Pages

June 30, 2007

Working Saturday Night ( GST 7%)

အခု အလုပ်မှာ Deployment လုပ်လို့  ပြီးလို့ သူများ Testing လုပ်တာ ထိုင်စောင့်နေရတယ်။ တကယ်ဆို ဒီနေ့  စနေနေ့  ကြီး အလုပ်လာစရာမလိုဘူး။ ဒါပေမယ့် မနက်ဖြန်က စပြီး GST (Goods and Services Tax) 5% ကနေ GST 7% ကို တက်မယ်ဆိုတဲ့ အကျိုးဆက်ကြောင့် အလုပ်လာ လိုက်ရတယ်။ လုပ်ရမယ့် အချိန်ကလည်း တကယ့် အချိန်ကောင်း ညနေ ၆ နာရီက ည ၁၂ နာရီ ။ အင်း.. ကံကောင်းရင်တော့ ဘာမှ ပြဿနာ မပေါ်ဘူးဆိုရင် ဒီနေ့  ည ၁နာရီလောက်တော့ အိမ်ပြန်ရောက်ကောင်းပါရဲ့။ ပြီးခဲ့တဲ့ Last Deployment တုန်းကဆို ပြဿနာတစ်ခုတတ်လို့  မနက် ၃ နာရီကျော်မှ အိမ်ပြန်ရောက်တယ်။

ပုံမှန်ဆို တစ်လ တစ်ခါ ရှိတဲ့ Deployment တွေကို သောကြာနေ့ မျိုးမှာတောင် လုပ်လေ့ မရှိဘူး။ တနင်္ဂလာ - ကြာသာပတေး အတွင်း တစ်ရက်ရက်မှာပဲ လုပ်ကြတယ်။ သောကြာလို နေ့ မျိုး ဆိုတာ အားလုံးက အလုပ် စောပြန်ချင်ကြတဲ့ နေ့ မျိုး ဖြစ်နေတယ်လေ။ စနေ၊ တနင်္ဂနွေဆိုတာ အလုပ်လာရမယ့် နေ့ တွေမှ မဟုတ်တာ။ ခုတော့ GST 7% ရဲ့ အကျိုးဆက်ကြောင့် အလုပ်ရောက်နေကြရတယ်။ 1st Day of July ကစပြီး GST ပြောင်းမှာဆိုတော့ Last day of June မှာ Deployment လုပ်ဖို့  လိုတယ်၊ တနင်္ဂနွေနေ့  ဖြစ်နေရင်းလည်း အလုပ် လာကြရမှာပဲ။ အစကတော့ GST လေးပြောင်းတာ Database Field လေးချိန်းလိုက် ပြီးတာပဲလို့ တွေးမိသေးတယ်။ နောက်မှ ဒီ System မှာက Online User တွေတင်မကဘူး၊ Offline Mobile User တွေလည်းရှိ တယ်လေ။ Mobile User တွေ အတွက်က ဒီနေ့ ည ပြောင်းပေးဖို့  လိုနေတယ်။ ခု ကျွန်မတို့ အလုပ်က လူတွေကတော့ နောက်တခါ GST % ပြောင်းအုန်းမယ်ဆို နောက်ဆုံးနေ့ ဟာ week end မကျပါစေနဲ့ လို့  အားလုံးက ၀ိုင်းဆုတောင်းနေကြတယ်။
ဒါနဲ့  စင်္ကာပူမှာ GST စပြီးကောက်တာ 1 April 1994 ကလို့ သိရတယ်။ 1994 ကစတဲ့ GST ဟာ 2003 မှာ 3% ကနေ 4% ကို တိုးတယ်၊ 2004 မှာ 4% ကနေ 5% ကိုတိုးသွားတယ်။ အင်း အခုတော့ 5% ကနေ 7% ကို တိုးသွားပြီပေါ့။ ဖြည်းဖြည်းချင်း ဆွဲတင်နေတာနဲ့ တူပါတယ်။ နောက်ဆို အင်္ဂလန်လို 20% လောက်ဖြစ်လာမလား မသိဘူး။ ဒီလတွင်းမှာ အိမ်၊ ကား နဲ့ တခြား ပစ္စည်းတွေ အ၀ယ်များနေတယ် ဆိုတာ ဒီ GST မတိုးခင်လေး အမှီ ၀ယ်နေကြတာကြောင့် ဖြစ်မယ်။ အင်း ကားခတွေတိုး၊ မီတာခတွေတိုး၊ အိမ်ငှါးခတွေတိုး၊ GST တိုး နဲ့  ကုန်စရာ၊ ပေးစရာတွေ တတိတိနဲ့  တိုးလာလိုက်တာ သူတို့ တိုးသလောက် လိုက်ပြီး မတိုးတာကတော့ လကုန်တိုင်း ကိုယ်အမြဲရနေတဲ့ လခပါပဲ။

စိတ်မကောင်းစရာပဲ။ Mobile Application မှာ ပြဿနာတတ်နေတယ်တဲ့။ Proposal အဟောင်းတွေ Upload လုပ်လို့  မရဘူး ပြောတယ်။ ဒုက္ခပါပဲ။ ဒီတစ်ခေါက်က ကျွန်မ တာဝန်ယူထားတဲ့ Module မပါလို့ သူများတွေ Testing လုပ်နေတုန်း ကျွန်မက ဘလော့လာရေးနေတာ။ ခုတော့ ကျွန်မ လည်း Testing ၀င်လုပ်ရတော့မှာပေါ့။ အင်း .. ဘာကြောင့်ဖြစ်လည်း ရှာတွေ့ ပြီးရင်လည်း ကိုယ်နဲ့ အဆိုင်တဲ့ ပြဿနာမို့  သူများဖြေရှင်းအပြီးကို ထိုင်စောင့်နေဖို့ ပဲရှိတယ်။ Testing အားလုံးပြီးမှ အကုန်ပြန်လို့  ရမှာမို့  ဘာကြောင့် ဖြစ်လည်းဆိုတာကို မြန်မြန် ရှာတွေပြီး မြန်မြန် ရှင်းလို့  ရပါစေလို့ ပဲ ဆုတောင်းရမယ်။ ဒီည ကံကောင်းပါစေ။

Related Link:
GST Information - Ministry Of Finance (Singapore)

8 comments:

Soe Moe said...

ဒီညကံကောင်းပါစေ . . .

Nay Nay Naing said...

ကျေးဇူးပဲ. ၁၁ ရှိပြီ။ ခုထိတော့ မပြန်ရသေးဘူး။ ခု အလုပ်မှာ အိမ်ပြန်ရမယ့် အချိန်ကိုစောင့်ရင်း အိပ်ငိုက်နေတယ်။

AungKyawThein said...

They should pay OT plus bonus loads..
Protest them..
hehe

မေ said...

ဒီနေ့ IKEA သွားတာ လူတွေများလိုက်တာ။ ည ၁၂ နာရီမှ ပိတ်မယ်ရေးထားတယ်။ giant တို့၊ တခြား ရှော့ပင်းမောလ်တွေလဲ ဒီနေ့ အကြီးအကျယ် ရောင်းချနေကြတယ်တဲ့ :D
နေနေ ... စောစော အိမ်ပြန်ရပါစေနော်

Nay Nay Naing said...

AKT>>
OT ပေးမယ်ဆိုရင်တော့ ကောင်းတာပေါ့ .. ခုချိန်ထိတော့ တခါမှ OT ပေးမရဖူးဘူးဟ... ဘယ်တော့မှလဲ ပေးမယ် မထင်..

မမေ>> မမေက ဘာသွားဝယ်တာလဲ... တချို့ လည်း ၀ယ်မယ်စိတ်ကူး တဲ့ ကွန်ပြူတာတို့  Camera တိုတွေ ဒီနေ့ သွားဝယ်ကြတယ် ပြောတယ်.

ခုအိမ်ပြန်ရောက်ပြီး။ 12:15 Am ပြန်ရောက်တယ်ဆိုတော့ မဆိုးဘူးပြောရမယ်. :)...

MYO HAN HTUN said...

စနေ၊ တနင်္ဂနွေမှာတော့ လူတိုင်းက နားချင်ကြပါတယ် .. ဒါပေမယ့် .. အလုပ်ကို ဇွဲနဲ့လုပ်တတ်တဲ့ ညီမ စိတ်ကို ချီးကျူးမိတယ်။ .. အောင်မြင်ပါစေ ..

ကိုတိုး

Anonymous said...

နေနေရေ...အင်္ဂလန်မှာVAT rate က ၁၇.၅% ပါ..၂၀% မရောက်သေးပါဘူး..

Nay Nay Naing said...

ကိုတို:>> ကြိုးစားတာတော့မဟုတ်ဘူး၊ မလုပ်မနေရပုံစံဆိုတော့လည်း လုပ်လိုက်ရတာပဲပေါ့။ ဒီနိုင်ငံမှာက အဲ့လို WeekEnd တွေမှာ အလုပ်သွားရတဲ့ အလုပ်တွေ အများကြီးပါပဲ။...

Anonymous>> အမှန်ကို ပြန်ပြင်ပေးတာ ကျေးဇူးပါပဲ.. သိတဲ့အတိုင်း ကိုယ်ကပေးခဲ့ရတာဆို ပိုပြီးမှတ်သားထားမိတတ်တယ်...:D ဒါနဲ့  မရောက်သေးဘူးဆိုတော့ ရောက်သွားနိုင်တဲ့ အခြေအနေများ ကြားနေရလို့ လား...