိုဖော်ပြပြီး၊ ဗွက်တောထဲက ခေတ်မှီ ကာဂိတ်ခရီးသည် နားနေဆောင် ရဲ့ တကယ့် အခြေအနေကို ကွက်ကွက်ကွင်းကွင်း ထင်ထင်ရှားရှား မြင်နိုင်စေမယ့် ဓာတ်ပုံမျိုးကိုမှ ရွေးချယ် ထည့် ပေးလိုက်တယ်။Source: First-11
June 26, 2007
Directions from Google Map
1. go to www.google.com
2. click on "maps"
3. click on "get directions"
4. type "New York" in the first box (the "from" box)
5. type "London" in the second box (the "to" box)
6. click on "get directions"
7. scroll down to step #21
မယုံရင် Chicago to London,San Francisco to London, London to New York တွေကိုပါ ရှာကြည့် နိုင်ပါတယ်.. US ကနေ Europe တိုင်းပြည်တချို့ ကိုရှာရင်လည်း ဒီလိုပဲ ပါမယ်ထင်တယ်။ ဒါနဲ့  Google က လူတွေဟာ Altantic Ocean ကိုပဲဖြတ်နိုင်တယ်၊ Pacific Ocean ကို ဖြတ်နိုင်မှာ မဟုတ်ဘူးလို့  ယုံကြည်တယ် ထင်ပါတယ်.. ကျွန်မ Pacific Ocean ကို ဖြတ်ရမယ့် ခရီးတွေကို ရှာကြည့်တာတော့ မရဘူး။ ဘာတွေ ရှာကြည့်လဲ.. ကိုယ်သွားချင်တဲ့နေရာတွေ ရှာတာပေါ့။ အင်း.. Google က ပစိဖိတ် သမုန္ဒရာကြီးကို လက်ပြစ်မကူးလို့ မရနိုင်ဘူးထင်လို့  လမ်းမညွှန်ထားတော့ Chicago to Singapore, Singapore to Chicago သွားဖို့ ဆို လေယာဉ်ပျံကြီးစီးလို့ ပဲ သွားရတော့မှာပေါ့လေ.
2. click on "maps"
3. click on "get directions"
4. type "New York" in the first box (the "from" box)
5. type "London" in the second box (the "to" box)
6. click on "get directions"
7. scroll down to step #21
“Swim across the Atlantic Ocean”
အင်္ဂလန်က US သွားချင်နေတဲ့ သူငယ်ချင်းတွေနဲ့  US ကနေ အင်္ဂလန် သွားချင်နေတဲ့ သူငယ်ချင်းတွေကို ညွန်းလို့ ရမယ့် နည်းလေးပါပဲ။ Google Map က ညွှန်ပြတဲ့ နည်းအတိုင်းသွားကြမယ် ဆိုရင်တော့ ဈေးအသက်သာဆုံး ဖြစ်မှာပါ။ နောက်ဆို ပိုက်ဆံမရှိလို့  ၊ လေယာဉ်လက်မှတ်ခ မရှိလို့ မသွားနိုင်ဘူး လာပြောရင် Google Map က Direction အတိုင်း သွားပါလားလို့  ပြန်ပြောရမယ် :Dမယုံရင် Chicago to London,San Francisco to London, London to New York တွေကိုပါ ရှာကြည့် နိုင်ပါတယ်.. US ကနေ Europe တိုင်းပြည်တချို့ ကိုရှာရင်လည်း ဒီလိုပဲ ပါမယ်ထင်တယ်။ ဒါနဲ့  Google က လူတွေဟာ Altantic Ocean ကိုပဲဖြတ်နိုင်တယ်၊ Pacific Ocean ကို ဖြတ်နိုင်မှာ မဟုတ်ဘူးလို့  ယုံကြည်တယ် ထင်ပါတယ်.. ကျွန်မ Pacific Ocean ကို ဖြတ်ရမယ့် ခရီးတွေကို ရှာကြည့်တာတော့ မရဘူး။ ဘာတွေ ရှာကြည့်လဲ.. ကိုယ်သွားချင်တဲ့နေရာတွေ ရှာတာပေါ့။ အင်း.. Google က ပစိဖိတ် သမုန္ဒရာကြီးကို လက်ပြစ်မကူးလို့ မရနိုင်ဘူးထင်လို့  လမ်းမညွှန်ထားတော့ Chicago to Singapore, Singapore to Chicago သွားဖို့ ဆို လေယာဉ်ပျံကြီးစီးလို့ ပဲ သွားရတော့မှာပေါ့လေ.
June 25, 2007
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ ကိုယ်တိုင်ရေး အထ္ထုပ္ပတ္တိ
ဖတ်သင့်တယ်၊ သိမ်းထားသင့်တယ် ထင်တဲ့ စာအုပ်တစ်အုပ်ပါ။ လူတော်တော်များများ ဖတ်ဖူးကြမှာပါ။ ဒီစာအုပ်ကို cpburma.org Website မှာတွေ့ လို့  Download လုပ်ယူထားပြီး ဖတ်ဖူးတာတော့ ကြာပါပြီ။ ကျွန်မ Computer ထဲမှာ ရှိနေတဲ့ e-Book တွေကို အစီအစဉ်တကျ သိမ်းသင်တာသိမ်း၊ မလိုချင်တော့တာတွေ ရှင်းပစ်ဖို့  ကြည့်နေရင်းက ပြန်တွေ့ တယ်။ cpburma.org မှာ တင်ထားတာကတော့ အပိုင်း ၅ ပိုင်း ( 5 PDF files) တင်ထားတာပါ။ ဒီစာအုပ်ကို ကျွန်မသိမ်းထားမယ် စိတ်ကူးမိတော့ အဲ့ဒီအပိုင်း ၅ ပိုင်းကို ဖိုင်တစ်ဖိုင်ထဲ ဖြစ်အောင် ပေါင်းထားလိုက်ပါတယ်။
ဒီပိုစ့်လေး ရေးနေတုန်းက ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော နဲ့ ပတ်သက်ပြီး တစ်စုံတစ်ခု ရေးချင်နေခဲ့တယ်။ တစ်နေ့ လုံး တစ်ခုခုရေးမယ်ဆိုပြီး တွေးနေခဲ့မိပေမယ့် နောက်ဆုံးတော့ ကျွန်မရေးဖို့ မကြိုးစားတော့ပဲ ကျွန်မထက် စာအရေးအသား အများကြီးပိုပြီး သာလွန် ကောင်းမွန်တဲ့ ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက် ရေးခဲ့တဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော အကြောင်း " ဒို့ တိုင်းဌာနီ က ပြည်သူ့ သူရဲကောင်း" ဆိုတာလေးကို ဖတ်ကြည့်ကြပါလို့ ပဲ ညွှန်းလိုက်ပါတယ်။
Related Links:
ဗမာပြည်ကွန်မြူနစ်ပါတီ (Community Of Burma)
Wikipedia.org - Kyaw Zaw
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောနှင့် ခေတ်ပြိုင် ဆက်သွယ်မေးမြန်းချက် (ခေတ်ပြိုင်)
ဒီပိုစ့်လေး ရေးနေတုန်းက ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော နဲ့ ပတ်သက်ပြီး တစ်စုံတစ်ခု ရေးချင်နေခဲ့တယ်။ တစ်နေ့ လုံး တစ်ခုခုရေးမယ်ဆိုပြီး တွေးနေခဲ့မိပေမယ့် နောက်ဆုံးတော့ ကျွန်မရေးဖို့ မကြိုးစားတော့ပဲ ကျွန်မထက် စာအရေးအသား အများကြီးပိုပြီး သာလွန် ကောင်းမွန်တဲ့ ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက် ရေးခဲ့တဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော အကြောင်း " ဒို့ တိုင်းဌာနီ က ပြည်သူ့ သူရဲကောင်း" ဆိုတာလေးကို ဖတ်ကြည့်ကြပါလို့ ပဲ ညွှန်းလိုက်ပါတယ်။Related Links:
ဗမာပြည်ကွန်မြူနစ်ပါတီ (Community Of Burma)
Wikipedia.org - Kyaw Zaw
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောနှင့် ခေတ်ပြိုင် ဆက်သွယ်မေးမြန်းချက် (ခေတ်ပြိုင်)
June 24, 2007
What If - Kate Winslet
ဒီနေ့ လုပ်စရာမရှိတာနဲ့  Ex-HD ထဲက music file တွေကို ရှင်းနေရင်းကနေ ဒီသီချင်းကို ပြန်တွေ့ တယ်။ 2001 ကထုတ်တဲ့ သီချင်းဆိုတော့ နည်းနည်းတော့ကြာပြီပေါ့။ ကြိုက်လို့ ဆိုပြီး စုထားတဲ့ သီချင်းတွေက များလွန်းတော့ တခါတလေ အဲ့ဒီ သီချင်းတွေ ကိုယ့်မှာ ရှိလို့ ရှိနေမှန်းတောင် မသိဘူး ဖြစ်နေတတ်တာ။ ဒီနေ့ ပြန်တွေ့ တော့ လုပ်စရာရှိတာလေးတွေလုပ်ရင်း ဒီသီချင်းတစ်ပုဒ်ထဲကို ပဲ အချိန်အတော်ကြာကြာလေး နားထောင်ဖြစ်တယ်။ What if? ဒီသီချင်းကို Kate Winslet ဆိုတာ အတော်လေး နားထောင်လို့ ကောင်းတယ်.. Kate Winslet ကို Titanic Movie နာမည်နဲ့  တွဲပြီး နာမည်ကြီး ရုပ်ရှင်မင်းသမီးအနေနဲ့  သိနေခဲ့ပေမယ့် သူ ဒီလောက် သီချင်းဆိုကောင်းမယ်လို့  မထင်ထားခဲ့ဘူး... သူ့ အသံက ခံစားချက်နဲ့ ဆိုလို့ လားမသိဘူး ဒီသီချင်း နားထောင်ရတာ နားထဲမှာ စွဲနေတယ်..

Related Links:
Kate Winslet - What If (MTV)
Kate Winslet - What If (Titanic Edition)

Related Links:
Kate Winslet - What If (MTV)
Kate Winslet - What If (Titanic Edition)
June 23, 2007
Asian Junkie
မနေ့ က Asian Movies တချို့  ဒေါင်းလုတ်လုပ်လို့ ရတဲ့ Site တစ်ခုတွေ့ တာနဲ့  အဲ့ဒီက ရုပ်ရှင်တွေကို ဒေါင်းလုတ်လုပ်ပြီး ကြည့်ဖြစ်တယ်။ အဲ့ဒီမှာ ရုပ်ရှင်တွေ အများကြီးမရှိပေမယ့် ရှိနေတဲ့ Movie တွေက Quality ကောင်းပြီး၊ Download လုပ်ရတာလည်း သိပ်မကြာလို့  Asian Movie ကြိုက်သူတွေ သွားကြည့်သင့်တဲ့ Website တစ်ခုလို့  ထင်ပါတယ်။ Movies တွေအားလုံးမှာ English Subtitle ပါရှိနေတဲ့ အတွက် ကြည့်ရတာ အဆင်ပြေပါတယ်။
AsianJunkie.com မှာ အခုရှိနေတဲ့ Movies List ပါ။ ဘာတွေရှိလည်း သိမှာ စိတ်ဝင်စားပြီး သွားကြည့်ကြမယ် ထင်လို့  List လေး လုပ်ပေးလိုက်တာပါ။ Movies တစ်ခုခြင်းအတွက် ပိုစ့်တွေမှာ ဇာတ်လမ်းတွေကို ပုံတွေနဲ့ တကွရှင်းပြထားတော့ ကိုယ်စိတ်ဝင်စားတဲ့ဟာကိုမှ ရွေးချယ်ပြီး Download လုပ်၊ ကြည့်ရှု့ လို့ ရတာ တစ်မျိုးကောင်းပါတယ်။ Korean/Chinese/Japanese Music Videos တွေကိုလည်း အဲ့ဒီမှာ Download လုပ်လို့ ရပါတယ်။
All Movies from that site are hosted on their own Server. So we don't need to worry about download limit.. Just go there, download movies and watch them !! Enjoy your week end !!
Chinese Movies
Infernal Affairs
A Better Tomorrow
Japanese Movies
Returner
Sugar And Spice
Yureru
Yamato
Korean Movies
My Sassy Girl
Fun Movie
200 Pounds Beauty
Lover’s Concerto
Who Slept With Her
A Moment To Remember
The Host

22-June-2007
ဒီနေ့ သောကြာနေ့ ..
ဝယ်စရာ တစ်ခုရှိလို့  ညနေပိုင်း အပြင်သွားဖြစ်တယ်..
ထင်ထားထက်ဈေးထက် ၂ ဆ လောက်ပေးလိုက်ရတယ်..
ဒီလ ပိုက်ဆံ အကုန်များဆုံးလလို့  ပြောလို့ ရမယ် ထင်တယ်..
အဓိက ကုန်တာကတော့ သံရုံးကို အခွန်ပေးရလိုက်ရတာ နဲ့  ဒီနိုင်ငံအတွက် အခွန်ဆောင်ရတာ..
ပိုက်ဆံအကုန်များပါတယ်ဆိုမှာ ဒီရက်ပိုင်းလည်း ထပ်ပြီး ငွေကုန်စရာတွေနဲ့ ကြီးပဲ တွေ့ နေတယ်..
ဝယ်စရာရှိတာ ၀ယ်ပြီး အိမ်ပြန်ရောက်တော့ ည ၁၂ ထိုးလောက်ရှိပြီ..
မအိပ်ချင်တာနဲ့  သူငယ်ချင်းတွေနဲ့  စကားပြောဖြစ်တယ်..
စိတ်ထဲ သိပ်မကြည်လင်ဘူး ဖြစ်နေတယ်လို့  ခံစားရတယ်
စိတ်ခံလေးက မကြည်လင်တော့ တခြားဟာတွေလည်း စိတ်သိပ်မရှည်ချင်တော့ဘူး
ဒီတော့ ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင် နေမှ ဖြစ်မယ်..
ဒီ စနေ၊ တနင်္ဂနွေမှာ အနားယူမယ်..
ဘယ်မှ မသွားတော့ဘူးလို့  စိတ်ကူးထားတယ်..
အိမ်မှာ ရုပ်ရှင်တွေ ကြည့်မယ်..
သီချင်းနားထောင်မယ်..
Game ဆော့မယ်..
စာဖတ်မယ်..

June 21, 2007
ကဗျာလေး တစ်ပုဒ်
ခုရက်ပိုင်း အလုပ်တွေရှုပ်ပြီး အားလပ်ချိန်ကြတော့လည်း တခြားဘာမှ လုပ်ချင်စိတ် မရှိတာနဲ့  မြန်မာ စာအုပ်တွေပဲ ဖတ်ဖြစ်နေပါတယ်။ ၀တ္ထုတို၊ ၀ထ္ထုရှည်၊ ဘာသာပြန်စာအုပ်တွေ နဲ့  မဂ္ဂဇင်းစာအုပ်တချို့  ဖတ်ဖြစ်တယ်။ အသက်ကြီးလာလို့  ဖြစ်မယ်ထင်ပါတယ်၊ ခုနောက်ပိုင်းမှာ ဟိုးအရင်ကလို စာအုပ်တစ်အုပ်ကို တစ်ထိုင်တည်း၊ ဒါမှမဟုတ် ၁ ရက်တည်း ပြီးအောင် ဖတ်လိုက်တာမျိုး အလုပ်ဖြစ်တော့ဘူး။ ကြိုက်တဲ့စာတွေကို ဆို ကုန်သွားမှာဆိုးလို့  ဖြည်းဖြည်းခြင်းပဲ ဖတ်ဖြစ်နေတယ်။ အပြောင်းအလဲတစ်ခု၊ ကိုယ် သတိထားမိတာလေး တစ်ခုကို မေ့သွားမှာစိုးလို့  ရေးထားလိုက်တာပါ။ လူဆိုတာ အသက်ကြီးလာတာနဲ့ အမျှ မှတ်ဥာဏ်မကောင်း၊ ဟိုမေ့ဒီမေ့ ဖြစ်တတ်တယ် မဟုတ်လား။
ဒါနဲ့  ဒီကဗျာလေးက မင်္ဂလာဦးသူသို့ ဆိုတဲ့ စာအုပ်မှာ ဖတ်လိုက်ရတဲ့ ကဗျာလေးပါ။ စာရေးဆရာမ မစန္ဒာ က သူ ငယ်ငယ်က သိပ်ကြိုက်ခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ပါလို့  ဆိုထားတယ်။ ဒီကဗျာကို သူမရဲ့ဖခင် စာရေးဆရာ မန်းတင်က သူမရဲ့ မိခင်အတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်က ရေးခဲ့တာလို့ လည်း ဖတ်လိုက်ရတယ်။ ဘာရယ်မဟုတ်ပါဘူး ဖတ်လို့ ကောင်းတာနဲ့  မှတ်ထားလိုက်တာ။ ဒီလိုရေးပြီး မှတ်ထားလိုက်တော့ မကြာသေးခင်ကမှာ နှစ်ယောက်တစ်ဘ၀ တည်ဆောက်သွားကြတဲ့ သူငယ်ချင်းတချို့ နဲ့  နောက် မကြာခင်ကာလမှာ တည်ဆောက်ကြတော့မဲ့ သူငယ်ချင်းတွေကိုလည်း ဖတ်ခိုင်းလို့  ရတာပေါ့လေ။
လူ့ ဘုံလောက
ဖွားသည်မှလျှင်
ဘ၀ခရီး
ကံယာဉ်စီး၍
ထီးတည်း ထွက်ခွာ လာချေ၏။
ခရီးမကောက်
သုသာန်ရောက်အောင်
တောက်လျှောက်ချိုင့်ဝှမ်း
အိုနာပြွမ်းသည်
လူသွမ်း ပေါလှပါချေ၏။
ကြမ်း၍တိုတောင်း
ခရီးကြောင်းဝယ်
ဖော်ကောင်း ကြင်သူ
တွေ့ ပါမူကား
သွားတူရွှင်လန်း
မပင်ပန်းသည်
မောပန်း မသိသာချေ၏။
ဒီကဗျာလေး ကူးရေးနေရင်း အဖော်မပါ တစ်ကိုယ်တည်းသာ နေပါတော့မယ် ပြောဆိုနေသူတွေ ဒီကဗျာလေး ဖတ်မိသွားရင် စိတ်တွေများ တစ်မျိုးတမည် ပြောင်းသွားကြမလား မသိဘူးလို့  တွေးမိတယ်။

June 19, 2007
၆၂ နှစ်ပြည့် မွေးနေ့ 
ပြည်သူချစ်သော အကျဉ်းစံ မိခင်၆၂ နှစ်ပြည့် မွေးနေ့ 
၁၉ - ဇွန် -၂၀၀ရ
သက်ရှည်ကျန်းမာ လွတ်လပ်စွာဖြင့်
ပြည့်သူ့ အကျိုး ဆထက်တိုးက
ဆောင်ရွက်နိုင်ပါစေကြောင်း
ဆုကောင်းမွန်ချွေ တောင်းဆုဝေသည်..
June 18, 2007
Linux Journal (July 2007 )
linuxjournal.com မှ ထုတ်တဲ့ 2007 July လထုတ် Linux Journal ပါ။ အရင်တင်ထားပေးဖူးတဲ့ June နဲ့  May လထုတ်တွေကိုပါ ပြန်ပြီး လင့်လုပ်ပေးထားပါတယ်။
Linux Journals ( May and June 2007 )
Credit to : THKZ
Linux Journals ( May and June 2007 )
Credit to : THKZ
တောင်းတဲ့ဆုနဲ့  ပြည့်ဝရစေသား
ဒီ "တောင်းတဲ့ဆုနဲ့  ပြည့်ဝရစေသား" ဆိုတဲ့ သီချင်းလေးကို အတော်လေး လိုက်ရှာလိုက်ရတယ်။ ကျွန်မရဲ့ မိခင်ဖြစ်သူက ဟေမာနေ၀င်း အရမ်းကြိုက်တဲ့ သူဆိုတဲ့ ဟေမာ့သီချင်း တွေနဲ့  ငယ်ငယ်လေးတည်းက ရင်းနှီး နေခဲ့တယ်။ ဒါပေမယ့် အိမ်ကထွက်လာပြီး နောက်ပိုင်းတော့ ဟေမာနေ၀င်း သီချင်းတွေ သိပ်ပြီး နားမထောင်ဖြစ်တော့ဘူး။ ဟိုနေ့ က ညီမ Mayvelous ဆီမှာ သီချင်းတွေ ပြန်နားထောင်ဖြစ်သွားရာက ဒီသီချင်းလေးကို ပြန်ပြီး သတိရ၊ နှစ်သက်သွားတာကြောင့် အကြိမ်များစွာ နားထောင်ဖြစ်သွားတယ်။ ညီမမေနဲ့  သူ့ သူငယ်ချင်း သီချင်းဆို ကောင်းလို့ ပဲလား၊ သီချင်းနဲ့ ခံစားချက်နဲ့  တိုက်ဆိုင်လို့ လားတော့ မသိပါဘူး။ကျွန်မမှာရှိနေတဲ့ ဟေမာသီချင်းတွေထဲမှာ ဒီသီချင်းမရှိဘူးလေ။ဒါနဲ့  အင်တာနက်ပေါ်မှာ သီချင်းကို လိုက်ရှာတော့ ဟေမာနေ၀င်း နဲ့  မီးမီးခဲ နှစ်ယောက်တွဲဆိုထားတဲ့ ဗားရှင်းကို လွယ်လွယ်ကူကူပဲ ရှာတွေ့ ပါတယ်။ ဒါပေမယ့် ကျွန်မ လိုချင်တာ ဟေမာနေ၀င်း တစ်ယောက်တည်း ဆိုထားတဲ့ ဗားရှင်းလေ။ ရှာလို့ မတွေ့ တဲ့ အဆုံးတော့ နေးတစ်ဖိုရမ် က Request Myanmar Songs Topic မှာ သွားတောင်းလိုက်တာ နေးတစ်ဖိုရမ်မာ တစ်ယောက်ဖြစ်တဲ့ Native Guitarist (Guitablood) က ရတနာဦး ဆိုထားတဲ့ ဗားရှင်းကို ပေးပါတယ်။ ရတနာဦးကလည်း သီချင်ဆိုကောင်းတဲ့ သူတစ်ယောက်မို့  ရတနာဦး ဆိုထားတဲ့ ဗားရှင်းကို တင်လိုက်ဖို့ စဉ်းစားခဲ့ပေမယ့် အသေအချာ နားထောင်ကြည့်လိုက်တော့ ဟေမာနေ၀င်း ဆိုထားတာလောက် မကောင်းဘူးလို့  ထင်မိတာနဲ့  ဟေမာ တစ်ယောက်တည်း ဆိုထားတဲ့ ဗားရှင်းကိုပဲ ရအောင်ရှာမယ်လို့ ဆုံးဖြတ် လိုက်တယ်။ သီချင်းခွေပဲ ရှာဝယ်လိုက်တော့မယ် ဆိုပြီး ဆိုင်တွေသွားရှာတာ တခြားအခွေတွေ တွေ့ ပေးမယ့် ဒီသီချင်းပါတဲ့ အခွေ ရှာမတွေ့ ဘူး။ ဆိုင်တစ်ဆိုင်မှာတော့ သီချင်းနာမည်တွေ မရေးထားတဲ့ ဟေမာနေ၀င်း သီချင်း 112 ပုဒ်ပါတယ် ဆိုတဲ့  အခွေတစ်ခွေ တွေ့ တာနဲ့  ၀ယ်လာလိုက်တယ်။ ကျွန်မ ရှာနေတဲ့ သီချင်းပါမှ ပါပါ့မလားလို့  စိတ်ထဲမှာတော့ တထိတ်ထိတ်နဲ့ ပေါ့။ အိမ်ပြန်ရောက်တာနဲ့  အခွေလေးထည့်ပြီး နားထောင်ကြည့်မှ No 2 သီချင်းက ကျွန်မ လိုချင်တဲ့ သီချင်းဖြစ်နေတယ်။ တော်ပါသေးတယ် မဟုတ်ရင် ဒီသီချင်းရဖို့  ဘယ်လောက်တောင်များ လိုက်ရှာရဦးမလဲ မသိဘူး။
တောင်းတဲ့ ဆုနဲ့ ပြည့်ဝရစေသား - ဟေမာနေ၀င်း

စဉ်းစားရင်းတွေးရင် မေးခွန်းလေးတွေပေါ်လာ..
စဉ်းစားပြီးကျွန်မရဲ့ မေးခွန်းလေးဖြေပါ..

မောင်ဘာဖြစ်လို့ ချစ်တာလဲ..
မောင်ဘာကြောင့်မို့ ချစ်တာလဲ..
မောင်ဘယ်လောက်ထိ ချစ်မှာလဲ..
ကျွန်မက မလှရင်ကော တစ်သက်လုံးပဲ ချစ်မှာလား

မောင်ဘယ်တုန်းက ချစ်တာလဲ..
မောင်ဘယ်ထိ ဆက်ချစ်နိုင်မလဲ..
မောင်တကယ်အပြည့်အ၀ ချစ်ရဲ့လား..
ကျွန်မထက်လှသူနဲ့ တွေ့ သွားတော့ အချစ်ရော့မလား..
စဉ်းစားရင်းတွေးရင် မေးခွန်းလေးတွေပေါ်လာ..
စဉ်းစားပြီးကျွန်မရဲ့ မေးခွန်းလေးဖြေပါ..
စွန့် စားပြီး ဆူးခက်နင်း. အချစ်ဆူးများ ပန်းပွင့်ထင်
အိုး ..ယုံကြည်သလိုပဲ မောင့်ဘက်က ချစ်မလား
ကျွန်မရဲ့ အချစ်ထက် မောင့်ရဲ့ အချစ်ပိုပါစေ..
ကျွန်မတောင်းတဲ့ ဆုနဲ့  ပြည့်ဝရစေသား..

မောင်ဘာဖြစ်လို့ ချစ်တာလဲ..
မောင်ဘာကြောင့်မို့ ချစ်တာလဲ..
မောင်ဘယ်လောက်ထိ ချစ်မှာလဲ..
အနှစ်လေးငါးခြောက်ဆယ်လား...
တစ်ယောက်တည်း စွဲချစ်နိုင်မလား..

မောင်ဘယ်တုန်းက ချစ်တာလဲ..
မောင်ဘယ်ထိ ဆက်ချစ်နိုင်မလဲ..
မောင်တကယ်အပြည့်အ၀ ချစ်ရဲ့လား..
ဘ၀နဲ့ တိုင်းတာပြီး စိတ်မပြောင်းပဲ ချစ်ပါ့မလား..

စဉ်းစားရင်းတွေးရင် မေးခွန်းလေးတွေပေါ်လာ..
စဉ်းစားပြီးကျွန်မရဲ့ မေးခွန်းလေးဖြေပါ..
ခိုင်မြဲသော သံကြိုးများတောင် ယုံကြည်ရန်ခက်လို့ ..
မြင်ခွင့်မရတဲ့ ချစ်ကြိုးများကို
မောင် ပြန်စမ်းသတ်ကြည့် စစ်ဆေးကြည့်ပေါ့
သေချာချီထားသလား..
ချစ်ကြိုးများအားလုံး မြဲစေခိုင်စေသား..

ကျွန်မရဲ့ အချစ်ထက် မောင့်ရဲ့ အချစ်ပိုပါစေ..
ကျွန်မတောင်းတဲ့ ဆုနဲ့  ပြည့်ဝရစေသား..

ကျွန်မရဲ့ ရည်စူးသူက ရတနာဦးဆိုတဲ့ ဗားရှင်းကို မကြိုက်ပဲ ဟေမာနေ၀င်းဆိုထားတဲ့ ဗားရှင်းကိုသာ ကြိုက်တယ်လို့  ပြောလာတဲ့ အတွက် ဒီသီချင်းရှာရလို့  ခံစားခဲ့ရတဲ့ စိတ်ပင်ပန်းတာတွေ အကုန် ပျောက်သွားတယ် :D
စဉ်းစားရင်းတွေးရင် မေးခွန်းလေးတွေပေါ်လာ..
စဉ်းစားပြီးကျွန်မရဲ့ မေးခွန်းလေးဖြေပါ..

မောင်ဘာဖြစ်လို့ ချစ်တာလဲ..
မောင်ဘာကြောင့်မို့ ချစ်တာလဲ..
မောင်ဘယ်လောက်ထိ ချစ်မှာလဲ..
ကျွန်မက မလှရင်ကော တစ်သက်လုံးပဲ ချစ်မှာလား

မောင်ဘယ်တုန်းက ချစ်တာလဲ..
မောင်ဘယ်ထိ ဆက်ချစ်နိုင်မလဲ..
မောင်တကယ်အပြည့်အ၀ ချစ်ရဲ့လား..
ကျွန်မထက်လှသူနဲ့ တွေ့ သွားတော့ အချစ်ရော့မလား..
စဉ်းစားရင်းတွေးရင် မေးခွန်းလေးတွေပေါ်လာ..စဉ်းစားပြီးကျွန်မရဲ့ မေးခွန်းလေးဖြေပါ..
စွန့် စားပြီး ဆူးခက်နင်း. အချစ်ဆူးများ ပန်းပွင့်ထင်
အိုး ..ယုံကြည်သလိုပဲ မောင့်ဘက်က ချစ်မလား
ကျွန်မရဲ့ အချစ်ထက် မောင့်ရဲ့ အချစ်ပိုပါစေ..
ကျွန်မတောင်းတဲ့ ဆုနဲ့  ပြည့်ဝရစေသား..
မောင်ဘာဖြစ်လို့ ချစ်တာလဲ..
မောင်ဘာကြောင့်မို့ ချစ်တာလဲ..
မောင်ဘယ်လောက်ထိ ချစ်မှာလဲ..
အနှစ်လေးငါးခြောက်ဆယ်လား...
တစ်ယောက်တည်း စွဲချစ်နိုင်မလား..

မောင်ဘယ်တုန်းက ချစ်တာလဲ..
မောင်ဘယ်ထိ ဆက်ချစ်နိုင်မလဲ..
မောင်တကယ်အပြည့်အ၀ ချစ်ရဲ့လား..
ဘ၀နဲ့ တိုင်းတာပြီး စိတ်မပြောင်းပဲ ချစ်ပါ့မလား..

စဉ်းစားရင်းတွေးရင် မေးခွန်းလေးတွေပေါ်လာ..
စဉ်းစားပြီးကျွန်မရဲ့ မေးခွန်းလေးဖြေပါ..
ခိုင်မြဲသော သံကြိုးများတောင် ယုံကြည်ရန်ခက်လို့ ..
မြင်ခွင့်မရတဲ့ ချစ်ကြိုးများကို
မောင် ပြန်စမ်းသတ်ကြည့် စစ်ဆေးကြည့်ပေါ့
သေချာချီထားသလား..
ချစ်ကြိုးများအားလုံး မြဲစေခိုင်စေသား..

ကျွန်မရဲ့ အချစ်ထက် မောင့်ရဲ့ အချစ်ပိုပါစေ..
ကျွန်မတောင်းတဲ့ ဆုနဲ့  ပြည့်ဝရစေသား..
တခြားဒီသီချင်းကို နှစ်သက်သူတွေ နားထောင်နိုင်အောင် ကျွန်မရှာတွေ့ တဲ့ ရတနာဦးဆိုထားတဲ့ ဗားရှင်းရယ်၊ ဟေမာနေ၀င်းနဲ့  မီးမီးခဲ နှစ်ယောက် ဆိုထားတဲ့ ဗားရှင်းရယ်ကို ဒီမှာပိုစ့်လုပ်ပေးထားပါတယ်။
တောင်းတဲ့ ဆုနဲ့ ပြည့်ဝရစေသား - ရတနာဦး
တောင်းတဲ့ ဆုနဲ့ ပြည့်ဝရစေသား - ဟေမာနေ၀င်း + မီးမီးခဲ
June 16, 2007
Fridays and Friday Nights
ဒီတစ်ပတ်လုံး နေ့ တိုင်းကို သောကြာနေ့ တွေလို့ ထင်ပြီး ညတိုင်းကို သောကြာညတွေလို့  ထင်နေခဲ့တယ်။ အဲ့ဒီလို ထင်နေမိတာ အတော်လေးကို နေလို့ ထိုင်လို့  ကောင်းပြီး ဒီတစ်ပတ်လုံး ဘယ်လို ကုန်သွားမှန်းတောင် မသိလိုက်ဘူး။
တစ်ပတ်လုံး စိတ်ကြည်လင် နေခဲ့တယ်...
မနက်မိုးလင်းတိုင်း သောကြာမနက်လို့  ထင်နေတော့ အလုပ်သွားဖို့  စိတ်မညစ်တော့ဘူး..
အလုပ် မလုပ်ပဲလည်း မနေနိုင်ပေမယ့် တစ်ပတ် ၅ ရက် စက်ရုပ်လို အလုပ်လုပ်နေရတော့ တခါတလေ အလုပ်မသွားချင်ဘူး။ အထူးသဖြင် ရက်တစ်ပတ်ရဲ့ အစပိုင်းရက်တွေပေါ့။ ဒီရက်ပိုင်း ထူးထူးဆန်းဆန်း မနက်စောစောတွေမှာ ပျင်းပြီး မထချင်ဖြစ် မနေဘူး။ ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး အလုပ်သွားချိန်မှာ လူက လန်းဆန်းလို့ နေတယ်.. နောက်နေ့ ဆိုပဲ စနေ၊တနင်္ဂနွေရောက်လို့  အလုပ်မသွားရတော့ပဲ နားရတော့မယ့် ပုံစံမျိုးပေါ့..
တစ်နေ့ လုံးလဲ ဒီနေ့  သောကြာနေ့ လို့  ထင်နေတော့ ပင်ပန်းတယ်လို့  မခံစားရတော့ဘူး..
အလုပ်ရောက်လို့  အလုပ်တွေလုပ်တဲ့ အခါ သောကြာနေ့ ဆို အလုပ်တွေ အကြွေးမထားခဲ့ချင်လို့  တခြားဟာတွေမေ့ပြီး အလုပ်ပြီးအောင် အာရုံစိုက်ပြီး လုပ်တတ်ရှိတဲ့အတိုင်း အလုပ်တွေ လုပ်ဖြစ်နေတော့ အလုပ်များများပြီးတယ်လေ.. ဒီရက်ပိုင်း အလုပ်လုပ်ရတာ ပင်ပန်းတယ်လို့  စိတ်ထဲမှာ မခံစားရဘူး။
ညနေမိုးချုပ် အိမ်ပြန်လာရင်လည်း သောကြာညနေလို့  ခံစားနေရတော့ စိတ်ကလေးက ကြည်လင်လို့ ...
ဟိုတုန်းကဆို အလုပ်လုပ်ရတဲ့ ရက်တွေမှာ (သောကြာတစ်ညနေကလွဲရင်) အိမ်ကို အပြန်လမ်းမှာတောင် စိတ် သိပ်ပြီး မကြည်လင်တတ်ဘူး။ နောက်ရက်မှာ အလုပ်သွားရမယ်ဆိုတာကို တွေးနေမိတယ်ပြီး ပင်ပန်းတယ်လို့  ခံစားနေရတတ်တယ်။ ခုရက်ပိုင်းတော့ ညနေဆို လူက မြူးပြီး တတ်ကြွလို့ .. တချို့ ရက်တွေမှာဆို ဘူတာနားက ဈေးတန်းမှာ ဆိုင်တွေ လျှောက်ပြီး ကြည့်ဖြစ်လိုက်သေးတယ်။ နောက် ဈေးတွေဘာတွေဝယ်ပြီး အိမ်မှာ ဟင်းတွေဘာတွေတောင် အသေအချာ ချက်စားဖြစ်တယ်။ ညဆိုလည်း ဖတ်စရာရှိတဲ့ စာတွေလည်း ဖတ်ဖြစ်တယ်။ အရင်ကဆို နောက်နေ့ လည်း အလုပ်သွားရဦးမယ် ၊ ဒီနေ့ လည်း အလုပ်သွားထားရတာ ပင်ပန်းနေတယ်ဆိုပြီး ၀တ္ထု၊ မဂ္ဂဇင်းလောက်ကလွဲရင် တခြား ဖတ်သင့်တယ်ဆိုတဲ့ ဘယ်စာမျိုးကိုမှ မဖတ်ဖြစ်ဘူးလေ။
တကယ်ဆို ဒီရက်ပိုင်း အလုပ်မှာလည်း အရင်တပတ်တွေထက်စာရင် ပိုပြီး အလုပ်ရှုပ်ပါတယ်။ ညနေပိုင်း အိမ်ပြန်ရောက်ရင်လည်း အရင်အပတ်တွေကထက်စာရင် အလုပ်တွေ (ဈေးဝယ်၊ ဟင်းချက်၊ စာဖတ်) ပိုလုပ်ဖြစ်ခဲ့တယ်။ ဒါတောင် ပင်ပန်းတယ်လို့  မခံစားရဘူး။ တကယ်ဆို လူရဲ့ စိတ်က အရေးအကြီးဆုံးဆိုတာ သိပ်မှန်တာပဲ။
ဒါပေမယ့် သေချာတာတစ်ခုတော့ရှိတယ်.. တခြားညနေတွေကိုသာ သောကြာညနေလို့ တွေးမိနေနိုင်ပေမယ့် တနင်္ဂနွေညနေကိုတော့ ဒီလို တွေးမိနိုင်မယ် မထင်...

