Pages

June 07, 2007

Work is a Pleasure

စိတ်မ၀င်စားတဲ့ အလုပ်ကို တလကျော်လောက် လုပ်နေရတာကနေ ဒီရက်ပိုင်း ကိုယ်စိတ်ဝင်စားတဲ့ အရာတွေကို ပြန်ပြောင်းလုပ်နေရတော့ တနေ့ တနေ့  အချိန်တွေ ဘယ်လိုကုန်ပြီး၊ ညနေ ၆ နာရီ ဘယ်လို ရောက်သွားမှန်း သတိမထားမိလိုက်ဘူး ဖြစ်နေတယ်။ အရင်ရက်ပိုင်း စိတ်မ၀င်စားတာတွေ လုပ်နေရတုန်းကဆို အဲ့ဒီအလုပ်တွေဟာ မလုပ်မဖြစ် တာဝန်တရပ်အနေနဲ့ သာ လုပ်နေရတာဆိုတော့၊ စိတ်က အလုပ်ပြန်ချိန် မြန်မြန်ရောက်ပါတော့လို့ တွေးပြီး နာရီကိုပဲ အမြဲလိုလို ကြည့်နေဖြစ်ခဲ့တယ်။ အလုပ်အရမ်း မရှုပ်ပါပဲနဲ့  အလုပ်ကပြန်လာပြီး အိမ်ရောက်ပြီဆိုရင် အရမ်း ပင်ပန်းနေသလို ခံစားနေခဲ့ရတယ်။ လူပင်ပန်းတာထက်စာရင် စိတ်ပင်ပန်းတာ ဖြစ်မယ် ထင်ပါတယ်။ အလုပ်ရဲ့ နဂိုပုံစံကိုက တွေးရ၊ စဉ်းစားရ နဲ့  ခေါင်းစားတဲ့ အလုပ်ဆိုတော့ ကိုယ်စိတ်ဝင်စားတာကို လုပ်နေရရင်သာ မသိသာတာ၊ စိတ်မ၀င်စားတဲ့ အပိုင်းတွေလည်း လုပ်ရရော စိတ်ပင်ပန်းမှုက သိသာလာတယ်။
When work is a Pleasure
Life is a Joy !!
When work is a Duty
Life is Slavery !!

-Maxim Gorky, Russian Author (1868-1936)

အလုပ်ဆိုတာ မသေမချင်း တသက်လုံး လုပ်နေရမှာပါ။ ကိုယ်လုပ်နေရတဲ့ အလုပ်တွေဟာ ကိုယ်တကယ် စိတ်ဝင်စားတဲ့ အလုပ်တွေဖြစ်မယ်ဆိုရင်တာ့ အကောင်းဆုံးပေါ့။

2 comments:

Min Htet said...

Enjoying at job is the best.
Bty,how do you make "Promises don't come easy",I found similar video in Youtube but your video is sharper.What kind of player is that?Can we make all youtube video with that?
Tax in Aussie is , I think, 60$ for a year.

Nay Nay Naing said...

ဟားဟာ.. ခုပဲ အစ်ကို ဘလောခ့်မှာ Comment ရေးပြီး ပိုစ့်လုပ်လိုက်တာ.. ဒီမှာ Comment ရေးသွားကြောင်း message ရောက်လာတော့ လန့် သွားတာပဲ.. တချိန်ထဲ ရေးဖြစ်တာ ဖြစ်မယ်..

ဒီဘလောခ့်မှာ တင်ထားတာ Flash နဲ့ လုပ်ထားတဲ့ Movie ဖြစ်လို့  ပိုပြီး ကြည်လင်နေတာပါ။ YouTube ကဟာက အဲ့ဒီ Flash File ကို ပြန်တင်ထားတာ။ ခု Flash File က ကိုယ့်ဟာကို လုပ်ထားတာ မဟုတ်ဘူး။ အင်တာနက်ပေါ်မှာ ရှာတွေ့ တာ။ Google နဲ့  ရှာကြည့်ပါလား။ အဲ့ဒီလိုမျိုး သီချင်း Flash Music File တွေ ၊ Game တွေ အများကြီးပဲရှိတယ်။