Pages

June 26, 2007

Directions from Google Map

1. go to www.google.com
2. click on "maps"
3. click on "get directions"
4. type "New York" in the first box (the "from" box)
5. type "London" in the second box (the "to" box)
6. click on "get directions"
7. scroll down to step #21
“Swim across the Atlantic Ocean
အင်္ဂလန်က US သွားချင်နေတဲ့ သူငယ်ချင်းတွေနဲ့  US ကနေ အင်္ဂလန် သွားချင်နေတဲ့ သူငယ်ချင်းတွေကို ညွန်းလို့ ရမယ့် နည်းလေးပါပဲ။ Google Map က ညွှန်ပြတဲ့ နည်းအတိုင်းသွားကြမယ် ဆိုရင်တော့ ဈေးအသက်သာဆုံး ဖြစ်မှာပါ။ နောက်ဆို ပိုက်ဆံမရှိလို့  ၊ လေယာဉ်လက်မှတ်ခ မရှိလို့ မသွားနိုင်ဘူး လာပြောရင် Google Map က Direction အတိုင်း သွားပါလားလို့  ပြန်ပြောရမယ် :D

မယုံရင် Chicago to London,San Francisco to London, London to New York တွေကိုပါ ရှာကြည့် နိုင်ပါတယ်.. US ကနေ Europe တိုင်းပြည်တချို့ ကိုရှာရင်လည်း ဒီလိုပဲ ပါမယ်ထင်တယ်။ ဒါနဲ့  Google က လူတွေဟာ Altantic Ocean ကိုပဲဖြတ်နိုင်တယ်၊ Pacific Ocean ကို ဖြတ်နိုင်မှာ မဟုတ်ဘူးလို့  ယုံကြည်တယ် ထင်ပါတယ်.. ကျွန်မ Pacific Ocean ကို ဖြတ်ရမယ့် ခရီးတွေကို ရှာကြည့်တာတော့ မရဘူး။ ဘာတွေ ရှာကြည့်လဲ.. ကိုယ်သွားချင်တဲ့နေရာတွေ ရှာတာပေါ့။ အင်း.. Google က ပစိဖိတ် သမုန္ဒရာကြီးကို လက်ပြစ်မကူးလို့ မရနိုင်ဘူးထင်လို့  လမ်းမညွှန်ထားတော့ Chicago to Singapore, Singapore to Chicago သွားဖို့ ဆို လေယာဉ်ပျံကြီးစီးလို့ ပဲ သွားရတော့မှာပေါ့လေ.

3 comments:

Unknown said...

အေး သွား....အတောင်ပံပါရင် မင်းဆီကို . . .ဆိုတဲ့ သီချင်းလေး ဆိုပြီးသွား

Soe Moe said...

ငါမော်တော်ဘုတ် ငှါးပေးမယ်။ လက်ပြစ်ကူးသွားတာထက်တော့ မြန်မှာပေါ့. . . .
အော်. . . မော်တော်ဘုတ်ထဲထည့်ဘို့တော့ ဆီလုံလုံလောက်လောက် ယူသွားနော်
လမ်းမှာ ဆီပြတ်လို့ ဒုက္ခရောက်နေအုံးမယ် . . . .

Nay Nay Naing said...

ZKL >>
အတော် မျက်စိနောက်နေပြီထင်တယ်.. သီချင်းတော့ မဆိုတတ်ဘူးဟ.. ဒါပေမယ့် လေယာဉ်လက်မှတ်ဝယ်ပေးမယ်ဆိုရင်တော့ အဲ့ဒီ သီချင်းလေးနားထောင်ပြီး ချက်ချင်းသွားလိုက်မယ်.. :P

SoeMoe >>
ဒီတစ်ယောက်ကလည်း အတော်ကူညီချင်နေပုံပဲ.. ရေလမ်းခရီးကတော့ လုံးဝ မသွားဘူး.. တကယ် ကူညီချင်ရင် လေယာဉ်လတ်မှတ်ဝယ်ပေး..