သူကပြောတယ်.. ငါကတော်တော်စကားများတယ်တဲ့...တကယ်ပဲလား...
စကားမပြောပဲနေုပြန်ရင်လည်း စိတ် ကြီးပဲလို့ ပြောအုံးမယ်...
ငါကပဲ တစ်ခုခုဆို အထိန်းအချုပ်မရှိ တရားလွန် ဖြစ်နေတာလား...
စကားပြောရင်လည်း အလွန်ပြော..မပြောရင်လည်း တေမိ လုပ်နေသလိုဖြစ်နေတယ်နဲ့ တူတယ်..
သူပြောတာ ဟုတ်မှာပါ..
ငါ့ကိုယ်ငါလည်း သတိထားမိလာတယ်...
ငါကလည်း စိတ်ထဲရင်းနှီးရင် စကားပြောလိုရတယ်.. ပြောစရာစကားတွေ အလိုလိုရှိလာတယ်..
မဟုတ်ရင် ဘာစကားမှ ထွက်မလာဘူး.. "အ" နေတဲ့သူလိုပဲ.
ဒါမကောင်းဘူး လို့  သူကပြောတယ်..။ အင်း.... မေမေကလည်း ပြောဘူးပါတယ်..
ဟုတ်တယ် တော်တော်မကောင်းတဲ့ အကျင့်ကြီးပဲ..
အစက ငါ ဒီလောက် သတိမထားမိဘူး..
ငါမှာက သူငယ်ချင်း အပေါင်းအသင်း ကလည်းနည်းတာကို..
ရှိတဲ့ ငါ့သူငယ်ချင်းဆိုတဲ့ ဟာတွေကလည်း ငါ့စိတ်ထဲရင်းနှီးလို့  သူငယ်ချင်းဖြစ်လာသူတွေကြီးပဲကို..
သူတို့ တွေနဲ့ တော့ ငါမှာပြောစရာက အမြဲရှိနေတော့.. ငါ့ ကိုယ်ငါ သတိမထားမိတာ ဘာဆန်းသလဲ။
အရင်ကတော့ မရင်းနှီးရင်စကား မပြောပဲနေတာ အကြောင်းမဟုတ်ပေမယ့်
ခုတော့ မနေသင့်တော့ဘူတဲ့ ၊ လူမှုရေးဆိုတာကြီးကရှိတယ်လို့ ပြောတယ်..
လူဆိုတာ ရင်းနှီးတဲ့ သူတွေနဲ့ မှ စကားပြောမယ်..အပေါင်းအသင်းလုပ်မယ်ဆိုတာ မဖြစ်နိုင်ဘူး ..
ပတ်ဝန်းကျင်နဲ့  လိုက်လျှောညီထွေနေတက်ရမယ်. စကားပြောတတ်ရမယ်..ပေါင်းတတ်သင်းတတ်ရမယ်...
အို... စုံနေတာပါပဲ.. သူပြောတာတွေ မ မှားဘူး ။ အမှန်တောင် လွန်နေသေးတယ်...
ငါဟာ တကယ်ပဲ ပြောသင့်တဲ့နေရာမှာ မပြောပဲ..
တစ်ခါတစ်လေတော့ (မပြောသင့်တဲ့နေရာမှာ) အရမ်းစကားများတဲ့သူ ဖြစ်နေတာပဲ..
အင်း...ဒါတွေကြောင့်လည်း ငါမှာ အပေါင်းအသင်း မများတာ.. ဘာမှမဆန်းပါဘူး..
တစ်ခုစဉ်းစားမိတယ်..
လူတစ်ယောက်နဲ့ တစ်ယောက် စတွေ့ ကြတယ်.. တစ်ယောက်က စကား မပြောပဲ တေမိလုပ်နေရင်..
တစ်ခွန်းမေး တစ်ခွန်းဖြေလုပ်နေရင်..သူတို့ နှစ်ယောက်.. အပေါင်းအသင်းဖြစ်နိုင်ပါ့ မလား။
အရမ်းကို ခက်ခဲပါမယ်...လူတွေပဲလေ..
