ခုတလော... သူငယ်ချင်းတစ်ယောက်ပြောဘူးတဲ့ စကားတစ်ခုကို အမှတ်ရနေမိတယ်..
သူပြောသလို ကိုယ်ဟာတစ်စုံတစ်ခုပဲ မှားနေလား။
သူပြောတာ စကြားကြားချင်းတော့ ငါကို ပြောရက်လိုက်တာလို့ ...
ခုတော့လည်း.. သူပြောတာတွေ..မှန်နေသလိုပါပဲလား။
ငါကိုယ်ငါတော့ အတက်နိုင်ဆုံး အကာင်းဆုံး ဖြစ်အောင် ကြိုးစားနေတယ်.. ထင်မိတာပဲ..
ဖြစ်လာတာတွေအရတော့ ငါဟာအရင်အတိုင်းပါပဲလား...
ငါ ဘယ်လိုလုပ်ရ မလဲ...
ခုတလော စိတ်သိပ်မရှည်ဘူး ဖြစ်နေတယ်..
စိတ်ရှူပ်ရတာတွေကလည်း များလာသလိုပဲ...
ဘာတစ်ခုမှ အစဉ်မပြေဘူးဖြစ်နေတယ်...
လုံးဝ ပြေလည်ပါပြီထင်ထားတဲ့ဟာတွေတောင်..တစ်ခုခုတော့ အစဉ်မပြေတာဖြစ်လိုက်ရမှ..
ငါကိုယ်တိုင်က အစဉ်ပြေအောင် မနေတက်၊ မလုပ်တက်တာလား...
ငါမှားတယ်ဆိုတာ... မှန်နေုပြီလား..
ညဆိုလည်း ခဏခဏ လန်ု့်နိုးနေတယ်...
တစ်ခု ခုကို အားကိုးတကြီးရှာမိနေတယ်...
ငါဘာကို ကြောက်နေတာလည်း...
ဖြစ်သင့်တာတွေ သိရက်နဲ့ ငါမလုပ်နိုင်ဘူး...
သိရက်နဲ့ မလုပ်နိုင်တာ.. ငါအမှားလား...
ငါ့ကိုယ် နားမလည်ကြဘူးလို့ ခံစားရတယ်...
ငါကရော သူတို့ကို နုားလည်မှုပေးနိုင်လို့လား...
ကိုယ်တောင်မလုပ်နိုင်တဲ့ အရာတစ်ခုကို.. ငါက သူများတွေစီကရချင်နေတယ်ဆိုတော့
ငါ အတ္တကြီးတယ်ဆိုတာ မှန်နေပြီလား...
ကိုယ်ကိုကိုယ် စိတ်ကုန်လာတယ်..
တခါတလေ... သေတောင်သေချင်တယ်..
ကိုယ်ဟာကို သက်သေဖို့ကလည်း လုံးဝ မဖြစ်နိုင်ဘူး..
တစ်စုံတစ်ခုကြောင့် ချက်ချင် သေသွားမယ်ဆို.....
စိတ်မရှုပ်ရတော့ဘူး .. စိတ်မညစ်ရတော့ဘူး...ကြောက်လန့်မှုတွေမရှိတော့ဘူး..
ထွက်ပေါက်တစ်ခုရချင်တယ်...
No comments:
Post a Comment