Pages

June 30, 2007

Times They Are Changin - MTV

ဒီနေ့  အလုပ်မှာ အားနေတုန်း YouTube ကသီချင်းတွေ ၀င်နားထောင်ဖြစ်ရင်း ဘာရယ်မဟုတ် ကျွန်မကြိုက်တဲ့ Time They Are Changin' သီချင်းကို ထည့်ရှာကြည့်လိုက်တာ.. တွေ့ လိုက်ရတော့ အံ့သြ၀မ်းသာ သွားတယ်။ ဒီ MTV ကို လိုက်ရှာနေတာ ကြာပြီ။ ဟိုတခါရှာတုန်းက YouTube မှာလည်း ရှာခဲ့တယ်။ ဘယ်လို မှ ရှာမရဘူး ဖြစ်နေခဲ့တယ်။ ခု ကျွန်မတွေ့ တဲ့ YouTube က လွန်ခဲ့တဲ့ ၂ လကျော်ကမှာ တင်ထားတာဆိုတော့ ဟိုတချိန်က ကျွန်မရှာလို့ မရတာလည်း ဘာဆန်းမလဲ။
အရင်က ဒီသီချင်းအကြောင်း တခါရေးဖူးသေးတယ်။ ခုတလော ဒီသီချင်းနားမထောင်ဖြစ်တာကြာပြီ။ ဒီနေ့ တော့ ဒီ MTV လေးကြည့်ပြီး ပြန်နားထောင်ဖြစ်သွားတယ်။

2 comments:

clef said...

99' တုန်းက ချစ်စွာသောသယ်ရင်းကြီးလက်ဆောင်ပေးလို့ Blackmore's Night ရဲ့ အခွေကို စနားထောင်ဖူးတယ်။
အဲထိထဲက Under a violent moon ကိုမှတ်မှတ်ယယအဖြစ်ဆုံးပဲ။ 2001' Blackhorse မှာနေတုန်းကလည်း သူရဲ့ Times they are changin သီချင်းလေးကလည်း သူငယ်ချင်းတွေအားလုံးအတွက် မှတ်မှတ်ယယဖြစ်တယ်။
ဒီသီချင်းလေးကို ပြန်နားထောင်တော့ အားလုံးကို လွမ်းသွားတယ်။ ကျေးဇူးပါ နေနေ။

Nay Nay Naing said...

Under a Violent Moon ကိုလည်း ကြိုက်တယ်။ ဒါပေမယ့် ခုသီချင်းလို မှတ်မှတ်ယယ ဖြစ်မနေဘူး။ တခါတလေ စဉ်းစားမိတယ်၊ မကြိုက်တဲ့ သီချင်းတွေထက်စာရင် ကြိုက်တဲ့ သီချင်းတွေကများ ပိုပြီးများနေသလားလို့ ။ ဒီလိုနဲ့  ရှိသမှ Hard Disk Space တွေ သီချင်းတွေနဲ့  ပြည့်ကုန်တာပါပဲ။