Pages

June 18, 2007

တောင်းတဲ့ဆုနဲ့  ပြည့်ဝရစေသား

ဒီ "တောင်းတဲ့ဆုနဲ့  ပြည့်ဝရစေသား" ဆိုတဲ့ သီချင်းလေးကို အတော်လေး လိုက်ရှာလိုက်ရတယ်။ ကျွန်မရဲ့ မိခင်ဖြစ်သူက ဟေမာနေ၀င်း အရမ်းကြိုက်တဲ့ သူဆိုတဲ့ ဟေမာ့သီချင်း တွေနဲ့  ငယ်ငယ်လေးတည်းက ရင်းနှီး နေခဲ့တယ်။ ဒါပေမယ့် အိမ်ကထွက်လာပြီး နောက်ပိုင်းတော့ ဟေမာနေ၀င်း သီချင်းတွေ သိပ်ပြီး နားမထောင်ဖြစ်တော့ဘူး။ ဟိုနေ့ က ညီမ Mayvelous ဆီမှာ သီချင်းတွေ ပြန်နားထောင်ဖြစ်သွားရာက ဒီသီချင်းလေးကို ပြန်ပြီး သတိရ၊ နှစ်သက်သွားတာကြောင့် အကြိမ်များစွာ နားထောင်ဖြစ်သွားတယ်။ ညီမမေနဲ့  သူ့ သူငယ်ချင်း သီချင်းဆို ကောင်းလို့ ပဲလား၊ သီချင်းနဲ့ ခံစားချက်နဲ့  တိုက်ဆိုင်လို့ လားတော့ မသိပါဘူး။

ကျွန်မမှာရှိနေတဲ့ ဟေမာသီချင်းတွေထဲမှာ ဒီသီချင်းမရှိဘူးလေ။ဒါနဲ့  အင်တာနက်ပေါ်မှာ သီချင်းကို လိုက်ရှာတော့ ဟေမာနေ၀င်း နဲ့  မီးမီးခဲ နှစ်ယောက်တွဲဆိုထားတဲ့ ဗားရှင်းကို လွယ်လွယ်ကူကူပဲ ရှာတွေ့ ပါတယ်။ ဒါပေမယ့် ကျွန်မ လိုချင်တာ ဟေမာနေ၀င်း တစ်ယောက်တည်း ဆိုထားတဲ့ ဗားရှင်းလေ။ ရှာလို့ မတွေ့ တဲ့ အဆုံးတော့ နေးတစ်ဖိုရမ် က Request Myanmar Songs Topic မှာ သွားတောင်းလိုက်တာ နေးတစ်ဖိုရမ်မာ တစ်ယောက်ဖြစ်တဲ့ Native Guitarist (Guitablood) က ရတနာဦး ဆိုထားတဲ့ ဗားရှင်းကို ပေးပါတယ်။ ရတနာဦးကလည်း သီချင်ဆိုကောင်းတဲ့ သူတစ်ယောက်မို့  ရတနာဦး ဆိုထားတဲ့ ဗားရှင်းကို တင်လိုက်ဖို့ စဉ်းစားခဲ့ပေမယ့် အသေအချာ နားထောင်ကြည့်လိုက်တော့ ဟေမာနေ၀င်း ဆိုထားတာလောက် မကောင်းဘူးလို့  ထင်မိတာနဲ့  ဟေမာ တစ်ယောက်တည်း ဆိုထားတဲ့ ဗားရှင်းကိုပဲ ရအောင်ရှာမယ်လို့ ဆုံးဖြတ် လိုက်တယ်။ သီချင်းခွေပဲ ရှာဝယ်လိုက်တော့မယ် ဆိုပြီး ဆိုင်တွေသွားရှာတာ တခြားအခွေတွေ တွေ့ ပေးမယ့် ဒီသီချင်းပါတဲ့ အခွေ ရှာမတွေ့ ဘူး။ ဆိုင်တစ်ဆိုင်မှာတော့ သီချင်းနာမည်တွေ မရေးထားတဲ့ ဟေမာနေ၀င်း သီချင်း 112 ပုဒ်ပါတယ် ဆိုတဲ့  အခွေတစ်ခွေ တွေ့ တာနဲ့  ၀ယ်လာလိုက်တယ်။ ကျွန်မ ရှာနေတဲ့ သီချင်းပါမှ ပါပါ့မလားလို့  စိတ်ထဲမှာတော့ တထိတ်ထိတ်နဲ့ ပေါ့။ အိမ်ပြန်ရောက်တာနဲ့  အခွေလေးထည့်ပြီး နားထောင်ကြည့်မှ No 2 သီချင်းက ကျွန်မ လိုချင်တဲ့ သီချင်းဖြစ်နေတယ်။ တော်ပါသေးတယ် မဟုတ်ရင် ဒီသီချင်းရဖို့  ဘယ်လောက်တောင်များ လိုက်ရှာရဦးမလဲ မသိဘူး။

တောင်းတဲ့ ဆုနဲ့ ပြည့်ဝရစေသား - ဟေမာနေ၀င်း

စဉ်းစားရင်းတွေးရင် မေးခွန်းလေးတွေပေါ်လာ..
စဉ်းစားပြီးကျွန်မရဲ့ မေးခွန်းလေးဖြေပါ..

မောင်ဘာဖြစ်လို့ ချစ်တာလဲ..
မောင်ဘာကြောင့်မို့ ချစ်တာလဲ..
မောင်ဘယ်လောက်ထိ ချစ်မှာလဲ..
ကျွန်မက မလှရင်ကော တစ်သက်လုံးပဲ ချစ်မှာလား

မောင်ဘယ်တုန်းက ချစ်တာလဲ..
မောင်ဘယ်ထိ ဆက်ချစ်နိုင်မလဲ..
မောင်တကယ်အပြည့်အ၀ ချစ်ရဲ့လား..
ကျွန်မထက်လှသူနဲ့ တွေ့ သွားတော့ အချစ်ရော့မလား..
စဉ်းစားရင်းတွေးရင် မေးခွန်းလေးတွေပေါ်လာ..
စဉ်းစားပြီးကျွန်မရဲ့ မေးခွန်းလေးဖြေပါ..

စွန့် စားပြီး ဆူးခက်နင်း. အချစ်ဆူးများ ပန်းပွင့်ထင်
အိုး ..ယုံကြည်သလိုပဲ မောင့်ဘက်က ချစ်မလား
ကျွန်မရဲ့ အချစ်ထက် မောင့်ရဲ့ အချစ်ပိုပါစေ..
ကျွန်မတောင်းတဲ့ ဆုနဲ့  ပြည့်ဝရစေသား..

မောင်ဘာဖြစ်လို့ ချစ်တာလဲ..
မောင်ဘာကြောင့်မို့ ချစ်တာလဲ..
မောင်ဘယ်လောက်ထိ ချစ်မှာလဲ..
အနှစ်လေးငါးခြောက်ဆယ်လား...
တစ်ယောက်တည်း စွဲချစ်နိုင်မလား..

မောင်ဘယ်တုန်းက ချစ်တာလဲ..
မောင်ဘယ်ထိ ဆက်ချစ်နိုင်မလဲ..
မောင်တကယ်အပြည့်အ၀ ချစ်ရဲ့လား..
ဘ၀နဲ့ တိုင်းတာပြီး စိတ်မပြောင်းပဲ ချစ်ပါ့မလား..

စဉ်းစားရင်းတွေးရင် မေးခွန်းလေးတွေပေါ်လာ..
စဉ်းစားပြီးကျွန်မရဲ့ မေးခွန်းလေးဖြေပါ..

ခိုင်မြဲသော သံကြိုးများတောင် ယုံကြည်ရန်ခက်လို့ ..
မြင်ခွင့်မရတဲ့ ချစ်ကြိုးများကို
မောင် ပြန်စမ်းသတ်ကြည့် စစ်ဆေးကြည့်ပေါ့
သေချာချီထားသလား..
ချစ်ကြိုးများအားလုံး မြဲစေခိုင်စေသား..

