Pages

August 15, 2006

Pluto May Not Be A Planet

The farthest planet from the Earth, Pluto, is under attack from astronomers and may be demoted as a planet.

3,000 astronomers and scientists from around the world will meet in Prague this week to discuss this very topic. They need to decide if Pluto, which was discovered in 1930, is actually a planet by definition.

"The pivotal question is the status of Pluto, which is clearly very different from Jupiter, Saturn, Uranus, and Neptune,"

Owen Gingerich, professor of Astronomy and History of Science emeritus a the Harvard-Smithsonian Center for Astrophysics told Reuters.

Such a change would cause quite a stir as millions of text books would be outdated and the curriculum for teaching the solar system would have to be drastically changed.


Source : RevolutionPortal
About Pluto : Wiki , NinePlanets

August 14, 2006

မိမိကိုယ်ကို ပြန် သုံးသပ်ခြင်း

Good Morning Everybody!!

တစ်ပတ်ပြီး တစ်ပတ် အချိန်တွေက အကုန်မြန်လိုက်တာနော်။ ဒီနေ့  မနက် အလုပ်ကို လာရင်းစဉ်းစားမိတယ်။ ခုတစ်လော အချိန်တွေသာ ကုန်သွားတယ်၊ ဘာများ အကျိုးရှိတဲ့ အလုပ်တွေ လုပ်ဖြစ်သလဲလို့ ။ အလုပ်သွားတယ်၊ လကုန်တော့ လခ ရတယ်ဆိုတာ ကို ထဲ့ စဉ်းစားဖို့  မလိုဘူး ထင်တယ်။ ဒါ လူတိုင်း နေ့ စဉ် မလုပ် မနေရ လုပ်နေရတဲ့ အရာတစ်ခုပဲ။ အဲ့ဒါကလွဲလို့  တစ်ခြားဟာရော၊ ပညာရေး၊ လူမှု့ ရေး ၊ အလုပ် ၊ စီးပွားရေး နဲ့  ပတ်သက်လို့ တိုးတက်မှု့ လို့  ပြစရာရှိအောင် ဘာတွေ လုပ်ဖြစ်သလဲ။ သေချာစဉ်းစား ကြည့်တယ်။ ဘာဆိုဘာမှ မလုပ်ဖြစ်ဘူး ဆိုတဲ့ အဖြေထွက်လာတယ်။

ဒီလိုပဲ အချိန်တွေ အကုန်ခံသွားတော့ မှာလား။ ကိုယ်က သာ ဒီအတိုင်းရှိနေမယ်။ အချိန်တွေကုန်ပြီး အသက်တွေ ကြီးလာတာပဲ ရှိမယ်။ တစ်ခြားတော့ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး။ တစ်ခု ခုတော့ လုပ်ဦးမှ။ ဒီအတို်င်းဆက်သွား နေလို့  မဖြစ်ဘူးထင်တယ်။ တကယ်ဆို လုပ်လို့  ရတာတွေ အများကြီးပဲ။ တစ်ခု ခု မလုပ်ခင်တော့ ဘယ်အရာက ကိုယ့်အတွက် အရေးကြီးတယ်၊ ကိုယ်ဘာကို လိုအပ်တယ်၊ဘယ်လို လုပ်လို့ ရတယ် ဆိုတာတွေကို သေချာ စဉ်းစားဖို့  အရင် လိုမယ်။

ကဲ ကိုယ်ကိုကိုယ် မမေ့အောင်၊ သတိပေးတယ့် အနေနဲ့ တော့ မှတ်ထားလိုက်ပြီး။ တစ်ကယ် လုပ်ဖြစ် မဖြစ်ကတော့ စောင့်ကြည့် ရမှာပဲ။ ဘာတွေ လုပ်ဖြစ်မလဲ။

August 13, 2006

Personal Scale - ပေါင်ချိန်စက်

ဒီနေ့ ဖန်နဲ့  လုပ်ထားတဲ့ ပေါင်ချိန်စက် တစ်လုံးဝယ်ဖြစ်တယ်။ ဖန်နဲ့  လုပ်ထားတာ ဆိုတော့ ကြည်ကြည်လေး။ လှတယ်။ ဒါက ဒီနေ့ ဝယ်လာတဲ့ ပေါင်ချိန်စက်လေး။

Glass Electronic Personal Scaleဝယ်ပြီး အိမ်ပြန်ရောက်တာနဲ့ ပေါင်ချိန်ကြည့်တယ်။ အိမ်မှာရှိတဲ့ လူတွေအားလုံး ကျွန်မရဲ့ ပေါင်ချိန်စက်လေးမှာ လာစမ်းချိန်ကြည့်ကြတယ်။ လူတိုင်းဝ လာတယ်၊ ကျွန်မက လွဲရင်ပေါ့။ ကျွန်မကတော့ အရင်ကထက် နည်းနည်းပိုပိန် သွားတယ်။ ဘယ်လောက် ရှိလည်းတော့ မပြောတော့ဘူး။ ဟီး ဟီး။ ပိန်သွားတယ်ဆိုတာ သိပေမယ့် ဒီလောက်ပဲရှိမယ် မထင်ဘူး။ စိတ်ကို လေ သွားတာပဲ။ ကျွန်မရဲ့ ချစ်သူကို ကျွန်မခု ဘယ်လောက် ပေါင်ချိန်ရှိနေလည်း မပြောရဲတော့ဘူး။ သူသိရင် ဒီလောက်တောင် ပိန်နေရလားဆိုပြီး ဆူမှာ။ ဆူတာ သူ့ အလွန် မဟုတ်ပါဘူး။ သူက ကျွန်မကို အစာမှန်မှန် စားဖို့  အမြဲပြောတယ်။ နေ့ လယ်စာ စားချိန် ဖုန်းဆက်ရင်လည်း အစာကုန်အောင်စားဖို့  အမြဲ သတိပေး၊ မနက်ဆိုလည်း နွားနို့ သောက်၊ ညဆို မိုင်လို သောက်လို့  မှာတဲ့ ကြားက ကျွန်မကလည်း ကျွန်မပါပဲ။ ဝလာတယ်ကိုမရှိ၊ ပိန်မြဲ ပိန်လျှက်ပါပဲ။

အရင် က နွားနို့ နဲ့  မိုင်လို သောက်လို့ မရဘူး။ သောက်တာနဲ့ အမ် ချင်တယ်။ ခုတော့ မနက်နဲ့  ညတွေမှာ ချစ်သူက ဖုန်းဆက်၊ အတင်းသောက်ခိုင်းလို့ ၊ နှာခေါင်းပိတ် သောက်ရင်နဲ့ တော့ အဲ့ဒါတွေသောက်လို့  ဝင်လာပြီ။ တိုးတက်လာတဲ့ သဘောလို့  ပြောရမယ်။ ဒါတောင်ခုတလော သူကမပြောလို့  မသောက်ဖြစ်ပြန်ဘူး။ သူ့ ခဗျာလည်း အမြဲလိုက်ပြော နေရတာ ပင်ပန်းသွားပြီနဲ့ တူပါရဲ့။

ဒီနေ့ ပေါင်ချိန်စက်လေး သွားဝယ်တာကလည်း ကိုယ့်ကိုကိုယ် ဝလာမလာ သိချင်လို့ ပါ။ နည်းနည်း ဝလာရင် ပိုပြီး အားတက်သရောနဲ့  အစာတွေ မှန်မှန်စား၊ အိပ်ရေး ဝအောင်အိပ် လုပ်ဖြစ်မလားလို့ ။ ဘာပဲ ပြောပြော စမ်းကြည့်တာပေါ့။ ဒီနေ့  ပေါင်ချိန်ကြည့်လိုက်တော့ ပိန်နေတာ သိလိုက်ရလို့  ညစာလည်း စားလိုက်တယ်၊ အိပ်ခါနီး မိုင်လိုသောက်ပြီး စောစောအိပ်မယ်။ ကိုယ်ကိုကိုယ် ဂရုစိုက်ပါ၊ ဝအောင်လုပ်ပါ၊ ဒီလောက်ပိန်နေတာ မြင်ရတာ စိတ်မချမ်းသာဘူးလို့ အမြဲ ပြောနေတဲ့ မိဘတွေနဲ့  ချစ်သူ စိတ်ချမ်းသာအောင် ကြိုးစားလိုက်ဦးမယ်။

တစ်ခုပြောရဦးမယ်၊ ကျွန်မကို ကီလို ၄၀ ပြည့်တဲ့နေ့  လုပ်ချင်တဲ့ အရုပ်တွေ ဝယ်ပို့ ပေးမယ်လို့  ပြောတဲ့ မောင်ငယ်တစ်ယောက်၊ လိုချင်တာ ဝယ်ပေးမယ်၊ စားချင်တာ လိုက်ကျွေးမယ် ပြောတဲ့ သူငယ်ချင်း တစ်ယောက်။ ၄၅ ကီလို ရှိရင် ကြိုက်တာ အကုန်ဝယ်ပေးမယ် ပြောထားတဲ့ မောင်ငယ်ကတစ်ယောက် ရှိတယ်။ သူတို့ ပြောတာ ကြာလှ ရှိပြီပေါ့၊ ကျွန်မကတော့ ခုချိန်ထိ သူတို့ ကို တစ်စုံတစ်ရာ ဝယ်ခိုင်းခွင့် တစ်ခါမှ မရဘူးသေးပါဘူး။

13 August 2006

စိတ်ထဲ ရှိတိုင်း ဖွင့်ပြောတာ မကောင်ဘူးထင်တဲ့ အတွက် စိတ်ထဲရှိ နေတဲ့ တစ်ချို့ သောအရာတွေကို မြင်နိုင်သူတွေသာ မြင်ရအောင် သိမ်းဆည်းထား လိုက်တော့ မယ်။

13 August 2006 - 09:50 AM

August 10, 2006

10 August 2006 - အတွေးများ

လူအများစုဟာ တစ်ခါတလေမှာ သူတို့ ရဲ့ အရင်းနှီးဆုံး ဆိုတဲ့ လူတွေကို အသိအမှတ်ပြုပေးဖို့  မေ့နေတတ်ကြတယ်။

Google Video - TP Thingyan 2005

ဒီနေ့  အလုပ်မှာ အလုပ် လုပ်ရင်း ထုံးစံ အတိုင်း အချိန် နည်းနည်းရတာ နဲ့  google video မှာ Myanmar ဆိုပြီး ရှာရင် ဘာတွေများ ထွက်လာမလည်း သိချင်တာနဲ့  ရှာကြည့်လိုက် တော့ မြန်မာနဲ့  ဆိုင်တဲ့ video တော်တော်များများ တွေရတယ်။ ဒါနဲ့  ဟိုဟာဖွင့်ကြည့် ဒီဟာဖွင့်ကြည့် နဲ့  စပ်စုနေတာ နောက်တော့ ဒီက TP poly က 2005 Thingyan ပွဲမှာ ရိုက်ထားတဲ့ TP Myanmar Play 1 ဆိုတဲ့ video လေးကို တွေလို့  ကြည့်လိုက်တာ သဘောကျ သွားတာနဲ့  လိုက်ရှာကြည့်တော့ video အပိုင်းလေးတွေ တော်တော်များများ တွေ့ ရတယ်။ အလုပ်မှာ ပဲ အားလုံးပြီအောင် ကြည့်လိုက်တယ်။ အဲ့လောက်တောင် အလုပ်ကို အရမ်းကြိုးစား တာပါ။ TP Thingyan 2005 အခွေကို ဒီက လူတော်တော်များများကတော့ ကြည့်ပြီးကြမယ် ထင်တာပဲ။

ဒီမှာ Poly တွေမှာ Thingyan ပွဲတွေ လုပ်လေ့လုပ်ထ ရှိကြတယ်။ ကျွန်မ ဒီရောက်ခါစကတော့ TP Thingyan 2004 ကို ကျွန်မရဲ့ မောင်ဝမ်းကွဲ နဲ့  သူ့ သူငယ်ချင်းတွေ အတင်းဖိတ်တာနဲ့ သွားဖြစ်တယ်။ အဲ့ဒီနေ့ က နေ့ တစ်ဝက်အလုပ် လုပ်ရတော့ အလုပ်ကနေ တန်းသွားရတာ။ ဟိုရောက်တော့ လူတွေက အများကြီးပဲ။ အဲ့လောက် လူများမယ် ထင်မထားဘူး။ ကျွန်မက လူတွေ အရမ်းများရင် မနေတတ်တော့ဘူး။ ကိုယ်နဲ့  သိတဲ့ သူ သိပ်မရှိတာလည် ပါမယ်ထင်တယ်။ သူတို့ တွေက တော့ ပြဇာတ်ကောင်းတယ်၊ အကုန်ပြီးအောင် ကြည့်ပါ၊ ပြီးရင် ရေလည်းပတ်ကြဦးမှာ၊ မုန့် တွေလည်းကျွေးမယ်၊ ပြီးရင် အိမ်လိုက် ပို့ ပေးမယ် ဘယ်လောက်ပဲ ပြောပြော အလုပ်က လာရတာ ပင်ပန်းနေတယ်လို့  ရောချလိုက်ပြီး၊ သူတို့ ကျေနပ်အောင် နာရီဝက်လောက်ပဲ နေပြီး ပြန်လာလိုက်တယ်။ သူတို့  က TP Thingyan ကို အခွေထုတ်မှာ လို့ လည်း ကြိုပြောထားတာလည်းပါ ပါတယ်။ ရေပတ်ခံရ မှာလည်း မကြိုက်ဘူး၊ လူများတဲ့ ပွဲတွေလည်း မသွားချင်တော့၊ နောက်ပိုင်း ဘယ် Thingyan ပွဲမှ မသွားတော့ဘူးလို့  ဆုံးဖြတ်လိုက်တယ်။

2005 Thingyan ပွဲတွေတော့ သူငယ်ချင်းတွေက ဖိတ်သေးတယ်။ မလာနိုင်ဘူးပြောရင် စိတ်ဆိုးကြမှာ။ ဒါပေမယ့်လည်း ကျွန်မ ရန်ကုန်ပြန်တဲ့ နေ့ နဲ့  တိုက်နေလို့  ထွေထွေထူးထူး အကြောင်ရှာ ငြင်းနေစရာ မလိုတော့ဘူး ဖြစ်သွားတယ်။ နင်မလာဖြစ်လည်း အခွေ ထွက်ရင် လာပေးမယ် ပြောလိုက်ကြတာ ဘယ်လောက်တောင်များ သတိတရ ရှိလိုက်ကြလည်းဆိုတော့ ဒီနေ့ မှပဲ google ရဲ့ ကျေးဇူးနဲ့  TP Thingyan 2005 ကို ကြည့်ရပါတော့တယ်။

မကြည့်ရ သေးတဲ့ သူငယ်ချင်းတွေ ကြည့်ချင်ရင် ကြည့်လို့ ရအောင် ကျွန်မ ဒီနေ့  ကြည့်ဖြစ်တဲ့ google video က TP Thingyan 2005 လင့်ခ်တွေကို ဒီမှာ ထပ်ဆင့်မျှဝေ လိုက်တာပါ။ ဒီ video တွေကို ပိုစ့်လုပ်ပေးထားသူ တွေကိုလည်း ကျေးဇူးတင်ပါတယ်။

Google Video - TP MYANMAR Thingyan 2005

YouTube မှာ ရှာရင်လည်း ဒီက Poly တွေရဲ့ Thingyan အခွေတွေ တွေနိုင်မယ် ထင်တယ်။ ကျွန်မတော့ ခုဟာက အလုပ်မှာ ဆိုတော့ Google Video လောက်နဲ့ ပဲ ကျေနပ်လိုက်တော့မယ်။ YouTube ကဟာတွေ တော့ အိမ်ရောက်မှ ကြည့်တော့မယ်။

YouTube - Thingyan

09 August 2006

Singapore National Day
ဒီနေ့  ဒီနိုင်ငံ ရဲ့ အနှစ် ၄၁ ပြည့် မွေးနေ့ တဲ့။ အပြင်မှာ အရမ်းစည်းကား နေတယ် ပြောကြတာပဲ။ ဘာတွေ နဲ့  စည်ကားနေလဲ တော့ ငါမသိဘူး။ သိလည်း မသိချင်ဘူး။ ခု ငါတစ်ယောက်တည်း အိမ်မှာ ရှိနေတယ်။ အစ်ကိုတော့ အပြင်ထွက် သွားတယ်။ အိမ်က တူတူနေတဲ့ လူတွေအားလုံး အပြင်သွားနေကြတယ်။ ငါကို အပြင်မထွက်ဘူးလားတဲ့။ အပြင်ထွက်ဖို့ စိတ်မဝင်စားဘူး ဖြစ်နေတယ်။ လူတွေ အများကြီးနဲ့  တိုးဝှေ့ ပြီး သွားလာရမယ် နေရာတွေ ဆို အရမ်းအရေးကြီးတဲ့ ကိစ္စ၊ မသွားမဖြစ် ကိစ္စတွေ ကလွဲရင် ဘယ်နေရာမှ မသွားချင်ဘူး။ အိမ်မှာ အိပ်နေတာကမှ၊ အိပ်ရေးဝပြီး အနားရသေးတယ်။ ဒီနေ့ ပြီးရင် နောက်လ အတွင်း အားလပ်ရက် တစ်ရက်မှ မရှိတော့ဘူး။ စက်တင်ဘာလ ကုန်ခါနီးမှ အားလပ်ရက် ရတော့မှာ။ ရှားရှားပါးပါး ရတဲ့ ဒီ အားလပ်ရက်လေးမှာ အပြင်မထွက်ချင်ပါဘူး။ အင်တာနက် က သတင်းတွေလိုက်ဖတ်၊ စာအုပ်တွေဖတ် လုပ်ဖြစ်တယ်။ ဘလောခ့်တစ်ချို့ လိုက်ဖတ်ဖြစ်တယ်။ ဘလောခ့်တွေ တောင် အရင်ကလောက် မဖတ်ဖြစ်တာကြာပြီ။ ဖတ်စရာ အကြွေးတွေက အများကြီးပဲ။

Happy Birthday Py Py
ဒီနေ့  ပိုင်ပိုင် ရဲ့ မွေးနေ့ ။ ဖုန်းဆက်ပြီး မွေးနေ့  ဆုတောင်းလုပ်ရင် ကောင်မလား စဉ်းစားမိသေးတယ်။ မလုပ်တော့ဘူး။ အီးကတ်တော့ ပို့ လိုက်တယ်။ ပိုက်ဆံ မရှိတာနဲ့  ဒီနှစ်တော့ ဘာမှ မွေးနေ့  လက်ဆောင်မပေးဖြစ်လိုက်ဘူး။ အိမ်ပြောင်းသွားပြီပြောတယ်။ အိမ်လိပ်စာ အသစ် လည်း မသိဘူး။ မေးလည်း မမေးမိဘူး။ အဲ့ဒီတော့ ဘာမှ မပို့  ဖြစ်လိုက်တော့ဘူး။ နောက်နှစ်မှပဲ မွေးနေ့  လက်ဆောင်ပို့ တော့မယ်။ မွေးနေ့  လေး ဆုတောင်းပေးလိုက်ဦးမယ်။

ပိုင်ပိုင်
ဒီနေ့  ပိုင်ပိုင်ရဲ့ ၂ရ နှစ်မြောက် မွေးနေ့ မှသည်.. နောင်နှစ်ပေါင်းများစွာတိုင်အောင် လိုအင်ဆန္ဒ အားလုံးပြည့်စုံပါစေ။ အရင်က ထက် ဂိမ်းများများ ပိုဆော့နိုင်ပါစေ။ ပိုက်ဆံတွေ အများကြီးရှာနိုင်ပြီး နေနေ့ ကို မုန်းဖိုးများများပေးနိုင်ပါစေ။ အမွေများများ ပေးနိုင်ပါစေ။

ဒီပိုစ့် ကို မတော်တဆ ပိုင်ပိုင် ဖတ်ဖြစ်ခဲ့လို့  သူ့ အသက်ကြီထဲ့ ရေးထားတာ တွေ့ ရင် စိတ်များဆိုးနေမလားပဲ။ ဟား ဟား။

August 08, 2006

Happy Birthday Thiha Kyaw Zaw

ပျော်ရွှင်ဖွယ်ကောင်းသော မွေးနေ့  ဖြစ်ပါစေ.. ချစ်သူ။

ယနေ့မှစ နှစ်ပေါင်းများစွာတိုင်အောင် စိတ် ချမ်းသာ၊ ကိုယ် ကျန်းမာစွာ ဖြင့်
ဖြစ်ချင်တာ၊
ဖြစ်သင့်တာ နဲ့ 
ဖြစ်နေတာတွေ တထပ်တည်းကြပြီး ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းသော ဘဝကို ပိုင်ဆိုင်နိုင်ပါစေ။

ချစ်ခြင်းများစွာဖြင့်
နေနေ

August 07, 2006

07 August 2006 - အတွေးများ

တစ်ကယ်ပါ အလုပ်က မောမောပန်းပန်းနဲ့  အိမ်ပြန်ရောက်ပြီဆို ပွစိ ပွစိ နဲ့  နားငြီး မယ့်ဟာတွေ နားမထောင်ချင်ဘူး။ ပင်ပင်ပန်းပန်းလည်း ဘာမှ မလုပ်ချင်ဘူး။

အရင်က ကြားဘူးတာတွေ၊ စာအုပ်ထဲမှာ ဖတ်ဘူးတာတွေ အရ အိမ်ထောင် တစ်ခုမှာ ယောက်ျားက အလုပ်က မောမောပန်းပန်းနဲ့  ပြန်လာ၊ အိမ်မှာ မိန်းမက ပွစိပွစိ လုပ်တော့ ရန်တွေဖြစ်ကြရော ဆိုတာတွေကို .. ခံစားလို့  မရခဲ့ဘူး။ ခုမှပဲ နည်းနည်း ကိုယ်ချင်းစာ မိတော့တယ်။

အရင်က တစ်ယောက်တည်း နေတော့၊ အလုပ်က အိမ်ပြန်ရောက်ပြီဆို အနားယူ၊ သီချင်းနားထောင်၊ ရုပ်ရှင်ကြည့်၊ အိပ်ချင်ရင်လည်း တန်းအိပ်လိုက်၊ စိတ်အေးလက်အေး ကိုယ်နေချင် သလိုနေ ပြောမယ့်သူ ဆိုမယ့်သူမရှိ၊ မလုပ်ချင်တဲ့အရာတွေကို ထပြီး လုပ်နေစရာလည်း မလို၊ ဘယ်လောက် ကောင်းလိုက်လဲ။ ခုကြ တော့ အစ်ကို ဖြစ်တဲ့ သူက ရောက်နေတယ်။ တစ်ခုခုဆို ကိုယ်လုပ်တာ ကိုင်တာတွေ သူ့ စိတ်နဲ့  မတွေ့ ရင် အိမ်ပြန်ရောက်တာနဲ့  အဆူက ခံရပြီ။ အစ်ကိုက ကောင်းစေချင်းလို ပြောနေတာတွေ ဆိုတာသိပေမယ့် ကိုယ်က နားမှ မထောင်ချင်တာ။ မောလည်းမောနေတော့ စကားကို လေ လုံးကွဲအောင် ပြန်မပြောချင်ဘူး။ အဲ့ဒီတော့ အစ်ကိုက စိတ်တွေဆိုးလာပြီး ပိုပြီးဆူရော။ ပိုပြီးဆူတော့ ကိုယ်က ပိုပြီး နားမထောင်ချင်ဖြစ်လာတယ်။ ဒါတောင် သူက အစ်ကို မို့ လို့ ပြန်မပြောရဲလို့  သာ ငြိမ်နေရတာ။ သူကလည်း ညီမလေး ဆိုပြီ ကိုယ့်ရဲ့ မလှုပ်တလှုပ်ပုံစံကို သည်းငြီးခံနေလို့ ။ ကိုယ်က ပြန်ပြော၊ သူက သည်းငြီးမခံနဲ့ ဆို ရန်ပွဲတွေ ဆက်နေမှာ ကြာလှပေါ့။

ဒါကြောင့်လည်း ဖေဖေနဲ့  မေမေက သမီးရဲ့ အကျင့်တွေနဲ့  ဆို ယောက်ျားယူလို့ ကတော့ တော်ရုံ ကောင်လေးမျိုးနဲ့  ဖြစ်မှ မဟုတ်ဘူး၊ အဲ့ဒီတော့ အပျိုကြီပဲလုပ်တော့ လို့  အမြဲပြောနေတာဖြစ်မယ်။ ကြာလေ တစ်ယောက်တည်း လွတ်လွတ်လပ်လပ် နေရတာ ဘယ်လောက်ကောင်းလည်းဆိုတာ ပိုသိလေ၊ ကိုယ့်ရဲ့ အကျင့်ဆိုးတွေနဲ့ ဆို တစ်ယောက်တည်းနေတာ ပိုအဆင်ပြေလောက်တယ် ဆိုတာ ပိုသိလေ။ အင်း ဒီအတိုင်းဆို ကြာရင် ငါလည်း အပျိုကြီးပဲ ဖြစ်တော့မလား မသိပါဘူး။

Take Care

အလုပ် လုပ်ရတာ စိတ်မဖြောင့်ဘူး ဖြစ်နေတယ်။ ခု သူ ဗိုက်အောင့်နေ ပြန်ပြီလေ။ ဘာလို့  ခဏ ခဏ ဗိုက့်အောင့်နေရတာလဲ။ အစာ များများစားတာနဲ့ ဖြစ်ရောပဲ။ တော်တော့်ကို ပေတိ ပေကပ်နဲ့  လုပ်ချင်တာလုပ်၊ စာချင်တာ စားတယ်။ ဒီနေ့  ဗိုက်အောင့်နိုင်တယ် စိတ်ထဲ ထင်နေလို့  မနေ့ ညက ကိုယ်မအိပ်ခင် သူ့ စီ ဖုန်းခေါ်ဖို့  ကြိုစားသေးတယ်။ အစာ စားတာ ဂရုတစိုက်စားဖို့ ၊ အစာကျေလွယ်တာတွေပဲစားဖို့  မှာမလို့ဟာကို ဖုန်းကဆက်လို့  မရ။ မနက် မိုးလင်း၊ အလုပ်သွားခါနီး ဖုန်းထပ်ဆက်တော့ မှပဲ ရတော့တယ်။ ဖုန်းဆက်လို့  ရတဲ့ အချိန်ကြတော့ ညစာက စားပြီးနေလို့  အိမ်တောင်ပြန်တော့မယ်။ ခု အိမ်ပြန် ရောက်တော့ ဗိုက်ကအောင့်ပြီ။ ခက်တယ်။

ကိုယ်က အနီးအနားမှာ ဆိုလည်း အစား၊ အသောက်ကိစ္စကို ကိုယ်တတ်နိုင် သလောက် ဂရုတစိုက် လိုက်လုပ်ပေးလို့  ရသေးတယ်။ ခုဟာက အဝေးကြီး။ ဘာလုပ် ပေးရ မှန်းကို မသိတော့ဘူး။ ခုရော အိပ်လို့ ပျော်ရဲ့ လား မသိဘူး။ ဖုန်းဆက်လို့  လည်း မဖြစ်ဘူး။ အိပ်ပျော်နေရင် နိုးသွားမှာ စိုးရသေးတယ်။

သူ့ မှာ ကျန်တာတွေ ဘာမှ စိတ်ပူစရာ၊ စိုးရိမ်စရာ မရှိဘူး။ ဒီ အစားအသောက် ကိစ္စတစ်ခုပဲ စိုးရိမ်နေရတယ်။ အစာအိမ်ကလည်း ကောင်းတာ မဟုတ်။ အစားမျုားများ စားရင်ဗိုက်က အောင့်ပြီ။ ဟင်း... ဒီလို ဗိုက်အောင့်နေပြီဆို သူလည်း ခံရတာ မသက်မသာ၊ ကိုယ်လည်း စိတ်ပူပြီ ဘာလုပ်ရမှန်း မသိတော့ဘူး။ နောက်ဆို အစားအသောက် ဂရုစိုက်ဖို့  အမြဲသတိပေးနေမှ ဖြစ်တော့မယ်။

မနက်ကြရင်လည်း အလုပ် သွားရအုံးမယ်။ ခုတော့ သူ ဗိုက်အောင့် သက်သာပြီး အိပ်သွားပါစေလို့ ပဲ ဆုတောင်းရတော့မှာပဲ။ ကျန်တာ ဘာမှ လုပ်ပေးလို့  မှမရတာ။

August 05, 2006

ဥဒစ္စအလွန် - စိုင်းထီးဆိုင်

ဥဒစ္စအလွန် သီချင်းကို အရမ်းကြိုက်နှစ်သက်တယ် ပြောသူတစ်ယောက်အတွက် ကြိုးစား ရေးသားထားခြင်းပါ။ အောက်ကစာသားတွေဟာ သီချင်းကို နားထောင်ကြည့်ပြီး၊ ကြားမိသမျှကြိုးစား ရေးထားခြင်းဖြစ်လို့  စာသားတွေမှာ မှားယွင်းမှု့  တွေ ရှိနိုင် ပါတယ်။ ကျွန်မ ဒီ ဥဒစ္စအလွန် သီချင်းကို ကိုအောင်လံမောင်ရဲ့ ဇူလိုင်လ အတွက် သီချင်းများ ဆိုတဲ့ ပိုစ့်မှ ရရှိခြင်း ဖြစ်ပါတယ်။ သီချင်းပေါင်းများစွာကို အမှတ်တရ ပြန်လည်နားထောင်ဖြစ်အောင် မျှဝေခဲ့ တဲ့ အစ်ကိုကြီး ကိုအော်လံမောင် ကို အရမ်းကျေးဇူး တင်ပါတယ်။ ဒီလင်ခ့်က http://awlanmg.blogspot.com/ ကိုအော်လံမောင်ရဲ့ ဘလောခ့်ပါ။ ကျွန်မ အမြဲသွားရောက် ဖတ်ရှု့  လေ့ ရှိတဲ့ သလောခ့်တစ်ခုပါ။ အဲ့ဒီ ဘလောခ့်မှာ ဖတ်စရာ၊ မှတ်စရာ အကြောင်အရာပေါင်းများစွာ၊ နားထောင်ချင်စရာ သီချင်းပေါင်းများစွာ ရှိပါတယ်။

ဥဒစ္စအလွန် - စိုင်းထီးဆိုင်

ရင်ထဲက နှင်းများကျတဲ့ ဒီဟေမာန် နံနက်ခင်းမှာ
ချယ်ရီပန်းများလည်း ဖူးပွင့်ဝေပြီ
အမှောင်ကွယ်ကာ တိမ်တွေကြားက
ပြူထွက်မယ့် ရှင်နေမင်းလို
မျှော်ကိုးဆဲ ချစ်သူရယ် မလာတော့

တုန်ချမ်းလို့  ခိုက်ခိုက်အေးနေ
အပြင်ဘက်က တိုက်တဲ့ မြောက်လေ
ဝတ်ထားတဲ့ ကိုယ့်ရဲ့ အနွေးထည် ... မကာနိုင်ရှာ

ဒါပေမယ့် သေချာလည်းလေ
ကြင်နာသူ ပေါ်မယ့်လမ်းမှာ
မျက်လုံးက မှိတ်လည်း စိတ်နဲ့ မြင်နေမယ်

ဥဒစ္စအလွန် ကမ်းကုန်နေပြီ
ချစ်လုံ့ လ ချစ်ဝိရိယများ

ရင်ထဲက မီးပြင်းတိုက်သလို
ဒီဂိန်မာန် နေမွန်းတည့်
နွေဥသြကလေးလည်း လွမ်းတေးသီပြီ
ချောင်ငယ်မှာ ထိုင်ကာတွေးမိ
လိုချိန်မှာ မသာတဲ့လလို
မျှော်လင့်ဆဲ ညချိန်ရယ်လာတော့ 

ကျိမ်စာတွေ ပြုကာထားသလား
ဝေဟင်က ကျတဲ့မျှား ပမာ
ကိုယ်ဆောင်းတဲ့ ထီးကပျော့တယ် မခံနိုင်ရှာ

ဒါပေမယ့် သေချာလည်းလေ
ကြင်နာသူ ပေါ်မယ့်လမ်းမှာ
မျက်လုံးက မှိတ်လည်း စိတ်နဲ့ မြင်နေမယ်

ဥဒစ္စအလွန် ကမ်းကုန်နေပြီ
ချစ်သောက ချစ်စိတ်တဇများ

ရင်ထဲကကျတဲ့ မျက်ရည်
ဒီဝတ်သာန် အခါညချမ်းမှာ
ကိုယ်တစ်ယောက်တည်း အဖော်လွဲ ထီးတည်းကျန်နေ

လှောင်ရယ်ကာ နေနိုင်ရက်သူ
ရွာလေပြီ လျှပ်ပြက်မိုးခြိန်း
မျက်လုံးနဲ့ နား ခံနိုင်ရည်ဝ
မုန်တိုင်းများ ပုန်းတဲ့ ငုတ်ကောင်
မျှော်လင့်ချက် ဆက်ရွေ့  ထားကာ
မာနလည်း မထားပြီ၊ မရှိပြီ ယုံပါတော့

ဆိုချင်တယ် သေချာလည်းလေ
ကြင်နာသူ ပေါ်မယ့်လမ်းမှာ
မျက်လုံးက မှိတ်လည်း စိတ်နဲ့ မြင်နေမယ်

ဥဒစ္စအလွန် ကမ်းကုန်နေပြီ
ချစ်အတိတ်ကောင်း ချစ်နိမိတ်ကောင်းများ

August 03, 2006

Microsoft Launches Windows Live Spaces

ဒီနေ့  ကျွန်မကို THKZ က Microsoft ကနေပြီးတော့ Window Live Spaces ဆိုတာကို စသုံးလို့ ရပြီ ဆိုပြီ သတင်းပေးပါတယ်။ အသစ်ဆို တော့ ဘယ်လိုဟာလည်းလို့  သိချင်၊ စမ်းချင် သွားတယ်။

MSN Spaces မှာ ကျွန်မရဲ့ hotmail နဲ့  လုပ်ထားတဲ့ site တစ်ခုရှိပါတယ်။ http://spaces.msn.com/naynaynaing ဆိုတဲ့ site ပါ။ Window Live Spaces ဆိုလို့  MSN Spaces နဲ့  ဘာကွာ လည်း သိချင်လို့  http://spaces.live.com/ မှာ account သွား လုပ်တာ၊ hotmail နဲ့  password ထည့်လိုက်တော့ ကျွန်မ ဘာမှ မလုပ်ရပဲ account က ရှိနေတယ်။ တော်တော် အံ့သြသွားတယ်။ ဘာဖြစ်လို့ လည်းလို့ ၊ သေချာကြည့် မှ သိတော့ တယ်။ အဲ့ဒီက data တွေက ကျွန်မရဲ့ MSN Spaces က data တွေပဲ။ Window Live Spaces ဆိုတာ MSN Spaces ပဲလို့  အဲ့ဒီမှ သိတော့တယ်။

MSN Spaces မှာ account မရှိသေးတဲ့ သူတွေမှသာ Window Live Spaces မှာ new account လုပ်ဖို့ လိုတာပါ။ ကျွန်မတို့ လို MSN Spaces မှာ account ရှိပြီးသာလူတွေကြတော့ ဘာမှ ထပ်လုပ်ဖို့ မလိုတော့ပါဘူး။ Micorsoft က MSN spaces ကနေ Window Live Spaces လို့  နာမည်ပြောင်းပြီး Feature အသစ်တွေ ထပ်ထည့်ပေးထားတာပဲလေ။ တူတူပဲပေါ့။ ကျွန်မကို ကလည်း တော်တော်ကို တုန်းပါတယ်၊ တုန်းရုံ မက စာဖတ်တာ လည်းပျင်းတော့ MSN Live Spaces အကြောင်းကို သေချာဖတ် မကြည့်ပဲ၊ ဒီတိုင်း စမ်းကြည့် လိုက်တာပါ။ နောက်မှ ကျွန်မရဲ့ MSN spaces site link ကို သွားကြည့်တော့ http://naynaynaing.spaces.live.com/ ဒီလင်ခ့်ကို redirect လုပ်သွားတာတွေရတယ်။ ခုဆို MSN Spaces ဆိုတာ မရှိတော့ ပါဘူး။ MSN Live Spaces ဆိုတာပဲ ရှိပါတော့တယ်။

ထုံစံ အတိုင်း အသစ်ဆိုလို့  သာ စမ်းကြည့်ချင်တာ။ ခုဟာက account ရှိပြီး သားဆို တော့ စမ်းကြည့်ဖို့  စိတ်မပါတော့ဘူး။ ဘာ Feature အသစ်တွေပါ လည်းဆိုတာကိုတော့ နောက်၊ အားမှ စမ်းကြည့်တော့မယ်။ ခုတော့ ပျင်းသွားပြီ။

Window Live Spaces အကြောင်း သိချင်ကြရင်တော့ အောက်ကလင်ခ့် မှာ ဖတ်လို့  ရပါတယ်။
DailyTech (Window Live Spaces)

ဒါ ကျွန်မ ဖတ်ဖို့ ဆိုပြီး THKZ က ပို့ ပေးတဲ့ လင့်ခ်ပါ။ ကိုယ်ဟာကို ဆို ဘာမှ မဖတ်ဘူး။ ပျင်းတယ်။

02 August 2006

ဒီနေ့  ဖေဖေ ရန်ကုန်ပြန်သွားပြီ ဆိုတော့ နောက်ရက်တွေမှာ အလုပ်သိပ် မရှုပ်လောက်တော့ဘူး ထင်ရတာပဲ။ လုပ်စရာ ရှိတာတွေ လည်း တော်တော်ပြီး သွားပြီ၊ ဖေဖေလည်း ပြန်သွားပြီ။ ပြီးခဲ့တဲ့ အပတ် စနေနေ့  ညထဲက ဖေဖေ ဒီရောက်နေတာ၊ ဒီတစ်ခေါက် ထူးထူးခြားခြား hotel မှာ မနေပဲ ကျွန်မ တို့  အိမ်မှာ လာနေတယ်လေ။ သူ့ ရဲ့ သမီး ဒီမှာ နေတဲ့ Life Style ကို သိချင်လို့ တဲ့လေ။ ခုတော့ ပြန်သွားပြီး။ ဖေဖေ ဘာတွေ များ သိသွားလဲ မသိဘူး။ ဖေဖေ သိသွားမှာ သေချာတာ တစ်ခုတော့ ရှိတယ်၊ အဲ့ဒါက ကျွန်မဟာ ကျွန်မရဲ့ အဖေ သူနဲ့ တချို့ နေရာတွေမှာ အရမ်းကို တူနေ တယ်ဆိုတာကိုပါ။ ဟီး ဟီး။ အရင်ထဲကလည်း သိမှာပါ။ ခုတော့ ပိုသိသွားမယ်လို ထင်ရတာပဲ။

ကျွန်မ က ရုပ်ရည် အရ အဖေတူ သမီး ဆို တာ ရင်းနှီး သူတိုင်းသိကြတယ်။ အဲ့ဒီလို တူနေတာက ကျွန်မ့အတွက် တစ်မျိုးကောင်းနေတယ်။ တစ်ခုခုဆို အဆူခံ ရတော့ မယ်ဆို.. "သမီးက အဖေ တူ သမီးပဲ ဒီလောက်တော့ ရှိမှာပေါ့" လို့  သာပြောလိုက် အဖေဆူ တာကိုလုံဝ မခံရတော့ ဘူးဆိုတာ သေချာသလောက် ရှိသွားပြီ။ ဆူခံရ ခါနီးတိုင်း တင် မဟုတ်ပါဘူး၊ ကောင်းတာတွေ လုပ်ထားလို့  ချီးကျူး ခံရ ခါနီးတိုင်လည်း ပြောပေးဖို့  တော့ လို တာပေါ့ နော်။

ဒီတစ်ခေါက် ဖေဖေ ဒီကိုလာတာ မဆိုးဘူး။ မုန့် ဖိုး ပေးပါဆိုပြီး တောင်းလိုက်တော့ ပေးသွားတယ်။ ဟီး ဟီး။ အရင် နှစ်လ လောက်က မေမေ လာတုန်းက လည်း ပြန်ခါနှ်ီးမှာ မုန့် ဖိုး ပေးသွား သေးတယ်။ ခဏ ခဏ လာပြီး၊ မုန့် ဖိုး အမြဲပေးသွား ကြရင် ကောင်းမယ်။ အမေ ဒီမှာ ရှိနေတုန်း ကဆို၊ အိမ်မှာ ဘာမှ မလုပ်ရဘူး။ အလုပ်ကနေ အိမ်ပြန်လာပြီဆို မေမေ ချက်ထားတဲ့ ထမင်းကို အစဉ်သင့်လေး စားရုံပဲ။ အဝတ်လျှော် စရာလည်း မလိုဘူး၊ မီးပူလည်း တိုက်ပြီးသား၊ ဝတ်တော့မယ်ဆို အစဉ်သင့်ပဲ။ အမေကျေးဇူး များတယ်ကြီး ပါလာနော်။ ခုများကြတော့ ကိုယ့်ဟာကို အကုန်လုပ် နေရတယ်။ မေမေ ဒီမှာရှိနေတုန်း ကျွန်မ နည်းနည်းတောင်ဝ လာတယ်။ ညဆို စောစော အိပ်ခိုင်း၊ မနက်ဆို မနက်စာ စားခိုင်း၊ နွားနို့ သောက်ခိုင်းနဲ့ ဆိုတော့ ဝလာတာ ဘာဆန်းမလဲ။ အဲ့ဒီတုန်းက ဝလာတာ မဆန်းသလို ခု ပြန်ပိန်သွားတာလည်း ဘာဆန်းမလည်းနော်.. ။

နွားနို့ ဆိုလို့ ကျွန်မက နွားနို့  လုံးဝ မကြိုက်ဘူး။ ပြီးခဲ့တဲ့ အပတ်က နွားနို့  မှန်မှန် မသောက်လို့  မေမေ ဖုန်းဆက်ပြီး လှန်းဆူတာ ခံလိုက်ရသေးတယ်။ ကျွန်မ အဆူခံရတာ မဟုတ်ဘူး၊ ဖေဖေ နဲ့  အစ်ကို အဆူခံရတာ။ ကျွန်မ နွားနို့ မကြိုက်တာ၊ မသောက်ချင်တာ၊ အတင်းသောက်ခိုင်းရင်လည်း အကြောင်ရှာ လျှောင်ပြေးနေတာကို မေမေ သိနေတာပဲ။ အဲ့ဒီတော့ ကျွန်မကို မဆူဘူး၊ ကျန်တဲ့ သူတွေကို ဆူတာပေါ့။ ဟား ဟား။ ဖေဖေကလည်း သူ အဆူမခံရအောင်ဆိုပြီး၊ သူရှိနေ တဲ့ မနက်တိုင်း ကျွန်မကို အလုပ် မသွားခင် နွားနို့  သောက်ခိုင်းတယ်။ ပြန်ခါနီးတော့ ကျွန်မ သောက်ဖို့  ဆိုပြီး နွားနို့  တွေ အများကြီးဝယ်ပေးသွားတယ်။ Full Cream တွေဝယ်ပေးတာ။ သောက်ရတာ အော်ကလီဆန်လိုက်တာ။ ကိုယ်ဟာကိုဆို Skmi အလွန်ဆုံးဝယ်တဲ့ ဟာကို၊ ခုတော့ မနက်တိုင်း အဲ့ဒီဟာတွေသောက်ပြီး အန်ချင်နေတယ်။ အဲ့ဒီဟာတွေ ကုန်ရင် အစ်ကို ကို နွားနို့  အမြဲမပြတ်အောင် ဝယ်ရမယ်လို့  ပြောသွားတာ ကြားတာပဲ။ စိတ်ညစ်နေတယ်။ နွားနို့  အစား တစ်ခြားတစ်ခုခု ပြောင်းသောက်မယ် ပြောရမှာပဲ။ အစ်ကိုနဲ့  နားလည်မှု့ ယူရအုံးမယ်။

ခုတစ်လော သာမာန်ထက် ပို အပျင်းထူနေတယ်။ လုပ်စရာ လေးတွေ ပြီးအောင်လုပ်မှ ဖြစ်မယ်။ စာမေးပွဲ ဖြေဖို့ ဟာလည်း နည်းနည်း ခေါင်းထဲ ထည့်ထားအုံးမှ ဖြစ်မယ်။ လူက ကြာလေ အပျင်းထူ လေဖြစ်လာ သလိုပဲ။ ကိုယ်တစ်ယောင်တည်းတော့ မဟုတ်လောက်ပါဘူး။ ဒီနိုင်ငံမှာ ရှိနေတဲ့ ရှားရှားပါးပါး သူငယ်ချင်းကလည်း ကိုယ့်လိုပဲ ဆိုတော့ ဘာပဲ ပြောပြော အဖေါ်ရှိ သေးတာပေါ့။ ကိုယ်က သူ့ ထက် ပိုပျင်းတာ တော့ အသေအချာပဲ နေမှာ။ သူမှာ ဟို တစ်လောကလည်း ဘာဆိုလားလည်း မသိဘူးတတ်သေးတယ်။ ပြီးခဲ့တဲ့ လ တုန်ုးကလည်း စာမေးပွဲ တစ်ခု ဖြေတာ ခုအောင်စာရင်းထွက်ပြီ၊ အောင်သွားပြီလို့  ပြောတယ်။ သူ့ ကို အားကျပြီး သူ့ လို လိုက်လုပ်ချင်စိတ် ပေါက်ရင်ကောင်းသား။ ခုတော့ အဲ့ လို စိတ်ကူး မပေါက်ပဲ သူ့ ကို မုန့် လိုက် ဝယ်ကျွေးခိုင်း ချင်စိတ်ပေါက် နေတယ်။ ( မုန့် ဝယ်ကျွေး မလား။ )

ပြီးခဲ့တဲ့ အပတ်တုန်းက သူငယ်ချင်းစီက လက်ဆောင်ရတယ်။ သူဘန်ကောက်က ဝယ်လာတာ ဆိုပြီးပေးတာ။ နောက် သူငယ်ချင်း တစ်ယောက်က ရန်ကုန်ကနေ (The Waves) magazine နှစ်စောင်နဲ့ ၊ journal တစ်စောင် ဝယ်လာ ပေးတယ်။ နောက် သူငယ်ချင်း တစ်ယောက်က အထိမ်းအမှတ် တစ်ခု အတွက် ရှေ့အပတ်မှာ မုန့် လိုက်ကျွေးမယ်ပြော ထားတယ်။ ခု ဆုတောင်းရင် သူငယ်ချင်းတွေ ခရီးများများ သွားရပါစေ၊ ရန်ကုန် ခဏ၊ခဏ ပြန်ကြ ပါစေ၊ အောင်မြင်မှု့  တွေ များများ ရကြ ပါစေ လို့ ပါ ထဲ့ပြီး ဆုတောင်းရမလို ဖြစ်နေုပြီ။ ရှိသေးတယ် အစ်ကို စာမေးပွဲ မြန်မြန် အောင်ပါစေ၊ ဖေဖေ နဲ့  မေမေ စီက မုန့် ဖိုး များများရပါ စေလို့ ပါထဲ့ ဆုတောင်း ရမယ်။ ပြောသာ ပြောတာ ဘုရားမှာ ဆုမတောင်း ဖြစ်တာ တောင် အတော်ကြာပြီ။

ဘာရေးစရာ ကျန်သေးလဲ။ မရှိတော့ဘူး ထင်တယ်။ ဒီနေ့  တော့ ဒီလောက်ပါပဲ။ အိပ်သင့်ပြီ။ ကောင်းသော ည ပါ။

August 01, 2006

တို့ ဗမာ

ဒီနေ့  နားထောင်ဖြစ်ပြီး ကြိုက်နှစ်သက်သွားတဲ့ သီချင်းတစ်ပုဒ်..

Background Song of Democratic Federation of Burma



Download

July 31, 2006

How To Use Ant To Hack Music

ကျွန်မ သီချင်းနားထောင်တာ ကြိုက်တာကို သိတဲ့ ကျွန်မ ရဲ့ သူငယ်ချင်း တစ်ယောက်က အီးမေး ပို့ ပြီး internet က သ်ီချင်း download လုပ်ပုံ လုပ်နည်း လေးတစ်ခု ပြောပြပါတယ်။

Internet မှာ သီချင်းတွေ နားထောင်တဲ့ အခါ တစ်ချို့  site တွေမှာ ဘယ်နေရာမှာ အဲ့ဒီ သီချင်းတွေ သိမ်းထားတယ်ဆိုတဲ့ Link တွေ တွေ့ နိုင်ပါတယ်။ ပုံမှန်ဆို ကျွန်မတို့ ဟာ အဲ့ဒီ လို Link တွေရှာပြီး Link ကို right click နှိတ်ပြီး save လုပ်ရင်ပဲ ဖြစ်ဖြစ်၊ download manager software တွေ သုံးပြီး ပဲ ဖြစ်ဖြစ် ၊ သီချင်းကို download လုပ်လေ့ရှိပါတယ်။ ဒါပေမယ် အမြဲတမ်းတော့ အဲ့ဒီလို download လုပ်လို့  မရပါဘူး။ တစ်ချို့  site တွေက သူတို့  စီကနေ သီချင်းတွေကို download လုပ်ယူကြမှာ စိုးလို့ security ကောင်းအောင် လုပ်ထားတဲ့ အတွက်၊ ရှေ့ ကပြောထားတဲ့ နည်းတွေ သုံးပြီး download လုပ်ရင် မရပါဘူး။ အဲ့လို အခါတွေမှာ သူပြောတဲ့ နည်းကို သုံးပြီး download လုပ်ကြည့်ပါလို့  ကျွန်မရဲ့ သူငယ်ချင်းက ပြောပါတယ်။

ကျွန်မ က လည်း စပ်စပ်စုစု သမားဆိုတော့၊ ဘယ် ဒီအတိုင်း နေပါ့လဲ။ သူစီက နည်းသိတာနဲ့  သီချင်းတစ်ပုဒ်လောက်တော့ စမ်း လုပ်ကြည့်အုံးမှ ဆိုပြီး download လုပ်ကြည့်လိုက်တယ်။ မဆိုးပါဘူး၊ download လုပ်လို့  ရသားပဲ။ ဒါပေမယ့် တစ်ခုတော့ ရှိတယ်၊ သူပေးတဲ့ နည်းက တစ်ခါမှာ သီချင်းတစ်ပုဒ် ပဲ download လုပ်လို့  ရပါတယ်။ အင်း.... သီချင်းကို အရမ်းကြိုက်ပြီး တစ်ခြားနေရာက download လုပ်လို မရနိုင်တဲ့ အခြေအနေမျိုး ဆိုရင်တော့ ဒီနည်းကို သုံးပြီး download လုပ်ဖြစ်မှာပါ။ မဟုတ်ရင် တော့ သုံးဖြစ်မယ် မထင်ဘူး။

နောက်ပြီးရှိသေးတယ်။ တော်ရုံ IT knowledge မရှိတဲ့ သူကတော့ အဲ့ဒီနည်း နဲ့  သီချင်းရှာ download လုပ်ချင်မယ် မထင်ဘူး။ ဘာလို့  လည်းဆိုတော့ ကျွန်မ ဒီပိုစ့် ရဲ့ ခေါင်းစဉ်မှာ တင်ထားသလို သ်ီချင်း donwload လုပ်တာ က ant ကို သုံးပြီး လုပ်ရမှာ လေ။ ပထမဆုံး ant ဆို တာ ဘာလဲ၊ သိဖို့ လို သေးတယ်။

ဒီနေရာမှာ ant ဆိုတာ ပုရွက်ဆိတ် ကို ပြောတာမဟုတ်ပါဘူး။ Apache Ant ကိုပြောတာပါ။ java နဲ့  တွဲသုံးတဲ့ tool တစ်ခုပါ။ ကျွန်မ စိတ်ထင် Java Porgramming လုပ်နေတဲ့ သူတွေတော့ ant ကို သိကြမယ်၊ သုံးဘူးကြမယ် နဲ့  တူတယ်။ ant ဘာလဲ ဆိုတာ သိရုံနဲ့  မရဘူး၊ အဲ့ဒီ ant ကို ကိုယ့် ကွန်ပြူတာ ထဲမှာ မရှိရင် ရှိအောင် ဒီ Apache Ant Site မှာ download လုပ်ပြီး၊ install အရင် လုပ်ရဦးမယ်။ ပြီးရင် setting တွေလုပ်ရအုံးမယ်။ ဒီဟာတွေ လုပ်ပြီးမှ သီချင်း download လုပ်တာကို စမ်းလို့  ရမှာပါ။ ဒီ download လုပ်နည်းကို စမ်းကြည့် ချင်လို သိချင်တာများရှိရင် ကျွန်မ ကို မေးလို့ ရပါတယ်။ ကျွန်မ သိတာတွေဆို ရှင်းပြ ပေးပါ့မယ်။

ကျွန်မ ကတော့ ကျွန်မရဲ့ ကွန်ပြူတာထဲမှာ ant က အစဉ်သင့်ရှိ နေတော့ ဒီနည်းကိုသုံးပြီး donwloal လုပ်ဖို့  က မခက်ပါဘူး။ တစ်ခုတော့ ရှိတာပေါ့၊ သီချင်း ရှိနေတယ့် link တွေကို တော့ လိုက်ရှာ ရတာပေါ့။ ဒါလည်း သိပ် အလုပ်မရှုပ် ပါဘူး၊ ကျွန်မ က အားရင် သီချင်း download လုပ်ဖို့  link တွေ လိုက်ရှာ နေကြပါ။ ရှာနေကြ ဖြစ်သွားတော့ ဘယ်လို ရှာရမလည်း နည်းနည်း ပိုသိ လာ သလိုပဲ။ စပြီး ရှာ ခါစ ကတော့ တော်တော်လေး ခေါင်းမူးအောင်ရှာ ရပါတယ်။ ဘယ် အလုပ်မဆို လုပ်ကျင့်ရှိ သွားရင် နည်းနည်း တော့ လွယ်သွားမယ် ထင်တာပဲ။

ဒီနည်းကို သုံမယ်ဆိုရင် file နှစ်ခု လိုပါတယ်။ build.properties နဲ့  build.xml တို့ ပါ။ build.xml ကတော့ တစ်ခါ ရေးပြီးရင် ထပ်ပြီး ပြောင်းစရာမလိုတော့ပါဘူး။ ဒါပေမယ် build.properties ကတော့ သီချင်းရှိတဲ့ link ကို လိုက်ပြီး လိုအပ်တာတွေ ပြောင်းပေးရမှာပါ။ အောင်မလေးနော်..... တစ်ခုချင်းစီသာ လိုက်ရှင်း နေရ ရင် တော့ ပြီး တော့မှာ မဟုတ်ဘူး။ ဒီတော့ ကျွန်မ ခုဏ က စမ်းပြီး download လုပ်တုန်းက သုံးတဲ့ file တွေကို အောက်က link မှာ donwload လုပ်ယူပြီး ကိုယ်ဟာကို စမ်းချင်ရင် စမ်းကြည့် ကြပါ။

AntMusic Download Here

လိုတာတွေက
၁။ ant ကို install လုပ်၊ လိုတဲ့ setting တွေ လုပ်ပါ
၂။ ကျွန်မရဲ့ zip file ကို unzip လုပ်လိုက်လို ရလာတဲ AntMusic folder ကို C:/ အောက်ကို ရွေ့  လိုက်ပါ
၃။ command prompt window ကို ဖွင့်ပြီး C:/AntMusic/ အောက်ရောက်အောင်သွားပါ။
၎။ C:/AntMusic> ကို ရောက်ပြီဆို ရင် ant လို့  ရိုက်လိုက်ပါ။

ဒါဆို သူ့ အလို လို သီချင်းကို download လုပ်သွား ပါလိမ့်မယ်။ download လုပ်လို့  ပြီးသွားရင် BUILD SUCCESSFUL ဆိုတဲ့ commond ကို တွေ့ ရမှာပါ။ ကွန်နက်ရှင်ပေါ်လိုက်ပြီး ၂ မိနစ် က နေ ၆ မိနစ်လောက်ကြာမယ်ထင်ပါတယ်။

ဒီနည်းကို စမ်းကြည့် ဖြစ်ခဲ့ရင် ဘယ်လို ထင်လည်းဆိုတာလေး ပြန်ပြောပြကြပါဦး။ ပြောသာ ပြောရတာ ဘယ်သူမှ စမ်းကြည့် ကြမယ် မထင်ဘူး။ download လုပ်တာမ ပြောနဲ့  ဒီပိုစ့်ကို ရိုက်ရတာတောင် တော်တော်ပင်ပန်းသွားတယ်။ ဘာပဲဖြစ်ဖြစ် အဲ့ဒီနည်းကို ပြောပြတဲ့ သူငယ်ချင်းကို ကျေးဇူးတင်ပါတယ်။ ခု တော့ ဒီလောက်ပါပဲ။ လိုတာရှိ နောက်မှ ထပ်ရေးတော့မယ်။

July 29, 2006

Just launched New Gtalk 1.0.0.95

New Gtak Version 1.0.0.95 just launched with the following new features.

1. File Transfer
2. Voicemail
3. Music Status

For more information, you can read here and you can download new gtalk from following link.
Get New Gtalk SetUp

မနေ့ က gtalk အသစ်ထွက်ပြီဆိုလို့  ကျွန်မ gtalk web site မှာ သွားပြီး download လုပ်တာ၊ မရ ဘူးဖြစ်နေတယ်။ နောက်မှ THKZ က gtalk အသစ် ဒီမှာ download လုပ်ဆိုပြီး လင့်ခ်တစ်ခု ပေးတာနဲ့  သူပေးတဲ့ လင့်ခ်မှာ သွား download လုပ်မှ ပဲရတော့တယ်။ ကျေးဇူးပါပဲ။ gtalk အသစ်ထွက်ပြီဆိုတော့ ဘာပဲ ဖြစ်ဖြစ် အသစ်ကို သုံးကြည့်ချင်တာပေါ့။ download လုပ် လို့ မရလို စိတ်ညစ်နေတာ။ ခုတော့ gtalk အသစ်နဲ့  မစဉ်ပြေ နေပြီ။ အစက ဘလောခ့်မှာ မတင်တော့ဘူး စိတ်ကူးနေတာ၊ နောက်မှ တစ်ခြားသူတွေလည်း ကျွန်မလို download လုပ်လို့  မရဖြစ်ချင် ဖြစ်နေကြမှာလို့  စဉ်းစားမိလို့ ၊ ဒီမှာ တင်ထားလိုက်တာပါ။

July 28, 2006

Busy - July 2006 (Last Week)

I want to Busy like thatဒီနေ့  အလုပ် ကို ရောက်ရောက်ခြင်း လုပ်ဖြစ်တာက မြန်မာ ဘလောခ့်တွေ လိုက်ဖတ်တာပါ။ ဟီး ဟီး။ အလုပ် အရမ်း ကြိုးစား နေတာလေ။ ဒီတစ်ပတ်လုံး အလုပ် အရမ်း ရှုပ်နေတယ်။ အလုပ်က နှစ်ရက်တောင် ခွင့်ယူထားတာ၊ ဒီနေ့ မှ အလုပ်ပြန်ဆင်းရတာတောင် လုပ်စရာတွေက ကျန်နေတုန်းပဲ။ နှစ်ရက် ခွင့်ယူထားတာ ဆိုတော့ အလုပ်မှာ လည်း လုပ်စရာတွေ က အများကြီး ဖြစ်နေလောက်တယ်။ ခုထိတော့ အလုပ် အီးမေး မစစ်ရသေးဘူး။ ကြည့်လိုက်ရင် လုပ်ဖို့  ဟာတွေ တွေ့ မှာစိုးလို့  ၊ ဒါလေး အရင် ပိုစ့်လုပ်ပြီးမှ ကြည့်တော့မယ်။ လုပ်စရာတွေ အရမ်း မမျုားပါစေနဲ့ ။ အလုပ်များရင် မနက်ဖြန် အလုပ်လာရမှာ။ စနေ နေ့  အလုပ် မလာချင်ဘူး။ ဒီ အပတ် အိမ်မှာလည်း လုပ်စရာတွေရှိ သေးတယ်။ နောက် တစ်ပတ်ဆိုရင်တော့ အားလောက်ပြီ ထင်ပါရဲ့။

July 26, 2006

25 July 2006

မနေ့ ညက၊ ကျွန်မ ကွန်ုပြူတာတွေကို ဖွင့်ကြည့်ဖြစ်ခဲ့တယ်။ ကျွန်မကို ကျွန်မ မေးခွန်းတွေ ထုတ်ပြီး၊ မှတ်မှတ်ရရ ဖြစ်အောင် မှတ်ထားတဲ့ သဘောနဲ့  ရေးမှာပါ။

ဘာလို့ ဖွင့်တာလဲ
လိုအပ်လို့ ဖွင့်ကြည့်ရတာပါ။ ကျွန်မရဲ့ ကွန်ုပြူတာတွေမှာ ဘာတွေပါလဲ တိတိကျကျ မသိဘူး ဖြစ်နေတယ်။ သိရအောင်၊ လိုတာရှိရင် တိုးလို့  ရအောင်လို့ ပါ။

အရင်တုန်း က ဖွင့်ကြည့်ဘူးလား
ဒါ ပထမဆုံးပဲ။ အရင်က ဖွင့်ကြည့်ဖို့  စိတ်ကူး မရှိခဲ့သလို၊ ဒါတွေဟာ ကျွန်မ အလုပ်လို့ လည်း မယူဆ ခဲ့ဘူး။

အရင်က ကွန်ပြူတာ ပျက်လို့ ပဲဖြစ်ဖြစ် တစ်ခုခုလုပ်ဖို့ လိုတယ်ဆို ဘယ်လို လုပ်လဲ
ရှင်းနေတာပဲ။ ချစ်သူငယ်ချင်းတွေ ရှိတယ်လေ။ ကိုယ်တိုင်လုပ်ဖို့  မလိုဘူး။ ဖုန်းတချက် ဆက်လိုက်၊ အားတဲ့ သူလာလုပ်ပေးတယ်။

ဘာလို့  ဒီတစ်ခါ သူတို့ ကို မလုပ်ခိုင်းပဲ၊ ကိုယ်တိုင်လုပ်ရတာလဲ
သူကပြောတယ်၊ ကိုယ်တိုင် လုပ်နိုင်တာတွေကို ကိုယ်တိုင်သာလုပ်ပါ၊ သူတစ်ပါးကို အားမကိုးပါနဲ့ ၊ မကြိုက်ဘူး၊ လိုအပ်တာတွေ၊ မသိတာတွေကို သူရှင်းပြမယ် ဆိုလို့ ပါ။ ကြောက်ရတယ်လေ။ ဟီး ဟီး။

ခု သုံးနေတဲ့ ကွန်ပြူတာတွေ ရှိနေတာ ဘယ်လောက်ကြာပြီလဲ
တစ်လုံးက ၂ နှစ်ကျော်ရှိပြီ။ နောက်တစ်လုံးက တော့ ၁နှစ်ကျော်၊ တစ်နှစ်ခွဲလောက်ရှိပြီ ထင်တယ်။

ဒီလောက်ကြာ ကြာသုံးနေတာ တောင် ကိုသုံးနေတဲ့ ကွန်ပြုတာမှာ ဘာတွေ ပါလည်း မသိဘူးလား
တစ်လုံးမှာ ဘာတွေပါလည်း နည်းနည်းသိတယ်။ အဲ့ ဒီကွန်ပြူတာက ကိုယ့်ဟာကို ဆင်ထားတာမို့  လို့  နည်နည်း သိတာ။ နောက်တစ်လုံးကို တော့မသိဘူး။
ကျွန်မက ကွန်ပြူတာဆို မြန်နေရင်၊ ကိုယ်လုပ်ချင်တာတွေ လုပ်လို ရ နေရင်၊ ကျန်တာတွေ စိတ်မဝင်စားတော့ ဘူးလေ။ စက်က နှေးနေရင်တော့ အားကြီး စိတ်ဆိုးတယ်။

ကွန်ပြုတာကို ကိုယ့်ဟာကို ဆင်ရတာ ကြိုက်လား။ အစဉ်သင့် ဆင်ပြီးသား ဝယ်သုံးရတာ ကြိုက်လား။
ခုထိတော့ ကိုယ်ဟာကို လိုတဲ့ အစိတ်အပိုင်းတွေ ဝယ်ပြီး ကိုယ်ဟာကို ဆင်ရတာ ကြိုက်တယ်။ ကိုယ်ဟာကို ဆင်တော့ ကိုယ်လို ချင်တဲ့ အစိတ်အပိုင်းကို ပိုကောင်းအောင်ဝယ်ပြီး၊ သိပ်မလိုဘူး ထင်တဲ့ နေရာမှာ လျှော့လိုက်လို ရတာကို ကြိုက်တယ်။ ကျွန်မက game ကစားချင်တော့ graphic card ကို ဂရုစိုက်တယ်။ မြန်တာလိုချင်တော့ memory ကို ကိုကြိုက်တာ ထဲ့တယ်။ ခု ပိုက်ဆံ မရှိသေးလည်း၊ နောက်ကြရင် ဘာတွေ တိုးထဲ့မယ် စဉ်းစားပြီး၊ တိုးချင်ရင် တိုးလို့ ရတာ မျိုးဝယ်ချင်တယ်။
ကွန်ပြူတာဆို အလုံးလိုက် ဆင်ပြီးသား ဝယ်ရတာမကြိုက်ဘူး။ ဈေးကြီးတယ် လို့ ထင်တယ်။ ပြီးတော့ ကိုယ်လိုချင်တာမရဘူးလားလို့ ။ ပိုက်ဆံကလည်း သိပ်မရှိဘူး။ ဆင်ပြီးရောင်းတဲ့ ဟာမှာ လိုချင်တာတွေ ထပ်တိုးလိုက်ရင် ဈေးက၊ ကိုယ်သုံးနိုင်တဲ့ ဈေးနဲ့ အရမ်းကွာကွာ သွားတယ်။ အဲ့ဒါမို့  မကြိုက်ဘူး။

မနေ့  ညကဖွင့် ကြည့်တော့ ဘာတွေ တွေ့ လဲ
ကျွန်မ အဓိက သိချင်တာက ဘယ်လို ဟာတွေ သုံးထားလည်း သိချင်တာပါ။ တစ်ချို့  ဟာတွေက ပုံးကြီး မဖွင့်ပဲ သိနိုင်ပေမယ့် တစ်ချို့ ဟာတွေကြတော့ ဖွင့်ကြည့်မှ သိမှာ မို့ လို ကြည့်ကြည့် လိုက်တာ။ လုပ်ဘူးတယ်လည်း ရှိ အောင်ပေါ့ ။ ကြည့်လိုက်မှ ကွန်ပြူတာ နှစ်ခုလုံးက တော်တော်များ များတူနေတာတွေရတယ်။ အရင် က မသိဘူး။
ဒါတွေပါတယ်..


- Genuine Intel(R) Desktop Board D865PERL ( Intel 865PE chipset, Five PCI slots , STAT150 2 ports , 4 Dual_Channel DDR DIMM sockets )
- Processor - Intel(R) Pentium(R) 4 CPU 2.80GHz
- HardDisk 1 - 120 GB SATA
- Memory 1 - 512MB - PC3200 DDR (DDR400) (1 slot is using and 3 free slots )
- Graphic - NVIDIA Gforce FX 5200 128MB
- LAN card
- DVD R
- CD R/W


- Genuine Intel(R) Desktop Board D865PERL ( Intel 865PE chipset, Five PCI slots , STAT150 2 ports , 4 Dual_Channel DDR DIMM sockets )
- Processor - Intel(R) Pentium(R) 4 CPU 2.40GHz
- HardDisk 1 - 80 GB SATA
- HardDisk 2 - 80 GB SATA
- Memory 1 - 512MB - PC3200 DDR (DDR400) (1 slot is using and 3 free slots )
- Graphic - NVIDIA Gforce FX 5200 128MB
- LAN card
- Modem - Compaq Data Fax Modem
- CD R/W
- CD R

ဒါတွေ သိပြီးတော့ ဘာဆက်လုပ်မယ် စိတ်ကူးလဲ
memory တော့ ထပ်တိုးမယ်။ ဘယ်လို ဘယ်လောက် တိုးမလဲတော့ မစဉ်းစားရသေးဘူး။ ကျန်တာတွေက တော့ အဆင်ပြေနေတယ်ထင်တာပဲ။ ကြည့်အုံးမယ်လေ။ တော်ပြီ ဆက်မမေးနဲ့ တော့၊ မဖြေတတ်တော့ဘူး။ နောက်တစ်ပတ်လောက်နေမှ ပြန်မေးတော့။ ခု ဘာလုပ်မယ် မစဉ်းစားရသေးဘူး၊ မအားသေး ဘူး။

July 24, 2006

တစ်ကိုယ်ရေ နေထိုင်မှု့ ၏ အားသာချက်များ

ဒီနေ့  သူငယ်ချင်း တစ်ယောက် စီက တဆင့်ပြန်ပို့ တဲ့ email တစ်စောင်ရပါတယ်။ အပျိုကြီးများ၏ အားသာချက်များဆိုတဲ့ email ပါ။ တစ်ချို့  အချက်တွေက အမျိုးသမီးတွေ ဘက်က ရေးထားတာပါ။ အဲ့ဒီ အမျိုးသမီးတွေဘက်က ရေးထားတာ အများစုကို ကျွန်မ သဘောမတူပါဘူး။ အဲ့ဒီတော့ မမှန်ဘူးထင်တာတွေကို မရေးတော့ပါဘူး။ ဒါပေမယ့် တစ်ချို့ ဟာတွေကတော့ ယောက်ျား၊မိန်မ ယူမှ မဟုတ်ပါဘူး၊ ရည်းစာ ဘဝ မှာထဲက မှန်နေတယ်ထင်တာတွေရှိပါတယ်။ အဲ့ဒီ အချက်တွေကို သူငယ်ချင်းတွေနဲ့  မျှဝေချင်ပါတယ်။

ဘာလို့  လည်းတော့ မသိပါဘူး။ ကျွန်မနဲ့  အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတချို့ က အပျိုကြီး၊ လူပျိုကြီး လုပ်မယ် အမြဲပြောလေ့ ရှိကြပါတယ်။ အဲ့ဒီ အပျိုကြီး၊ လူပျိုကြီး လုပ်မယ် ပြောနေသော သူငယ်ချင်း တွေ ကို ဘာလို့  အပျိုကြီးလုပ်ချင်ရတာလည်း ၊ ဘာလို့  လူပျိုကြီး လုပ်ချင်ရတာလည်း မေးတာခံရတဲ့ အခါ ဒီထဲက တစ်ချို့  ဟာလေးတွေကို အဖြေအဖြစ် အသုံးပြုနိုင် အောင်လို့  ကူညီတဲ့ သပေါနဲ့  ဒီမှာတင်ပေးတာပါ ။ ဟီး ဟီး။

တစ်ကိုယ်ရေ နေထိုင်မှု့ ၏ အားသာချက်များ
၁။ စိတ်ထဲရှိသလို နေထိုင်၊ လုပ်ကိုင် နိုင်သဖြင့် လွတ်လပ်မှုရှိုခြင်း
၂။ တစ်စုံ တစ်ယောက်ကို စောင့်ကြည့်၊ စိတ်ပူ နေစရာ မလိုခြင်း
၃။ မည်သူနှင့် မျှ စကားမပြောလိုပဲ တစ်ကိုယ်တည်း တိတ်ဆိတ်စွာ နေလိုပါက နေခွင့် ရခြင်း
၎။ သွားချင်ရာသွား၊ စာချင်ရာစား၊ လုပ်ချင်ရာ လုပ်ကိုင်နိုင်ခြင်း
၅။ ညဘက်တွင် ကိုယ်အိပ်ချင်သည့် အချိန်မှ အိပ်ရာဝင် နိုင်ခြင်း
၆။ မိမိ ယုံကြည်ရာ၊ ပြောလိုရာကို ပြောလိုသူနှင့် လွတ်လပ်စွာ ပြောဆိုနိုင်ခြင်း
၇။ မိမိစိတ်မဝင်စားသည့် အကြောင်းအရာများကို လိုက်ပါ စိတ်ဝင်စား နေစရာမလိုခြင်း
၈။ မိမိ နှင့် မရင်းနှီးသူများကို ပြုံးပြ၊ နှတ်ဆက်၊ လိုက်ရောညီထွေ ဆက်ဆံနေစရာ မလိုခြင်း
၉။ မိမိ မနှစ်သက်သော အပြုအမူ၊ အနေအထိုင်၊ အသံဗလံများကို အထူးသည်းခံခွင့် လွတ်နေစရာ မလိုခြင်း
၁၀။ မိမိကို ထာရစ်ခဲ့မှာကို စိတ်ပူနေစရာ မလိုခြင်း
၁၁။ တစ်စုံတစ်ဦးကို တွေးတော၊ တမ်းတ၊ သတိရနေ စရာ မလိုခြင်း
၁၂။ မိမိငွေကြေးကို မိမိစိတ်တိုင်းကျ သုံးစွဲနိုင်ခြင်း

ဒီထက် အများကြီးရှိအုံးမှာပါ။ အဲ့ဒီ email ထဲကတော့ ဒီအချက်တွေလောက်ပဲ နည်းနည်းလက်ခံနိုင်ပါတယ်။ လူပျိုကြီး၊ အပျိုကြီး လုပ်တာမှာ ကောင်းတာတွေရှိ သလို၊ မကောင်းတာတွေ လည်းရှိမယ်ထင်ပါတယ်။ ဒီကိစက လူတိုင်းစိတ်ကြိုက် ရွေးချယ်ပိုင်ခွင့်၊ နေထိုင်နိုင်ခွင့်ရှိတယ်လို ကျွန်မကတော့ ယူဆပါတယ်။ ယောက်ျား၊ မီန်းမ ယူချင်သူများက ယူကြပါ။ လူပျိုကြီး၊ အပျိုကြီး လုပ်ချင်သူများက လူပျိုကြီး၊ အပျိုကြီး လုပ်ကြပါ။ သူတပါးကို မထိခိုက်ဘူးထင်ရင် ကျွန်မတို့ တွေ ကိုယ့်စိတ်တိုင်းကျ သပေါရှိ၊ မနောရှိ လွတ်လပ်စွာ နေနိုင်ကြတယ်လို ထင်ပါတယ်။

July 23, 2006

My Cubicle - Song Lyrics

“My Cubicle”
Lyrics by:
Morning Sidekick
Performed by: Jym Britton
Parody on “You’re Beautiful” by James Blunt




My job is stupid my day’s a bore,
Inside this office from eight to four
Nothin’ ever happens my life is pretty bland,
Pretending that I’m working, pray I don’t get canned.

My Cubicle, My cubicle
It’s One of Sixty two
It’s my small space in a crowded place
Just a six-by-six foot booth
And I hate it that’s the truth

When I give a sigh as the boss walks by,
no one ever talks to me or looks me in the eye.
And I really should work but instead I just sit here and surf the Internet.

In My Cubicle, My cubicle
It doesn’t have a view.
It’s my small space in a crowded place
I sit in solitude.And sometimes I sit here nude.


အရမ်းရယ်ရတာပဲ။ *nude* ဆိုတာကလွဲရင် ကျန်တာတွေ အကုန်မှန်နေတယ်။ တစ်ခုပဲကွာတာက သီချင်းထဲမှာ ၈ နာရီက ၄ နာရီ၊ ဒီမှာက တော့ ၉ နာရီက ၆ နာရီ အထိနေရပါတယ်။

Thank THKZ for sharing this song.
Source

July 22, 2006

Than Lwin Ain Mat - Issue7

၁၉ ရက်နေ့  အာဇာနည်နေ့ က သံလွင်အိမ်မက် အမှတ်(၇) ထွက်နေပြီးဆို တဲ့ email ရပါတယ်။ ဘာတွေများ ထူးထူးခြားခြားလေးတွေ လုပ်ထားမလည်း ဆိုပြီး ချက်ချင်း ဖတ်ကြည့် လိုက်မိတယ်။ သံလွင် အိမ်မက် အဖွဲ့  သားတွေရဲ့ ကြိုးစား အားထုတ်မှုတွေကို တွေ့ ရလို ဖတ်ရတာ ကျေနပ်မိပါတယ်။ သူတို့  တွေကို ကျွန်မ တကယ်ပဲ ချီးကျူးပါတယ်။ သူတို့  ဘယ်လိုများ အလုပ်တစ်ဖတ်နဲ့  ဒီလို သံလွင်အိမ်မက် ezine တွေ မှန်မှန်ထွက်နိုင်အောင် လုပ်ကြသလဲ။ ကျွန်မ လည်း ဒီနိုင်ငံမှာ အလုပ် လုပ်နေသူတစ်ယောက်ဖြစ်နေတော့၊ ဒီမှာ အလုပ်လုပ်နေတဲ့သူတွေ ဘယ်လောက် အလုပ်များတယ်၊ ကိုယ်ပိုင်အားလပ်ချိန် ဘယ်လောက်ရှားတယ် ဆိုတာကို သိနေလို့ ပါ။ တကယ် လေးစားပါတယ်။ မအားတဲ့ ကြားကနေ ကိုယ်ရဲ့ အိမ်မက်တွေ ကို မရ ရအောင်ကြိုးစား အကောင်အထည်ဖေါ်နေကြတဲ့ အတွက်ပါ။ အာပေးလျှက်ပါ။ ဒီထက်အောင်မြင်ကြပါစေ။

သံလွင်အိမ်မက်(ရ) ထဲက ဆောင်းပါးလေးတစ်ခုက ကျွန်မကို တွေးစရာလေးတွေ ပေးသွားပါတယ်။ အဲ့ ဒီဆောင်းပါးလေးဖတ်ပြီး ကျွန်မ ကိုယ့်ကိုကိုယ် မေးခွန်းလေးတွေ တော်တော်လေး ပြန်မေးကြည့်မိတယ်။ အဖြေရတဲ့ ဟာလည်းရှိ သလို၊ ခုချိန်ထိ အဖြေမရသေးတာတွေလည်း ရှိပါတယ်။ တစ်ချို့  မေးခွန်းတွေ အတွက် ကျွန်မ ဘယ်တော့မှ အဖြေရမှာ မဟုတ်ဘူးဆိုတာလည်း သိနေပါတယ်။

ကျွန်မ ဘာတွေ တွေးမိလည်း ဒီနေရာမှာ ရေးပြချင်ပါတယ်။ ဒါပေမယ့် ကျွန်မ မရေးတော့ပါဘူး။ ကိုယ့်ဟာကိုယ်ဖတ်ကြည့် တွေးကြည့်ကြပါ။ မေးခွန်းလေးတွေ မေးကြည့်ကြပါ။

ကျွန်မပြောတဲ့ ဆောင်းပါးလေး က မောင်သစ်ဆင်း ရေးတဲ့ ကျောင်းကောင်း ဆိုတဲ့ ဆောင်းပါးလေးပါ။ ဒီမှာ ဖတ်လို့  ရပါတယ် ။

ကျောင်းကောင်း - မောင်သစ်ဆင်း

The Coming Of Good Luck


THE COMING OF GOOD LUCK
@ 21 July 2006 ( Friday)

Be ready when opportunity comes...Luck is the time when preparation and opportunity meet.

Roy D. Chapin Jr.

July 19, 2006

June Pay ( 18th July )

ဇွန်လ အတွက် လစာကို ဒီနေ ဇူလိုင် ၂၈ ရက်နေ့ မှာရပါတယ်။ မဆိုးဘူး။ တစ်ခါတည်း နှစ်လခစာမှ ပေါင်းပေးတာမဟုတ်ပဲ ၊ ဇူလိုင်လမ ကုန်ခင် ဇွန်လစာကို ထုတ်ပေးလို့  မဆိုးဘူးပဲ ပြောရမလား။ ပိုက်ဆံ ရှိနေရင် ကုန်အောင် သုံးပြစ်မှာဆိုးလို လဆန်းမှာ လခ မပေးပဲ၊ လကုန်ခါနီးမှ လခပေတဲ့ အတွက် ကျေးဇူးပဲ ကြန်ဖန်တင်တတ်ရင် တင်ရမလို ဖြစ်နေပါတယ်။

လခ ရပြီဆို မုန့် ဝယ်ကျွေးလို့  လာမပြောကြပါနဲ့ ။ လခ ဆိုပြီး Giro နဲ့ ပေးတာမဟုတ်တဲ့ အတွက် Bank Account ထဲမှာ ပိုက်ဆံမဝင်သေးပါဘူး။ ဒီနေ့ ညနေ ၆ နာရီကမှ ဇွန်လခ ဆိုပြီး Cheque ပေးလိုက်တာပါ။ ဒီနေ့  တော့ Bank ကို သွားထဲ့ဖို့  မမှီတော့ပါဘူး။ မနက်ဖြန်မှ ထဲ့လို့  ရမှာပါ။ မနက်ဖြန် ထဲ့ရင် အဲ့ဒီ ပိုက်ဆံကို သဘက်ခါ နေ့ လည် ၂ နာရီကျော်မှ သုံးလို့  ရမှာပါ။ သဘက်ခါ ဆိုရက် ၂၀ ရှိပြီ။ အဲ့ဒီတော့ ပေးစရာ ရှိတာတွေ ပေးရပါတော့မယ်။

ပိုက်ဆံ ဝင်လာရင် ပေးစရာရှိတာတွေက
၁။ အိမ်လခ ( ၂ လစာ)
၂။ ရေဖိုး၊ မီးဖိုး ( ၂ လစာ)
၃။ ဖုန်း Bill ( ၂ လစာ)

ဒါဆို ရတဲ့ လခ ကုန်လောက်ပြီး။ နောက်လခ က ဘယ်တော့မှ ရမယ်မှန်း မသိဘူး ဆိုတော့ ကျန်တဲ့ ပိုက်ဆံကို အကုန် သုံးပြစ်လို့  မဖြစ်ဘူးလေ။ အိမ်ပြောင်းဖို့ ကလည်း ရှိသေးတယ်။ လခလို ရစရာ ရှိတာတွေသာ နောက်ကျတာ၊ မရတာ ရင်ချင်ရှိမယ်၊ ပေးစရာရှိတာ၊ ကုန်စရာရှိတာကတော့ နောက်ကျလို့ ၊ မပေးပဲနေလို့ မှ မရတာ။ အင်း.... ဒီလ လည်း မပေးချင်ပေမယ့် ပေးရမယ့် အားဓမခွန်ကို သွားပေးနိုင်ဦးမယ် မထင်ပါဘူး။ အဲ့ဒီ အားဓမခွန်က လည်း တစ်နှစ်ကျော်စာပေးဖို့  ကျန်သေးတယ်။ ဒီအတိုင်းဆို ရွှေပြည်တော်ရယ် မျှော်လေတိုင်း ဝေး ဆိုသလို ရွှေပြည်တော်ကြီးက ကျွန်မနဲ့  ဝေးနေတုန်း၊ ဝေးနေအုံး မှာပါပဲ။

July 18, 2006

Big Big World - Emilia

I'm a big big girl
In a big big world
It's not a big big thing if u leave me
But I do do feel
That I do do will
Miss u much
Miss u much



ဒီနေ့  အလုပ်မှာ အဲ့ဒီသီချင်းလေးကို ပြန်နားထောင်ဖြစ်တယ်။ ဒီ သီချင်း စ ထွက်ခါစကတော့ တော်တော်လေးကို နားထောင်ဖြစ်ပါတယ်။ နားထောင်ရတာ ဘယ်လိုလေးမှန်းမသိဘူး။ အသံအရ ကောင်းမလေး သေးသေးလေးက "I am Big Big Girl" လို့ ဆိုနေတော့ တစ်မျိုးလေးပဲ။ ကြိုက်ပါတယ်။ ဒါပေမယ့် မနားထောင်ဖြစ်တာတော့ တော်တော်လေးကြာသွားပြီ။ ဒီနေ့ Web Site တွေ လျှောက်ကြည့်ရင်း ဒီသီချင်း ခေါင်းစဉ်လေးတွေ့ တာနဲ့  ပြန်ပြီး နားထောင် ကြည့်ချင်စိတ်ပေါက်သွားလို့  လိုက်ရှာ Download လုပ်ထားလိုက်တာပါ။ မဆိုးဘူး ခုပြန်နားထောင်ဖြစ်တော့လည်း ကြိုက်တယ်၊ နားထောင်လို့  ကောင်းတယ်။

July 17, 2006

XEmacs and Vim (Editors)

ဒီနေ Text Editors နှစ်ခု install လုပ်ဖြစ်တယ်။ Editor နှစ်ခုလုံးကို တစ်ခါမှ မသုံးဘူး ပါဘူး။ နာမည် ကြီးတယ်၊ ကောင်တယ်လို့  ပြောကြတယ် ဆိုလို install လုပ်ကြည့်တာပါ။ ဘာတွေကောင်းတာလဲ၊ တစ်ကယ်ရော ပြောသလောက် ကောင်းလို့ လား သိချင်လို့  စမ်းသုံးကြည့် မလို့ ပါ။

ဒီမှာ ကျွန်မ ဒီနေ့  install လုပ်ဖြစ်တဲ့ Editor တွေပါ။
XEmacs
Vim

အဲ့ဒီ Editor နှစ်ခုအကြောင်း ကို Wikipedia မှာဖတ်လို့ ရပါတယ်။
XEmacs
Vim

ဒီ Editor war ဆိုတာလေးကိုဖတ်ရင်လည်း Editor တွေအကြောင်း၊ XEmacs နဲ့  Vim ရဲ့ အားသာချက်တွေ ကိုလည်းသိနိုင်ပါတယ်။

တစ်ခုတော့ပြောပြချင်တယ်။ ကျွန်မ ဟာ ကျွန်မဆို ဒါတွေကို ဖတ်ဖြစ်မှာ မဟုတ်ပါဘူး။ ကျွန်မ က ငပျင်း လေ။ ဖတ်ခိုင်းတဲ့ သူရှိလို့ ၊ ဖတ်စရာ Link တွေကို အသင့်ရှာပေးလို့ သာ ကျွန်မ ဒါတွေကို ဖတ်ဖြစ်တာပါ။ ဒီလောက်တောင် အဆင်သင့် လေ့လာနိုင်အောင် လုပ်ပေးပါရဲ့နဲ့  ကျွှန်မ က မဖတ်ဘူး၊ မလေ့လာဘူဆိုတာ လုံးဝ မဖြစ်သင်ဘူး လို့ ထင်ပါတယ်။

July 15, 2006

Pronoun

ကျွန်မ ဒီ Blog ကို မြန်မာလို ရေးမယ် စပြီးစဉ်းစားတော့ ကျွန်မကို ကျွန်မ ဘယ်လို နာမ်စား သုံးရေးရင်ကောင်းမလဲ လို့  တော်တော်လေးကိုစဉ်းစားခဲ့ရပါတယ်။ English လိုရေးရတာက ရှင်းပါတယ်။ English လိုမှာက ကိုယ့်ကိုကိုယ် သုံးစရာ နာမ်စားဆိုလို့  "I" တစ်မျိုးပဲရှိပါတယ်။ ဒီတော့ ခေါင်းရှုပ်ခံ စဉ်းစားနေဖို့ မလိုဘူး။ ရှိတဲ့ တစ်မျိုးကို သုံးလိုက်ရုံပဲ။ မြန်မာလိုရေးမယ်ဆိုတော့ စဉ်းစာရပြီ။ မြန်မာလိုမှာက ကိုယ့်ကိုကိုယ် သုံးပြောလေ့ရှိတဲ့ နာမ်စားက တော်တော်များများရှိတယ်။ ဘယ်လိုနာမ်စားသုံးရင် ကောင်းမလဲ။

ပထမဆုံး အပြင်မှာ ကိုယ့်ကိုကိုယ် သုံးနေကြအတိုင်း "ကျွန်တော်" လို့ သုံးပြီးရေးရင် ကောင်မလားလို့  စဉ်းစာမိတယ်။ ကျွန်မ့ နာမည်ကိုက မိန်မ နာမည်လို့  ထင်စရာမရှိဖြစ်နေတော့ "ကျွန်တော်" လို့ သာ နမ်စားသုံးရေးလို့ ကတော့ ဘယ်သူမှ မိန်ကလေးလို့ ကို ထင်တော့မှာ မဟုတ်ဘူး။ လိုက်လည်းရှင်းပြ မနေချင်ဘူး။ ကိုယ့်ကို ယောက်ျားလေးမှတ်ပြီး ပြောဆိုနေလို့ ၊ ကိုယ်က မရှင်းပြပဲနေလိုက်ပြန်ရင်လည်း မကောင်ဘူး။ ရှင်းလည်း မပြချင်ဘူး။ အရင်က ဒီလိုအထင်လွဲတာနဲ့ ပတ်သက်ပြီး ပြသနာတက်ဘူးသေးတယ်။ ကျွန်မရဲ့ နာမည်၊ ကျွန်မ နဲ့  ကျွန်မရဲ့ အရင်နှီးဆုံးသူငယ်ချင်းတွေ အချင်းချင်း စကားပြောပုံတွေကြည့်ပြီး ၊ သူတို့ ဟာသူတို့  ကျွန်မကို ယောက်ျားလေးလို့ ထင်ကြတယ်။ ကျွန်မကို လည်းဘာမှ မမေးကြပါဘူး။ နောက်တော့ အမှန်ကိုသိသွားရော၊ ကျွန်မက သူတို့ ကို ညာထားပါတယ်ဖြစ်ရော။ ခက်တယ်။ ဒီလိုထပ် အဖြစ်ခံလို့  မဖြစ်ဘူး။ ညာလို့  ညာတယ် အပြောခံရတာ အကြောင်းမဟုတ်ပေမယ့်၊ မဟုတ်ပဲ အပြောတော့ မခံချင်ဘူး။ ကိုယ့်ကိုကိုယ်လည်း မိန်ုးကလေးပါလို့  လိုက်ရှင်းမနေချင်တော့ "ကျွန်တော်" ဆိုတာကို သုံးပြီးမရေးသင့်ဘူးလို့  ဆုံးဖြတ်လိုက်တယ်။

"ကို" လို့ နာမ်စားသုံးရင် ရေးရင်ကောင်းမလား၊ စဉ်းစားကြည့်သေးတယ်။ ဘယ်လိုကြီးမှန်းမသိဘူး။ မကြိုက်ဘူး။ ဒီတော့ မသုံးဘူး။

"ငါ" ဆိုတာကြတော့ ရိုင်းသလိုပဲ။ တစ်ငါ ငါနဲ့ ဆို ... မဖြစ်ပါဘူး။ Personal Blog ဆိုပေမယ့် Blog ဆိုတာ လူတိုင်းလာဖတ်လို့  ရတယ့်နေရာပဲ။ လာဖတ်တဲ့ သူတွေထဲမှာ ကိုယ့်ထက် အသက်ကြီးတဲ့ သူတွေ ပါနိုင်တာပဲ။ ရိုင်းသလို ဖြစ်နေမယ်၊ မကောင်ပါဘူး။ တကယ့်တော့ "ငါ" ဆို တာ ကိုယ့်နဲ့  အရမ်း အရမ်းကို ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့  စကားပြောတာက လွဲရင်၊ တစ်ခြားအချိန်တွေမှာ မသုံးသင့်ဘူး ထင်တာပဲ။ ဒီတော့ "ငါ" ကိုလည်း သုံးဖို့ မသင့်တော်လို့  ပယ်တယ်။

"သမီး" တို့ ၊ ကိုယ့်နာမည် ကိုယ် သုံးပြောတာတို့  က Blog ရေးတာမှာ လုံးဝ မသုံးသင့်တဲ့ အရာတွေ။ ဟီး.....။ အဲ့ဒီလို နာမ်စားတွေသာ သုံးပြီး ရေးကြည့်ပါလား။ မသိတဲ့ သူတွေက ဒီတစ်ယောက် ပုံမှန်မှ ဟုတ်ရဲ့လား၊ သိတဲ့ သူတွေ ဒီကောင်ရူးသွားရှာပြီ လို့  အနိမ့်ဆုံးတော့ ထင်ကြမှာပဲ။

"ကျွန်ုပ်" ဆိုရင် ဘယ်လိုနေမလဲ။ သူများတွေ ဘယ်လိုမြင်မလည်းတော့ မသိဘူး။ ကိုယ့်ဟာကိုတော့ "ကျွန်ုပ်" လို့  သုံးပြီး ရေးမယ် စဉ်းစားမိတာနဲ့ တင် တော်တော် ရယ်ချင်နေပြီ။ ဟို လွတ်လပ်ရေးမရခင် ခေတ်ကို နောက်ခံထား ရိုက်ထားတဲ့ ရုပ်ရှင်တွေထဲက မြန်မာစကား ကောင်းကောင်းမပြောတတ်တဲ့ နိုင်ငံခြားသားတွေ စကားပြောတာ သွားမြင်နေမိတယ်။ ဒါလည်း သုံးလို့  မဖြစ်ပါဘူး။

ဒါဆို ဘာကျန်သေးလဲ။ "ကျွန်မ" ဆိုတာပဲ ကျန်တော့တယ်။ ဒီ "ကျွန်မ" ဆိုတာ မွေးကထဲက ခုချိန်ထိ ကိုယ့်နဲ့  ဆိုင်တယ် မထင်ခဲ့တဲ့ စကားလုံးကြီး။ စာရေးတာပဲ ဖြစ်ဖြစ်၊ စကားပြောတာပဲ ဖြစ်ဖြစ် တစ်ခါမှ မရေးဘူး၊ မပြောဘူးတဲ့ နာမ်စား။ ဒါပေမယ့်လည်း ကျွှန်မ စဉ်းစားလို့  ရသလောက် ခုချိန်မှာ ဒီနာမ်စားက အသင့်တော်ဆုံး ဖြစ်နေတယ်။ သူများတွေ မြန်မာလိုရေးတဲ့ Blog တွေမှာ အဲ့လိုသုံးရေးတာတွေ၊ စားရေးတာတွေ တွေ့ နေကြ၊ ဖတ်နေကြ ဖြစ်ပေမယ့် ကိုယ်ဟာကိုယ် ရေးမယ်ဆိုတော့ စိတ်ထဲမှာ အီလယ်လယ်ကြီး။ ဒါနဲ့  ကိုယ့်ရဲ့ တိုင်ပင်ဖော်လေးကို မေးကြည့်တော့ သူက "ကျွန်မ" လို့ ပဲ နာမ်စားသုံးရေးပါတဲ့၊ သူကြိုက်တယ်ဆိုတော့ ပြီးပြီပေါ့။ ဟီး...။ ထပ်စဉ်းစားနေစရာ မလိုတော့ဘူး။ "ကျွန်မ" လို့ ပဲ နာမ်းစား သုံးရေးမယ်ဆိုပြီး မြန်မာလို Blog ကို စရေးဖြစ်ခဲ့ပါတယ်။

ကျွန်မရဲ့ မြန်မာလိုရေးတဲ့ Post တွေ စတင်ခါစကဆို သူငယ်ချင်းတွေရဲ့ အားပေးမှုကို တော်တော်လေးခံ လိုက်ရပါသေးတယ်။ ကျန်တာကို ဝေဖန်တာမဟုတ်ပါဘူး။ သူတို့ အတွက် ထူးဆန်းနေတာက ကျွန်မ Blog မှာရေးတဲ့ အသုံးအနုံး တွေကြောင့်ပါ။ ခုတောင် ဒီ Post ကို ဖတ်ပြီး "လုပ်ချလိုက်ပြန်ပြီ" လို့ အနည်းဆုံးတော့ စိတ်ထဲမှာ ပြောမိမှာက တစ်ယောက်၊ တဟီးဟီးရယ်နေ မှာက တစ်ယောက်ရှိ နေမှာကို ကြိုသိနေတယ်။

နည်းနည်း သတိထားမိရင် တွေ့ ကြမှာပါ။ ကျွန်မရဲ့ မြန်မာလို ရေးထားတဲ့ အစ ပိုင်းက Post တွေမှာဆို ကိုယ်ကိုကိုယ် သုံးထားတဲ့ နာမ်စားတွေ အမျိုးမျိုးဖြစ်နေတာကို တွေ့ ကြမှာပါ။ ကျွန်မက ပင်ကိုကလည်း စာအရေးအသားကမကောင်း၊ Blog မှာရေးတာကို စာရေးတယ်လို့ သာခေါ်ချင်ရင်ခေါ်နိုင်ပေမယ့် ကျွန်မက စကားပြောတဲ့ ပုံစံမျိုးနဲ့ သာ ရေးလေ့ရှိတာဆိုတော့ အရေးအသားတွေက နည်းနည်းထောင့်တောင့်တောင့်နဲ့ ။ သူများတွေမပြောပါနဲ့  ကိုယ့်ဟာကိုရေးထားတာ ကိုယ်ပြန်ဖတ်ရတာတောင် ဘဝင်မကျဘူး။ ခုနောက်ပိုင်းတော့ Blog မှာ ရေးရင် အတတ်နိုင်ဆုံး မိန်ကလေး လေသန်နဲ့  ရေးကြည့်နေတယ်။ ဘာရယ်လို့ တော့ မဟုတ်ပါဘူး "ကျွန်မ" လို့ သုံးပြီး "ကျွန်တော်" လို့ သုံးရင်ပြောသလို ရေးနေတော့ ပို အဆင်မပြေဘူထင်လို့ ပါ။

မတော်တစ်ဆပဲ ဖြစ်ဖြစ်၊ သေသေချာချာပဲဖြစ်ဖြစ် ကျွန်မရဲ့ Blog ကို ဖတ်မိကြလို့  စာဖတ်ရတာ အဆင်မပြေတာများရှိ ကြရင် သည်းခံကြပါ။ အရမ်းမဆင်မပြေ ဖြစ်နေတယ်လို့ ထင်ရင်လည်း comment မှာ ရေးထားခဲ့ပေးပါ။ ဘာဝေဖန်မှု့  မျိုးမဆို ရေးထားခဲ့လို့ ရပါတယ်။ ခုတော့ ဒီလောက်ပါပဲ။ တော်သေးပြီ။

July 14, 2006

Happy Birthday My Dear Father

ပျော်ရွှင်ဖွယ်ကောင်းသောမွေးနေ့ ဖြစ်ပါစေ ဖေဖေ။

ဒီနေ့  ဖေဖေ ကျွန်မတို့ တွေကို သာမန်ထက်ပိုပြီး သတိရနေမှာပါ။ ကျွန်မတို့ ကလည်း ဖေဖေကို သတိရနေကြတာပါ။ ဒီနေ့ ဟာ ကျွန်မ့ချစ်သောဖေဖေရဲ့ မြန်မာလိုမွေးနေ့ ပါ။ ဒီနှစ် ဖေဖေရဲ့ မြန်မာလိုမွေးနေ့ က မွေးနေ့ နဲ့  မွေးရက်နဲ့ တိုက်ဆိုင်ပါတယ်။ English လိုမွေးနေ့ ကတော့ပြီးခဲ့တဲ့ Tuesday (11 July) ကပါ။ English လိုမွေးနေ့ နဲ့  မြန်မာလို ဒီနေ့ မွေးနေ့ မှာ မေမေက ရန်ကုန်မှာ ဖေဖေမွေးနေ့ အတွက် ကုသိုလ်ကောင်းမှုတွေ လုပ်ပေးနေသလို၊ ကျွန်မတို့ ကလည်းတတ်နိုင်သမျှ ဖေဖေရဲ့ မွေးနေ့ ကို ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေလုပ်ပေးဖြစ်ပါတယ်။

ဒီနေ့ နံနက်စောစော ဖေဖေ ကျွန်မကို ဖုန်းခေါ်တဲ့အတွက် ဖေဖေကို မွေနေ့ ဆုတောင်းပြောပြီး၊ ဖေဖေ အတွက် ဘာကုသိုလ်ကောင်းမှုတွေ လုပ်ပေးတယ်၊ လုပ်ပေးမယ်ဆိုတဲ့ အကြောင်းပြောဖြစ်လိုက်ပါတယ်။ ဖေဖေက ကျွန်မကို ကျေးဇူးတင်ပါတယ်ပြောပြီး၊ ဆုတောင်းပေးသွားပါတယ်။ ဖေ ဖုန်းခေါ်တဲ့ အတွက် အရမ်း အဆင်ပြေသွားပါတယ်။ မဟုတ်ရင် ကျွန်မရဲ့ထုံစံ အတိုင်း ဖေဖေမွေးနေ့ အထိမ်းအမှတ် ကုသိုလ်ကောင်းမှုလုပ်ပေးဖြစ်ပေမယ့် ဖေဖေစီတော့ Email ပို့ ပြီးပြောဖို့  မေ့နေဦးမှာပါ။ English လိုမွေးနေ့ တုန်းက မေမေက အတန်တန် သတိပေးရဲ့နဲ့  ကျွန်မ ဖေဖေစီ Email ပို့ ဖို့ မေ့သွားခဲ့တယ်လေ။ ဒီနေ့  တော့ ဖေဖေ့ မွေးနေ့ မှာ စကားပြောလိုက်ရတဲ့ အတွက် ဖေဖေလည်းစိတ်ချမ်းသာ၊ ကျွန်မလည်းကြည်နူး ကျေနပ်ရပါတယ်ရှင်။ နောက် အချိန်ရမှပဲ ကျွန်မနဲ့  ကျွန်မ့ဖေဖေအကြောင်းကို ရေးတော့မယ်။ ခုတော့ ဖေဖေအတွက် ဘုရားမှာ ဆုတောင်မေတ္တာပို့ လိုက်ပါအုံးမယ်။

July 13, 2006

Are You Mighty?

Are You Mighty ?
Yes , I am.

Wat!!!
Don't you believe it !
Okie..
Click HERE and you will see how mighty I am..

How about you?
If you want to be mighty, you should try to change my name from the link to your name.

Thank YWN for sharing nice link.

July 11, 2006

Said I Loved You.. But I Lied

THKZ
Said I loved you but I lied
'Cause this is more than love I feel inside
Said I loved you but I was wrong
'Cause love could never ever feel so strong

July 10, 2006

Google (Verb)

The verb google means "to use the Google search engine to obtain information on the Internet." or example, "Mary googled for Wikipedia references." Compare with grep.This new word arose from the tremendous popularity of the Google search engine. The American Dialect Society chose the verb google as the "most useful word of 2002."[citation needed] In July, 2006, the verb 'google' was officially added to the 11th edition of the Merriam-Webster Collegiate Dictionary,[1] as well as to the Oxford English Dictionary.[2]

Source :
Wikipedia

ComfortDelGro Makes Taxi Fare Adjustments

ခုလေးတင် အစ်ကိုတစ်ယောက်နဲ့  chatting လုပ်ရင်း ဒီနေ့ ကစပြီး Taxi ခတွေ ဈေးတက်ပြီလို့  သူက သတင်းပေးပါတယ်။ စိတ်ကြီးရယ် ညစ်ပါရဲ့။ သူကပြောသေးတယ် မကြာမှီ MRT ခတွေ၊ Bus ခတွေပါ တက်ဦးမှာတဲ့ရှင်။ ဒီမှာလည်း အရာရာဟာ ဈေးတက်နေပါလား။ အိပ်ရာထနောက်ကျလို့  မဖြစ်တော့ဘူး။ အရင်ကဆို အိပ်ရာထနောက်ကျလည်း ဘာအရေးလဲ။ Taxi လေး ဖုန်းဆက်ခေါ်ပြီး အလုပ်မှီအောင် သွားလို့ ရသေးတယ်။ အလုပ်နဲ့ ခုနေတဲ့အိမ်ကဝေးတော့ အရင်ဈေးနဲ့ တောင် အနည်းဆုံး ၁၂၊ ၁၃ လောက်ပေးရတာ။ ခုဈေးနဲ့ သာဆို အလုပ်ကို Taxi နဲ့ သွားတဲ့နေ့  ဘာမှမစားပဲနေရမလိုဖြစ်နေမယ်။ စောစောအိပ်ပြီး၊ စောစောထနိုင်အောင်ပြန်ကျင့်မှ ဖြစ်တော့မယ်။ နောက်ပြီး ဘယ်သွားသွား အိမ်က အချိန်နီးမှ ကပ်ထွက်ပြီး Taxi နဲ့ သွားလေ့ရှိတဲ့ အကျင့်ကိုလည်း ပြင်မှ ဖြစ်တော့မယ်။ ဒါမှမဟုတ် ကုန်းဈေးနှုန်းတက်တာနဲ့  အပြိုင် ဝင်ငွေတိုးလာအောင်ပဲလုပ်ရင် ကောင်းမလား။ ငွေကို ရှိတိုင်းသုံးပြစ်တတ်တဲ့ အကျင့်ဆိုးတွေကိုလည်းပြင်၊ ဝင်ငွေလည်းတိုးအောင်လုပ်၊ နှစ်ခုလုံးလုပ်မှ ဝင်ငွေနဲ့  ထွက်ငွေ မျှတရုံလောက်ဖြစ်မှာ။

ဟိုနေ့ ကတင် အလုပ်မှာ Manager ကတောင်ငြီးနေတယ်။ မီတာခ တွေတက်လို့ တဲ့လေ။ အကုန် တက်နေတာပဲ၊ ခုအာဏာရနေတဲ့ အစိုးရကို မကြိုက်ဘူးတဲ့။ ဈေးတွေတက်လို့ တဲ့လေ။ ပြီးတော့ မေးသေးတယ် နင်တို့ တိုင်းပြည်မှာရော ဒီလိုပဲ ဈေးတွေတက်လား။ နင်တို့ ရော နင်တို့ ရဲ့လက်ရှိအစိုးရကိုကြိုက်လား တဲ့။ ဟီးးးးးး.... ဘယ်လိုပြန်ဖြေရမလည်း မသိဘူးဖြစ်သွားသေးတယ်။ သူကဆက်ပြောပါတယ် ဘယ်နိုင်ငံက ဘယ်လူမျိုးကမှ လက်ရှိအာဏာရနေတဲ့ အစိုးရတွေကိုကြိုက်မှာ မဟုတ်ဘူးလို့  သူထင်ပါတယ်တဲ့။ သူဟာသူမေး သူဟာသူဖြေသွားတော့ ကို ဖြေစရာ မလိုတော့ဘူပေါ့။ ဒါပဲကောင်းပါတယ်။

ဒါတွေထားပါတော့လေ။ ကိုယ်အကြောင်းကိုယ်တွေးရရင်
၁။ စောစောအိပ်၊ စောစောထ၊ အလုပ်ကို Taxi နဲ့  မသွားရအောင်ကြိုးစားမှ
၂။ ချိန်းထားတာရှိလို့  အပြင်သွားရမယ်ဆို၊ စောစောစီးစီး ပြင်ဆင်မှ
၃။ အလုပ်သွားရင် အိမ်မှာ မီ်း၊ Aircon ကိုသေသေချာချာ ဂရုတစိုက် ပိတ်မှ
၎။ အိမ်ကို HandPhone ကနေ့  တိုက်ရိုက်ဖုန်းမခေါ်မိအောင်နေရမယ်။ ဖုန်းကတ်နဲ့ ဆို ရန်ကုန်ကိုဖုန်းခေါ်ရတာ တော်တော်နဲ့ မရတော့ စိတ်ကမရှည်ဖြစ်လာပြီး တိုက်ရိုက်ပဲ ခေါ်မိနေတယ်။ ခုတော့ စိတ်ရှည်မှဖြစ်တော့မယ်
နောက်ဘာတွေချွေတာရဦမလဲ မသိဘူး။ ဟင်းးးးးး အတတ်နိုင်ဆုံး အထက်ကအချက်တွေတော့ ကြိုးစားလုပ်မှဖြစ်မယ်။ မဟုတ်ရင်တော့ ရသမျှလခ ဘာမှမသုံးလိုက်ရပဲ ကုန်သွားနိုင်တယ်။

Source : CityCub

The flag down fare of ComfortDelGro's fleet of taxis - Comfort, CityCab and Yellow-Top - will be raised by 10 cents to $2.50 with effect from 6am, 10 July 2006.

2006 World Cup Champion - ITALY

ဒီနေ့ 2006 World Cup , Final ပြင်သစ် နဲ့ အီတလီ ပွဲမှာ အီတလီ အနိုင်ရပြီး ဗိုလ်စွဲသွားတဲ့ အတွက် အိပ်ပျက်ခံ ကြည့်ရတာ တန်သွားတယ် ။ မဟုတ်လို့ အီတလီသာရှုံးခဲ့ရင် တနုံနုံနဲ အိပ်ပျော်တော့မှာ မဟုတ်ဘူး ။ အားကစား စိတ်ဓာတ်မရှိဘူးပဲပြောပြော ကိုယ်အားပေးတဲ့အသင်းနိုင်ရင် အရမ်းမပျော်ပေမဲ့ ရှုံးရင်တော့ နေလိုထိုင်လို့ ကိုမကောင်းချင်တော့ဘူး။ ပြီးတော့ ရှုံးတဲ့သူတွေ ကိုကြည့်ရတာ၊ သူတို့ ဝမ်းနည်းနေတာကို မြင်ရတာလည်း စိတ်မကောင်ဖြစ်မိတယ်။ ကိုယ့်အကြောင်းကိုသိလို့ ဘောလုံးပွဲကြည့်ရတာ အရမ်းကြိုက်ပေမယ့် မကြည့်ပဲနေတာ အတော်ကြာပါပြီ။ ပြီးခဲ့တဲ့ 2002 World Cup တုန်ုးကလည်း အဲ့ဒီအချိန်က ကိုယ်ရှိနေတဲ့ နိုင်ငံက ပွဲစဉ်တွေကြည့်ဖို့  အချိန်ရော အခြေအနေရော အားလုံးကောင်းနေပေမယ့် လုံးဝမကြည့်ဖြစ်ခဲ့ဘူး။ ဘောလုံးပွဲလာလို့  သူငယ်ချင်းတွေကြည့်နေပြီဆို ကိုယ့်အခန်းထဲမှာပဲနေပြီး စာဖတ်နေခဲ့တာ။ ပွဲပြီးမှ ဘယ်သူနိုင်လဲ မေးခဲ့တာပါ။ တစ်ပွဲမှကို မကြည့်ပဲနေခဲ့ပါဘူး။ ကြောင်တယ်ပဲပြောမလား။ အိမ်ကိုဖုန်းဆက်တော့ မေမေကမေးခဲ့တယ်။ ငါ့သမီး စာမကြည့်ပဲ ဘောလုံးပွဲပဲကြည့်နေသလားတဲ့။ ကျွန်မက လုံးဝ မကြည့်ုဖြစ်ဘူးပြောတော့ မေမေတောင် တော်တော်အံ့သြော သွားခဲ့တာ အမှတ်ရ မိတယ်။ ဟုတ်ရဲ့လားတဲ့။ မေမေမယုံတာလည်း မဆန်းပါဘူး။ ကျွန်မကလည်း ရန်ကုန်မှာတုန်းကဆို TV ကကြည့်လို့ ရသမျှ ဘောလုံးပွဲတွေကို တစ်ပွဲမှ မလွတ်အောင်ကြည့်ခဲ့တာကို။ ခု 2006 World Cup မှာလည်း အိမ်ကိုဖုန်းဆက်တော့  မေမေက အသေအချာမှာပါတယ်။ ဘောလုံးပွဲတွေကြီးပဲ အိပ်ရေးပျက်ခံကြည့်မနေနဲ့ တဲ့။ အိပ်ရေးပျက်ရင် အလုပ်မှာ အဆင်မပြေလို့ ကြည့်လဲ ခဏပဲ ပွဲပြီးအောင်မကြည့်ဖြစ်ဘူး ပြောတာကို မယုံမကြည်နဲ့ ပါ။ ဟိုနေ့ က ဖေဖေ နဲ့ ဖုန်းပြောဖြစ်တော့ ဖေဖေက လည်းမေးသေးတယ်။ သမီး နေကောင်းရဲ့လားတဲ့။ ကောင်းပါတယ်၊ ဘာလို့ မေးတာလဲပြန်မေးကြည့်တော့ ဘောလုံးပွဲတွေကြည့်၊ အိပ်ရေးတွေပျက်၊ အလုပ်မှာပင်ပန်းနဲ့  ငါ့သမီးနေမကောင်းမှာ စိုးရိမ်နေတာတဲ့လေ။ တကယ်ပါ ဒီ 2006 World Cup မှာ ဒီ နောက်ဆုံးဗိုလ်လုပွဲတစ်ပွဲကိုပဲ ပွဲစ မှ ပွဲဆုံးတဲ့အထိ အစအဆုံး ပြီးအောင်ကြည့်ဖြစ်တာပါရှင်။ ခု လည်းခဏလောက်ပြန်အိပ်ဦးမှ၊ အလုပ်သွားရဦးမယ်လေ။ စိတ်ချမ်းသာစွာနဲ့  ရတဲ့ အချိန်လေး အိပ်လိုက်ပါဦးမယ်။

Full Moon day of Waso

Full Moon Day of Waso (beginning of Buddhist Lent)

Waso, the fourth month in Myanmar calendar falls between June and July which is partially summer and partially rainy seasons. The full-moon day of Waso is very significant, because this is the day Buddha was conceived, the day that He renounced the worldly pleasure , and the very day that He preached the first sermon of Dhamma Cakka and the day that He performed the miracles of super natural powers. The day also marks the beginning of the Buddhist lent of three months when members of Sangha go into the rains retreat. A significant and meritorious deed of Buddhists in Waso is offering robes to members of the Sangha for use during the lent, and so these robes are called Waso robes. Moreover, there is a practice of young men and women going on outings of gathering flowers to be offered at Buddha images at pagodas and at homes.

Source

ဒီနေ့  ဝါဆိုလပြည့်နေ့ 
ကျွန်မ ဒီနေ့ ကဝါဆိုလပြည့်နေ့ ဆိုတာကို ညနေစောင်းမှ သိတာပါ။ ဘာ ကုသိုလ်ကောင်းမှုမှထူးထူးခြားခြားမလုပ်ဖြစ်ပါဘူး။ ဒီနေ့  Sunday ဖြစ်ပေမယ့် တစ်နေ့ လုံး ကျွန်မ အလုပ်ရှုပ်နေခဲ့ပါတယ်။ ပုံမှန်ဆို Sunday ဆို ကျွှန်မ အနားယူလေ့ရှိပါတယ်။ အပြင်မသွားပဲ အိမ်မှာပဲ နေလေ့ရှိတယ်။ အပြင်ထွက်ရင် ပင်ပန်းလို့ ပါ။ နောက်နေ့  Monday ဆို အလုပ်ကလည်း ပြန်သွားရတော့မှာလေ။ အိမ်မှာနေ၊ အဝတ်လျှော်၊ ရှင်းစရာရှိတာတွေရှင်း၊ ဖုန်းပြော၊ စာဖတ် ဒါပဲလုပ်လေ့ရှိပါတယ်။ အိပ်ရာကလည်း စောစောထလေ့မရှိပါဘူး။

ဒါပေမယ့် ဒီနေ့ တော့ စောစောထရပါတယ်။ ဖေဖေ အတွက် visa လျှောက်ဖို့  လိုတဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်ဖို့ ၊ ဓာတ်ပုံ Scan ကူးဖို့ ပါ။ မနက်ဖြန်မှာ လျှောက်လွှာသွားတင်ဖို့ ပါ။ ဒီနေ့ တစ်နေ့ လုံးက အားမှာမဟုတ်လို့ စောစောထလုပ်ရတာပါ။ မနေ့ က သူငယ်ချင်းတစ်ယောက်ရဲ့ ညီမ ဒီကိုရောက်ပါတယ်။ တစ်နေ့  ညနေ (Friday) က ကျွန်မ့ သူငယ်ချင်းက ဖုန်းဆက်ပြီး၊ သွားကြိုပေးပါ၊ လိုတာတွေ လုပ်ပေးလိုက်ပါဆိုတာနဲ့  မနေ့ ညနေက လေယာဉ်ကွင်းမှာ ကျွန်မ သွားကြိုပေးရပါသေးတယ်။ သူက မနေ့ ညကတော့ သူ့  သူငယ်ချင်းရဲ့ အစ်မတွေ အိမ်မှာ ခဏနေမယ်ဆိုလို့  အဲ့ဒီအိမ်ကို လိုက်ပို့ ပေးခဲ့ရတယ်လေ။ အဲ့ဒီအိမ်မှာ ကြာကြာနေရမှာ အားနာတဲ့ အတွက် ဒီနေ့ သူနေဖို့  အိမ်လိုက်ရှာပေးပါဆိုလို့  သွားရှာပေးရတာပါ။ ခုဏကမှ အိမ်ပြန်ရောက်ပါတယ်။ ည ၁၀နာရီလောက်ရှိနေပါပြီ။ လူလည်း နေမကောင်းချင် သလိုဖြစ်နေပါပြီ။ ဒီနေ့ တစ်နေ့ လုံးမိုးတွေရွာနေတော့ မိုးရွာထဲ အိမ်ခန်းတွေလိုက်ကြည့် ခဲ့ရတယ်လေ။ ကျွှန်မက မိုးမိခံလို့  မဖြစ်ပါဘူး။ မိုးမိလိုက်တာနဲ့ ဟိုနား နာသလိုလို ဒီနား နာလိုလို ဖြစ်တတ်ပါတယ်။ စိတ်ပူစရာတော့ မရှိပါဘူး။ ကျွန်မက တော်ရုံဆို ဖျားလေ့ မရှိပါဘူး။ ကိုတွေပူပြီး ဆေးခန်း သွားရလောက်အောင်ဖျား ခဲပါတယ်။ နေလို့ မကောင်း သလိုလိုကတော့ ခဏ ခဏ ဖြစ်တယ်။ အလုပ်က ခွင့်ယူရလောက်အောင်ကို တစ်ခါမှ မဖျား ဘူးပါဘူး။ ထုံးစံအတိုင်း ရေးနေရင်းက တောင်ရောက်လိုက် မြောက်ရောက်လိုက် ဖြစ်နေပြန်ပါပြီ။

ကဲ လူလည်း ပင်းပန်းနေပြီ၊ အနားလည်းယူသင့်ပြီ၊ မနက်ကြ အလုပ်သွားရဦးမယ်လေ။ နောက် အချိန်ရမှပဲ အိမ်ရှာတဲ့ အတွေ့ အကြုံလေး အမှတ်တရရေးရဦးမယ်။
ခုတော့ ဒီနေ့ တွေကြုံ ခဲ့ရတဲ့ ထဲက အတိုချုပ်မှတ်ထားရရင်
၁။ အိမ်ခန်း တစ်ခန်းကို ဒီမှာ ချက်ချင်းရဖို့ ဆိုတာ တော်တော်ကို မလွယ်ပါဘူး
၂။ တစ်ချို့ လူတွေက တော်တော်လေးကို စကားများပါလား (တစ်ခါမှ မတွေဘူး၊ မကြုံဘူးပဲနဲ့  အခန်းငှါးဖို့  ဖုန်းဆက်လိုက်တာ၊ ၁၀ မိနစ်လောက် မရပ်မနား စကားပြောသွားတာပါ။ ကျွှန်မမှာ သူပြောတာ နားထောင်ပြီး တော်တော်မော သွားရပါတယ်)
၃။ တစ်ချို့ လူတွေ တော်တော်အကြွားသန်ပါလား။
၎။ တစ်ချို့ လူတွေ က တော်တော်ကို အမြတ်ကြီးစား၊ မသိတဲ့ သူကိုဆို ခေါင်းပုံဖြတ်ဖို့  ဝန်မလေးပါလား။ ( ကျွန်မက မနေ့ ကမှရောက်တာ အခန်းလိုချင်လို လို့ ပြောလိုက်တာကို၊ ညာလိုကလည်း မဖြစ်ဘူလေ၊ အိမ်ငှါးရင် Passport နဲ့ Visa ကော်ပီကူးပေးရတာလေ။ အဲဒီ နေမယ့် ကောင်မလေးမှာက ကျောင်းသားကတ်က လုပ်မှ မလုပ်ရသေးတာ။ နောက် တော့မှ ကျွန်မက ဒီနိုင်ငံမှာ နေတာကြာပြီမှန်း သိတော့မှ စကားပြောတဲ့ လေသံတွေက ပြောင်းကုန်ကြတာ။)
၅။ နောက်ဆို ကျွန်မလည်း တစ်ခုခုလုပ်ရတော့မယ်ဆို၊ မလုပ်ခင် အစစ အရာရာ ကြိုတင်ပြင်ဆင်ထား ဖြစ်တော့မယ်။ ခုရေးတွင်းတူး၊ ခုရေကြည်သောက်ဖို့ ဆိုတာမဖြစ်နိုင်ပါဘူးလေ။

ဒီလောက်ပါပဲ။ ရေးချင်တာတွေတော့ ရှိသေးတယ်။ ဒါပေမယ့် မရေးတော့ပါဘူး။
ဖေဖေ အတွက် Visa ကို online ကတင်ပြီးရင် အိပ်တော့မယ်။ ကောင်းသောညပါ။

July 07, 2006

J-Entercom - Kiss

ဒါ ကိုရီးယားသီချင်းလေးတစ်ပုဒ်ပါ ။ Mg Albert ရဲ့  Blogမှာတွေလို့  သဘောကျတာနဲ့  သူ့ စီကကူးယူခွင့်တောင်းပြီး ဒီမှာလာရေးထားလိုက်တာပါ ။ English လိုဘာဘာပြန်ထားတဲ့ Lyrics ကိုပဲကူးထားပါတယ် ။ ကိုရီးယား Lyrics ကိုတော့နားမလည်လို့ မကူးတော့ ပါဘူး ။

I just cant understand the hearts of men
They tell you they want you and then they leave you
This is the first time, you're special
I believed those words and I was so happy
You should have told me you didn't like me any more
But I couldn't see that and you just rushed me
Although I will curse you I'll still miss you
Since I am a girl, to whom love is everything
I heard that if you give up things too easily
To a man, he will get bored with you
I don't think this is wrong
A girl says that she will never be fooled again
But she will fall in love again
You should have told me you didn't like me any more
But I couldn't see that and you just rushed me
Although I will curse you I'll still miss you
Since I am a girl, to whom love is everything
Hey babe
The pain
It's not enough to describe how i feel
We were so happy together
But I know now
I've been blind
You told me that you'd never let me down
Whenever I needed you you'd always be here
I can forgive but I cant forget
Even though you hurt me
I still love you
I still love you
Don't take advantage of a girl's willingness to do anything for love
And her caring instinct
I didn't know that to be born as a girl and to be loved was so hard
Although i will curse you i'll still miss you
Since i am a girl, to whom love is everything
Although i will curse you i'll still miss you
Since i am a girl, to whom love is everything

July 06, 2006

Company Update Meeting

ဒီနေ့  မနက် အလုပ်ရောက်တာနဲ့  Company Update Meeting ရှိတယ်ဆိုပြီး Meeting Room ထဲကိုတန်းဝင်ရပါတယ် ။ Company Update Meeting ဆိုလို့ ဘာများလည်းလို့  စဉ်းစားလိုက်ရတာ ။ ဒီ Company မှာ ဒီလို Meeting ခေါ်တာ တစ်ခါမှ မကြားဘူးလို့ ပါ ။ Company ရဲ့ Structure ကိုဘယ်က ဘယ်လိုပြောင်းလဲလိုက်တယ်ဆိုတဲ့ အကြောင်းရှင်းပြတာကြီးဖြစ်နေပါလား ။ အင်း .. ရှင်းပြတာတွေအရတော့  အသစ်ပြောင်းသွားတဲ့ ပုံစံက တော်တော်ကောင်းပါတယ် ။ Porgramming စိတ်ဝင်းစားတဲ့ သူတွေအတွက် Project Development (Custom and InHouse) မှာ လုပ်မလား ၊ Positions ကတော့ အမျိုးမျိုးပေါ့ ။ Customer နဲ့ တိုက်ရိုက်ထိတွေ့ ရတာ စိတ်ဝင်းစားတဲ့ သူတွေ အတွက် Business Management ပိုင်းမှာလုပ်မလား ၊ Technical ပိုင်း အားသန်တဲ့ သူတွေအတွက် Technical Analyst ပိုင်းလုပ်မှာ လုပ်ချင်လား ။ စုံနေတာပါပဲ ။ ကိုယ်စိတ်ဝင်စားရာပေါ် မူတည်ပြီး ရာထူးတက်ဖို့ အခွင့်အလမ်းတွေ အများကြီးရှိတယ်ပေါ့  ။ လူဆိုတာ ကိုစိတ်ဝင်စားတာကို လုပ်ရမှ ပျော်မှာ ၊ တိုးတက်အောင် ကြိုးစားချင်စိတ်ရှိမှာ ဖြစ်တဲ့ အတွက် .. ဒီလို ဒီလိုတွေပြောင်းလည်း လိုက်ရတာဖြစ်ပါသည်ပေါ့ ။ အင်း.... အပြောကတော့ တကယ်ကောင်းတယ် ။ ဒါပေမယ့် သူတို့ လုပ်ဖို့ လိုနေတဲ့ အဓိကဟာကို အရင်မလုပ်ဘူး ။ ဘယ်လိုလူမျိုးက လခ မှန်မှန် မရတဲ့ အလုပ်မှာ စွဲစွဲမြဲမြဲ ကြိုးကြိုးစားစား တက်တက်ကြွကြွ လုပ်ချင်ကြပါ့ မလဲ ။ ခုတော့  မရောင်ရာဆီလူး ဆိုတဲ့ အတိုင်း လိုနေတာတွေ အရင်မလုပ် ၊ မလိုသေးတဲ့နေရာကို လာ ဆီလူးပေးပြီး မျှော်လင့်ချက်တွေ ပေးနေသလိုဖြစ်နေတယ် ။ ရာထူး အသစ်တွေ ၊ နေရာ အသစ်တွေ ဖန်တီးပြီး ဒီနေရာတွေရချင်ရင် နင်တို့ ကြိုးစားကြ လာလုပ်နေတယ် ။ တစ်ခုရှိသေးတယ် ရာထူးတွေသာပြောတာ လခတွေအကြောင်းတော့ လုံးဝမပြောသွားဘူး ။ ဒီကလူတွေကို ငတုံး ၊ ငအ တွေများ ထင်နေလားမသိပါဘူးရှင် ။ ဒါတွေပြောနေမယ့် အစား လခ မှန်မှန်လေးပေး ၊ ၆ လတစ်ခါ Performance Review လေးလုပ် ။ တော်တဲ့သူ ၊ ကြိုးစားတဲ့သူကို သူနဲ့ ထိုက်သင့်တဲ့ လခတိုးပေး ၊ ရာထူးတိုးပေး လုပ်ပါလား ။ ခုတော့ အလိုအလျောက် လခတိုးပေးတယ်ဆိုတာ တစ်ခါမှ မကြားဘူး ပါဘူး ။ အလုပ်က ထွက်စာတင်တဲ့ သူတွေမှပဲ လခတိုးပေးပါ့မယ် လုပ်တော့တယ် ။ ရှိသေးတယ် လကုန်ပြီဆို တစ်လစာ Time Log တင်ခိုင်းပါပြီ ။ တစ်လလုံး ဘယ်နေ့ တွေ မှာ ဘယ်နှစ်နာရီ ဘာတွေလုပ်ပါတယ် ၊ ဘယ်နေ့ တွေက ခွင့်ယူပါတယ် ဆိုတာတွေကို သူတို့ သတ်မှတ်ထားတဲ့ ပုံစံမှာဖြည့်  Project Manager ကိုပေး ၊ Project Manager ကလက်မှတ်ထိုးပြီးရင် HR ကိုပေးရပါတယ် ။ ဘယ်လောက်ကြီးပဲ အချိန်ပိုတွေလုပ်ထားပါစေ ၊ Sunday တွေ Public Holiday တွေမှာလုပ်ထားပါဦး လခကတော့ ဘယ်တော့မှ ပိုမရပါဘူး ။ Medical Ceftificate (MC) မပြပဲ ခွင့်ယူထားရင်တော့ လခက ဖြတ်ပါတယ် ။ MC ပြပြီးခွင့်ယူထားရင် အမှန်ဆို ဆေးဖိုးကျသင့်ငွေကို Company က ပြန်ပေးရမှာပါ ။ ဒီ Company မှာတော့ တစ်ခါမှ ပြန်မရဘူးသေးပါဘူး ။ အလုပ်နဲ့  Customer တွေစီသွားရ ရင် Taxi နဲ့ သွားရပါတယ် ။ အချိန်ကုန်မှာဆိုးလို့ Taxi စီးခိုင်းပါတယ် ။ ကျသင့်ငွေကို ကိုယ့် ပိုက်ဆံနဲ့ အရင်ပေးထားရတာပေါ့ ။ လကုန်ရင် Slips တွေတင်ရတယ် ။ နောက်လ လခထုတ်ရင် အဲ့ဒီငွေတွေ ပြန်ရ ရမှာပါ ။ ဒါပေမယ့် လည်း ခုထိတော့ တစ်ခါမှ ပြန်မရသေးပါဘူး ။ တစ်ချို့ ဆို အလုပ်သာထွက်သွားရော ရစရာရှိတာတွေ အကုန်ရ မသွားပါဘူး ။ ဘယ်တော့ပေးမှာလည်းမေးတော့ သူတို့ ခုချိန်မှာ လခ မဟုတ်တဲ့ တစ်ခြားပေးစရာတွေကို Processing မလုပ်သေးပါဘူး ။ Processing လုပ်ရင် ပေးပါမယ်တဲ့ ။ ဘယ်တော့ Processing လုပ်မှာလည်းဆိုတော့ မသိသေးပါဘူးတဲ့ရှင် ။ ဒီလို အခြေအနေတွေရှိနေတာတဲ့ဟာကို အပိုတွေလာပြောနေလို့ စိတ်ထဲကသိကအောင့် ဖြစ်မိတာပါ ။ ကျွန်မလေ ပြောလိုက်ချင်တယ် "တကယ်လိုအပ်နေတာတွေလုပ်ကြပါ ။ Paper ထဲကဟာတွေ Paper ထဲမှာချိန်းတဲ့ အလုပ်တွေ လုပ်မနေကြပါနဲ့ " လို့ ။ အခုတော့ ပြောလို့ မဖြစ်သေးဘူး ။ တော်ကြာ ရစရာရှိတဲ့ လခလေးမရ ဖြစ်သွားဦးမယ် ။ ထွက်စာတင်ပြီးမှ ပြောဖြစ်အောင် ပြောလိုက်မယ် ။

July 05, 2006

Fourth of July - 2006

ဒီနေ့ ဟာ အမေရိကန်ပြည်ထောင်စုရဲ့ လွတ်လပ်ရေးနေ့ ပါ ။ အဲ့ဒီကလူတွေအတွက်တော့ အလုပ် လုပ်ဖို့ မလို ရှားရှားပါးပါးနားခွင့်ရတဲ့ အားလပ်ရက်လေးတစ်ရက်ဖြစ်မှာပါ ။ ကျွန်မကအတွက်တော့

ဒီနေ့  ထုံးစံအတိုင်း အလုပ် သွားရတယ်.
ဒီနေ့  အလုပ်ကိုအသွား လမ်းမှာ အိမ်ကိုဖုန်းခေါ်ဖြစ်တယ်
ဒီနေ့  လူတွေလိုက်နာရမယ့် ကျင်ဝတ်ကိုမလိုက်နာတဲ့ ၊ မသိတတ်တဲ့ သူတွေကြောင့် စိတ်တိုရတယ်
ဒီနေ့  သူငယ်ချင်းတစ်ယောက်က မမျှော်လင့်ထားတဲ့ ဝေဖန်မှု့ မျိုးနဲ့ ဝေဖန်တယ်
ဒီနေ့  အီတလီက ဂျာမဏီကို ၂း ၀ နဲ့ နိုင်တယ်
ဒီနေ့  သူနေမကောင်းဖြစ်နေတယ် (သူမြန်မြန်နေကောင်းပါစေ)

July 03, 2006

Java Interview Questions and Answers

ဒီနေ့ အချိန်လေးနည်းနည်းရတာနဲ့ Java Interview Questions and Answers လေးတွေလိုက်ရှာ ကြည့်တာ တော်တော်များများတွေ့ ရပါတယ် ။ ကျွန်မ ဖတ်ကြည့်မိသလောက်တော့ တော်တော်လေးကို သဘောကျမိတယ် ။ အလုပ် Interview အတွက်မှ မဟုတ်ပါဘူး Java အကြောင်းကို ပိုသိချင်တဲ့သူတွေအတွက်လည်း အသုံးဝင်မှာပါ ။ တစ်ချို site တွေမှာ java တင်မက ဘူး တစ်ခြား programming တွေအတွက်ပါ Interview Question and Answer တွေရှိပါတယ် ။

1. Java Interview Question - Srcsinc
2. All App Lab (Java , Ant, Struts, EJB , Hibernate and More..)
3. JavaCamp (Java and Java Related Programmings)
4. Secrets Of The Masters: Core Java Interview Questions
5. IT Top Interview Questions (Java, J2SE, J2EE, J2ME , And other Porgrammings)
6. Geek Interviews ( Java and Other Programmings )
7. IndicThreds (Java, J2EE Portal)
8. Java Galaxy
9. Rose India (Core Java and Other Programmings)
10. Java Certificate Interview Question
11. Clean Interview (Java, JSP, EJB and other Programmings)
12. Java, JSP, Servlets, J2EE Interview Question - Agrish
13. Think Java (Java, Struts, EJB) Interview Question
14. Smart Data Processing
15 . Java Question - Tripod

July 02, 2006

Getting Crazy

အစဉ်မပြေဘူး။ ခေါင်းရှုပ် နေ တယ်။
ဘာလို့ လဲလို့ မမေးပါနဲ့ ။ မေးစရာမလို သလို ၊ အားပေးစရာလည်း မလိုဘူး....

July 01, 2006

Without You

I Am Nothing Without THKZI AM NOTHING WITHOUT YOU

All my soul needs

Is all your love to cover me
So all the world will see that I have nothing
But I love you
With all my heart
With all my soul
With all my MIND
And all the strength that I can find

And all my soul needs
And all your love to cover me
So all the world can see I have nothing

Take my time on this Earth
Let it glorify all that you are worth
I am nothing, I am nothing, without you

စဉ်းစားပါဦး


Powered by Castpost
စဉ်းစားပါဦး - စိုင်းထီးဆိုင်
.................
တစ်ခါငိုရရင် ၊ တစ်ခါမကပြုံးခဲ့ဘူးတာလည်း မမေ့လိုက်နဲ့ ဦး
................
လူဆိုတာ ကိုယ့် အကြောင်းနဲ့ ကိုယ် ၊ နေရာတိုင်း တစ်ယောက်အကြိုက် မလိုက်နိုင်ဘူး
................
မလွယ်တာတွေ့ ရင် ပိုခက်တဲ့တစ်ခြားဘဝတွေကို ငဲ့ကြည့်ပါဦး
.................
လူဆိုတာ ကိုယ်စွမ်းသလောက်သာ ၊ အရာရာတိုင်းတော့ လုပ်မပေးနိုင်ဘူး

June 30, 2006

29-06-2006

စိတ်ကုန်တယ်.. တကယ်ပါပဲ.. အိမ်ပြန်ခါနီး Email လေးကြည့်လိုက်အုံးမှဆို ပြီးကြည့်လိုက်တာ.. စိတ်ကိုပျက်သွားတာပဲ။ ..ထင်တော့ ထင်နေတယ်.. လခမှန်နေတာ ၂ လ ရှိနေပြီဆိုတော့ ဘယ်တော့များ ထ ဖောက်မလည်းလို..။ခုတော့ဗျာ.. မနက်ဖြန်ရောက်ရင် လခ လေးရတော့မယ်ဆိုပြီး ဝမ်းသာနေတာလေးတော့ ပျက်သွားပါပြီ... ။ CEO က Email ပို့ တယ် လခ နောက်ကြမယ်တဲ့... လကုန်ရက်မှာ လခမရ တာလောက်စိတ်ကုန်တာမရှိဘူး။ တစ်လ လုံးပင်ပင်ပန်းပန်း အလုပ်လုပ်ထားရတာ လကုန်တာနဲ့ ချက်ချင်း လခရမှကြိုက်တယ်...တော်ပြီ .. အလုပ်ပြောင်းရင်ကောင်းမလား မတင်မကျ ဆုံးဖြတ်ရခက်နေတာကို ခုတော့အတည်ပြုလိုက်တော့မယ်.. စောင့်နေတာလေး တစ်ခု သိရပြီးရင်တော့ အလုပ်ထွက်စာတင်တော့မယ်.. ထွက်စာတင်ပြီးရင်တောင် ဒီမှာ ၂ လဆက်လုပ်ရအုံးမှာ.. အနည်းဆုံး ဒီမှာ ၃လလောက်တော့ ဆက်လုပ်ရအုံးမှာပဲ..

စိတ်ရှုပ်တယ်.. စိတ်ရှုပ်တယ်..

June 29, 2006

I Am So Talkative

သူကပြောတယ်.. ငါကတော်တော်စကားများတယ်တဲ့...တကယ်ပဲလား...
စကားမပြောပဲနေုပြန်ရင်လည်း စိတ် ကြီးပဲလို့ ပြောအုံးမယ်...
ငါကပဲ တစ်ခုခုဆို အထိန်းအချုပ်မရှိ တရားလွန် ဖြစ်နေတာလား...
စကားပြောရင်လည်း အလွန်ပြော..မပြောရင်လည်း တေမိ လုပ်နေသလိုဖြစ်နေတယ်နဲ့ တူတယ်..

သူပြောတာ ဟုတ်မှာပါ..
ငါ့ကိုယ်ငါလည်း သတိထားမိလာတယ်...
ငါကလည်း စိတ်ထဲရင်းနှီးရင် စကားပြောလိုရတယ်.. ပြောစရာစကားတွေ အလိုလိုရှိလာတယ်..
မဟုတ်ရင် ဘာစကားမှ ထွက်မလာဘူး.. "အ" နေတဲ့သူလိုပဲ.
ဒါမကောင်းဘူး လို့  သူကပြောတယ်..။ အင်း.... မေမေကလည်း ပြောဘူးပါတယ်..
ဟုတ်တယ် တော်တော်မကောင်းတဲ့ အကျင့်ကြီးပဲ..
အစက ငါ ဒီလောက် သတိမထားမိဘူး..
ငါမှာက သူငယ်ချင်း အပေါင်းအသင်း ကလည်းနည်းတာကို..
ရှိတဲ့ ငါ့သူငယ်ချင်းဆိုတဲ့ ဟာတွေကလည်း ငါ့စိတ်ထဲရင်းနှီးလို့  သူငယ်ချင်းဖြစ်လာသူတွေကြီးပဲကို..
သူတို့ တွေနဲ့ တော့ ငါမှာပြောစရာက အမြဲရှိနေတော့.. ငါ့ ကိုယ်ငါ သတိမထားမိတာ ဘာဆန်းသလဲ။

အရင်ကတော့ မရင်းနှီးရင်စကား မပြောပဲနေတာ အကြောင်းမဟုတ်ပေမယ့်
ခုတော့ မနေသင့်တော့ဘူတဲ့ ၊ လူမှုရေးဆိုတာကြီးကရှိတယ်လို့ ပြောတယ်..
လူဆိုတာ ရင်းနှီးတဲ့ သူတွေနဲ့ မှ စကားပြောမယ်..အပေါင်းအသင်းလုပ်မယ်ဆိုတာ မဖြစ်နိုင်ဘူး ..
ပတ်ဝန်းကျင်နဲ့  လိုက်လျှောညီထွေနေတက်ရမယ်. စကားပြောတတ်ရမယ်..ပေါင်းတတ်သင်းတတ်ရမယ်...
အို... စုံနေတာပါပဲ.. သူပြောတာတွေ မ မှားဘူး ။ အမှန်တောင် လွန်နေသေးတယ်...
ငါဟာ တကယ်ပဲ ပြောသင့်တဲ့နေရာမှာ မပြောပဲ..
တစ်ခါတစ်လေတော့ (မပြောသင့်တဲ့နေရာမှာ) အရမ်းစကားများတဲ့သူ ဖြစ်နေတာပဲ..

အင်း...ဒါတွေကြောင့်လည်း ငါမှာ အပေါင်းအသင်း မများတာ.. ဘာမှမဆန်းပါဘူး..

တစ်ခုစဉ်းစားမိတယ်..
လူတစ်ယောက်နဲ့ တစ်ယောက် စတွေ့ ကြတယ်.. တစ်ယောက်က စကား မပြောပဲ တေမိလုပ်နေရင်..
တစ်ခွန်းမေး တစ်ခွန်းဖြေလုပ်နေရင်..သူတို့ နှစ်ယောက်.. အပေါင်းအသင်းဖြစ်နိုင်ပါ့ မလား။
အရမ်းကို ခက်ခဲပါမယ်...လူတွေပဲလေ..
ကိုယ်က ဖော်ဖော်ရွေရွေ စကားပြောပါလျှက်.. ဟိုဘက်က တုံန့် ပြန်ပုံက တစ်မျိုးဆို.. ဘယ်လိုနေမလဲ။..
ဆက်ပြီးစကားပြောချင်ပ မလား။ မပြောမဲ့သူက ၁၀၀ မှာ ၉၀ လောက်တော့ရှိမှာပဲ..
ငါသာသူတို့ နေရာမှာဆိုလည်း ဆက်ပြီးစကားပြောနေမှာ မဟုတ်ဘူး..။
လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာ..မလွယ်ပါလား ..
လူဆိုတာတစ်ယောက်တည်းနေလို့ မရတော့လည်း ကြိုးစားပြောင်းလဲကြည့်ရမှာပေါ့လေ..
ဒါက ငါစကားမပြောတဲ့ အကြောင်း..

အဓိကပြောချင်တာက ငါစကားများတဲ့အကြောင်း ၊ အဲ့လိုပဲ တစ်ခုခုဆို လိုရင်းမရောက်တော့ဘူး...
ငါ စကားများတယ်..မှန်ပါတယ်. ငါရင်းနှီးတဲ့သူတွေနဲ့ ဆိုရင်..
အထူးသဖြင့် သူနဲ့ ဆိုရင်..သူဟာ ငါ့ရဲ့ အရင်းနှီးဆုံး သူတစ်ယောက်ပဲလေ..
သူလည်း ဘယ် အချိန်တိုင်းတော့ ငါစကားတွေနားထောင်ပေးနေနိုင်မလည်း..
ဒါတောင် သူရဲ့ အချိန်တော်တော်များများ ငါနဲ့ ရှိပေးနေတာပါပဲ...

တစ်ခါတစ်လေတော့လည်း ငါလွန်တာပါ..အားတာနဲ့ သူကိုရှာပြီ..
တစ်ခုခုဆို သူကိုပြောပြလိုက်ရမှ... ရှိသေးတယ်..
ငါကတစ်ခုခုပြောရင် ပြန်ပြီးတစ်စုံတစ်ခုတော့တုံန့် ပြန်မှကြိုက်တယ်..
သူကလည်း စကားကို သူစိတ်ကုးပေါက်မှ ပြောတဲ့သူ..
သူက စကားနည်းလေ.. ငါကစကားပိုများလေနဲ့  (သူနဲ့ ဆိုရင်) တူပါရဲ့..
တို့ နှစ်ယောက်မှာ တစ်ယောက်ယောက်တော့ ပြောအုံးမှပေါ့..(ကိုယ့်အထင်ပါ)
တစ်ခါတစ်လေ သူလိုပဲ ငါလည်းစကားနည်းနည်းပဲပြောမှလို့ ..
ခုထိတော့ မအောင်မြင်သေးပါဘူး...ဘယ်အောင်မြင်ပ မလည်း..
ငါက စကားလုံးဝမပြောပဲနေရင် သူလည်းကြိုက်မယ်မထင်ပါဘူး.. (မယုံရင် မေးကြည့်ပါ)
ငါသာ သူလိုလိုက်နေလိုက်ရင်. ငါတို့ နှစ်ယောက်အကြား စကားရှားသွားတော့မှာပေါ့

အင်း... ငါ အစွန်းမရောက် အလယ်အလတ်နေတတ်အောင်တော့လုပ်အုံးမှ...
ကြိုးစားအုံးမှ..သူကိုသနားလို့ ပါ.. သူကလည်းသူပါပဲ..
ငါက သူတစ်ယောက်ကိုမှ ထူးထူးခြားခြား လွန်ကဲစွာ စကားများများပြောတဲ့ အတွက် သူဂုဏ်ယူသင့်တယ်..

June 28, 2006

မြန်မာဘလောခ့်

ဒီနေ့  mayvelous ရဲ့ ဘလောခ့်မှာ ရေးထားတာလေးဖတ်မိရင်း စိတ်ထဲပေါ်လာတာလေးတွေချရေးကြည့်တာပါ။.. သူပြောထားသလိုပါပဲ.. မြန်မာလို ဘလောခ့်ရေးရတာ ကျွန်မအတွက်လည်း တော်တော်မလွယ်တဲ့အရာပါ။ တော်တော်လေးအချိန်ယူ အားတင်းခဲ့ရတာပါ။ ဘာလို့ လည်းဆိုတော့ ကျွန်မက မြန်မာစာ အရေးအသား အသုံးအနှုံး စားလုံးပေါင်း သတ်ပုံ အရမ်းညံ့ပါတယ်။ မြန်မာစာမှညံ့သလားဆိုတော့ မဟုတ်ပါဘူးရှင်။ English စာလည်းတော်တော်လေးညံ့ပါတယ်။ ကျွန်မနဲ့ ရင်းနှီးသူတော်တော်များများသတိထားမိကြမှာပါ။ နောက်မှပဲ English စာမှာ အပြောအဆို အရေးအသားလျှော်လွန်းလို့ တက်ရတဲ့ ပြဿနာတွေရေးပါအုံးမယ်။ ခုတော့ မြန်မာစာအကြောင်းဆက်ရေးလိုက်အုံးမယ်။...

ကျွန်မ နေ့ စဉ်နေ့ တိုင်း မပျက်မကွက်လုပ်ဖြစ်တဲ့အလုပ်တွေထဲမှာ မြန်မာဘလောခ့်တွေလိုက်ဖတ်တဲ့ အလုပ်ကထိပ်ဆုံးဆိုတဲ့အထဲမှာပါ ပါတယ်။ မအားလည်း အတတ်နိုင်ဆုံး အချိန်ယူဖတ်ဖြစ်ပါတယ်..။ ခုတလောတော့ မြန်မာဘလောခ့်အားလုံးနီပါး ဖတ်ဖြစ်နေပါတယ်..။ ဖတ်ရတာ အတော်ကောင်းပါတယ်။

ကျွန်မ ပထမဆုံး ဖတ်မိတဲ့ မြန်မာလိုရေးထားတဲ့ ဘလောခ့်က သူငယ်ချင်းတစ်ယောက်ရဲ့ အစ်ကိုဖြစ်တဲ့ ကိုငြိမ်းချမ်းရဲ့ဘလောခ့်ပါ။ အစကမြန်မာလိုရေးတဲ့ ဘလောခ့်တွေရှိမှန်း မသိခဲ့ပါဘူး။ အစ်ကိုငြိမ်းချမ်းက သူ ဘလောခ့်မှာမြန်မာလိုရေးထားတာရှိတယ်ဆိုလို့ သွားကြည့်မိတာ မြန်မာလိုရေးထားတာ ဖတ်ရတာ တော်တော်လေးသဘောကျသွားမိတာပါ။ အဲ့ဒီကစပြီး ကျွန်မ မြန်မာလိုရေးတဲ့ဘလောခ့်တွေကိုဖတ်ဖြစ်ခဲ့တာပါ။

ကျွန်မ အရင်ကတည်းက English လိုရေးထားတဲ့ ဘလောခ့်တွေဖတ်လေ့ရှိပါတယ်..။ရေးတဲ့သူတွေကတော့ ဗမာရော..တခြားနိုင်ငံခြားသားရေးတာတွေရောပေါ့ ။ တစ်ခါဖတ်မိလို့ သဘောကျရင် Favorites မှာ သိမ်းထားပြီး အားရင်သတိတရသွား သွားဖတ်လေ့ရှိပါတယ် ။ ကျွန်မသူတို့ ကို အပြင်မှာမသိသလို သူတို့ ကလည်း ကျွန်မကိုမသိပါဘူး။ ကျွန်မ သူတို့ ဘလောခ့်ကို အမြဲလာဖတ်တယ်ဆိုတာတောင် သူတို့ မသိနိုင်ပါဘူး။ သူတို့ ဘလောခ့်တွေကိုဖတ်ရင်းနဲ့  သူတို့ တွေနဲ့ ကျွန်မ ..ကျွန်မရဲ့စိတ်ထဲမှာရင်းနှီးလာပါတယ်.. တချို့ ဘလောခ့်တွေဆို ကျွန်မ အမြဲဖတ်လာတာ ၂ နှစ်ကျော် ၃နှစ်နှည်းပါးရှိနေပါပြီ။ သူတို့ ဘလောခ့်မရေးတာကြာရင် စိတ်ပူမိတယ်.. ဘာများဖြစ်နေလည်းလို့ ...သူတို့  ကြုံတွေရတာလေးတွေရေးရင် သူတို့ နဲ့ အတူလိုက်ခံစားမိတယ်...တစ်ချို့ ရေးထားတာဖတ်ရတာ ရုပ်ရှင်ကြည့်နေရသလို၊ တစ်ချို့ ဟာကြတော့လည်း စာသင်းခန်းထဲရောက်နေသလို၊ တစ်ချို့ ဟာကြတော့လည်း ဝတ္ထုတစ်ပုဒ်ဖတ်နေရသလိုပါပဲ။

ဘာပဲပြောပြောဘလောခ့်ရင်ကျေးမှုကို ကျွန်မကြိုက်ပါတယ်... ။အမြဲတမ်းလည်းဖတ်ဖြစ်ခဲ့ပါတယ်..။ဒါပေမယ့် ဘလောခ့်ရေးဖို့ တော့ စိတ်ဝင်စားသလိုရှိပေမယ့် မရေးဖြစ်ပါဘူး။ English လိုထားတဲ့ဘလောခ့်တွေ ဖတ်ရတာ... နှစ်သက်ပေမယ့်.. တစ်မျိုးတော့တစ်မျိုးပဲ.. ရင်ထဲအထိမရောက်သလိုပဲ.. တစ်ခုခုလိုနေသလိုပေါ့။..သိပ်တော့မပြောတတ်ဘူး... ဟင်း... အဲ့ဒါကြောင့်ပြောတာပါ.. ကျွန်မ မြန်မာစာအရေးအသားညံ့ပါတယ်လို့ ။....စိတ်ထဲမှာရှိတာတွေ သိတာတွေကို ကိုယ်ကိုတိုင်ရှင်းရှင်းလင်းလင်းသိဖို့  မလွယ်သလို ကိုယ်သိတာတွေကို သူများတွေပါမျှဝေခံစားနိုင်အောင်ရေးတတ်ဖို့ ကပိုခက်တယ်ထင်ပါတယ်... ရေးတတ်ပြန်အုံးတော့ စာလုံးပေါင်း အသုံးအနှုံးမှန်ဖို့ ကလိုပြန်ရော...မလွယ်ပါဘူးရှင်.. ကျွန်မလို လူတွေအတွက်ပိုလို့ တောင်ခက်ပါတယ်.. ဒါပေမယ့်လည်း သူများရေးထားတဲ့ မြန်မာဘလောခ့်တွေဖတ်ရင်း ဖတ်ရင်ကနေ ကိုယ်ကိုတိုင် ရေးကြည့်ချင်စိတ်ကို တာဆီးမရတော့တာကြောင့် နောက်ဆုံးတော့ မြန်မာလိုဘလောခ့်ကို စရေးဖြစ်ခဲ့ရခြင်းဖြစ်ပါတယ်.. ဒါပါပဲ။

ရေးရင်းရေးရင်း ဘာဆက်ရေးရမှန်းမသိသလို အနှောင်အယှက်ကဝင်လာပါပြီ။ ကျွန်မရဲ့ အလွန်နှစ်သက်ဖွယ်ရာကောင်းသောအနှောင်အယှက်အကြောင်းလည်း နောက်မှဆက်ရေးတော့မယ်..
သွားရတော့မယ်..
အရေးကြီးတယ်..

June 27, 2006

Vanessa Carlton - A Thousand Miles


Powered by Castpost

Making my way downtown
Walking fast
Faces pass
And I'm home bound

Staring blankly ahead
Just making my way
Making a way
Through the crowd

And I need you
And I miss you
And now I wonder....

ဒီသီချင်းကို စနားထောင်ထဲကနှစ်သက်ခဲ့တာပါ... နားထောင်လို့ တော်တော်ကောင်းတဲ့ သီချင်းတစ်ပုဒ်ပါ...
ဒါပေမယ့် ဒီနေ့  အဲ့ဒီသီချင်းကိုပြန်နားထောင်ဖြစ်တော့  ရယ်ချင်စိတ်ပဲပေါက်နေပါတယ်..
နားထောင်ရတာ ဘယ်လိုမှ ခံစားလို့ မရဘူးဖြစ်နေတော့တာပဲ...
စိတ်ပျက်ပါရဲ့..
အဲ့ဒီသီချင်းပါတဲ့ ရုပ်ရှင်တစ်ကားများကြည့်ဘူးကြပါသလား...
ရုပ်ရှင်ထဲမှာ.. မိန်းမယောင်ဆောင်ထားတဲ့ မင်းသားနှစ်ယောက်က.. ဒီသီချင်းကို မရပဲ လိုက်ဆိုတဲ့ အခန်းက..
ကြည့်နေတုန်းက အဲ့ဒီလောက်မရယ်ရပေမယ့် ဒီသီချင်းကြားတိုင်း ရှက်ရှက်နဲ့  ရယ်ချင်စိတ်ပေါက်နေတောပါပဲ
ဘာလို့ လည်းဆိုတော့ ကျွန်မက ဘယ်သီချင်းမှကောင်းကောင်းမရပါဘူး..
သ်ီချင်းတွေသာမရတာ...တခါတလေတော့ သီချင်းသံကြားရင်..လိုက်ဆိုတတ်ပါတယ်...
ခု့ တော့တွေးမိတယ်...သီချင်းစာသားမရပဲ လိုက်ဆိုမိတာ... ငါလည်း သူတို့ လို ရယ်ချင်စရာကောင်းနေမှာပဲလို့ ..
ဘာရယ်မဟုတ်ပါဘူး...စိတ်ထဲပေါ်လာတာရေးမိတာပါ.....

Movie : White Cicks (2004)

G2P Beta: Using Google to locate MP3s

ဒီနေ့  အလုပ်မှာ.. ခေါင်းရှုပ်ရှုပ်နဲ့  သီချင်းနားထောင်ချင်စိတ်ပေါက်လာတာနဲ့ mp3 format သီချင်းတွေလိုက်ရှာဖြစ်ပါတယ်..
အိမ်မှာတော့ P2P တွေသုံးပြီးရှာနေကြမို့ လွယ်ပါတယ်..
အလုပ်မှာကြတော့ ဘာ software မှမသုံးပဲရှာရတာဆိုတော့ အချိန်ကြာပါတယ်..
ဒီကြားထဲ အကောင်ကိုက်မှာကလည်းစိုးရိမ်ရသေးတယ်..
တော်ကြာနင်ဘာ site တွေဝင်လို့ အကောင်ကိုက်တာလည်းဆို..ရှင်းရတာ.. မကောင်းပါဘူး..
ဒါနဲ့ စဉ်းစားမိတယ်.. ဟိုတလောက. NLS blog မှာ google သုံးပြီး သီချင်းရှာတာတွေ့ မိသလိုပဲ ရှာကြည့်အုံးမှဆိုပြီးလိုက်ရှာကြည့်တော့
ဒီ site လေးကိုတွေ့ မိပါတယ်...

G2P Beta: Using Google to locate MP3s

ဒီမှာ Google Hacking to Locate MP3s နဲ့  Google Proxy ဆိုပြီးနှစ်ခုပါ ပါတယ်..
သ်ီချင်ရှာတာပဲ စမ်းကြည့်ရသေးတယ်..နောက်ဟာတော့ ပြီးမှစမ်းတော့မယ်
မဆိုးပါဘူး တော်တော်ရှာလို့ ရပါတယ်
ဒါလေးကြောင့် ဒီနေ့ သီချင်းတော်တော်များများနားထောင်ဖြစ်ခဲ့တယ်...

June 26, 2006

Busy Day (25 -June-2006)

မနေ့ ကတစ်နေ့ လုံးအလုပ်ရှုပ်ရတဲ့ အကြောင်းလေးကို.. မှတ်မှတ်ရရဖြစ်အောင် ရေးထားအုံးမှ..
သူများတွေအတွက်တော့ ထူးထူးခြားခြားမဟုတ်တဲ့ လုပ်နေကြ ဖြစ်လောက်ပေမဲ့.. ကိုယ့်အတွက်ကတော့.. ၈နှစ် ကျော် ၉ နှစ် အတွင်းမှာ ပထမဆှံးလုပ်ကြည့်တဲ့ ကိစှုတစ်ခုဖြစ်လို့  ထူးခြားနေတာပါ။ စကားကြီး စကာကျယ်တွေ ပြောနေလို့  ဘာတွေနဲ့ များ အလုပ်ရှုပ်ရတာလည်းလို့  တွေးမနေပါနဲ ။ ရှင်တို့ အတွက်တော့ ထူးဆန်းတဲ့ အရာမဟုတ်ပါဘူးလို့  ပြောပြီးဘာပါ။ ကိုယ့်အတွက်ကသာ ထူးခြားနေတာပါ။ ယုံကြမလားတော့ မသိဘူး ကျွန်မ မနေ့ ကမှ Computer တစ်လုံးကို ကိုယ်တိုင် format ချ ၊ OS နဲ့ တစ်ခြားလိုတဲ့ software တွေ သွင်းဘူးတာပါ။ ရထားတဲ့ ဘွဲ့ တွေအားနားပါအုံး ။ ဒီလောက်တောင်ညံ့ရလား ပြောလည်း ခံရမှာပါပဲ ။

တကယ်ပါ... အခုအကြိမ်ဟာ ပထမ ဆုံးပါ။ ဒါတောင် တစ်စုံတစ်ယောက် (ကိုယ်ပြန်မပြောရဲ တဲ့ သူတစ်ယောက်) က အတင်း မလုပ်မဖြစ်ရလေအောင် တိုက်တွန်း ဖိအားပေးမှုကြောင့် နောက်ဆှုံး လုပ်ရတာပါ။ ကိုယ်ဟာ ကိုသာဆှိ ..Computer ကို တစ်ခုခုလုပ်ဖို့ လိုလို့ ကတော့ သူငယ်ချင်းတွေစီ ဖုန်းဆက် ..တစ်ယောက်ယောက်ကို မဖြစ်မနေအားခိုင်းပြီး လုပ်စရာရှိတာ အကုန်လုပ်ခိုင်းနေကြပါ။ ဒီလိုပဲ သူများတွေ install လုပ်ပေးတဲ့ Computer သုံးတာ Computer ကိုစသုံးထဲကပါ ။ ဘာလို့ မှန်းတော့ မသိပါဘူး ။ Computer ကို format လုပ်ဖို့ မပြောနဲ့  software တွေ install လုပ်ဖို့ တောင် ကျွန်မ အနေနဲ့  တော်တော် ဝင်လေးပါတယ် ။ မဖြစ်မနေ ကိုယ်ကိုတိုင် install လုပ်ပါမှ ရနိုင်မယ့် software တွေကလွဲရင် တော်ရုံ လုပ်လေ့မရှိပါဘူး...။ ခုတစ်ကြိမ်တောင် ၁၅ ရက် ၊ ရက် ၂၀ လောက် မလုပ်ပဲ ရှောင်ပြေးနေခဲ့သေးတာပါ။ နောက်ဆုံး..စိတ်ဆိုးမှာကြောက်လို့ သာ မနေ့ က..မလုပ်ချင်လုပ်ချင်နဲ့ လုပ်ရခြင်းဖြစ်ပါတယ်...ဒါတွေထားပါတော့လေ...
မနေ့ က ..ဘာတွေလုပ်ဖြစ်လည်း.. ပြောရအုံးမယ်..

ပထမဆုံး အနေနဲ့  စနေနေ့ ညက download လုပ်ထားတဲ့ iso file ကို CD မှာ အရင် burn ပါတယ် ။ အဲ့ဒါလည်း ..iso file ကို ဘယ်လို burn ရမှန်းမသိလို့ မေးရပါသေးတယ်။ ကိုယ့်မှာ ရှိတဲ့ software မသုံးတတ်လို့  သူပြောတဲ့ software ကို install လုပ်လိုက်ရပါတယ် ။ အဆူခံရပြီး နောက်ဆုံးတော့ CD burn လို့ ပြီးသွားပါတယ်။ ပြီးတော့ computer ကို restart လုပ်ခိုင်းပြီး ရှိပြီးသား OS ကို CD သုံးပြီး format လုပ်၊ ပြီးတော့ new OS သွင်းခိုင်းပါတယ် ။ အသေးစိတ်တော့ ရေးမပြတော့ပါဘူး။... ဒီအတော အတွင်း လေး၊ငါး ခါထက်မနည်း အဆူခံ လိုက်ရပါတယ်။ ကျွန်မ ကလည်း လွန်ကိုလွန်ပါတယ်..။သူပြောတာတွေက ကိုယ်သိပြီးသား ဟာတွေဖြစ်လို့ သူက အကောင်းနဲ့  ပြောပြရင် နားမထောင်ခြင်ပါဘူး။ ကဲ.. သိနေရင်လည်း ကိုယ်ဟာကိုယ်လုပ်ဆိုရင်လည်း မလုပ်တတ်ပါဘူး..။ သိသာသိတယ် တစ်ခါမှမလုပ်ဘူးတော့ ဘယ်လုပ်တတ်ပမလဲ...။ အဲ့ဒီတော့ မလုပ်တက်တာ ကို..သေခြာမပြောပြပဲ..လုပ်ခိုင်ရမလာဆိုပြီးစိတ်ဆိုးပါသေးတယ်...ကြုံတုန်းလေး ကိုယ်အကြောင်းကိုယ် ပြောပြတာပါ။.. OS install လုပ်လို့ ပြီးတော့ တစ်ခြားလိုတဲ့ software တွေ install လုပ်ပါတယ်။ အဲ့လိုလုပ်ရာမှာလည်း ဆယ့်လေး ငါး ခါထက်မနည်းဆူခံရပါသေးတယ်...အဲ့ဒါလည်း ကျွန်မအလွန်ပါပဲ။.. download လုပ်ဖို့ website တွေပေးပါလျှက် ဘယ်မှာ download လုပ်ရမှန်း မသိလို့ ပါ။ နောက်ဆုံးတော့ သူက အကောင်းဆုံးနည်းကိုတွေ့ သွားပါတယ်။ တစ်ချို့ ဟာတွေကို download လုပ်ဖို့  link အတိအကျပေးပြီး ၊ တစ်ချို့  ဟာတွေကိုတော့ သူပဲ download လုပ်ပြီး ကျွန်မစီကို file transfer လုပ်ပို့ ပေးပါတယ်... အားလုံးနီးပါး လိုတဲ့ software တွေ install လုပ်ပြီးတဲ့ အချိန်ကျတော့ ညနေ ခြောက်နာရီ နီးပါးရှိနေပါပြီ။ ကျွန်မလည်း စိတ်ပင်ပန်း သူလည်းအိပ်သင့်တာကြာပြီမို့  ကျွန်မလည်းသူကို အတင်းအိပ်ခိုင်းပြီး installation လုပ်ခြင်အလုပ်ကို အပြီးသတ်လိုက်ပါတယ် ။ နောက်လိုတာတွေတော့ နောက်အပတ်မှ ပဲ ဆက်လုပ်တော့မယ်လေ...

ဒါတွေကတော့ မနေ့ က install လုပ်ခဲ့တာတွေပါ.
Window XP Pro (licensed version)
Window Update
Windows Defender
Windows Live OneCare
Google Tool Bar
Mozilla Firefox 1.5
Mozilla Thunderbird 1.5
JRE 5.0
JAVA SDK 5.0
EditPlus 2
JCreator
Apache Tomcat 5.5
PHP 5.1.4
PHP Designer 2006

Virtual DAEMON Tool
OpenOffice 2.0
AdobeReader 7.0
Flash Player 8
Shockwave Player
Gtalk Messenger
Yahoo Messenger
Skype 2.5
FilZip
DivX Player
QuickTime Player
Window Media Player 11
TVUPlayer 1.5.12
CDBurnerXP Pro 3
Partitation Magic 8.0
Font Installation
Alpha Win Unicode
Sound Card and Web Cam installation

IIS 5.0
MySQL Server 5.0


ဖုန်းနဲ့ အသေးစိတ်၊ စိတ်ရှည် လက်ရှည်၊ အိပ်ပျက်ခံ ပြောပေးသူလေးကို.. အထူးကျေးဇူးတင်ရှိပါကြောင်း...

June 24, 2006

ဝိုင်ဝိုင်း - အချစ်ငှက်

အဝေးဆုံးက.. အကြင်နာဆုံးရေ...
.......
ငါအလွမ်းတွေ..မဖွင့်ဟနိုင်...
နင့်အလွမ်းတွေ...မနှစ်သိမ့်နိုင်...
ငါဒီသီချင်းတွေသာ ဆိုငြီးခွင့်ရတာ....
..........
ငါအလွမ်းတွေ..နင်သိနိုင်ဖို့ .. ဒ်ီသီချင်းတွေ.. ငါလေ...အချိန်တိုင်းဆို...
...........
အရှေ့နဲ့ အနောက် ဘယ်လိုကွာဝေးပါစေ...
မိုး နဲ့ အောက် မဆုံနိုင်လည်းလေ..
အသည်းနှလုံး တို့ တစ်နေရာထဲမှာလေ...
..........

Click Here To Listen The Song

ဒီသီိချင်းလေး တော့ကြိုက်ပါရဲ့... ဒါပေမယ့် ဒီသီချင်းထဲကလိုတော့ အချစ်ဆုံးနဲ့  မဝေးပါရစေနဲ့ ....
တစ်နေ့ နေ့ တစ်ချိန်ချိန် မဝေးတော့တဲ့ ကာလမှာ.. ဆုံဆည်းရမယ့် ယုံကြည်ထားတဲ့ အချစ်ဆုံးသူနဲ့ ..
မဆုံနိုင်သေးတဲ့ကာလအတွင်းမှာတော့... ဒီသီချင်းထဲက..စာသားတစ်ချို့ ကို..နှစ်သက်နေမိအုံးမှာပါ....

June 23, 2006

sO CoNfUsEd

ခုတလော... သူငယ်ချင်းတစ်ယောက်ပြောဘူးတဲ့ စကားတစ်ခုကို အမှတ်ရနေမိတယ်..
သူပြောသလို ကိုယ်ဟာတစ်စုံတစ်ခုပဲ မှားနေလား။
သူပြောတာ စကြားကြားချင်းတော့ ငါကို ပြောရက်လိုက်တာလို့ ...
ခုတော့လည်း.. သူပြောတာတွေ..မှန်နေသလိုပါပဲလား။
ငါကိုယ်ငါတော့ အတက်နိုင်ဆုံး အကာင်းဆုံး ဖြစ်အောင် ကြိုးစားနေတယ်.. ထင်မိတာပဲ..
ဖြစ်လာတာတွေအရတော့ ငါဟာအရင်အတိုင်းပါပဲလား...
ငါ ဘယ်လိုလုပ်ရ မလဲ...
ခုတလော စိတ်သိပ်မရှည်ဘူး ဖြစ်နေတယ်..
စိတ်ရှူပ်ရတာတွေကလည်း များလာသလိုပဲ...
ဘာတစ်ခုမှ အစဉ်မပြေဘူးဖြစ်နေတယ်...
လုံးဝ ပြေလည်ပါပြီထင်ထားတဲ့ဟာတွေတောင်..တစ်ခုခုတော့ အစဉ်မပြေတာဖြစ်လိုက်ရမှ..
ငါကိုယ်တိုင်က အစဉ်ပြေအောင် မနေတက်၊ မလုပ်တက်တာလား...
ငါမှားတယ်ဆိုတာ... မှန်နေုပြီလား..
ညဆိုလည်း ခဏခဏ လန်ု့်နိုးနေတယ်...
တစ်ခု ခုကို အားကိုးတကြီးရှာမိနေတယ်...
ငါဘာကို ကြောက်နေတာလည်း...
ဖြစ်သင့်တာတွေ သိရက်နဲ့ ငါမလုပ်နိုင်ဘူး...
သိရက်နဲ့ မလုပ်နိုင်တာ.. ငါအမှားလား...
ငါ့ကိုယ် နားမလည်ကြဘူးလို့ ခံစားရတယ်...
ငါကရော သူတို့ကို နုားလည်မှုပေးနိုင်လို့လား...
ကိုယ်တောင်မလုပ်နိုင်တဲ့ အရာတစ်ခုကို.. ငါက သူများတွေစီကရချင်နေတယ်ဆိုတော့
ငါ အတ္တကြီးတယ်ဆိုတာ မှန်နေပြီလား...
ကိုယ်ကိုကိုယ် စိတ်ကုန်လာတယ်..
တခါတလေ... သေတောင်သေချင်တယ်..
ကိုယ်ဟာကို သက်သေဖို့ကလည်း လုံးဝ မဖြစ်နိုင်ဘူး..
တစ်စုံတစ်ခုကြောင့် ချက်ချင် သေသွားမယ်ဆို.....
စိတ်မရှုပ်ရတော့ဘူး .. စိတ်မညစ်ရတော့ဘူး...ကြောက်လန့်မှုတွေမရှိတော့ဘူး..
ထွက်ပေါက်တစ်ခုရချင်တယ်...

June 20, 2006

Our Life of Being Computer Guy...

Our Life....

Free Image Hosting at www.ImageShack.us
1. Distrust - Can I do it?
2. Excitement - I can do it!!!
3. Astonishment - How will I do it?
4. Enthusiasm - I got hold of the flow!!!!
5. Love - I am an excellent programmer!
6. Disillusionment - Code is not functioning properly..
7. Fright - Will this logic work?
8. Horror - Another a level bug!!
9. Fury - Damn with computers #@#$@^
10. Frustration - It is not working in expected manner.
11. The End - Project appraisl.

History of Unix Systems

Free Image Hosting at www.ImageShack.us
source

June 19, 2006

တိတ်ဆိတ်ခြင်း၏ အသံ

“မင်းအတွက် ပျော်ရွှင်စရာဖြစ်ပေမယ့် သူ့အတွက် ပျော်ရွှင်စရာ ဖြစ်ချင်မှ ဖြစ်လိမ့်မယ်လို့ မင်းတွေးကြည့်ဖူးသလား”

“လူတစ်ယောက်ကို သူ့စိတ်နဲ့သူ လွတ်လွတ်လပ်လပ် ပြုမူဖို့ ခွင့်ပေးထားသင့်တယ်၊ သူ့စိတ်ကို အနီးကဖြစ်စေ၊ အဝေးကဖြစ်စေ ထိန်းချုပ်ညှို့ယူပြီး အကျပ်ကိုင်ခိုင်းစေခြင်းအားဖြင့် အဲဒီလူရဲ့ စိတ်မှာ နှောင်တည်းခံကျဉ်းကျပ်မှုကို ဖြစ်ပေါ်စေတယ်၊ တွေဝေစေနိုင်တယ်၊ အဲဒီလိုလုပ်ခြင်းအားဖြင့် ဖြစ်တန်ရာတဲ့ ပျော်ရွှင်မှုဆိုတာကို မရဘဲ မလိုလားအပ်တဲ့ အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေတတ်တယ်၊ ဥပမာ နောင်တ၊ ကြေကွဲမှု စသည်ဖြင့်ပေါ့”

“မိန်းမသားတွေမှာ မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုရှိတယ်၊ အဲဒါဟာ စောင့်ဆိုင်းမှုပဲ”

ဂျူး source

Happy Birthday Daw Aung San Su Kyi

Happy 61st Birthday Daw Aung San Su Kyi..


Our Hero

June 18, 2006

LOVE IS LOVE!

I Love You

LOVE IS LOVE!
If you ask : "What is love?"
I answer : "Love is love!"
This is a truth ,
A universal truth ,
One of the greatest truth .
If you truly know this truth ,
You won't worry about love ,
And you won't argue "What is love?"

Love is a series of happiness,
And giving each other the kindness.
Love is full of wishes and hopes ,
And the unforgettable dates and notes.

Love makes small things last ever ,
Two persons become one forever ,
A life exist on the world ,
The world more beautiful and better.

June 16, 2006

We Belong Together

I didn’t mean it when I said
I didn’t love you so
I should have held on tight
I never should have let you go
I didn’t know nothing,
I was stupid, I was foolish
I was lying to myself
I couldn’t have fathomed
I would ever be without your love
Never imagined I’d be sitting
Here beside myself
Guess I didn’t know you
Guess I didn’t know me
But I thought I knew everything
I never felt


The feeling that I’m feeling
Now that I don’t hear your voice
Or have your touch and kiss your lips
Cause I don’t have a choice
Oh what I wouldn’t give
To have you lying by my side
Right here cause baby

When you left I lost a part of me
It’s still so hard to believe
Come back baby please 'cause
We belong together
Who else am I gonna lean on when times get rough
Who’s gonna talk to me on the phone
Till the sun comes up
Who’s gonna take your place
There ain’t nobody better
Oh baby baby
We belong together

I can’t sleep at night
When you are on my mind
Bobby Womack’s on the radio
Singing to me “If You Think You’re Lonely Now”
Wait a minute this is too deep
I gotta change the station
So I turn the dial tryin’ to catch a break
And then I hear Babyface
“I Only Think Of You” and it’s breakin’ my heart
I’m tryin’ to keep it together but I’m falling apart

I’m feeling all out of my element
Throwing things, crying tryin’
To figure out where the hell I went wrong
The pain reflected in this song
Ain’t even half of what I’m feeling inside
I need you, need you back in my life baby

When you left I lost a part of me
It’s still so hard to believe
Come back baby please cause
We belong together

Who else am I gonna lean on when times get rough
Who’s gonna talk to me on the phone
Till the sun comes up
Who’s gonna take your place
There ain’t nobody better
Oh baby, baby
We belong together
When you left I lost a part of me
It’s still so hard to believe
Come back baby please 'cause
We belong together
Who am I gonna lean on when times get rough
Who’s gonna talk to me till the sun comes up
Who’s gonna take your place
There ain’t nobody better
Oh baby, baby
We belong together

Quality

Happy Birthday My Dear Brother

ဒီနေ့  က မောင်လေး မွေးနေ့ ပါ..
မိသားစုတဲ မှာ မောင်လေးက အငယ်ဆုံး၊ အမေ့ ရဲ့ အချစ်ဆုံးလေးပါ...
ဘာလိုလိုနဲ့  မောင်လေးတောင် ၁၉ နှစ်ပြည့်သွားပြီပဲ..

June 15, 2006

နေတတ်ရင် ကျေနပ်စရာပါ

နေတတ်ရဲ့လား...
ကျေနပ်ရဲ့လား...
ကိုယ်ကိုကိုယ်ပြန်မေးကြည့်မိတာပါ..

ဖြစ်ချင်တာတွေကြီးပဲ မဖြစ်နိုင်တဲ့ ဒီလောကင်္ကြီးမှာ..
....နေတတ်ရင် ကျေနပ်စရာပါ ...
ဒီစကားလေးက အမြဲသတိရစရာကောင်းပါတယ်...

Perfect Pictures For An Imperfect World.



I saw that movie from NLS's blog. Thank NLS.

ဒေါသစိတ်လေး ၃၆၀ မိနစ်


Powered by Castpost

June 14, 2006

ဝက်သား ဒုတ်ထိုး.....

ဘာရယ် မဟုတ်ပါဘူး...ကိုယ် စားချင်တာလေးမို့ .. မျှဝေခံစားတာပါ..

Viidoo - Home of Web TV

Viidoo - Home of Web TV
http://www.viidoo.com/
I got that link from one of my friend. Thank you for sharing nice link..

June 10, 2006

I Just Call To Say I Love You

I Just Call To Say I Love You.
One of my favoutite songs

No New Year's day to celebrate,
No chocolate covered candy to give away,
No first spring, no song to sing.
In fact it's just another ordinary day.

No April rain, no flowers bloom,
No wedding, no Saturday within the month of June.
But what it is, is something true,
Made up of these three words that I must say to you.

I just called to say I love you,
I just called to say how much I care,
I just called to say I love you,
And I mean it from the bottom of my heart.

No summer's high, no warm July,
No harvest moon to light, no tender August night.
No autumn breeze, no falling leaves,
No even time for birds to fly southern skies.
No Libra sun, no Halloween,
No giving thanks to all the Christmas joy you bring,
But what it is, though all so new, to fill your heart,
Like no three words could ever do.

I just called to say I love you,
I just called to say how much I care,
And I mean it from the bottom of my heart.
Of my heart, of my heart.

Stivie Wonder

June 06, 2006

06-06-06

06-06-06

May You Be Blessed


Turn up the volume of your speakers and enjoy the movie at
http://www.mayyoubeblessedmovie.com

May you be blessed for always...

June 04, 2006

ဘာတွေလဲ

ဘာတွေလုပ်ခဲ့သလဲ
ဘာတွေလုပ်နေသလဲ
ဘာတွေလုပ်ဖို့  စိတ်ကူးနေသေးသလဲ
အရေးကြီးဆုံးက
ဘာအတွက် အသက်ရှုနေတာလဲ။

June 03, 2006

ယုံအောင်ပြောဖို့ ခက်တယ်..

မင်းတစ်ယောက်ထဲ ချစ်တာ..
မပြောင်းလည်းမဲ့ ကိုယ်အချစ်များ
......
Album :Two Plus
Song : သိတ်ချစ်တယ်

Click Here To Listen The Song

Please Read

Ko Ko Gyi
Min Ko Naing

ပါပီလွန် (Pipillon)

ပါပီလွန် ...ဘာသာပြန်သူ.. လေသူရဲတစ်ဦး

ကျွန်တော့်မှာ ဘယ်တော့မှ ကိုယ့်ကိုယ်ကို သတ်သေမည့်သူ မဟုတ်ပါ။
ကျွန်တော့်မှာ သတ္တွိရှိသူ ဖြစ်သည်။
ကျွန်တော့် ဘဝကို ရောက်ရာဘဝ၌ လောကဓံကို ကြံ့ကံ့ခံပြီး ရှင်သန်အောင် ရုန်းမည့်သူဖြစ်၏။
ကျွန်တော့် ဘဝကိုအသေမခံပါ။ ရုန်းမည် တိုက်မည်။
ကျွန်တော့်အရှေ့ မှာ အခက်အခဲပြဿနာ ဒုက္ခဆင်းရဲ အားလုံးကို ရုန်းမည်တိုက်မည်။
မျှော်လင့်ချက်ရောင်ခြည်များကိုတော့ ဘယ်တော့မှ အပျောက်မခံ။
နေ့ စဉ်မျှော်လင့်ချက်အပြည့်နှင့် ဘဝကို အမြဲ စ နေမည့်သူဖြစ်၏။
မှန်သည်။
မနက်ဖြန်၌ပင် ဘဝသစ်တစ်ခုကို မျှော်လင့်ချက်အပြည့်နှင့် ပြန် စ ဦမည်။

End Or Beginning

"This is not the end. It is not even the beginning of the end. But it is, perhaps, the end of the beginning."
(
Sir Winston Churchill)
Speech given at the Lord Mayor's Luncheon, Mansion House, London, November 10, 1942