June 15, 2007
မိုးတွေရွာရင်
ဒီနေ့  မနက်စောစော အိပ်ရာအနိုး ဘလောခ့်တွေကို လိုက်ဖတ်ကြည့်မိတော့.. mayvelous က မိုးတွေရွာရင်ဆိုတဲ့ ခေါင်းစဉ်နဲ့  ပိုစ့်လေးတင်ဖို့  ပြောထားတယ်။သူကတော့ ကဗျာလေးရေးပြီး တင်ထားတာတွေ့ ရတယ်။ ကျွန်မမှ ကဗျာမရေးတတ်တာ။ ဟိုတခါသူကဗျာရေးဖို့  ပြောထားတုန်းကလဲ မရေးဖြစ်ဘူး။ ဒီတခါ ထပ်မရေးရင် အားနာစရာကြီးလို့  တွေးမိပြီး တစ်ခုခုရေးမယ် စဉ်းစားလိုက်တယ်။
တခုခုများ တွေးလို့ ရမလားရယ်လို့  ပြတင်းပေါက်က မြင်နေရမျှော်ကြည့်လိုက်တော့ မနက်စောစော ထွက်စနေက အတော်လေး တောက်ပစွာ ပူပြင်းလို့ နေတယ်။ ဒီလို နေပူနေတဲ့ အချိန်ကြီးမှာ ဘယ်လိုနည်းနဲ့ မှ မိုးတွေရွာရင်ဆိုပြီး မိုးရွာတဲ့ အကြောင်း ရေးနိုင်မှာလဲလို့  တွေးလိုက်မိတယ်.. တကယ်ပါပဲ။ ဟိုတွေးဒီတွေးနဲ့  နာရီဝက်လောက်သာ အချိန်ကုန်သွားတယ် ဘာမှတော့ ရေးလို့ မရလိုက်ပါဘူး။ အလုပ်သွားဖို့  ကလည်း ရှိသေးတော့ ဆက်မတွေးနိုင်တော့ပဲ အမြန်ပြင်ဆင်ပြီး ထွက်လာလိုက်ရတယ်လေ။ ဒါတောင် အလုပ်ရောက်တာ နည်းနည်း နောက်ကြသွားသေးတယ်။
ဘူတာကနေ အလုပ်ကို လမ်းလျှောက်နေတုန်း မိုးတွေ အုံ့ လာတာတွေ့ ရတယ်။ ချက်ချင်းပဲ ရွာချတော့မယ့် ဟန်ဖြစ်နေလို့  အလုပ်မြန်မြန်ရောက်အောင် သုတ်ခြေတင် ပြေးရတော့တာပေါ့။ စိတ်ထဲမှာတော့ ဘာပဲဖြစ်ဖြစ် ဒီနေ့ မိုးတွေရွာနေရင် မိုး အကြောင်း တစ်ခုခုတော့ ထွက်လာမယ်၊ ရေးလို့ ရမယ် ထင်ပြီး ပျော်သွားတာပေါ့။ ကျွန်မ အလုပ်ရောက်တဲ့ အထိ မိုးမရွာသေးဘူး။ ဒီနိုင်ငံမှာ အချိန်အခါမရွေး မိုးရွာလေ့ရှိပေမယ့် ကျွန်မက ထီဆောင်ထားလေ့ မရှိပါဘူး။ မိုးရွာရင် ဟိုပြေးဒီပြေးနဲ့  မိုးခိုလိုက်တယ်။ အလုပ်က ကျွန်မ ထိုင်လေ့ရှိတဲ့ နေရာလည်း ရောက်ရော အပြင်မှာ မိုးတွေက သည်းကြီးမဲကြီး ရွာနေပြီ။
အလုပ်လေး နည်းနည်းလုပ်ပြီး တစ်ခုခုရေးမယ်လို့ တွေးလိုက်တဲ့ အချိန်မှာ 9:30 to 12:30 Meeting ရှိတယ် ဆိုပြီး တစ်ယောက်က လာခေါ်တယ်။ ဘာမှ မတတ်နိုင်တော့ဘူး။ ကိုယ်နဲ့ မဆိုင်တဲ့ အကြောင်းတွေ ပြောမှာမို့ လို့  မတတ်လို့ မရဘူးလားမေးကြည့်တော့ အားလုံး မတတ်မနေရ မီတင်တက်ရမယ်တဲ့။ တစ်ခုခုရေးမယ်ဆိုတဲ့ အကြံလေး ပျက်သွားတော့တယ်။ မီတင်ခန်းထဲမှာ ဟိုတွေးဒီတွေးလုပ်ပြီး စာရေးဖို့ ဆိုတာ ဖြစ်မှမဖြစ်နိုင့်တာ။ မီတင်ခန်းထဲ ရှိနေတဲ့ ၃ နာရီအတွင်း အပြင်မှာ မိုးတွေ သည်းကြီးမဲကြီး ရွာနေတယ်။ အနွေးထည် ၀တ်ထားပေမယ့် မိုးကရွာ၊ အဲယာကွန်းကလည်း ဖွင့်ထားတော့ ချမ်းလိုက်တာ မပြောပါနဲ့ တော့။ မျက်လုံးမှာလည်း မျက်ရည်တွေနဲ့ ။ ၀မ်းနည်းလို့ မဟုတ်ပါဘူး။ ဟန်တောင် မဆောင်နိုင်တော့ပါဘူး။ မီတင်က 12:00 ကျော်လောက်မှာပြီးတယ်။ ကိုယ့်နေရာကိုယ်ပြန်ရောက်တော့ မိုးတိတ်နေပြီ။ ဒါနဲ့  ထမင်းသွားမစားခင်လေး စိတ်ထဲပေါ်လာတဲ့ စကားလုံးလေးတွေ ချရေးထားလိုက်တယ်...
မိုးတွေရွာရင်..
မီတင်ခန်းထဲရောက်နေရင်..
အဲယားကွန်းကလဲဖွင့်ထားရင်..
ပတ်ဝန်းကျင်ကလည်း ကိုယ့်ကို မစွဲဆောင်နိုင်ရင် ..
ဟန်မဆောင်နိုင်အောင် အိပ်ငိုက်တယ်...
ခုတော့ ဒီလောက်ပါပဲ။ ဒီထက်ပိုပြီး ဆက်မတွေးနိုင်တော့ဘူး။ မနက်ကသာ မိုးရွာနေတာလေ... အခုတော့ အပြင်မှာ နေ ချစ်ချစ်တောင် ပူနေပြီ။ ဒီနိုင်ငံက ဒီလိုပါပဲ။ နောက်မိုးရွာနေတုန်း တွေးအား၊ ရေးအားမှပဲ ဆက်ရေးတော့မယ်..

June 14, 2007
IT Job Interview Book
IT နဲ့  ပတ်သက်တဲ့ Interview အကြောင်းရေးထားတဲ့ စာအုပ်၊ ဘာတွေရှိလည်း ရှာကြည့်လိုက်တာ ဒီစာအုပ်လေးတွေ့ တာနဲ့  သိမ်းထားလိုက်တာ။ ၂၀၀၂ က ထုတ်တဲ့ စာအုပ်ဆိုတော့ နည်းနည်းတောင် ဟောင်းနေပြီလို့  ပြောလို့ ရမယ် ထင်တယ်။Java နဲ့ ပတ်သတ်တဲ့ Q & A အများအပြားတွေ့ ပေမယ့် ဘာတွေကောင်းလည်း သိအောင် ဖတ်နေတာ မပြီး သေးဘူး။ ခုရက်ပိုင်းအလုပ်ရှုပ်နေတာ လည်းပါ ပါတယ်။ ဒီ အားလပ်ရက်အတွင်းတော့ အားလုံးပြီးအောင် ဖတ်ကြည့်မယ် စိတ်ကူးတယ်။
Labels:
Book,
Interviews,
Job,
Technology
June 13, 2007
အို... ကျွန်းရွက်

အို... ကျွန်းရွက်
အသင် ဘယ်ဘက်ကို သွားနေသလဲ
ဘယ်ကွေ့ ကို ဘယ်တတ်နဲ့ လှော်
ဘယ်မှော်ကို ဘယ်လိုရှောင်မယ်
ဘယ်သောင်ကို ဘယ်လိုရှဲမလဲ
ဘယ်ဝဲကို ဘယ်လိုဖြတ်မလဲ
ချောင်းဖျားအစ
မလိခက ဆင်းလာတဲ့ သင်ဟာ
ပင်ပန်းချင် ပင်ပန်း
ထွက်လာတဲ့ ခရီးကြမ်းကိုတော့
လမ်းဆုံးအောင် သွားရလိမ့်မယ်။
မြသန်းတင့်
စက္ကူမြင်း၊ တောင်းတွင်းရထား ကဗျာမှ
အသင် ဘယ်ဘက်ကို သွားနေသလဲ
ဘယ်ကွေ့ ကို ဘယ်တတ်နဲ့ လှော်
ဘယ်မှော်ကို ဘယ်လိုရှောင်မယ်
ဘယ်သောင်ကို ဘယ်လိုရှဲမလဲ
ဘယ်ဝဲကို ဘယ်လိုဖြတ်မလဲ
ချောင်းဖျားအစ
မလိခက ဆင်းလာတဲ့ သင်ဟာ
ပင်ပန်းချင် ပင်ပန်း
ထွက်လာတဲ့ ခရီးကြမ်းကိုတော့
လမ်းဆုံးအောင် သွားရလိမ့်မယ်။
မြသန်းတင့်
စက္ကူမြင်း၊ တောင်းတွင်းရထား ကဗျာမှ
ပင်ပန်းချင်ပင်ပန်း ထွက်လာတဲ့ ခရီးကြမ်းကိုတော့ လမ်းဆုံးအောင် သွားရလိမ့်မယ်
June 12, 2007
Apple: Safari 3 for Windows
Apple ရဲ့ Web Browser ဖြစ်တဲ့ Safari Browser ကို Windows Computers တွေ စတင် အသုံးပြုနိုင်ပါပြီ။ မနေ့  (11-June-2007) က San Fransisco မှာ ပြုလုပ်တဲ့ Worldwide Developers Conference မှ Steve Jobs က အသစ်ထုတ်တဲ့ Safari 3 (Beta) ကို Windows မှာ အသုံးပြုနိုင်ပြီလို့  ပြောကြားသွားတာပါ။ သတင်းကောင်းတစ်ခုပါပဲ။ဟိုတလောကတင် Browser Wars Over ဖြစ်ပြီ၊ Browser တွေကို Development Platform အမြင်နဲ့ သာ ဆက်လက်ပြီး ထုတ်လုပ်သွားကြတော့မယ်ဖြစ်ကြောင်းကို Microsoft (IE), Mozilla (FireFox), Opera နဲ့  Google တို့ ကပြောကြား ခဲ့တယ်။ ခုလည်း Apple က သူရဲ့ Safari Browser ကို Windows မှာပါ အသုံးပြုနိုင်အောင် လုပ်ပေးလိုက်ပါပြီ။ ဒီအတိုင်းဆိုရင်တော့ Web Application တွေရေးတဲ့ အခါ Browser Independant ဖြစ်ဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ဟာ အရေးကြီးသထက် ကြီးလာတော့မှာ အသေအချာပါပဲ။
အရင်ကဆို IE တစ်ခုတည်းက Window Browser လောကမှာ ကြီးစိုး နေရာကနေ Firefox နဲ့  Opera ကို မျှပြီး ပေးလိုက်ရတယ်။ ခုဆို Safari ပါ Windows ပေါ်မှာ သုံးလို့ ရလာပြီ ဆိုတော့ IE ရဲ့ Market Share တွေဟာ ဒီထက် ပိုပြီး ကျလာဖို့ ပဲ ရှိပါတော့မယ်။
Apple Website မှာတော့ Safari ကို The World's Best Browser လို့  ဆိုထားတယ်။ တကယ်ပဲ သူတို့ ပြောထားသလို အကောင်းဆုံး ဟုတ်မဟုတ်ကိုတော့ သုံးကြည့်မှ သိမှာပါပဲ။ကျွန်မကတော့ အဲ့ဒီ သတင်းကိုတွေ့ တော့ Apple ဆိုဒ်ကိုသွား Safari 3 အကြောင်းကို ဖတ်ကြည့်ဖြစ်ယုံမက Download လုပ်ပြီး စမ်းသုံးကြည့် ဖြစ်ပါတယ်။ Safari ဟာ Windows ပေါ်မှာ အသုံးပြုနိုင်တဲ့ Browser တွေထဲမှာ အမြန်ဆုံးဖြစ်တယ်လို့  ပြောထားတဲ့ အတိုင်း Web Browsering လုပ်ရာမှာ အတော်လေး မြန်ပါတယ်။ Safari 3 ဟာ IE 7 ထက် ၂ ဆ၊ FireFox 2 ထက် ၁.၅ ဆ ပိုမြန်တယ်လို့  ပြောထားတယ်။ Apple Web Site မှာ IE 7, Firefox 2, Opera တွေနဲ့  Safari 3 ကို နှိုင်းယှဉ်ပြထားပါတယ်။ သူပြောတဲ့ အတိုင်းဆိုရင် အခုအချိန်မှာ IE 7 နဲ့  Firefox 2 နောက်ကနေပြီး No 3 အနေနဲ့  လိုက်နေတဲ့ Opera ကိုများ ကျော်တတ်သွားမလား မသိဘူး။ စောင့်ကြည့်ရမှာပါပဲ။

