Pages

June 15, 2007

မိုးတွေရွာရင်

ဒီနေ့  မနက်စောစော အိပ်ရာအနိုး ဘလောခ့်တွေကို လိုက်ဖတ်ကြည့်မိတော့.. mayvelous က မိုးတွေရွာရင်ဆိုတဲ့ ခေါင်းစဉ်နဲ့  ပိုစ့်လေးတင်ဖို့  ပြောထားတယ်။သူကတော့ ကဗျာလေးရေးပြီး တင်ထားတာတွေ့ ရတယ်။ ကျွန်မမှ ကဗျာမရေးတတ်တာ။ ဟိုတခါသူကဗျာရေးဖို့  ပြောထားတုန်းကလဲ မရေးဖြစ်ဘူး။ ဒီတခါ ထပ်မရေးရင် အားနာစရာကြီးလို့  တွေးမိပြီး တစ်ခုခုရေးမယ် စဉ်းစားလိုက်တယ်။

တခုခုများ တွေးလို့ ရမလားရယ်လို့  ပြတင်းပေါက်က မြင်နေရမျှော်ကြည့်လိုက်တော့ မနက်စောစော ထွက်စနေက အတော်လေး တောက်ပစွာ ပူပြင်းလို့ နေတယ်။ ဒီလို နေပူနေတဲ့ အချိန်ကြီးမှာ ဘယ်လိုနည်းနဲ့ မှ မိုးတွေရွာရင်ဆိုပြီး မိုးရွာတဲ့ အကြောင်း ရေးနိုင်မှာလဲလို့  တွေးလိုက်မိတယ်.. တကယ်ပါပဲ။ ဟိုတွေးဒီတွေးနဲ့  နာရီဝက်လောက်သာ အချိန်ကုန်သွားတယ် ဘာမှတော့ ရေးလို့ မရလိုက်ပါဘူး။ အလုပ်သွားဖို့  ကလည်း ရှိသေးတော့ ဆက်မတွေးနိုင်တော့ပဲ အမြန်ပြင်ဆင်ပြီး ထွက်လာလိုက်ရတယ်လေ။ ဒါတောင် အလုပ်ရောက်တာ နည်းနည်း နောက်ကြသွားသေးတယ်။

ဘူတာကနေ အလုပ်ကို လမ်းလျှောက်နေတုန်း မိုးတွေ အုံ့ လာတာတွေ့ ရတယ်။ ချက်ချင်းပဲ ရွာချတော့မယ့် ဟန်ဖြစ်နေလို့  အလုပ်မြန်မြန်ရောက်အောင် သုတ်ခြေတင် ပြေးရတော့တာပေါ့။ စိတ်ထဲမှာတော့ ဘာပဲဖြစ်ဖြစ် ဒီနေ့ မိုးတွေရွာနေရင် မိုး အကြောင်း တစ်ခုခုတော့ ထွက်လာမယ်၊ ရေးလို့ ရမယ် ထင်ပြီး ပျော်သွားတာပေါ့။ ကျွန်မ အလုပ်ရောက်တဲ့ အထိ မိုးမရွာသေးဘူး။ ဒီနိုင်ငံမှာ အချိန်အခါမရွေး မိုးရွာလေ့ရှိပေမယ့် ကျွန်မက ထီဆောင်ထားလေ့ မရှိပါဘူး။ မိုးရွာရင် ဟိုပြေးဒီပြေးနဲ့  မိုးခိုလိုက်တယ်။ အလုပ်က ကျွန်မ ထိုင်လေ့ရှိတဲ့ နေရာလည်း ရောက်ရော အပြင်မှာ မိုးတွေက သည်းကြီးမဲကြီး ရွာနေပြီ။

