Pages

June 12, 2007

Apple: Safari 3 for Windows

Apple ရဲ့ Web Browser ဖြစ်တဲ့ Safari Browser ကို Windows Computers တွေ စတင် အသုံးပြုနိုင်ပါပြီ။ မနေ့  (11-June-2007) က San Fransisco မှာ ပြုလုပ်တဲ့ Worldwide Developers Conference မှ Steve Jobs က အသစ်ထုတ်တဲ့ Safari 3 (Beta) ကို Windows မှာ အသုံးပြုနိုင်ပြီလို့  ပြောကြားသွားတာပါ။ သတင်းကောင်းတစ်ခုပါပဲ။

ဟိုတလောကတင် Browser Wars Over ဖြစ်ပြီ၊ Browser တွေကို Development Platform အမြင်နဲ့ သာ ဆက်လက်ပြီး ထုတ်လုပ်သွားကြတော့မယ်ဖြစ်ကြောင်းကို Microsoft (IE), Mozilla (FireFox), Opera နဲ့  Google တို့ ကပြောကြား ခဲ့တယ်။ ခုလည်း Apple က သူရဲ့ Safari Browser ကို Windows မှာပါ အသုံးပြုနိုင်အောင် လုပ်ပေးလိုက်ပါပြီ။ ဒီအတိုင်းဆိုရင်တော့ Web Application တွေရေးတဲ့ အခါ Browser Independant ဖြစ်ဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ဟာ အရေးကြီးသထက် ကြီးလာတော့မှာ အသေအချာပါပဲ။

အရင်ကဆို IE တစ်ခုတည်းက Window Browser လောကမှာ ကြီးစိုး နေရာကနေ Firefox နဲ့  Opera ကို မျှပြီး ပေးလိုက်ရတယ်။ ခုဆို Safari ပါ Windows ပေါ်မှာ သုံးလို့ ရလာပြီ ဆိုတော့ IE ရဲ့ Market Share တွေဟာ ဒီထက် ပိုပြီး ကျလာဖို့ ပဲ ရှိပါတော့မယ်။ Apple Website မှာတော့ Safari ကို The World's Best Browser လို့  ဆိုထားတယ်။ တကယ်ပဲ သူတို့ ပြောထားသလို အကောင်းဆုံး ဟုတ်မဟုတ်ကိုတော့ သုံးကြည့်မှ သိမှာပါပဲ။

ကျွန်မကတော့ အဲ့ဒီ သတင်းကိုတွေ့ တော့ Apple ဆိုဒ်ကိုသွား Safari 3 အကြောင်းကို ဖတ်ကြည့်ဖြစ်ယုံမက Download လုပ်ပြီး စမ်းသုံးကြည့် ဖြစ်ပါတယ်။ Safari ဟာ Windows ပေါ်မှာ အသုံးပြုနိုင်တဲ့ Browser တွေထဲမှာ အမြန်ဆုံးဖြစ်တယ်လို့  ပြောထားတဲ့ အတိုင်း Web Browsering လုပ်ရာမှာ အတော်လေး မြန်ပါတယ်။ Safari 3 ဟာ IE 7 ထက် ၂ ဆ၊ FireFox 2 ထက် ၁.၅ ဆ ပိုမြန်တယ်လို့  ပြောထားတယ်။ Apple Web Site မှာ IE 7, Firefox 2, Opera တွေနဲ့  Safari 3 ကို နှိုင်းယှဉ်ပြထားပါတယ်။ သူပြောတဲ့ အတိုင်းဆိုရင် အခုအချိန်မှာ IE 7 နဲ့  Firefox 2 နောက်ကနေပြီး No 3 အနေနဲ့  လိုက်နေတဲ့ Opera ကိုများ ကျော်တတ်သွားမလား မသိဘူး။ စောင့်ကြည့်ရမှာပါပဲ။
JavaScript Performance
Application Performance
HTML Performance
Safari မှာ Built-in RSS, Tabbed Browsing , Easy Bookmarks နဲ့  တခြား Features အများအပြား ပါဝင်တယ်လို့  သိရတယ်။

တခြား သတင်းတွေဖတ်ကြည့်ရသကလောက်တော့ Safari ကိုသုံးရင် Vista နဲ့  XP မှာ သုံးကြည့်ကြတာ Memory usage အရမ်းများတယ် သိရတယ်။ သူတို့ ပြောထားတာ ဟုတ်မယ် ထင်တယ်။ ကျွန်မ ဒီနေ့  အလုပ်မှာ Safari 3 ကို သုံးပြီး Web Browsing လုပ်နေတာ Memory Usage အတော်များနေတာကို သတိထားမိတယ်။ မနေ့ ကမှ စပြီး Public ကို Free ပေးသုံးတာဆိုတော့ လိုအပ်ချက်တွေ အမြောက်အများ ရှိနေတာ ဘာမှ သိပ်မဆန်းဘူး ထင်ပါတယ်။ IE 7 ထက်စာရင် Firefox ကလည်း Memory အတော်နေရာ ယူတာပါပဲ။ နောက်တော့ လည်း ပိုကောင်းအောင် Update လုပ်ကြမှာပါ။ ဘာပဲဖြစ်ဖြစ် Windows ပေါ်မှာ သုံးလို့ ရလာတာက အတော်ကောင်းပါတယ်။

Safari 3 ကို သုံးပြီး မြန်မာလို ( Zawgyi Unicode) သုံးရေးထားတဲ့ Site တွေကို ကြည့်တာတော့ ကြည်ကြည်လင်လင် ထင်ထင်ရှားရှား မြင်ရပါတယ်။ အရင် ကျွန်မ အမြဲသုံးလေ့ရှိတဲ့ IE 7, Firefox 2 နဲ့  နှိုင်းယှဉ်ရင် Safari 3 မှာ မြင်ရတဲ့ စာလုံးတွေက အရမ်းကို ကြည်လင် ထင်ရှားနေပါတယ်။ မှုန်ဝါးဝါးကြည့်တာ အကျင့်ပါနေတဲ့ ကျွန်မရဲ့ မျက်လုံးတွေဟာ Safari ကို သုံးပြီး စာလုံးတွေကို ထင်ထင်းရှားရှား မြင်နေရတဲ့ အခါ တမျိုးကြီး ဖြစ်နေပါတော့တယ်။ ဒါပေမယ့် ခု Safari 3 မှာ IE 7 လိုမျိုး ပဲ Blogger.com ပိုစ့်လုပ်တဲ့အခါ Editor Window မှာ မြန်မာ စာလုံးတွေကို မမြင်ရသေးပါဘူး။ IE 7, Firefox 2 နဲ့  Safari 3 မှာဆို Firefox 2 မှာပဲ ဇော်ဂျီယူနီကုတ်က အလုပ် ကောင်းကောင်း လုပ်နိုင်တယ် ထင်ပါတယ်။
Source : Apple Safari , Apple Introduces Safari for Windows

5 comments:

mgthantzin said...

Firefox 2 မှာပဲ ဇော်ဂျီ Unicode ကောင်းကောင်းလုပ်နိုင်တယ် ထင်တယ်.. ဆိုတာ ဘာပြောတာလဲဟင်...

Thiha Kyaw Zaw said...

FF is more reliable,securer and most standard- compliant browser. So FF is the best. :D

Nay Nay Naing said...

mgthantzin>>
ဇော်ဂျီကို သုံးရာမှာ တခြား Browser အမျိုးမျိုးမှာ နဲ့ Firefox 2 မှာ သုံးရတာကို နှိုင်းယှဉ်ကြည့်ရင် Firefox 2 မှာက ပိုပြီး အဆင်ပြေနေတယ်ဆိုတာကို ပြောချင်တာပါ..

thkz>>
ဟုတ်ပါတယ်။ Firefox is the best ဆိုတာကို ပြိုင်ပြီး မငြင်းပါဘူး။ ခုပိုစ့်က Safari 3 ကို Windows မှာ သုံးလို့ ရနေပြီဆိုတာကို ပြောချင်လို့  တင်လိုက်တာပါ။ ကျွန်မလည်း ခုချိန်အထိတော့ Firefox ကိုပဲ အဓိက သုံးဖြစ်နေတုန်းပါပဲ။ IE 7 ကိုလည်း တခါတခါတော့ သုံးရသေးတာပေါ့လေ။

Andy Myint said...

ဟုတ်တယ်…. စာလုံးလေးတွေက ကြည့်ရတာ အသစ်အဆန်းဖြစ်နေတယ်။ Apple ရဲ့ Font Rendering Technique ကတော့ သူများနဲ့မတူ တမူထူးခြားလှပါတယ်။ Sub-Pixel Rendering ကြောင့် ပိုပြီး Smooth ဖြစ်တယ်လို့ ခံစားရသလို၊ တစ်ခါတစ်လေကျတော့လည်း Blurry ဖြစ်တယ်လို့ ထင်ပါတယ်။ ကျွန်တော့် Blog ကိုကြည့်ပြီး ကိုယ့်မျက်စိတောက် ကိုယ် မယုံချင် ဖြစ်သွားတယ်။ ညီမ Blog ရောပဲ။ :)

Nay Nay Naing said...

ကြည့်လို့ တော့ အတော်ကောင်းတယ်နော်. တခါတလေ ပျင်းရင် safari သုံးပြီး blogs တွေ websites တွေလိုက်ကြည့်ဖြစ်တယ်.. ပုံမှန်မြင်နေကြမဟုတ်ပဲ.. အမြင်တမျိုးလေးနဲ့ ဆိုတော့ နည်းနည်း ဆန်းနေသလိုခံစားရလို့ ..