Pages

June 04, 2007

Crunchyroll.com

မနေ့ က သူငယ်ချင်း အစ်ကိုကြီးတစ်ယောက် ပို့ ပေးတဲ့ အီးမေးကတဆင့် Asian Movie တွေကို Streaming ကြည့်လို့ ရတဲ့ Website တစ်ခု သိလိုက်တယ်။ Asian Movies/Dramas( Korea/Japan) တွေကြိုက်တဲ့ သူ၊ ကြည့်လေ့ရှိတဲ့ သူတွေတော့ သိပြီးသားဖြစ်မယ် ထင်ပါတယ်။ ဒီ Website က YouTube လို ပါပဲ။ ဒါပေမယ့် အဲ့ဒီမှာ တင်ထားပေးတာတွေကို ကြည့်မယ်ဆိုရင် User Account Create လုပ်ဖို့ တော့ လိုပါတယ်။
အဲ့ဒီဆိုဒ်ရဲ့ ကောင်းတဲ့ အချက်တစ်ခုကတော့ တင်ထားတဲ့ Movie တွေက ဘယ်လောက် Minutes စာပဲတင်ရမယ်ဆိုတဲ့ Limit မရှိတော့ ကြည့်ရတဲ့သူတွေအတွက် အဆင်ပြေပါတယ်။ အဲ.. မကောင်းတဲ့ အချက်လို ပြောနိုင်တာ တစ်ခုကတော့ အဲ့ဒီမှာ Daily Bandwidth Limit ရှိတာပါပဲ။ တစ်နေ့ ကို 5-10 Movies ပဲကြည့်လို့ ရတယ် ဆိုထားတယ်။ ကျွန်မ စိတ်ထင်တော့ အဲ့ဒီ Bandwidth Limit က ပြဿနာ မဟုတ်လောက်ဘူး။ တစ်နေ့  ၅ ကား ၊ ၅ နာရီလောက်ကြည့်နိုင်တာ အတော်များပြီး၊ အတော် အချိန်ကုန် နေပါပြီ။ တချို့ User တွေ ပြောထားတာကတော့ အဲ့ဒီလို Bandwith Limit ရှိနေတဲ့ အတွက် Traffic မဖြစ်တော့ပဲ ကြည့်ရတာ ပိုမြန်ပါတယ်တဲ့။

Streaming မကြည့်ပဲ အဲ့ဒီ က Movie တွေကို ဒေါင်းလုတ်လုပ်ပြီးမှ ကြည့်ချင်တယ်ဆို ပိုက်ဆံပေးရင် Download လုပ်ခွင့်ပေးပါတယ်။ ကျွန်မကတော့ ပိုက်ဆံပေးပြီး ဒေါင်းလုတ်လုပ်ကြည့်ဖို့  စိတ်မ၀င်စားမိပါဘူး။

Credit to Ko PN

No comments: