Pages

June 27, 2007

ပျဉ်းမနားနေပြည်တော်ကြီးမှာ

ပျဉ်းမနား နေပြည်တော်ကြီးမှာ တော်ဝင်ဘတ်စ်ကား စီးမဲ့ ခရီးသည်တွေ အဆင်ပြေစေဖို့  နားနေဆောင်များ (Bus Stop) ဆောက်လုပ်ပြီး ခရီးသည်တွေ လွယ်လင့်တကူ ဆက်သွယ်နိုင်ရန် Bus Stop တွေအနီးမှာ စာတိုက်ပုံးများနဲ့  ဆက်သွယ်ရေး တယ်လီဖုန်းများနဲ့  ပတ်ဝန်းကျင် ထိန်းသိမ်းမှု့ အတွက် အမှိုက်ပုံးများ ထားရှိတယ် ဆိုတဲ့ သတင်းကို First Eleven Journal မှာ ဖတ်လိုက် ရပါတယ်။ အဲ့ဒီ နားနေဆောင်တွေရဲ့ နံရံတွေမှာ ကြော်ငြာတွေနဲ့  တန်ဆာဆင်ရန် အတွက် စီးပွါးရေး လုပ်ငန်းရှင်ကြီးတွေက စိတ်ဝင်စားနေတယ်လို့ လည်း ရေးထားပါတယ်။ သတင်း အပြည့်အစုံကို First-11 မှာ ဖတ်နိုင် ပါတယ်။

ဒီသတင်းဖတ်ပြီး ဂျာနယ်စီစဉ်သူတွေနဲ့  သတင်းထောက် ရဲ့ Journalist ပညာကိုလည်း လေးစားမိတယ်။ တော်လိုက်တဲ့ သူတွေ။ နေပြည်တော် အသစ်ကြီးမှာ တည်ဆောင်ထားတဲ့ ခေတ်မှီ ကာဂိတ်ခရီးသည် နားနေဆောင် ရဲ့ အခြေအနေကို စာနဲ့  မဝေဖန်ဘဲ လူနေမှု အဆင့်အတန်းမြင့်အောင် ဆောင်ရွက်နေတယ်ဆိုတဲ့ အစိုးရရဲ့ အာဘော်ကိုဖော်ပြပြီး၊ ဗွက်တောထဲက ခေတ်မှီ ကာဂိတ်ခရီးသည် နားနေဆောင် ရဲ့ တကယ့် အခြေအနေကို ကွက်ကွက်ကွင်းကွင်း ထင်ထင်ရှားရှား မြင်နိုင်စေမယ့် ဓာတ်ပုံမျိုးကိုမှ ရွေးချယ် ထည့် ပေးလိုက်တယ်။

Source: First-11

2 comments:

AungKyawThein said...

I think that journalist should leave the country quick as possible.. or else he will be jail in anytime soon..

Nay Nay Naing said...

သတိထားမိရင်ပေါ့..