Pages

June 27, 2006

G2P Beta: Using Google to locate MP3s

ဒီနေ့  အလုပ်မှာ.. ခေါင်းရှုပ်ရှုပ်နဲ့  သီချင်းနားထောင်ချင်စိတ်ပေါက်လာတာနဲ့ mp3 format သီချင်းတွေလိုက်ရှာဖြစ်ပါတယ်..
အိမ်မှာတော့ P2P တွေသုံးပြီးရှာနေကြမို့ လွယ်ပါတယ်..
အလုပ်မှာကြတော့ ဘာ software မှမသုံးပဲရှာရတာဆိုတော့ အချိန်ကြာပါတယ်..
ဒီကြားထဲ အကောင်ကိုက်မှာကလည်းစိုးရိမ်ရသေးတယ်..
တော်ကြာနင်ဘာ site တွေဝင်လို့ အကောင်ကိုက်တာလည်းဆို..ရှင်းရတာ.. မကောင်းပါဘူး..
ဒါနဲ့ စဉ်းစားမိတယ်.. ဟိုတလောက. NLS blog မှာ google သုံးပြီး သီချင်းရှာတာတွေ့ မိသလိုပဲ ရှာကြည့်အုံးမှဆိုပြီးလိုက်ရှာကြည့်တော့
ဒီ site လေးကိုတွေ့ မိပါတယ်...

G2P Beta: Using Google to locate MP3s

ဒီမှာ Google Hacking to Locate MP3s နဲ့  Google Proxy ဆိုပြီးနှစ်ခုပါ ပါတယ်..
သ်ီချင်ရှာတာပဲ စမ်းကြည့်ရသေးတယ်..နောက်ဟာတော့ ပြီးမှစမ်းတော့မယ်
မဆိုးပါဘူး တော်တော်ရှာလို့ ရပါတယ်
ဒါလေးကြောင့် ဒီနေ့ သီချင်းတော်တော်များများနားထောင်ဖြစ်ခဲ့တယ်...

No comments: