စိတ်ကုန်တယ်.. တကယ်ပါပဲ.. အိမ်ပြန်ခါနီး Email လေးကြည့်လိုက်အုံးမှဆို ပြီးကြည့်လိုက်တာ.. စိတ်ကိုပျက်သွားတာပဲ။ ..ထင်တော့ ထင်နေတယ်.. လခမှန်နေတာ ၂ လ ရှိနေပြီဆိုတော့ ဘယ်တော့များ ထ ဖောက်မလည်းလို..။ခုတော့ဗျာ.. မနက်ဖြန်ရောက်ရင် လခ လေးရတော့မယ်ဆိုပြီး ဝမ်းသာနေတာလေးတော့ ပျက်သွားပါပြီ... ။ CEO က Email ပို့ တယ် လခ နောက်ကြမယ်တဲ့... လကုန်ရက်မှာ လခမရ တာလောက်စိတ်ကုန်တာမရှိဘူး။ တစ်လ လုံးပင်ပင်ပန်းပန်း အလုပ်လုပ်ထားရတာ လကုန်တာနဲ့ ချက်ချင်း လခရမှကြိုက်တယ်...တော်ပြီ .. အလုပ်ပြောင်းရင်ကောင်းမလား မတင်မကျ ဆုံးဖြတ်ရခက်နေတာကို ခုတော့အတည်ပြုလိုက်တော့မယ်.. စောင့်နေတာလေး တစ်ခု သိရပြီးရင်တော့ အလုပ်ထွက်စာတင်တော့မယ်.. ထွက်စာတင်ပြီးရင်တောင် ဒီမှာ ၂ လဆက်လုပ်ရအုံးမှာ.. အနည်းဆုံး ဒီမှာ ၃လလောက်တော့ ဆက်လုပ်ရအုံးမှာပဲ..
စိတ်ရှုပ်တယ်.. စိတ်ရှုပ်တယ်..
6 comments:
သနားပါတယ်... ဒီလိုကိစ္စမျိုးတွေရှိတယ်...?
ရှိတယ်ဗျ :(
ဘ၀တူပါလားဟင်...........ငါတစ်ယောက်ထဲခံစားနေ၇တာ
မလွယ်ပါလားနော်။ကံကောင်းပါစေဗျာ။
မမွန်.. ဒီနိုင်ငံမှာ က ဒီလိုကြီးနဲ့ တူပါရဲ့။
ကိုဝေဖြိုး.. ဆုတောင်းပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
Post a Comment