JavaScript Performance

HTML Performance
Safari မှာ Built-in RSS, Tabbed Browsing , Easy Bookmarks နဲ့  တခြား Features အများအပြား ပါဝင်တယ်လို့  သိရတယ်။တခြား သတင်းတွေဖတ်ကြည့်ရသကလောက်တော့ Safari ကိုသုံးရင် Vista နဲ့  XP မှာ သုံးကြည့်ကြတာ Memory usage အရမ်းများတယ် သိရတယ်။ သူတို့ ပြောထားတာ ဟုတ်မယ် ထင်တယ်။ ကျွန်မ ဒီနေ့  အလုပ်မှာ Safari 3 ကို သုံးပြီး Web Browsing လုပ်နေတာ Memory Usage အတော်များနေတာကို သတိထားမိတယ်။ မနေ့ ကမှ စပြီး Public ကို Free ပေးသုံးတာဆိုတော့ လိုအပ်ချက်တွေ အမြောက်အများ ရှိနေတာ ဘာမှ သိပ်မဆန်းဘူး ထင်ပါတယ်။ IE 7 ထက်စာရင် Firefox ကလည်း Memory အတော်နေရာ ယူတာပါပဲ။ နောက်တော့ လည်း ပိုကောင်းအောင် Update လုပ်ကြမှာပါ။ ဘာပဲဖြစ်ဖြစ် Windows ပေါ်မှာ သုံးလို့ ရလာတာက အတော်ကောင်းပါတယ်။
Safari 3 ကို သုံးပြီး မြန်မာလို ( Zawgyi Unicode) သုံးရေးထားတဲ့ Site တွေကို ကြည့်တာတော့ ကြည်ကြည်လင်လင် ထင်ထင်ရှားရှား မြင်ရပါတယ်။ အရင် ကျွန်မ အမြဲသုံးလေ့ရှိတဲ့ IE 7, Firefox 2 နဲ့  နှိုင်းယှဉ်ရင် Safari 3 မှာ မြင်ရတဲ့ စာလုံးတွေက အရမ်းကို ကြည်လင် ထင်ရှားနေပါတယ်။ မှုန်ဝါးဝါးကြည့်တာ အကျင့်ပါနေတဲ့ ကျွန်မရဲ့ မျက်လုံးတွေဟာ Safari ကို သုံးပြီး စာလုံးတွေကို ထင်ထင်းရှားရှား မြင်နေရတဲ့ အခါ တမျိုးကြီး ဖြစ်နေပါတော့တယ်။ ဒါပေမယ့် ခု Safari 3 မှာ IE 7 လိုမျိုး ပဲ Blogger.com ပိုစ့်လုပ်တဲ့အခါ Editor Window မှာ မြန်မာ စာလုံးတွေကို မမြင်ရသေးပါဘူး။ IE 7, Firefox 2 နဲ့  Safari 3 မှာဆို Firefox 2 မှာပဲ ဇော်ဂျီယူနီကုတ်က အလုပ် ကောင်းကောင်း လုပ်နိုင်တယ် ထင်ပါတယ်။
Ten views of project management
ဘယ်အချိန် ကြည့်ကြည့် သဘောကျမိတဲ့ ပုံလေးပါ။ ကိုယ့်အလုပ်၊ ကိုယ်ကျင်လည်နေရတဲ့ ပတ်ဝန်းကျင်နဲ့ သက်ဆိုင်နေလို့  ဖြစ်မယ် ထင်ပါတယ်။ ဟိုအရင် အလုပ်မှာဆို ဒီပုံလေးကို နေရာအနှံ့  စာပွဲရှေ့ တွေမှာ ကပ်ပေးထားတယ်။

ဒီထဲမှာ သဘောအကျဆုံးကတော့ How the Project was documented နဲ့  How it was supported ဆိုတာကိုပါပဲ။ ဟိုတလောကဆို User တွေ လက်ရှိသုံးနေတဲ့ Software တစ်ခုမှာ ပြဿနာ တစ်ခုတတ်လို့  Investigation လုပ်ပေးပါတဲ့။ ဒါနဲ့  လုပ်ပေးမယ် အဲ့ဒီ Project ရဲ့ Documentation လေးအရင်ပေးပါ ပြောလိုက်တော့ လွန်ခဲ့တဲ့ ၃ နှစ်ကျော်က ရေးထားတဲ့ Documentation လာပေးတယ်။ ကြည့်လိုက်တော့ ခုလက်ရှိဟာ နဲ့  အတော်ကို ကွာခြားနေပြီ။ အသေအချာ မေးကြည့်တော့မှ ဒီနှစ်တွေအတွင်း အဲ့ဒီ Project ကို Enchantment အကြိမ်ပေါင်းများစွာ လုပ်ခဲ့တယ်တဲ့။ အချိန်မရ (Very Tide Schedules) မို့  ဘာ Technical Documents မှ အသစ်ထပ် မလုပ်နိုင်ခဲ့ဘူး၊ လိုချင်ရင်တော့ User Requirement Documents တွေပဲ ရှိတဲ့လေ။ ကောင်းရော။ ဒါဆိုလည်း အဲ့ဒီက Function တွေ ဘယ်လို အလုပ်လုပ်လဲ သိမှဖြစ်မယ်၊ ဒါမှ ဘယ်နေရာတွေမှာ၊ ဘာမှားနေလဲ သိနိုင်မှာဖြစ်လို့  Functional Specification နဲ့ User Guide တစ်ခုခု ပေးပါလို့  ပြောလိုက်တော့.. Document အဟောင်းတွေပဲရှိလို့  စုံလင်မှာ မဟုတ်တဲ့အတွက် ဒီမှာ 10 Years ကျော် Experience ရှိနေတဲ့ BA (Business Analyst) တစ်ယောက်ကို သိချင်တာတွေရှိရင် သွားမေးပါ၊ ဒီ Software ကို အဲ့ဒီ BA အကုန်သိပါတယ်လေ။
ပထမဆုံးအလုပ်ဝင်ချိန်တုန်းကတော့ အဲ့ဒီမှာ Documentation အပြည့်အစုံမရှိတာတွေ့ တော့ ဒီ Company ကသေးလို့  စည်းစနစ်မကျလို့  မရှိတာလို့ ပဲ ထင်ခဲ့မိတယ်။ ဒါပေမယ့် နောက်ပိုင်း ကြာလာတော့ Company အတော်များများက ဒီလိုပါပဲ၊ Documentation ဆိုတာကို ရှိတယ် ပြောနိုင်ရုံလောက်သာ၊ အဖြစ်သဘောလောက် လုပ်နေကြမှန်း သိလာရတော့တယ်။
How the Programmer wrote it ဆိုတာလေးကို မြင်ရတော့ Programmer တွေ တခါတလေမှာ အလွယ်လိုက်ပြီး ဖြစ်သင့်တာ မဖြစ်သင့်တာကိုလည်း ဂရုမထား၊ အလုပ်မြန်မြန်ပြီးအောင်လုပ်လိုက်ဖို့  လွယ်လွယ်ကူကူ ရေးလိုက်တတ်ကြတာကို တွေးမိပြီး ရယ်ချင်သွားတယ်။ How the Business Consultant described it ဆိုတာကိုလည်း သဘောကျတယ်။ ခုအချိန်မှာ ကျွန်မဘေးနားမှာ ရှိနေတဲ့ သူတွေက အဲ့လို တွေကြီးပဲ။ How the customer was billed ကိုမြင်တော့ ပထမဆုံးအလုပ်က Boss ကို သတိရတယ်။
How the customer explained it နဲ့  What the customer really needed ကိုကြည့်ပြီး မှန်လိုက်တာလို့  တွေးမိတယ်။ Customer တွေရှင်းတာ နားထောင်ပြီးရင် ၊ သူတို့  ဘာလိုချင်လို့  ဘာတွေလုပ်စေချင်နေမှန်း သိအောင် လုပ်ရတာ တော်တော်ခက်တယ်။ နောက်ပြီး တကယ်အသုံးပြုမယ့် User တွေစီက Requirement တွေ ယူရတာကလည်း အတော်လေးခက်ပါတယ်။ ဒါပေမယ့် အဲ့ဒီလို Customer တွေ၊ Actual User တွေနဲ့  တွေ့ ရတာ ပျော်စရာတော့ အတော်ကောင်းသား။
ဒီပုံလေးက ကျွန်မတို့  လုပ်ကိုင်နေရတဲ့ အလုပ်ပတ်ဝန်းကျင် အကြောင်းကို ဖေါ်ပြပေးနေသလို ၊ လူတဦးနဲ့ တဦး ပြောဆို ကြရာမှ ကိုယ်ပြောချင်တာနဲ့  သူနားလည်သွားတာ တူညီဖို့ ဆိုတာ အလွန်အရေးကြီးကြောင်း သိသာစေပါတယ်။

