Pages

June 16, 2007

Fridays and Friday Nights

သောကြာည ရောက်ပြီ။

ဒီတစ်ပတ်လုံး နေ့ တိုင်းကို သောကြာနေ့ တွေလို့ ထင်ပြီး ညတိုင်းကို သောကြာညတွေလို့  ထင်နေခဲ့တယ်။ အဲ့ဒီလို ထင်နေမိတာ အတော်လေးကို နေလို့ ထိုင်လို့  ကောင်းပြီး ဒီတစ်ပတ်လုံး ဘယ်လို ကုန်သွားမှန်းတောင် မသိလိုက်ဘူး။

တစ်ပတ်လုံး စိတ်ကြည်လင် နေခဲ့တယ်...

မနက်မိုးလင်းတိုင်း သောကြာမနက်လို့  ထင်နေတော့ အလုပ်သွားဖို့  စိတ်မညစ်တော့ဘူး..
အလုပ် မလုပ်ပဲလည်း မနေနိုင်ပေမယ့် တစ်ပတ် ၅ ရက် စက်ရုပ်လို အလုပ်လုပ်နေရတော့ တခါတလေ အလုပ်မသွားချင်ဘူး။ အထူးသဖြင် ရက်တစ်ပတ်ရဲ့ အစပိုင်းရက်တွေပေါ့။ ဒီရက်ပိုင်း ထူးထူးဆန်းဆန်း မနက်စောစောတွေမှာ ပျင်းပြီး မထချင်ဖြစ် မနေဘူး။ ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး အလုပ်သွားချိန်မှာ လူက လန်းဆန်းလို့ နေတယ်.. နောက်နေ့ ဆိုပဲ စနေ၊တနင်္ဂနွေရောက်လို့  အလုပ်မသွားရတော့ပဲ နားရတော့မယ့် ပုံစံမျိုးပေါ့..

တစ်နေ့ လုံးလဲ ဒီနေ့  သောကြာနေ့ လို့  ထင်နေတော့ ပင်ပန်းတယ်လို့  မခံစားရတော့ဘူး..
အလုပ်ရောက်လို့  အလုပ်တွေလုပ်တဲ့ အခါ သောကြာနေ့ ဆို အလုပ်တွေ အကြွေးမထားခဲ့ချင်လို့  တခြားဟာတွေမေ့ပြီး အလုပ်ပြီးအောင် အာရုံစိုက်ပြီး လုပ်တတ်ရှိတဲ့အတိုင်း အလုပ်တွေ လုပ်ဖြစ်နေတော့ အလုပ်များများပြီးတယ်လေ.. ဒီရက်ပိုင်း အလုပ်လုပ်ရတာ ပင်ပန်းတယ်လို့  စိတ်ထဲမှာ မခံစားရဘူး။

ညနေမိုးချုပ် အိမ်ပြန်လာရင်လည်း သောကြာညနေလို့  ခံစားနေရတော့ စိတ်ကလေးက ကြည်လင်လို့ ...
ဟိုတုန်းကဆို အလုပ်လုပ်ရတဲ့ ရက်တွေမှာ (သောကြာတစ်ညနေကလွဲရင်) အိမ်ကို အပြန်လမ်းမှာတောင် စိတ် သိပ်ပြီး မကြည်လင်တတ်ဘူး။ နောက်ရက်မှာ အလုပ်သွားရမယ်ဆိုတာကို တွေးနေမိတယ်ပြီး ပင်ပန်းတယ်လို့  ခံစားနေရတတ်တယ်။ ခုရက်ပိုင်းတော့ ညနေဆို လူက မြူးပြီး တတ်ကြွလို့ .. တချို့ ရက်တွေမှာဆို ဘူတာနားက ဈေးတန်းမှာ ဆိုင်တွေ လျှောက်ပြီး ကြည့်ဖြစ်လိုက်သေးတယ်။ နောက် ဈေးတွေဘာတွေဝယ်ပြီး အိမ်မှာ ဟင်းတွေဘာတွေတောင် အသေအချာ ချက်စားဖြစ်တယ်။ ညဆိုလည်း ဖတ်စရာရှိတဲ့ စာတွေလည်း ဖတ်ဖြစ်တယ်။ အရင်ကဆို နောက်နေ့ လည်း အလုပ်သွားရဦးမယ် ၊ ဒီနေ့ လည်း အလုပ်သွားထားရတာ ပင်ပန်းနေတယ်ဆိုပြီး ၀တ္ထု၊ မဂ္ဂဇင်းလောက်ကလွဲရင် တခြား ဖတ်သင့်တယ်ဆိုတဲ့ ဘယ်စာမျိုးကိုမှ မဖတ်ဖြစ်ဘူးလေ။

တကယ်ဆို ဒီရက်ပိုင်း အလုပ်မှာလည်း အရင်တပတ်တွေထက်စာရင် ပိုပြီး အလုပ်ရှုပ်ပါတယ်။ ညနေပိုင်း အိမ်ပြန်ရောက်ရင်လည်း အရင်အပတ်တွေကထက်စာရင် အလုပ်တွေ (ဈေးဝယ်၊ ဟင်းချက်၊ စာဖတ်) ပိုလုပ်ဖြစ်ခဲ့တယ်။ ဒါတောင် ပင်ပန်းတယ်လို့  မခံစားရဘူး။ တကယ်ဆို လူရဲ့ စိတ်က အရေးအကြီးဆုံးဆိုတာ သိပ်မှန်တာပဲ။

ဒါပေမယ့် သေချာတာတစ်ခုတော့ရှိတယ်.. တခြားညနေတွေကိုသာ သောကြာညနေလို့ တွေးမိနေနိုင်ပေမယ့် တနင်္ဂနွေညနေကိုတော့ ဒီလို တွေးမိနိုင်မယ် မထင်...

No comments: