Pages

June 24, 2007

What If - Kate Winslet

ဒီနေ့ လုပ်စရာမရှိတာနဲ့  Ex-HD ထဲက music file တွေကို ရှင်းနေရင်းကနေ ဒီသီချင်းကို ပြန်တွေ့ တယ်။ 2001 ကထုတ်တဲ့ သီချင်းဆိုတော့ နည်းနည်းတော့ကြာပြီပေါ့။ ကြိုက်လို့ ဆိုပြီး စုထားတဲ့ သီချင်းတွေက များလွန်းတော့ တခါတလေ အဲ့ဒီ သီချင်းတွေ ကိုယ့်မှာ ရှိလို့ ရှိနေမှန်းတောင် မသိဘူး ဖြစ်နေတတ်တာ။ ဒီနေ့ ပြန်တွေ့ တော့ လုပ်စရာရှိတာလေးတွေလုပ်ရင်း ဒီသီချင်းတစ်ပုဒ်ထဲကို ပဲ အချိန်အတော်ကြာကြာလေး နားထောင်ဖြစ်တယ်။ What if? ဒီသီချင်းကို Kate Winslet ဆိုတာ အတော်လေး နားထောင်လို့ ကောင်းတယ်.. Kate Winslet ကို Titanic Movie နာမည်နဲ့  တွဲပြီး နာမည်ကြီး ရုပ်ရှင်မင်းသမီးအနေနဲ့  သိနေခဲ့ပေမယ့် သူ ဒီလောက် သီချင်းဆိုကောင်းမယ်လို့  မထင်ထားခဲ့ဘူး... သူ့ အသံက ခံစားချက်နဲ့ ဆိုလို့ လားမသိဘူး ဒီသီချင်း နားထောင်ရတာ နားထဲမှာ စွဲနေတယ်..

Kate Winslet - What If
Written by : Steve Mac
From Christmas Carol Movie
Song Lyrics

Related Links:
Kate Winslet - What If (MTV)
Kate Winslet - What If (Titanic Edition)

No comments: