Pages

June 09, 2007

ရာသီပြောင်းချိန် - စိုင်းထီးဆိုင်

ရာသီဥတု တစ်ခုကနေ တစ်ခုကိုအပြောင်းအလဲဆို လူအတော်များများ နေထိုင်မကောင်း ဖြစ်တတ်တယ်။ အဲ့ဒီအချိန်ဆို သာမန်ထက်ပိုပြီး အနေအထိုင်၊ အစားအသောက် ဆင်ခြင်နိုင်မှ။ ကျွန်မတို့ ရဲ့ အနီးအနားမှာ ရှိနေတဲ့ မိသားစုတွေ၊ ချစ်ခင်သူတွေကို ကိုယ်တိုင်ကိုယ်ကျ ဂရုတစိုက်လုပ်ကိုင်ပေးနိုင်ပေမယ့် အဝေးမှာ ရှိနေသူတွေကိုတော့ စာလေးတစ်စောင်၊ စကားလေးတချို့ နဲ့  သတိပေးစကားပြောရုံကလွဲလို့  ဘာမှ မတတ်နိုင်ကြပါဘူး။

မနေ့ က တစုံတယောက်ကို ရာသီဥတု အပြောင်းအလဲ မှာ ဂရုတစိုက်နေပါလို့  ပြောမိလိုက်တဲ့ အခါ သူက ဒီသီချင်းလေးထဲက စာသားတချို့ ကို ဆိုပြတယ်လေ။ အရင်တုန်းက ဒီသီချင်းကို အကြိမ်ပေါင်းများစွာ ကြားခဲ့ဖူးပေမယ့် ဒီတခါကြားလိုက်ရမှပဲ ရင်ထဲရောက်သွားတော့တယ်။

ရာသီပြောင်းချိန်
တေးရေး - စိုင်းခမ်းလိတ်
တေးဆို - စိုင်းထီးဆိုင်

ရာသီပြောင်းချိန်မှာ အဖေါ်ကွာလို့ 
အပြင်ရော အတွင်းရော ဥပါဒ်ဝင်
မောင်တစ်ယောက်တည်း ဘယ်လိုနေရှာမလဲ
ကြင်နာသူလေး စဉ်းစားနေရင် ....
ရယ်သံတိတ်ဆိတ်လို့  အသက်မဲ့တဲ့ရက်တွေမှာ
ကိုယ်တစ်ယောက်စိတ်ဖြေသာပြီ
ရင်ခုန်သံတိုးတိုးလေး ကြားရမယ့်ရက်တွေကို
ကိုယ်စောင့်ရကျိုးနပ်ပြီ ....

ရွှေလက်တွဲတုန်းက သူ့ ဖ၀ါးနုနုရဲ့
အထိအတွေ့  ကိုပြန်အောက်မေ့မိတဲ့အခါတိုင်း
နေပူကြီးထဲမှာ ဒီဘ၀လမ်းခရီးကို
လျှောက်လှမ်းဖို့  ခံနိုင်ရည်စွမ်းအားနဲ့ ပြည့် .....
ရွှေပါးပြင်အပ်တုန်းက သူ့ အနမ်းဖွဖွရဲ့
နူးညံ့မှု ပြန်အမှတ်ရမိတဲ့ အခါတိုင်း
ပျော်အောင်အိပ်မရတဲ့ ဒီညချမ်းခရီးကို
ဖြတ်သန်းဖို့  ခံနိုင်ရည်စွမ်းအားနဲ့ ပြည့် ....

နာနေ ဖျားနေရင် ဘယ်သူက
လာပြီး စောင့်ရှောက်ပေးမလဲဟင်
ဆင်ခြင်ပြီးနေပါ မောင်ရယ်နော်
လူကြုံနဲ့ စကားလေးပါးလာရင်....
အနေအထိုင်ဆင်းရဲလို့  စိတ်ညစ်တဲ့ ရက်တွေမှာ
ကိုယ်တစ်ယောက် မွေ့ လျော်သာပြီ
သူကိုယ်တိုင် တယုတယနဲ့  ပြုစုမယ့်ရက်တွေကို
ကိုယ်စောင့်ရကျိုးနပ်ပြီ ...

ရွှေလက်တွဲတုန်းက ချစ်ပြုံးလှလှနဲ့ 
မခို့ တရို့  နဲ့  ရင်ခွင်ကို ပြေးဝင်တာတွေ
အိပ်မက်တော့ မဟုတ်ဘူးရယ်ဆိုတဲ့
အသိကလေးနဲ့  နလုံးသားမှာ
ကြည်နူးမှု လေးကြွင်းကျန်နေ ....

ရွှေမျက်ရည်စို့ တုန်းက ပ၀ါစလေးနဲ့ 
တို့ တို့ ကာ ကြင်နာစွာချောမြှူတာတွေ
နောင်များလည်းရှိဦးမယ်ဆိုတဲ့
အသိကလေးနဲ့  လွမ်းရက်မှာ
မျှော်လင့်ချက်ကလေးအသက်ရှင်နေ ....

ရွှေလက်တွဲတုန်းက သူ့ ဖ၀ါးနုနုရဲ့
အထိအတွေ့  ကိုပြန်အောက်မေ့မိတဲ့အခါတိုင်း
နေပူကြီးထဲမှာ ဒီဘ၀လမ်းခရီးကို
လျှောက်လှမ်းဖို့  ခံနိုင်ရည်စွမ်းအားနဲ့ ပြည့် ....

5 comments:

(တေးမွန်) said...

ဟီး... အနော်လည်းလွမ်းလာပြီ..

သွားမယ် ဂစ်တာသီးပြီးသွားဆိုမယ်
ဒါမျိုးမရ၀ူး

နတ်ဆိုး

Nay Nay Naing said...

ဒီသီချင်းနားထောင်ပြီး နောက် လွမ်းသွားလို့  သီချင်းသွားဆိုမှာဆိုတော့ အဲ့ဒီသီချင်ကို ဆိုမှာလား.. အသံလေးဘာလေးသွင်း၊ နတ်ဆိုးကိုယ်တိုင်ခံစားသည်ဆိုသည်ဆိုပြီး ကိုနတ်ဆိုးရဲ့ ဘလောခ့်မှာ တင်လိုက်ပါလား...

Andy Myint said...

ဒီ Post ကို ယူသုံး လင့်ခ်ထားပါတယ်။ ရပါသလား-)

Nay Nay Naing said...

ရပါတယ်။ တကယ်ဆို ပြောနေစရာ တောင်မလိုပါဘူး။ :) ခုလို တကူးတက မေးလာတာကို ကျေးဇူးတင်ပါတယ်။

Anonymous said...

ဒီသီချင်းကိုအရမ်းကြိုက်လို့နားထောင်တာခွေတောင်ထစ်သွားပါတယ်ခံစားချက်ချင်းအရမ်းတိုက်ဆိုင်လို့ပါစိုင်းဆီကိုလဲပို့ပေးရဉီးမယ်