Pages

June 28, 2007

Do you think we can live without them?

သတင်းတွေ ဖတ်ရင်း Time.Com မှာ အခုအချိန်မှာ အင်တာနက်သုံးသူတွေ မရှိမဖြစ် လိုအပ် သုံးစွဲနေတဲ့ Websites 25 ခုကို ဖေါ်ပြထားတာ တွေ့ လိုက် ရတယ်။ အဲ့ဒီပိုစ့် Title က We can't live without them ဆိုလို့  ကျွန်မရော အဲ့ဒီ Website 25 ခုကို အမြဲတမ်း သုံးစွဲဖြစ်နေသလား၊ မရှိမဖြစ် လိုအပ်နေသလားလို့  တွေးကြည့်နေ မိတယ်။

ကျွန်မ ကတော့ အဲ့ဒီ List မှာပါတဲ့ Website 25 ခုလုံးကိုတော့ အမြဲတမ်း မသုံးဖြစ်ဘူး။ Amazon , BBC, Del.icio.us, Digg, Google, HowStuffWorks, Technorati, Wikipedia, Yahoo တို့ ကိုတော့ နေ့ တိုင်း သွားဖြစ်၊ သုံးဖြစ်တယ်။ တခြား ဆိုဒ်တွေကိုတော့ ကျွန်မ ရဲ့ စိတ်ဝင်စားမှု့ မရှိမှု ( eg. The Internet Movie Database )၊ တချို့ ဆိုဒ်တွေကိုတော့ ကျွန်မ ခုလက်ရှိနေတဲ့ ဒေသ၊ နိုင်ငံ အခြေအနေနဲ့ ဆို အသုံး မ၀င်တာတွေကြောင့် မသုံးဖြစ်တာ ဖြစ်လိမ့်မယ်။ အင်း Time က သတင်းဆို ခုချိန်မှာတော့ အဲ့ဒီ Sites တွေက လူတွေ အသွားအများဆုံး ဖြစ်နေတာပေါ့။ ဒါပေမယ့် နောက် ၅ နှစ်လောက်ဆို ဒီ Sites တွေပဲ ဆက်ပြီး အသုံးများနေမလား၊ နောက် အသစ်တွေပဲ ပေါ်လာမလား၊ စိတ်ဝင်စားစရာပဲ။ ခု List ကို မှတ်ထားလိုက်တာ ကောင်းပါတယ်။

လူတွေက Websites တွေကို အင်ဖော်မေးရှင်း ဘယ်လောက် အများဆုံးနဲ့ အတိကျဆုံး ပေးနိုင်လဲ ဆိုတာပေါ် မူတည်ပြီး အသုံးပြုကြတာပါ။ ခုခေတ်မှာလည်း သတင်း၊ Information က အရမ်းအရေးကြီးတယ် မဟုတ်လား။ Information တွေကို မြန်မြန်နဲ့  မှန်မှန်ပေးနိုင်ရင် အဲ့ဒီ Website ကို လာတဲ့သူ များမှာပဲ။ Website အဟောင်းထက် တခြား အသစ်တစ်ခုက Information တွေ ပိုပေးနိုင်တယ်၊ ပိုပြီး စိတ်ချရတယ်၊ သုံးရတာ အဆင်ပြေတယ်ဆို လူတွေက အဟောင်းကို သံယောဇဉ်တွယ်မနေပဲ အသစ်ကို လွယ်လွယ်ကူကူ ပြောင်းသုံးကြမှာပဲ။ နောက်ပြီး လူတွေရဲ့ စိတ်ဝင်စားမှု ၊ လိုအပ်ချက် တွေဟာ အချိန်နဲ့ အမျှ ပြောင်းလဲနေတာ မဟုတ်လား။

ဘာရယ်တော့ မဟုတ်ပါဘူး Lunch Time မှာ အလုပ်ကို စောပြန်ရောက်ပြီး တခြားသူတွေက ပြန်မရောက်ကြသေးလို့  သတင်းတွေဖတ်ရင်း ဟိုတွေးဒီတွေ လုပ်နေတာ။Amazon.com
BBC.co.uk
Citysearch.com
Craigslist.org
Del.icio.us
Digg.com
Ebay.com
Facebook.com
FactCheck.org
Flickr.com
Google.com
HowStuffWorks.com
The Internet Movie Database
iTunes
Kayak.com
NationalGeographic.com
Netflix.com
SimpleWeather.com
Technorati.com
TMZ.com
USA.gov
TelevisionWithoutPity.com
WebMD.com
Wikipedia.org
Yahoo.com

Source : Time.com

4 comments:

ToMMyGiRL said...

my daily go are google, yahoo, wiki :)

Nay Nay Naing said...

တော်မီ နေ့ တိုင်းသွားတဲ့ အထဲမှာ နေးတစ်လည်း ပါတယ် မဟုတ်လား :>

MYO HAN HTUN said...

ကျွန်တော်ကတော့ Google, Wikipedia, Yahoo, IMDB, Amazon (Amazon ကတော့ ဈေးဝယ်ဖို့ မဟုတ်ပါဘူး၊ ဈေးနှုန်းတွေ သွားသွားငေးရတဲ့ ဆိုက်ပါ) ဟီး ..

မွေးနေ့ဆုတောင်းပေးတဲ့ ညီမ နေနေနိုင်ကို ကျေးဇူးတင်မိပါတယ် .. ၃၀ ကတော့ June 30 ရက်ကိုပြောတာပါ .. အသက် ၂၉ နှစ်မြောက်မွေးနေ့ပါ။

ကိုတိုး

Nay Nay Naing said...

ကိုတိုးနဲ့  Amazon ကိုသွားတဲ့ ရည်ရွယ်ချက်ချင်း တူတယ်.. ကိုတိုးတို့ စီမှာတော့မသိဘူး.. ဒီမှာတော့ စာအုပ်ဈေးတွေ ဈေးကြီးတယ်။ Amazon Online ကလည်း မ၀ယ်နိုင်ပါဘူး.. အဲ့ဒီမှာ ရောင်းဈေးက သက်သာပါအုန်းတောင်မှ ဒီအရောက် ပို့ ခက ရှိသေးတယ်လေ. ဒါပေမယ့် ပစ္စည်းတွေ၊ စာအုပ်တွေ ဈေးနှုန်းတွေ ငေးဖို့ တော့ အဲ့ဒီ အမြဲရောက်နေတာပါပဲ..

မနက်ဖြန် ၂၉ နှစ်ပြည့် မွေးနေ့ မှာ ပျော်ရွှင်ပါစေလို့  ထပ်ပြီး ဆုတောင်းလိုက်ပါတယ်.. :)