အလုပ်လေး နည်းနည်းလုပ်ပြီး တစ်ခုခုရေးမယ်လို့ တွေးလိုက်တဲ့ အချိန်မှာ 9:30 to 12:30 Meeting ရှိတယ် ဆိုပြီး တစ်ယောက်က လာခေါ်တယ်။ ဘာမှ မတတ်နိုင်တော့ဘူး။ ကိုယ်နဲ့ မဆိုင်တဲ့ အကြောင်းတွေ ပြောမှာမို့ လို့  မတတ်လို့ မရဘူးလားမေးကြည့်တော့ အားလုံး မတတ်မနေရ မီတင်တက်ရမယ်တဲ့။ တစ်ခုခုရေးမယ်ဆိုတဲ့ အကြံလေး ပျက်သွားတော့တယ်။ မီတင်ခန်းထဲမှာ ဟိုတွေးဒီတွေးလုပ်ပြီး စာရေးဖို့ ဆိုတာ ဖြစ်မှမဖြစ်နိုင့်တာ။ မီတင်ခန်းထဲ ရှိနေတဲ့ ၃ နာရီအတွင်း အပြင်မှာ မိုးတွေ သည်းကြီးမဲကြီး ရွာနေတယ်။ အနွေးထည် ၀တ်ထားပေမယ့် မိုးကရွာ၊ အဲယာကွန်းကလည်း ဖွင့်ထားတော့ ချမ်းလိုက်တာ မပြောပါနဲ့ တော့။ မျက်လုံးမှာလည်း မျက်ရည်တွေနဲ့ ။ ၀မ်းနည်းလို့ မဟုတ်ပါဘူး။ ဟန်တောင် မဆောင်နိုင်တော့ပါဘူး။ မီတင်က 12:00 ကျော်လောက်မှာပြီးတယ်။ ကိုယ့်နေရာကိုယ်ပြန်ရောက်တော့ မိုးတိတ်နေပြီ။ ဒါနဲ့  ထမင်းသွားမစားခင်လေး စိတ်ထဲပေါ်လာတဲ့ စကားလုံးလေးတွေ ချရေးထားလိုက်တယ်...

မိုးတွေရွာရင်..
မီတင်ခန်းထဲရောက်နေရင်..
အဲယားကွန်းကလဲဖွင့်ထားရင်..
ပတ်ဝန်းကျင်ကလည်း ကိုယ့်ကို မစွဲဆောင်နိုင်ရင် ..
ဟန်မဆောင်နိုင်အောင် အိပ်ငိုက်တယ်...


ခုတော့ ဒီလောက်ပါပဲ။ ဒီထက်ပိုပြီး ဆက်မတွေးနိုင်တော့ဘူး။ မနက်ကသာ မိုးရွာနေတာလေ... အခုတော့ အပြင်မှာ နေ ချစ်ချစ်တောင် ပူနေပြီ။ ဒီနိုင်ငံက ဒီလိုပါပဲ။ နောက်မိုးရွာနေတုန်း တွေးအား၊ ရေးအားမှပဲ ဆက်ရေးတော့မယ်..

4 comments:

Anonymous said...

hey ma, here is my impression on ur post. :P

Since you writing intro 2 3 para of text, I go...
အင်း ပလ္လင်တော့ ခံနေပြီ စတော့မယ် ဒန်တန်တန်ပေါ့.

after reading the first line "Moe tway ywar yin",
အင်း ဟုတ်ပြီကွ

2nd line,
အို...

3rd line,
အမ်...

4th line,
အဟီး...

last line,
Slap my forhead and laugh my head off.
ဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟား

Short n sweet, I love it. hahaha.
thanks for the post ma.
u have a good weekend. hahaha

Nay Nay Naing said...

စိတ်ကူးတည့်ရာ လျောက်ရေးထားတာပါ.. :">
အားပေးတာကျေးဇူးပဲ ညီမလေး...

MELODYMAUNG said...

မိတင်ခန်းထဲမှာတော့ ဟန်မဆောင်နိုင်အေင် အိပ်ငိုက်တယ်(တူသွားပြန်ပြီ)
စာသင်ခန်းထဲမှာဆိုရင်တော့ ဆရာမမြင်အောင် ခိုးအိပ်တယ်
အိမ်ခန်းထဲမှာဆိုရင်တော့ စောင်ပုံထဲမှာကွေးနေပြီ ဟိဟိ ကိုယ်ကိုယ်တိုင်အကြောင်းတွေးကြည့်တာပါ။ :D

Nay Nay Naing said...

တော်ရုံ အိပ်မငိုက်တတ်ဘူး။ အဲ့ဒီနေ့ ကမှ အရမ်းအိပ်ငိုက်တော့တယ်။ မှတ်မှတ်ရရ ပါပဲ။