Pages

June 21, 2007

ကဗျာလေး တစ်ပုဒ်

ခုရက်ပိုင်း အလုပ်တွေရှုပ်ပြီး အားလပ်ချိန်ကြတော့လည်း တခြားဘာမှ လုပ်ချင်စိတ် မရှိတာနဲ့  မြန်မာ စာအုပ်တွေပဲ ဖတ်ဖြစ်နေပါတယ်။ ၀တ္ထုတို၊ ၀ထ္ထုရှည်၊ ဘာသာပြန်စာအုပ်တွေ နဲ့  မဂ္ဂဇင်းစာအုပ်တချို့  ဖတ်ဖြစ်တယ်။ အသက်ကြီးလာလို့  ဖြစ်မယ်ထင်ပါတယ်၊ ခုနောက်ပိုင်းမှာ ဟိုးအရင်ကလို စာအုပ်တစ်အုပ်ကို တစ်ထိုင်တည်း၊ ဒါမှမဟုတ် ၁ ရက်တည်း ပြီးအောင် ဖတ်လိုက်တာမျိုး အလုပ်ဖြစ်တော့ဘူး။ ကြိုက်တဲ့စာတွေကို ဆို ကုန်သွားမှာဆိုးလို့  ဖြည်းဖြည်းခြင်းပဲ ဖတ်ဖြစ်နေတယ်။ အပြောင်းအလဲတစ်ခု၊ ကိုယ် သတိထားမိတာလေး တစ်ခုကို မေ့သွားမှာစိုးလို့  ရေးထားလိုက်တာပါ။ လူဆိုတာ အသက်ကြီးလာတာနဲ့ အမျှ မှတ်ဥာဏ်မကောင်း၊ ဟိုမေ့ဒီမေ့ ဖြစ်တတ်တယ် မဟုတ်လား။

ဒါနဲ့  ဒီကဗျာလေးက မင်္ဂလာဦးသူသို့ ဆိုတဲ့ စာအုပ်မှာ ဖတ်လိုက်ရတဲ့ ကဗျာလေးပါ။ စာရေးဆရာမ မစန္ဒာ က သူ ငယ်ငယ်က သိပ်ကြိုက်ခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ပါလို့  ဆိုထားတယ်။ ဒီကဗျာကို သူမရဲ့ဖခင် စာရေးဆရာ မန်းတင်က သူမရဲ့ မိခင်အတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်က ရေးခဲ့တာလို့ လည်း ဖတ်လိုက်ရတယ်။ ဘာရယ်မဟုတ်ပါဘူး ဖတ်လို့ ကောင်းတာနဲ့  မှတ်ထားလိုက်တာ။ ဒီလိုရေးပြီး မှတ်ထားလိုက်တော့ မကြာသေးခင်ကမှာ နှစ်ယောက်တစ်ဘ၀ တည်ဆောက်သွားကြတဲ့ သူငယ်ချင်းတချို့ နဲ့  နောက် မကြာခင်ကာလမှာ တည်ဆောက်ကြတော့မဲ့ သူငယ်ချင်းတွေကိုလည်း ဖတ်ခိုင်းလို့  ရတာပေါ့လေ။

လူ့ ဘုံလောက
ဖွားသည်မှလျှင်
ဘ၀ခရီး
ကံယာဉ်စီး၍
ထီးတည်း ထွက်ခွာ လာချေ၏။

ခရီးမကောက်
သုသာန်ရောက်အောင်
တောက်လျှောက်ချိုင့်ဝှမ်း
အိုနာပြွမ်းသည်
လူသွမ်း ပေါလှပါချေ၏။

ကြမ်း၍တိုတောင်း
ခရီးကြောင်းဝယ်
ဖော်ကောင်း ကြင်သူ
တွေ့ ပါမူကား
သွားတူရွှင်လန်း
မပင်ပန်းသည်
မောပန်း မသိသာချေ၏။

ဒီကဗျာလေး ကူးရေးနေရင်း အဖော်မပါ တစ်ကိုယ်တည်းသာ နေပါတော့မယ် ပြောဆိုနေသူတွေ ဒီကဗျာလေး ဖတ်မိသွားရင် စိတ်တွေများ တစ်မျိုးတမည် ပြောင်းသွားကြမလား မသိဘူးလို့  တွေးမိတယ်။

6 comments:

Paingthuchit said...

mae ti la chin woot par lar :P

Nay Nay Naing said...

ဘာလို့  မယ်သီလရှင် ၀တ်ရမှာလဲ.. :O ငါ့ကို ပြောချင်တာလား။ ဘာကြောင့်လဲ။ ဒါမှ မဟုတ် တခြားသူကို ပြောတာလား.. ဘယ်သူကို ဘာကြောင့် အဲ့လို ပြောတာလဲ..

နင်ရေးထားတာ ဖတ်ပြီး ငါပိုစ့်ကို ငါအသေအချာ ထပ်ဖတ်ကြည့်ရသေးတယ်.

ပိုင်သူ.. နင် ငါရေးထားတာကို အသေအချာရော ဖတ်ရဲ့လား.. မြင်ရဲ့လား.. ငါ မြန်မာလို ရေးထားတာပါဟာ.. ရေးထားတာလည်း ရှင်းရှင်းလေးပါ။ နောင်ဆို မြန်မာစာဖတ်နည်း သင်တန်းဆိုတာမျိုးပေါ်လာရင် နင် အရင်ဆုံး သွားတတ်ရမယ် ထင်တယ်... ဒါမှမဟုတ် Game တွေ ဆော့တာများနေပြီး မျက်လုံးတွေက စာလုံးတွေ ကောင်းကောင်း မမြင်တော့တာလား မသိဘူး..

Anatta79 said...

I like that poem :)

မေ said...

စိတ်တွေတမျိုးတမည်ပြောင်းချင်လာပြီနော် :p
နေနေတော့ ခေါင်းစဉ်တပ်ခံရတော့မယ်။
(နောက်တာနော်အတည်) :D

Nay Nay Naing said...

အနတ္တ >>
ဒီ ကဗျာလေးကြိုက်တယ်တဲ့လားး :P.. ဘယ်အချိန်မှာများ Invitation Letter ရောက်လာလေမလဲဆိုပြီး စောင့်နေပါတယ်။

မမေ>>
စိတ်တစ်မျိုးပြောင်းချင်လာတော့ တစ်မျိုးကောင်းတာပေါ့.. :P
ဒါနဲ့  ဘယ်နေရာမှာ ဘယ်လိုများ ခေါင်းစဉ်တပ်ခံရမှာပါလိမ့်. စိတ်ဝင်စားသွားပြီ.. :D

Anatta said...

Sure sooner or later :D