Pages

June 05, 2007

မြန်မာသံရုံးသို့ တစ်ခေါက်

ဒီနေ့  ...

Passport သက်တန်းတိုးရန် မြန်မာသံရုံးသို့ သွားရသည်။
အလုပ်မှ နေ့ တစ်ဝက် ခွင့်ယူလိုက်ရသည်။
ထိုနေရာသို့  မသွားချင်ပါ။

ခုရက်ပိုင်း မေ့တတ်နေသည်။
ပိုက်ဆံထုတ်ရန် မေ့သွား၍ တခါ ပြန်သွားထုတ်ရသေးသည်။
မပေးချင်၍ မေ့ချင်ယောင်ဆောင်ခြင်းလည်း ဖြစ်နိုင်သည်။

ရာသီဥတု ဆိုးရွားလှစွာ အလွန်ပူပြင်းသည်။
ရေဆာလောင်မှု့ ကို ခံစားခဲ့ရသည်။
ထိုနေရာ၌ ရေသန့် ဘူးကြီး ရှိနေသော်လည်း ရေမရှိပါ။

စာရွတ်တချို့ ကို ဖတ်ကြည့်ဖြစ်သည်။
နိုင်ငံသားအဖြစ်မှ စွန့် လွှတ်ရန် မလွယ်ကူကြောင်း သိခဲ့ရသည်။
အဖတပ်မတော် အုပ်ဆိုးသော အမိနိုင်ငံတော်ကြီးကို ချစ်ခင်ကြပါ။

Passport သက်တန်းတိုးရသည်မှာကား အလွန် မြန်ဆန်လွယ်ကူပါသည်။
သက်တန်းတိုးခ (S$ 300) နှင့် အခွန်လက်ကျန်များ ပေးဆောင်ရန် ငွေများ ပါသွားဖို့ သာလိုသည်။
Passport မူရင်း၊ မိတ္တူနှင့် နောက်ဆုံးအခွန်ဆောင်ထားသောစာရွက် မူရင်း၊ မိတ္တူ ယူသွားဖို့ လည်းလိုပါသည်။

ထိုနေရာတွင် ပုံတူကူးစက်ကြီး ရှိနေသည်ဟု ထင်ကာ မူရင်းများသာ ယူသွားခြင်းမျိုး မပြုသင့်ပါ။
ပစ္စည်း သင်္ခါရ သဘောကို အမှတ်ရသင့်သည်။
တရားမမေ့ အမြဲသတိရှိပါ။

Passport ၃ နှစ် သက်တန်း တိုး၍ ရခဲ့သည်။
ရှိသမျှ ရထားသော လခလေးလည်း ကုန်သွားပါပြီ။
စေတနာရှိက ထမင်းစားဖိတ်နိုင်သည်။

စိတ်မချမ်းသာပါ။
ဒီတစ်ခေါက်မှ ဤသို့  ထူးပြီး ခံစားရခြင်း မဟုတ်။
ဤနေရာသို့  အခေါက်ပေါင်းများစွာ ရောက်ခဲ့ဖူးသည်။
မည်သည့်အခါမျှ စိတ်လက်ကြည်လင်စွာ ပြန်သွားရခြင်းမျိုး မကြုံခဲ့ဖူးပါ။
နိုင်ငံသားကောင်းမပီသဘူး ထင်ချင်က ထင်နိုင်သည်။

6 comments:

ကလိုစေးထူး said...

စင်္ကာပူက မြန်မာသံရုံးရဲ့ ကျော်ကြားချက်ကတော့ စင်္ကာပူရောက် မြန်မာဘလော့ဂါတွေရဲ့ ပါးစပ်ဖျား..အဲ၊ ဘလော့ဖျားမှာ ပြောစမှတ်ကို ဖြစ်နေတာကိုး။ ဒါနဲ့ နေနေဘလော့ဂ်က အကျီင်္အသစ်လဲထားတာ မသိလိုက်ဘူး။ :)

မေ said...

သာဓု သာဓု :P

Nay Nay Naing said...

ကိုကလိုစေးထူး >>
Blog က Template ကို ပြောင်းထားတာ အတော်ကြာပါပြီ။ :) ဒီဘလောခ့်ကို လာဖတ်ပြီး Comment ထားသွားပေးတဲ့ အတွက်ကျေးဇူးပါပဲ..

မမေ >> ဘာလို့  "သာဓု" သုံးကြိမ်ပြည့်အောင် ခေါ်မသွားတာလဲ.. :P

Anonymous said...

လူတိုင်းလိုလို ဒီလိုခံစားချက်တွေ ရှိကြမှာပါ.. ဘ၀တူတွေပဲ..

Thet Oo said...

ကိုစေးထူးရေ.. မြန်မာသံရုံးကျော်ကြားချက်က စင်္ကာပူနိုင်ငံတခုထဲ မဟုတ်ရပါ။ တခြားနိုင်ငံတွေမှာ ရှိတဲ့ မြန်မာသံရုံးတွေလည်း ထူးမခြားနား ကျက်သရေတုံးကြောင်းပါခင်ဗျား။

SuN said...

Washington DC ကသံရုံး မနက် ၁၀နာရီကတဲက သက်တန်းတိုးဘို့ စောင့်တာ နေ့ လည် ၂နာရီမှ ထမင်းစားပြန်ရောက်ပါကြောင်း။
Singapore သံရုံးကတော့ သူတို့ တတွေအတွက်.. Fund ရှာပေးနေသောနေရာကြီး ဖြစ်ပါကြောင်း။