ကျွန်မရဲ့ အချစ်ထက် မောင့်ရဲ့ အချစ်ပိုပါစေ..
ကျွန်မတောင်းတဲ့ ဆုနဲ့  ပြည့်ဝရစေသား..
ကျွန်မရဲ့ ရည်စူးသူက ရတနာဦးဆိုတဲ့ ဗားရှင်းကို မကြိုက်ပဲ ဟေမာနေ၀င်းဆိုထားတဲ့ ဗားရှင်းကိုသာ ကြိုက်တယ်လို့  ပြောလာတဲ့ အတွက် ဒီသီချင်းရှာရလို့  ခံစားခဲ့ရတဲ့ စိတ်ပင်ပန်းတာတွေ အကုန် ပျောက်သွားတယ် :D

တခြားဒီသီချင်းကို နှစ်သက်သူတွေ နားထောင်နိုင်အောင် ကျွန်မရှာတွေ့ တဲ့ ရတနာဦးဆိုထားတဲ့ ဗားရှင်းရယ်၊ ဟေမာနေ၀င်းနဲ့  မီးမီးခဲ နှစ်ယောက် ဆိုထားတဲ့ ဗားရှင်းရယ်ကို ဒီမှာပိုစ့်လုပ်ပေးထားပါတယ်။
တောင်းတဲ့ ဆုနဲ့ ပြည့်ဝရစေသား - ရတနာဦး
တောင်းတဲ့ ဆုနဲ့ ပြည့်ဝရစေသား - ဟေမာနေ၀င်း + မီးမီးခဲ

4 comments:

မေ said...

ဟေမာနေ၀င်းဆိုတာ အကြိုက်ဆုံးပဲ။
မမေလဲ အဲဒီသီချင်းလိုချင်နေလို့ နေနေ သီချင်းရှာလို့ရသွားပြီဆိုကတည်းက ဘလော့ဂ်မှာ တင်မယ့်နေ့ကို စောင့်နေတာ :D

kay said...

အမရဲ့ ဘန်နာလေးကို ကြိုက်တဲ့အတွက် ၀မ်းသာပါတယ်နော်..
ညီမလေးဆီကို..အရင်ထဲက..ရောက်ရောက်လာဘူးပါတယ်..လာခဲ့ပါဦးမယ်

Anonymous said...

Hey ma thanks for the songs. I never listen haymar n yadanar oo's solo before. Only got haymar+memekhal version.
Now I get to listen all versions thanks to you.
Cheers.

Nay Nay Naing said...

မမေ>>
ဒီနေရာမှာ အကြိုက်တူတယ်ပေါ့။ အရင်က နေးတစ် DJ တွေစီမှာ ပဲ သီချင်းတောင်းလိုက်ရင် ကောင်းမလား၊ ဒါမှမဟုတ် ကိုယ်တိုင်ဆိုပြီး တင်လိုက်ရင်ကောင်းမလားလို့ . စဉ်းစားမိသေးတယ် :D. DJ တွေမှာ ဒီသီချင်းမရှိလောက်ဖူးထင်လို့  အားနာတာနဲ့  မတောင်းတော့ပဲ ဟေမာဆိုထားတဲ့ ဗားရှင်းကိုပဲ မရ ရအောင် ရှာလိုက်ပါတော့တယ်.. :D ခုမှစဉ်းစားမိတယ်.. DJ တွေကို သီချင်းမရှိ DJ တစ်ယောက်ယောက် ကိုယ်တိုင်ဆိုပြီး တင်ပေးပါလို့  ပြောလို့ ရတာပဲ.. နောက်မှ အဲ့ဒီလို တောင်းတော့မယ်

Ma Kay>>
လာပြီး ကွန့် မန့် ထားသွားတာ ကျေးဇူးပါ။ အဲ့ဒီ ဘလောခ့်ကို ၀င်ဝင်ခြင်း ဘန်နာကို အရင် သတိထားမိလိုက်ပြီး ကြိုက်သွားလို့  ရေးထားဖြစ်ခဲ့တာ.. :)

mayvelous >>
အစက ညီမ ဆီမှာများ ဟေမာနေ၀င်း တစ်ယောက်တည်းဆိုတဲ့ ဗားရှင်းရှိမလားလို့  တောင်းဦးမလို့ ပဲ.. နောက်တော့ ညီမတို့ ဆိုထားတဲ့ သီချင်းကို အသေအချာနားထောင်ကြည့်တော့ ဟေမာနဲ့  မီးမီးခဲဆိုထားတဲ့ ပုံစံမှန်းသိလိုက်လို့  ကိုယ့်ဟာကို လိုက်ရှာလိုက်တော့တာ.. ကျေးဇူးပဲညီမရေ.. ညီမတို့ ဆိုထားတဲ့ဟာ နားထောင်ပြီးမှ ဒီသီချင်းကို သတိပြန်ရသွားတာပါ..