- How the customer explained it
- How the Project Leader understood it
- How the Analyst designed it
- How the Programmer wrote it
- How the Business Consultant described it
- How the Project was documented
- How operations installed
- How the customer was billed
- How it was supported
- What the customer really needed
ဒီထဲမှာ သဘောအကျဆုံးကတော့ How the Project was documented နဲ့  How it was supported ဆိုတာကိုပါပဲ။ ဟိုတလောကဆို User တွေ လက်ရှိသုံးနေတဲ့ Software တစ်ခုမှာ ပြဿနာ တစ်ခုတတ်လို့  Investigation လုပ်ပေးပါတဲ့။ ဒါနဲ့  လုပ်ပေးမယ် အဲ့ဒီ Project ရဲ့ Documentation လေးအရင်ပေးပါ ပြောလိုက်တော့ လွန်ခဲ့တဲ့ ၃ နှစ်ကျော်က ရေးထားတဲ့ Documentation လာပေးတယ်။ ကြည့်လိုက်တော့ ခုလက်ရှိဟာ နဲ့  အတော်ကို ကွာခြားနေပြီ။ အသေအချာ မေးကြည့်တော့မှ ဒီနှစ်တွေအတွင်း အဲ့ဒီ Project ကို Enchantment အကြိမ်ပေါင်းများစွာ လုပ်ခဲ့တယ်တဲ့။ အချိန်မရ (Very Tide Schedules) မို့  ဘာ Technical Documents မှ အသစ်ထပ် မလုပ်နိုင်ခဲ့ဘူး၊ လိုချင်ရင်တော့ User Requirement Documents တွေပဲ ရှိတဲ့လေ။ ကောင်းရော။ ဒါဆိုလည်း အဲ့ဒီက Function တွေ ဘယ်လို အလုပ်လုပ်လဲ သိမှဖြစ်မယ်၊ ဒါမှ ဘယ်နေရာတွေမှာ၊ ဘာမှားနေလဲ သိနိုင်မှာဖြစ်လို့  Functional Specification နဲ့ User Guide တစ်ခုခု ပေးပါလို့  ပြောလိုက်တော့.. Document အဟောင်းတွေပဲရှိလို့  စုံလင်မှာ မဟုတ်တဲ့အတွက် ဒီမှာ 10 Years ကျော် Experience ရှိနေတဲ့ BA (Business Analyst) တစ်ယောက်ကို သိချင်တာတွေရှိရင် သွားမေးပါ၊ ဒီ Software ကို အဲ့ဒီ BA အကုန်သိပါတယ်လေ။
ပထမဆုံးအလုပ်ဝင်ချိန်တုန်းကတော့ အဲ့ဒီမှာ Documentation အပြည့်အစုံမရှိတာတွေ့ တော့ ဒီ Company ကသေးလို့  စည်းစနစ်မကျလို့  မရှိတာလို့ ပဲ ထင်ခဲ့မိတယ်။ ဒါပေမယ့် နောက်ပိုင်း ကြာလာတော့ Company အတော်များများက ဒီလိုပါပဲ၊ Documentation ဆိုတာကို ရှိတယ် ပြောနိုင်ရုံလောက်သာ၊ အဖြစ်သဘောလောက် လုပ်နေကြမှန်း သိလာရတော့တယ်။
How the Programmer wrote it ဆိုတာလေးကို မြင်ရတော့ Programmer တွေ တခါတလေမှာ အလွယ်လိုက်ပြီး ဖြစ်သင့်တာ မဖြစ်သင့်တာကိုလည်း ဂရုမထား၊ အလုပ်မြန်မြန်ပြီးအောင်လုပ်လိုက်ဖို့  လွယ်လွယ်ကူကူ ရေးလိုက်တတ်ကြတာကို တွေးမိပြီး ရယ်ချင်သွားတယ်။ How the Business Consultant described it ဆိုတာကိုလည်း သဘောကျတယ်။ ခုအချိန်မှာ ကျွန်မဘေးနားမှာ ရှိနေတဲ့ သူတွေက အဲ့လို တွေကြီးပဲ။ How the customer was billed ကိုမြင်တော့ ပထမဆုံးအလုပ်က Boss ကို သတိရတယ်။
How the customer explained it နဲ့  What the customer really needed ကိုကြည့်ပြီး မှန်လိုက်တာလို့  တွေးမိတယ်။ Customer တွေရှင်းတာ နားထောင်ပြီးရင် ၊ သူတို့  ဘာလိုချင်လို့  ဘာတွေလုပ်စေချင်နေမှန်း သိအောင် လုပ်ရတာ တော်တော်ခက်တယ်။ နောက်ပြီး တကယ်အသုံးပြုမယ့် User တွေစီက Requirement တွေ ယူရတာကလည်း အတော်လေးခက်ပါတယ်။ ဒါပေမယ့် အဲ့ဒီလို Customer တွေ၊ Actual User တွေနဲ့  တွေ့ ရတာ ပျော်စရာတော့ အတော်ကောင်းသား။
ဒီပုံလေးက ကျွန်မတို့  လုပ်ကိုင်နေရတဲ့ အလုပ်ပတ်ဝန်းကျင် အကြောင်းကို ဖေါ်ပြပေးနေသလို ၊ လူတဦးနဲ့ တဦး ပြောဆို ကြရာမှ ကိုယ်ပြောချင်တာနဲ့  သူနားလည်သွားတာ တူညီဖို့ ဆိုတာ အလွန်အရေးကြီးကြောင်း သိသာစေပါတယ်။
June 10, 2007
Free Online Dance Lesson
ခေါင်းတွေရှုပ်လာတာနဲ့  Google ကိုသွားပြီး ဟိုစားလုံးလေးတွေရှာ၊ ဒီစလုံးလေးတွေရှာရာကနေ Free Dance Online Lesson ဆိုပြီး ရှာမိလိုက်တာ ဒီဆိုဒ် ကို တွေ့ လိုက်တယ်။ နေလယ်က ထမင်းစားနေရင်း ပျင်းပျင်းရှိတာနဲ့ Save The Last Dance Movie ရဲ့ တချို့  အပိုင်းတွေ ပြန်ကြည့်ဖြစ်လိုက်လို့  Dance ဆိုတဲ့ စာလုံးကို အမှတ်ရပြီး ရှာဖြစ်လိုက်တာ ဖြစ်မယ် ထင်ပါတယ်။
Dance Free Online Lesson ကိုရှာကြည့်လို့  ကျွန်မ Dancing ၀ါသနာပါတယ် ထင်နေကြအုန်းမယ်။ တကယ်ဆို Dancing ဆိုတာ ကျွန်မနဲ့  အတော်ဝေးကွာတဲ့ အရာတစ်ခုပါ။ မူလတန်း အရွယ် ဟိုးငယ်ငယ် တုန်းက အတန်းပိုင်ဆရာမက အတင်းကခိုင်းလို့  ကျောင်းကပွဲတစ်ခုမှာ ကဗျာလေးတွေ သရုပ်ဖော်တဲ့ အကမျိုး တခါ ကခဲ့ဖူးတယ်။ ဒါဟာလည်း အဲ့ဒီတုန်းက ကလေးဆိုတော့ ဆရာမကို ကြောက်တာနဲ့  ၀င်ကလိုက်ရတာ ဖြစ်မယ် ထင်ပါတယ်။ နောက်ပိုင်းတော့ ဘယ်လို အကမျိုးကိုမှ ကိုယ်တိုင်ပါဝင်ဆင်နွှဲဖူးခြင်း မရှိတော့ပါဘူး။ ၀ါသနာမှ မပါတာ။ ခုချိန်ထိ ဘယ်လို အကမျိုးမှ ကိုယ်တိုင် ကကြည့်ဖို့  စိတ်မ၀င်စားခဲ့ဘူး။ ဒါပေမယ့် သူများတွေ လှလှပပလေး က နေတာတွေ့ ရင်တော့ ဂရုစိုက်ပြီး ကြည့်မိတတ်ပါတယ်။

ကျွန်မရဲ့ သူငယ်ချင်းတချို့ ကတော့ Dancing လုပ်တာကို အတော်ဝါသနာပါကြတယ်ရှင့်။ တချို့ လည်း ကနည်းမျိုးစုံကို တော်တော်လေး ကတတ်ကြတယ်။ သူ့ ရဲ့ ၂၁ နှစ်ပြည့် မွေးနေ့ မှာ Underground ကပြပြီး သူငယ်ချင်းတွေအားလုံးကို ပျော်ရွှင်စေခဲ့တဲ့ ချစ်သူငယ်ချင်းကြီးတစ်ယောက်ကိုလည်း သတိရမိတယ်။ တခြား သူငယ်ချင်းတချို့  ပြောတာကိုလည်း မှတ်မိပါသေးတယ်။ ဟိုး..တချိန် ကျောင်းတတ်နေတုန်းက အဆောင်မှ ညဆို မအိပ်ကြပဲ စကားတွေ ပြောကြတုန်းက ပြောခဲ့တာပေါ့။ ဘာပြောလဲဆိုတော့ အလုပ်တွေအကိုင်တွေနဲ့  အားလုံးအဆင်ပြေပြီး အခွင့်အရေးများရခဲ့ရင် Dancing Class သွားတတ်ပြီး စနစ်တကျ က တတ်အောင် သင်အုန်းမယ်တဲ့လေ။ ၀ါသနာကြီးကြတယ်လို့ ပဲ ပြောရမလား။

ဝေးကွာနေသော၊ Dancing ၀ါသနာပါသော ချစ်သူငယ်ချင်းများသို့  အမှတ်တရ ...
Dance Free Online Lesson ကိုရှာကြည့်လို့  ကျွန်မ Dancing ၀ါသနာပါတယ် ထင်နေကြအုန်းမယ်။ တကယ်ဆို Dancing ဆိုတာ ကျွန်မနဲ့  အတော်ဝေးကွာတဲ့ အရာတစ်ခုပါ။ မူလတန်း အရွယ် ဟိုးငယ်ငယ် တုန်းက အတန်းပိုင်ဆရာမက အတင်းကခိုင်းလို့  ကျောင်းကပွဲတစ်ခုမှာ ကဗျာလေးတွေ သရုပ်ဖော်တဲ့ အကမျိုး တခါ ကခဲ့ဖူးတယ်။ ဒါဟာလည်း အဲ့ဒီတုန်းက ကလေးဆိုတော့ ဆရာမကို ကြောက်တာနဲ့  ၀င်ကလိုက်ရတာ ဖြစ်မယ် ထင်ပါတယ်။ နောက်ပိုင်းတော့ ဘယ်လို အကမျိုးကိုမှ ကိုယ်တိုင်ပါဝင်ဆင်နွှဲဖူးခြင်း မရှိတော့ပါဘူး။ ၀ါသနာမှ မပါတာ။ ခုချိန်ထိ ဘယ်လို အကမျိုးမှ ကိုယ်တိုင် ကကြည့်ဖို့  စိတ်မ၀င်စားခဲ့ဘူး။ ဒါပေမယ့် သူများတွေ လှလှပပလေး က နေတာတွေ့ ရင်တော့ ဂရုစိုက်ပြီး ကြည့်မိတတ်ပါတယ်။

June 09, 2007
ရာသီပြောင်းချိန် - စိုင်းထီးဆိုင်
ရာသီဥတု တစ်ခုကနေ တစ်ခုကိုအပြောင်းအလဲဆို လူအတော်များများ နေထိုင်မကောင်း ဖြစ်တတ်တယ်။ အဲ့ဒီအချိန်ဆို သာမန်ထက်ပိုပြီး အနေအထိုင်၊ အစားအသောက် ဆင်ခြင်နိုင်မှ။ ကျွန်မတို့ ရဲ့ အနီးအနားမှာ ရှိနေတဲ့ မိသားစုတွေ၊ ချစ်ခင်သူတွေကို ကိုယ်တိုင်ကိုယ်ကျ ဂရုတစိုက်လုပ်ကိုင်ပေးနိုင်ပေမယ့် အဝေးမှာ ရှိနေသူတွေကိုတော့ စာလေးတစ်စောင်၊ စကားလေးတချို့ နဲ့  သတိပေးစကားပြောရုံကလွဲလို့  ဘာမှ မတတ်နိုင်ကြပါဘူး။
မနေ့ က တစုံတယောက်ကို ရာသီဥတု အပြောင်းအလဲ မှာ ဂရုတစိုက်နေပါလို့  ပြောမိလိုက်တဲ့ အခါ သူက ဒီသီချင်းလေးထဲက စာသားတချို့ ကို ဆိုပြတယ်လေ။ အရင်တုန်းက ဒီသီချင်းကို အကြိမ်ပေါင်းများစွာ ကြားခဲ့ဖူးပေမယ့် ဒီတခါကြားလိုက်ရမှပဲ ရင်ထဲရောက်သွားတော့တယ်။
်ရာသီပြောင်းချိန်
တေးရေး - စိုင်းခမ်းလိတ်
တေးဆို - စိုင်းထီးဆိုင်
ရာသီပြောင်းချိန်မှာ အဖေါ်ကွာလို့ 
အပြင်ရော အတွင်းရော ဥပါဒ်ဝင်
မောင်တစ်ယောက်တည်း ဘယ်လိုနေရှာမလဲ
ကြင်နာသူလေး စဉ်းစားနေရင် ....
ရယ်သံတိတ်ဆိတ်လို့  အသက်မဲ့တဲ့ရက်တွေမှာ
ကိုယ်တစ်ယောက်စိတ်ဖြေသာပြီ
ရင်ခုန်သံတိုးတိုးလေး ကြားရမယ့်ရက်တွေကို
ကိုယ်စောင့်ရကျိုးနပ်ပြီ ....
ရွှေလက်တွဲတုန်းက သူ့ ဖ၀ါးနုနုရဲ့
အထိအတွေ့  ကိုပြန်အောက်မေ့မိတဲ့အခါတိုင်း
နေပူကြီးထဲမှာ ဒီဘ၀လမ်းခရီးကို
လျှောက်လှမ်းဖို့  ခံနိုင်ရည်စွမ်းအားနဲ့ ပြည့် .....
ရွှေပါးပြင်အပ်တုန်းက သူ့ အနမ်းဖွဖွရဲ့
နူးညံ့မှု ပြန်အမှတ်ရမိတဲ့ အခါတိုင်း
ပျော်အောင်အိပ်မရတဲ့ ဒီညချမ်းခရီးကို
ဖြတ်သန်းဖို့  ခံနိုင်ရည်စွမ်းအားနဲ့ ပြည့် ....
နာနေ ဖျားနေရင် ဘယ်သူက
လာပြီး စောင့်ရှောက်ပေးမလဲဟင်
ဆင်ခြင်ပြီးနေပါ မောင်ရယ်နော်
လူကြုံနဲ့ စကားလေးပါးလာရင်....
အနေအထိုင်ဆင်းရဲလို့  စိတ်ညစ်တဲ့ ရက်တွေမှာ
ကိုယ်တစ်ယောက် မွေ့ လျော်သာပြီ
သူကိုယ်တိုင် တယုတယနဲ့  ပြုစုမယ့်ရက်တွေကို
ကိုယ်စောင့်ရကျိုးနပ်ပြီ ...
ရွှေလက်တွဲတုန်းက ချစ်ပြုံးလှလှနဲ့ 
မခို့ တရို့  နဲ့  ရင်ခွင်ကို ပြေးဝင်တာတွေ
အိပ်မက်တော့ မဟုတ်ဘူးရယ်ဆိုတဲ့
အသိကလေးနဲ့  နလုံးသားမှာ
ကြည်နူးမှု လေးကြွင်းကျန်နေ ....
ရွှေမျက်ရည်စို့ တုန်းက ပ၀ါစလေးနဲ့ 
တို့ တို့ ကာ ကြင်နာစွာချောမြှူတာတွေ
နောင်များလည်းရှိဦးမယ်ဆိုတဲ့
အသိကလေးနဲ့  လွမ်းရက်မှာ
မျှော်လင့်ချက်ကလေးအသက်ရှင်နေ ....
ရွှေလက်တွဲတုန်းက သူ့ ဖ၀ါးနုနုရဲ့
အထိအတွေ့  ကိုပြန်အောက်မေ့မိတဲ့အခါတိုင်း
နေပူကြီးထဲမှာ ဒီဘ၀လမ်းခရီးကို
လျှောက်လှမ်းဖို့  ခံနိုင်ရည်စွမ်းအားနဲ့ ပြည့် ....

June 07, 2007
ဟိုး... ရှေးရှေးတုန်းက..
ဟိုး... ရှေးရှေးတုန်းက..ပုံပြင်တွေကို နှစ်ခြိုက်တတ်တဲ့ ကောင်မလေးတစ်ယောက်ရှိခဲ့တယ်..
ဟိုး... ရှေးရှေးတုန်းက..
စိတ်ညစ်တယ်ဆိုတာ ဘာမှန်းမသိတဲ့ ကောင်မလေးတစ်ယောက်ရှိခဲ့တယ်..
ဟိုး... ရှေးရှေးတုန်းက..
ပုစ္ဆာတွေကို ရိုးရှင်းစွာအဖြေရှာတတ်တဲ့ ကောင်မလေးတစ်ယောက်ရှိခဲ့တယ်..
ဟိုး... ရှေးရှေးတုန်းက..
ဟန်ဆောင်မာယာတွေကို နားမလည်တဲ့ ကောင်မလေးတစ်ယောက်ရှိခဲ့တယ်..
ဟိုး... ရှေးရှေးတုန်းက..
အရာရာကို ယုံလွယ်လွန်းတဲ့ ကောင်မလေးတစ်ယောက်ရှိခဲ့တယ်..
ဟိုး... ရှေးရှေးတုန်းက..
"ဟုတ်တယ်" "မဟုတ်ဘူး" အဖြေနှစ်မျိုးသာသိတဲ့ ကောင်မလေးတစ်ယောက်ရှိခဲ့တယ်..
ဟိုး... ရှေးရှေးတုန်းက..
"အဖြူ" "အမဲ" အရောင်နှစ်မျိုးသာမြင်တဲ့ ကောင်မလေးတစ်ယောက်ရှိခဲ့တယ်..
ဟိုး... ရှေးရှေးတုန်းက..
......
......
......
Work is a Pleasure
စိတ်မ၀င်စားတဲ့ အလုပ်ကို တလကျော်လောက် လုပ်နေရတာကနေ ဒီရက်ပိုင်း ကိုယ်စိတ်ဝင်စားတဲ့ အရာတွေကို ပြန်ပြောင်းလုပ်နေရတော့ တနေ့ တနေ့  အချိန်တွေ ဘယ်လိုကုန်ပြီး၊ ညနေ ၆ နာရီ ဘယ်လို ရောက်သွားမှန်း သတိမထားမိလိုက်ဘူး ဖြစ်နေတယ်။ အရင်ရက်ပိုင်း စိတ်မ၀င်စားတာတွေ လုပ်နေရတုန်းကဆို အဲ့ဒီအလုပ်တွေဟာ မလုပ်မဖြစ် တာဝန်တရပ်အနေနဲ့ သာ လုပ်နေရတာဆိုတော့၊ စိတ်က အလုပ်ပြန်ချိန် မြန်မြန်ရောက်ပါတော့လို့ တွေးပြီး နာရီကိုပဲ အမြဲလိုလို ကြည့်နေဖြစ်ခဲ့တယ်။ အလုပ်အရမ်း မရှုပ်ပါပဲနဲ့  အလုပ်ကပြန်လာပြီး အိမ်ရောက်ပြီဆိုရင် အရမ်း ပင်ပန်းနေသလို ခံစားနေခဲ့ရတယ်။ လူပင်ပန်းတာထက်စာရင် စိတ်ပင်ပန်းတာ ဖြစ်မယ် ထင်ပါတယ်။ အလုပ်ရဲ့ နဂိုပုံစံကိုက တွေးရ၊ စဉ်းစားရ နဲ့  ခေါင်းစားတဲ့ အလုပ်ဆိုတော့ ကိုယ်စိတ်ဝင်စားတာကို လုပ်နေရရင်သာ မသိသာတာ၊ စိတ်မ၀င်စားတဲ့ အပိုင်းတွေလည်း လုပ်ရရော စိတ်ပင်ပန်းမှုက သိသာလာတယ်။
When work is a Pleasure
Life is a Joy !!
When work is a Duty
Life is Slavery !!
-Maxim Gorky, Russian Author (1868-1936)
အလုပ်ဆိုတာ မသေမချင်း တသက်လုံး လုပ်နေရမှာပါ။ ကိုယ်လုပ်နေရတဲ့ အလုပ်တွေဟာ ကိုယ်တကယ် စိတ်ဝင်စားတဲ့ အလုပ်တွေဖြစ်မယ်ဆိုရင်တာ့ အကောင်းဆုံးပေါ့။
Life is a Joy !!
When work is a Duty
Life is Slavery !!
-Maxim Gorky, Russian Author (1868-1936)
June 05, 2007
မြန်မာသံရုံးသို့ တစ်ခေါက်
ဒီနေ့  ...
Passport သက်တန်းတိုးရန် မြန်မာသံရုံးသို့ သွားရသည်။
အလုပ်မှ နေ့ တစ်ဝက် ခွင့်ယူလိုက်ရသည်။
ထိုနေရာသို့  မသွားချင်ပါ။
ခုရက်ပိုင်း မေ့တတ်နေသည်။
ပိုက်ဆံထုတ်ရန် မေ့သွား၍ တခါ ပြန်သွားထုတ်ရသေးသည်။
မပေးချင်၍ မေ့ချင်ယောင်ဆောင်ခြင်းလည်း ဖြစ်နိုင်သည်။
ရာသီဥတု ဆိုးရွားလှစွာ အလွန်ပူပြင်းသည်။
ရေဆာလောင်မှု့ ကို ခံစားခဲ့ရသည်။
ထိုနေရာ၌ ရေသန့် ဘူးကြီး ရှိနေသော်လည်း ရေမရှိပါ။
စာရွတ်တချို့ ကို ဖတ်ကြည့်ဖြစ်သည်။
နိုင်ငံသားအဖြစ်မှ စွန့် လွှတ်ရန် မလွယ်ကူကြောင်း သိခဲ့ရသည်။
အဖတပ်မတော် အုပ်ဆိုးသော အမိနိုင်ငံတော်ကြီးကို ချစ်ခင်ကြပါ။
Passport သက်တန်းတိုးရသည်မှာကား အလွန် မြန်ဆန်လွယ်ကူပါသည်။
သက်တန်းတိုးခ (S$ 300) နှင့် အခွန်လက်ကျန်များ ပေးဆောင်ရန် ငွေများ ပါသွားဖို့ သာလိုသည်။
Passport မူရင်း၊ မိတ္တူနှင့် နောက်ဆုံးအခွန်ဆောင်ထားသောစာရွက် မူရင်း၊ မိတ္တူ ယူသွားဖို့ လည်းလိုပါသည်။
ထိုနေရာတွင် ပုံတူကူးစက်ကြီး ရှိနေသည်ဟု ထင်ကာ မူရင်းများသာ ယူသွားခြင်းမျိုး မပြုသင့်ပါ။
ပစ္စည်း သင်္ခါရ သဘောကို အမှတ်ရသင့်သည်။
တရားမမေ့ အမြဲသတိရှိပါ။
Passport ၃ နှစ် သက်တန်း တိုး၍ ရခဲ့သည်။
ရှိသမျှ ရထားသော လခလေးလည်း ကုန်သွားပါပြီ။
စေတနာရှိက ထမင်းစားဖိတ်နိုင်သည်။
စိတ်မချမ်းသာပါ။
ဒီတစ်ခေါက်မှ ဤသို့  ထူးပြီး ခံစားရခြင်း မဟုတ်။
ဤနေရာသို့  အခေါက်ပေါင်းများစွာ ရောက်ခဲ့ဖူးသည်။
မည်သည့်အခါမျှ စိတ်လက်ကြည်လင်စွာ ပြန်သွားရခြင်းမျိုး မကြုံခဲ့ဖူးပါ။
နိုင်ငံသားကောင်းမပီသဘူး ထင်ချင်က ထင်နိုင်သည်။

June 04, 2007
Crunchyroll.com
မနေ့ က သူငယ်ချင်း အစ်ကိုကြီးတစ်ယောက် ပို့ ပေးတဲ့ အီးမေးကတဆင့် Asian Movie တွေကို Streaming ကြည့်လို့ ရတဲ့ Website တစ်ခု သိလိုက်တယ်။ Asian Movies/Dramas( Korea/Japan) တွေကြိုက်တဲ့ သူ၊ ကြည့်လေ့ရှိတဲ့ သူတွေတော့ သိပြီးသားဖြစ်မယ် ထင်ပါတယ်။ ဒီ Website က YouTube လို ပါပဲ။ ဒါပေမယ့် အဲ့ဒီမှာ တင်ထားပေးတာတွေကို ကြည့်မယ်ဆိုရင် User Account Create လုပ်ဖို့ တော့ လိုပါတယ်။
အဲ့ဒီဆိုဒ်ရဲ့ ကောင်းတဲ့ အချက်တစ်ခုကတော့ တင်ထားတဲ့ Movie တွေက ဘယ်လောက် Minutes စာပဲတင်ရမယ်ဆိုတဲ့ Limit မရှိတော့ ကြည့်ရတဲ့သူတွေအတွက် အဆင်ပြေပါတယ်။ အဲ.. မကောင်းတဲ့ အချက်လို ပြောနိုင်တာ တစ်ခုကတော့ အဲ့ဒီမှာ Daily Bandwidth Limit ရှိတာပါပဲ။ တစ်နေ့ ကို 5-10 Movies ပဲကြည့်လို့ ရတယ် ဆိုထားတယ်။ ကျွန်မ စိတ်ထင်တော့ အဲ့ဒီ Bandwidth Limit က ပြဿနာ မဟုတ်လောက်ဘူး။ တစ်နေ့  ၅ ကား ၊ ၅ နာရီလောက်ကြည့်နိုင်တာ အတော်များပြီး၊ အတော် အချိန်ကုန် နေပါပြီ။ တချို့ User တွေ ပြောထားတာကတော့ အဲ့ဒီလို Bandwith Limit ရှိနေတဲ့ အတွက် Traffic မဖြစ်တော့ပဲ ကြည့်ရတာ ပိုမြန်ပါတယ်တဲ့။
Streaming မကြည့်ပဲ အဲ့ဒီ က Movie တွေကို ဒေါင်းလုတ်လုပ်ပြီးမှ ကြည့်ချင်တယ်ဆို ပိုက်ဆံပေးရင် Download လုပ်ခွင့်ပေးပါတယ်။ ကျွန်မကတော့ ပိုက်ဆံပေးပြီး ဒေါင်းလုတ်လုပ်ကြည့်ဖို့  စိတ်မ၀င်စားမိပါဘူး။
Credit to Ko PN