ကိုယ်က ဖော်ဖော်ရွေရွေ စကားပြောပါလျှက်.. ဟိုဘက်က တုံန့် ပြန်ပုံက တစ်မျိုးဆို.. ဘယ်လိုနေမလဲ။..
ဆက်ပြီးစကားပြောချင်ပ မလား။ မပြောမဲ့သူက ၁၀၀ မှာ ၉၀ လောက်တော့ရှိမှာပဲ..
ငါသာသူတို့ နေရာမှာဆိုလည်း ဆက်ပြီးစကားပြောနေမှာ မဟုတ်ဘူး..။
လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာ..မလွယ်ပါလား ..
လူဆိုတာတစ်ယောက်တည်းနေလို့ မရတော့လည်း ကြိုးစားပြောင်းလဲကြည့်ရမှာပေါ့လေ..
ဒါက ငါစကားမပြောတဲ့ အကြောင်း..
အဓိကပြောချင်တာက ငါစကားများတဲ့အကြောင်း ၊ အဲ့လိုပဲ တစ်ခုခုဆို လိုရင်းမရောက်တော့ဘူး...
ငါ စကားများတယ်..မှန်ပါတယ်. ငါရင်းနှီးတဲ့သူတွေနဲ့ ဆိုရင်..
အထူးသဖြင့် သူနဲ့ ဆိုရင်..သူဟာ ငါ့ရဲ့ အရင်းနှီးဆုံး သူတစ်ယောက်ပဲလေ..
သူလည်း ဘယ် အချိန်တိုင်းတော့ ငါစကားတွေနားထောင်ပေးနေနိုင်မလည်း..
ဒါတောင် သူရဲ့ အချိန်တော်တော်များများ ငါနဲ့ ရှိပေးနေတာပါပဲ...
တစ်ခါတစ်လေတော့လည်း ငါလွန်တာပါ..အားတာနဲ့ သူကိုရှာပြီ..
တစ်ခုခုဆို သူကိုပြောပြလိုက်ရမှ... ရှိသေးတယ်..
ငါကတစ်ခုခုပြောရင် ပြန်ပြီးတစ်စုံတစ်ခုတော့တုံန့် ပြန်မှကြိုက်တယ်..
သူကလည်း စကားကို သူစိတ်ကုးပေါက်မှ ပြောတဲ့သူ..
သူက စကားနည်းလေ.. ငါကစကားပိုများလေနဲ့  (သူနဲ့ ဆိုရင်) တူပါရဲ့..
တို့ နှစ်ယောက်မှာ တစ်ယောက်ယောက်တော့ ပြောအုံးမှပေါ့..(ကိုယ့်အထင်ပါ)
တစ်ခါတစ်လေ သူလိုပဲ ငါလည်းစကားနည်းနည်းပဲပြောမှလို့ ..
ခုထိတော့ မအောင်မြင်သေးပါဘူး...ဘယ်အောင်မြင်ပ မလည်း..
ငါက စကားလုံးဝမပြောပဲနေရင် သူလည်းကြိုက်မယ်မထင်ပါဘူး.. (မယုံရင် မေးကြည့်ပါ)
ငါသာ သူလိုလိုက်နေလိုက်ရင်. ငါတို့ နှစ်ယောက်အကြား စကားရှားသွားတော့မှာပေါ့
အင်း... ငါ အစွန်းမရောက် အလယ်အလတ်နေတတ်အောင်တော့လုပ်အုံးမှ...
ကြိုးစားအုံးမှ..သူကိုသနားလို့ ပါ.. သူကလည်းသူပါပဲ..
ငါက သူတစ်ယောက်ကိုမှ ထူးထူးခြားခြား လွန်ကဲစွာ စကားများများပြောတဲ့ အတွက် သူဂုဏ်ယူသင့်တယ်..
No comments:
Post a Comment