All About Last Week - 03 June 2007
ပြီးခဲ့တဲ့ ရက်တွေက အလုပ်တွေရှုပ်၊ စိတ်တွေရှုပ်တဲ့ နေ့ တွေမှာ စိတ်နဲ့ လူနဲ့  သိပ်မကပ်၊ အလုပ်မရှိ၊ စိတ်အေးချမ်းသာ ပျော်ရွှင်နေတဲ့ နေ့ တွေကြတော့လည်း အချိန်အားဆိုတာ မရှိတာရယ်တွေကြောင့် ဒီနေရာကို ခနတဖြုတ် လာတာကလွဲရင် အချိန်ကြာကြာ မနေဖြစ်ခဲ့ဘူး။
ခုရက်ပိုင်း ဘာတွေ လုပ်ဖြစ်လဲ....
စင်္ကာပူမှာ အသစ်ဖွင့်တဲ့ လမ်းပြကြယ် စာကြည့်တိုက်ကနေပြီး ၀တ္ထုစာအုပ် ငှါးဖတ်ဖြစ်တယ်။ ခေတ်ပေါ် နာမည်ကြီး စာရေးဆရာမတစ်ယောက်ရဲ့ ၀တ္ထုတစ်အုပ်နဲ့  ဘာသာပြန် ၀တ္ထုစာအုပ်။ အဲ့ဒီစာကြည့်တိုက်မှာ မန်ဘာဝင်ပြီးမှစာအုပ်ငှါးလို့  ရပါတယ်။ ခုလက်ရှိ သတ်မှတ်ထားတာကတော့ ၆ လစာအတွက် မန်ဘာကြေးက S$10 လို့ သိရတယ်။ စနေ နဲ့  တနင်္ဂနွေ နှစ်ရက်ပဲ ဖွင့်သေးတယ်။ နောက်ပိုင်းတော့ တခြားရက်တွေမှာလည်း ဖွင့်နိုင်အောင် ကြိုးစားမယ်လို့  ပြောတဲ့အသံကို ကြားခဲ့ရသေးတယ်။
ငှါးလာပြီ ဖတ်မိတယ့် စာအုပ်အကြောင်း နည်းနည်းပြောဦးမယ်။ တကယ် ဖတ်မယ်ဆိုပြီး ယူလိုက်တာက ဘာသာပြန်စာအုပ်၊ ဒါပေမယ့် တခါငှါး ၂ အုပ်ငှါးလို့ ရတယ်ဆိုလို့  စာအုပ်ထပ်ရှာရမှာလည်း ပျင်းသွားတာနဲ့  မျက်စိရှေ့ တွေ့ တဲ့ စာအုပ် တစ်အုပ်ကို ဖတ်ကြည့်ဦးမယ် ဆိုပြီး ယူလာလိုက်မိတယ်။ အိမ်အပြန် ၁၅ မိနစ်ကျော်လောက်ပဲ ကြာတဲ့ လမ်းမှာဖတ်လိုက်တာ အဲ့ဒီစာအုပ် တစ်အုပ်လုံး ဖတ်လို့ ပြီးသွားတယ်။ ဇာတ်လမ်းဇာတ်ကွက်မရှိ တကယ်ရေးမယ်ဆို စာမျက်နှာ ၃မျက်နှာလောက်နဲ့  ပြီးမယ့် အကြောင်းအရာကို စာအုပ်တစ်အုပ် ဖြစ်အောင်ရေးထားတယ်။ စပြီး ဖတ်လိုက်ကတည်းက ဒီဇာတ်လမ်းက ဘာဖြစ်မယ်၊ ဘယ်လိုဆုံးမယ် ဆိုတာ အတော်ကြီးကို သိသာနေတယ်။ အရေးအသားကလည်း မကောင်း။ ဇာတ်လမ်းကလည်း ပညာပေးလိုလို၊ ဘာလိုလိုနဲ့  တကယ်တန်းတော့ ဖတ်မိတဲ့ သူတွေကို စိတ်ညစ်စေရုံကလွဲပြီး ဘာမှ မပေးတဲ့ စာအုပ်တစ်အုပ်။ ဟိုအရင်က ဒီစာရေးဆရာမ ရေးတဲ့ စာအုပ်တွေ ဖတ်ဖူးတာ ဒီလောက်ကြီး မဆိုးဝါးဘူး။ သူများကို ရှယ်ဒိုး ရေးခိုင်းတယ်ဆိုလည်း အဲ့လောက်ဆိုးဝါးတဲ့ စာအုပ်ကိုတော့ ကိုယ့်နာမည်ခံ မထုတ်သင့်ဖူးလို့  အကြံဥာဏ် ပေးလိုက်ချင်တယ်။ နောက်တော့လည်း မကောင်းမှန်းသိရဲ့နဲ့  သွားဖတ်ကြည့်တဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်လိုက် တော့တယ်။ မှတ်သွားပါပြီ၊ နောင် ၂နှစ်၊ ၃ နှစ်လောက်တော့ ဒီလို စာအုပ်မျိုးတွေ ယောင်ပြီးတောင် ဖတ်ဖြစ်တော့မယ် မထင်ဘူး။
Technology နဲ့ ပတ်သတ်တာတော့ ဘာမှ ထူးထူးခြားခြား မဖတ်ဖြစ်ဘူး။ မြန်မာသတင်းဆိုဒ် တစ်ချို့ ကလွဲရင် တခြား အမြဲဖတ်နေကြ Technology နဲ့  News Sites တွေတောင် မဖတ်ဖြစ်ဘူး။ ရွေးကောက်ပွဲ (၁၇) နှစ်ပြည့်နေ့ဟောပြောပွဲ အပြီးမှာ ဘာတွေများ ဖြစ်အုန်းမလဲ၊ အဖမ်းအဆီးတွေမှား ရှိဦးမလား တွေးပြီး စိုးရမ်မိပေမယ့် မြန်မာပြည်သတင်းက ဒီရက်ပိုင်း ဘာမှ ထူးထူးခြားခြား မကြားရဘူး။ ထူးခြားတာဆိုလို့  ဧရာဝတီ မြန်မာ ဗားရှင်းကို ၀င်လို့ မရ ၊ Database error တက်လိုက်၊ တခြား error တွေတတ်လိုက် ခနခန ဖြစ်နေတာပဲ ရှိတယ်။ ခုတော့ ၀င်လို့ ရနေပြန်ပြီ။ ကျွန်မ သတိထားမိသလောက် အရင် ဧရာဝတီ Website က ASP ကို သုံးထားတာပါ။ ခုတက်နေတဲ့ error တွေ က Apache နဲ့  PHP error တွေ၊ နောက် ခုမြင်နေရတဲ့ Site က PHP ကို သုံးထားတာဆိုတော့ တခြားအကြောင်းကြောင်းကြောင့် Site down တာမဟုတ်ပဲ၊ Server အပြောင်းအလဲ လုပ်နေတာနဲ့  error တွေတတ်နေတာ ဖြစ်မယ် ထင်ပါတယ်။
ဒီရက်ပိုင်း တင်သမျှ၊ တွေ့ သမျှ ရုပ်ရှင်တွေကို ဒေါင်းလုတ်လုပ်ဖြစ်ပေမယ့် Night at the Museum တစ်ကားက လွဲရင် ကျန်တာတွေ မကြည့်ဖြစ်သေးဘူး။ ထက်ခါထပ်ခါ နားထောင်ဖြစ်နေတဲ့ သီချင်းကတော့ အရိုးရဲ့ ဝေါ်အိုက်နီ ။ အရိုးကိုယ်တိုင် ရေး၊ ကိုယ်တိုင်ဆိုထားတဲ့သီချင်း။ ဒီသီချင်းကို အရင်က နားထောင်ဖူးပေမယ့် စည်းအပြင်ကလူ ဘလော့မှာ တင်ထားပေးတာ တွေ့ ပြီး ပြန်နားထောင်ဖြစ်မှပဲ ကြိုက်သွားတော့တယ်။ ဒီနိုင်ငံမှာ တရုတ်လူမျိုး မဟုတ်တောင် တရုတ်စကားလုံးတွေကို ထမင်းစား၊ ရေသောက်လောက်တော့ ပြောတတ်ကြတယ်။ ကျွန်မကတော့ ဒီမှာနေတာ ၃ နှစ်ကျော်ပြီ၊ တချို့  စကားလုံးတွေ နားလည်တောင်မှ တစ်ခုခုဆို English လိုပဲ ပြန်ပြောလေ့ရှိခဲ့တယ်။ နောက်ဆုံး ဟိုဘက်က တစ်ယောက် နားမလည်တောင်မှ လက်ဟန်ခြေဟန်နဲ့ ပဲပြောတယ်။ တရုတ်လို ဘယ်သူသင်ပေးပေး၊ ဘာကြောင့်ရယ်ဖြစ်ဖြစ် တစ်လုံးမှ မပြောခဲ့ဖူးဘူး။ အဲ.. ဒီသီချင်းနားထောင်ပြီးတဲ့ အခါမှာတော့ တရုတ်စကားလုံးတွေ တစ်လုံးမှ ပြောလေ့မရှိတဲ့ ကျွန်မ၊ ဝေါ်အိုက်နီ နဲ့  ရှဲ့ ရှဲ့ နီ လုပ်နေမိတယ်။ :D
"One Two Three ရင်ခုန်လိုက်ပြီ
ရေရေလည်လည်ရှင်းရှင်းပြောမည် ဝေါ်အိုက်နီ
One Two Three ကိုယ်ချစ်သွားပြီ
ကွမ်ရင်မယ်တော်ကြီးမပါ ရှေ့လျောက်မည် ရှဲရှဲနီ
......
မိန်းမခိုင်းသမျှ လိုက်လုပ်ရတဲ့နွားနှစ်မှာ
သူလေးကြောင့် ကိုက်ကြရိုက်ကြရတာခွေးနှစ်မှာ
ဆိတ်နှစ်မြင်းနှစ်မျောက်နှစ်ပေါင်းစုံ ကူးတိုင်းမှာ
မိုးနတ်မင်းကြီး အမြဲတမ်းမအောင်ဆုတောင်းမှာ"
ဒီရက်ပိုင်း စိတ်မကောင်းဖြစ်နေတာတစ်ခုက June နဲ့  July မှာ Public Holiday တစ်ရက်မှ မရှိတော့တဲ့ ကိစ္စပါပဲ။ ပြီးခဲ့တဲ့ May လတုန်းက နှစ်ရက် Holiday ရခဲ့သေးတယ်။ နောက်ရောက်မယ့် Holiday က August 9 (National Day) ဆိုတော့ ဒီလနဲ့  နောက်လမှာတော့ တစ်ပတ် ၅ ရက် ပြည့်အောင် အလုပ်လုပ်ရ အုန်းတော့မယ်။
ခုရက်ပိုင်း ဘလော့တချို့ မှာ အခြေခံပညာကျောင်းတွေ ပြန်ဖွင့်ပြီးဆိုတာ ဖတ်လိုက်ရတော့၊ ငယ်ငယ်က မိုးရေထဲ စိန်ပန်းပင် တွေအောက်မှာ ဖြတ်ပြီး ကျောင်းသွားခဲ့ရတာကို သတိလိုက်သေးတယ်။ မိုးရာသီ ရောက်ပြီပေါ့။ ငယ်ငယ်က စာစီစာကုံးတွေ ဘာတွေရေးရမယ် ဆိုရင်တော့ ဒီမိုးရာသီဟာ အကြိုက်ဆုံးရာသီ အဖြစ်ရေးလို့ အကောင်းဆုံးပါပဲ။ ကျောင်းဖွင့်စ ဘာဖြစ်တယ် ညာဖြစ်တယ်၊ စိုက်ပျိုးရေးနိုင်ငံတော်ကြီးမှာ လယ်သမားတွေ ဘာဘာညာညာ ဆိုပြီး ရေးကြတာ မှတ်မိပါသေးတယ်။ တချို့ တွေလည်း ဒီမိုးရာသီကို တကယ် ကြိုက်လို့  ရေးတာလည်း ဖြစ်မှာပါ။ ကျွန်မအနေနဲ့ ကတော့ မစဉ်းစားပဲ စိတ်ထဲရှိတဲ့အတိုင်း ပြောရမယ်ဆို မိုးတွင်းကို မကြိုက်ဘူး။ စိုစွတ်စွတ်နဲ့  သွားလာလှုပ်ရှားလို့ မကောင်းပဲ အိမ်ထဲမှာ မိုးအေးအေးနဲ့  အမြဲ အိပ်နေဖို့ သာ ကောင်းတဲ့ ရာသီဥတုကြီး။ ဘာမှ လုပ်စရာမရှိ၊ သွားစရာမရှိဘူး အိမ်မှာပဲ နေလို့ ရတဲ့ အချိန်တွေမှာပဲ မိုးရွာတာကို ကြိုက်တယ်။ မိုးရွာတာကို မကြိုက်တဲ့ သူက မိုးအမြဲရွာတဲ့ အီကွေတာရာသီဥတုရှိတဲ့ နေရာမှ နေနေရတာက တော့ အတော့ကိုဆိုးပါတယ်။
ဂျွန်လ လောက်ပြီဆိုတော့ နှစ်တ၀က်ကျိုးပြီပေါ့။ အချိန်တွေက အကုန်မြန်လိုက်တာ။ ဒါနဲ့  ဒီနိုင်ငံမှာ Mid Year Sales ဆိုပြီး ဟိုနေရာ ဈေးချ၊ ဒီနေရာ ဈေးချ ရောင်းတာတွေ လုပ်နေပြီလို့ ကြားရတယ်။ Orchard လိုနေရာမျိုးတွေမှာဆို သောကြာညတိုင်း Mid Night Sales ရှိတယ်တဲ့။ Xmas နဲ့  New Year ဆိုလည်း Sales ဆိုပြီး လုပ်လိုက်၊ Chinese New Year မို့  Sales ချတယ်ဆိုပြီး လုပ်လိုက်၊ Summer ရောက်လို့ ဈေးချလိုက်နဲ့  သူတို့ တွေ ဘယ်လောက် ဈေးချပါစေ၊ တကယ်လိုမှသာ ဈေးဝယ်မယ်တွေးထားတဲ့ ကျွန်မ၊ Shopping မထွက်ဖြစ်တာ အတော်ကြာလှပေါ့။

Subscribe to:
Posts (Atom)