ငယ်ငယ်တုန်းက တို့ ဘ၀အရွယ်၊ ပျော်စရာကောင်းလို့  အားမေ့ဖွယ်
ပေါင်းဖော်သဟာဆွေ မာစေကြောင်းလို့  ဆုတောင်းပါတယ်
တနယ်တကျေး အဝေးကကွယ်၊ အခုများဖြင့် ဆွေးကြဖွယ်
ဘ၀သံသရာဝယ် ကိုယ်တာကိုယ့်အရေး မအေးကြတယ်..
ပေါင်းဖော်သဟာဆွေ မာစေကြောင်းလို့  ဆုတောင်းပါတယ်
တနယ်တကျေး အဝေးကကွယ်၊ အခုများဖြင့် ဆွေးကြဖွယ်
ဘ၀သံသရာဝယ် ကိုယ်တာကိုယ့်အရေး မအေးကြတယ်..
တခါတလေ ဒီက Playground တွေမှာ ကစားနေတဲ့ ကလေးတွေကိုတွေ့ ရင် ကျွန်မတို့ ငယ်ငယ်က ခြံကျယ်ကြီးထဲမှာ အရွယ်စုံ ကလေးပေါင်းများစွာစုပြီး ကစားနည်းပေါင်းများစွာကို ကစားခဲ့ကြတာ သတိရမိတယ်။ ကျွန်မတို့ မိဘတွေက နေပူထဲမထွက်၊ ခြံပြင်မထွက်ရင်ပြီးရော၊ ခြံထဲမှာ ကြိုက်တာ ကစားခွင့်ပြုခဲ့တယ်။ အရိပ်ရှိရာမှာ တနေကုန်တနေခန်း ထုတ်စီးတိုးတန်း၊ လိုက်တန်းပြေးတန်း၊ ရွှေစွန်ညို၊ တူတူပုန်းတန်း၊ ဒုံထုတန်း(ကျွန်မတို့ က အဲ့လို ခေါ်ကြတယ်) ၊ စစ်တိုက်တန်း၊ ဘောလုံးကန်တန်း၊ အဖွဲ့ လိုက် ကြက်တောင်ရိုက်တန်း၊ နောက် ကျေးရွာတည်တန်း ကစားကြတာမှတ်မိတယ် ( ဈေးသည်၊ ဈေးဝယ်၊ စာသင်ကျောင်းတွေ က ဆရာမတွေ၊ ကျောင်းသားတွေ၊ ဘုန်းကြီးကျောင်းက ဘုန်းကြီးတွေလုပ်ပြီး ကစားကြသေးတယ်) အင်း...သိသမျှ အုပ်စုဖွဲ့ ကစားကြရတဲ့ ဗမာရိုးရာ ကစားနည်းပေါင်းများစွာကို ကစားခဲ့တယ် ဆိုရမယ်။ နောက်ပြီး အဲ့ဒီအချိန်က မြန်မာ့အသံမှာလာတဲ့ (စနေ့ နေ့ နေ့ လည်မှာ ထင်တယ်ပါတယ်) အဖွဲနှစ်ဖွဲ့ ခွဲပြီး ပြိုင်ကြတဲ့ ထူးထူးဆန်းဆန်း ကစားနည်းပေါင်းများစွာကိုလည်း အတုယူပြီး တပျော်တပါး ကစားခဲ့ကြဘူးတယ်။ မိုးမရွာတဲ့ ညတွေဆိုရင် မိုးအတော်ချုပ်တဲ့အထိ ကစားကြတယ်။ တခါများ မိုးတွင်းကြီးမှာ ရေပြည့်နေတဲ့ မြောင်းတွေထဲဆင်းပြီး တလားဘီးယားတို့ ၊ ငါးရန့် တွေ အဖမ်းကောင်းလို့  အမေရိုက်တာ ခံလိုက်ရသေးတယ်။ ကျောင်းမှာဆို ငြိမ်သလောက် အိမ်မှာ အသေကစားတဲ့ ကလေးတွေလို့  ပြောလို့ ရမယ် ထင်တယ်။ တဦးတည်းသောသားဖြစ်လို့  ငယ်ငယ်က ကစားဖော်မရှိလို့  စိတ်ကြိုက် မကစားခဲ့တဲ့ အဖေက ကစားချင်သလောက်ကစား တော်ရုံဆို တားလေ့မရှိတာကြောင့် လည်းပါမယ်။ ကျွန်မတို့ က အရုပ်တွေနဲ့ ကစားရတာထက် ကလေးတွေ အများကြီးနဲ့  ကစားရတာကို ကြိုက်တယ်။ ဟိုးငယ်ငယ်တုန်းကပေါ့။ သူငယ်ချင်း တစ်ယောက်နဲ့  ဖုန်းပြောတုန်းကတောင် ခုအသက်အရွယ်မှာ ဟိုး... အရင်ကလို ခင်မင်ဖို့ ကောင်းတဲ့၊ ရိုးရိုးသားသားခင်မင်ကြတဲ့ သူငယ်ချင်း အသစ်တွေ တွေ့ ဖို့ ဆိုတာ အရမ်းခက်တယ် ဆိုတဲ့အကြောင်းနဲ့  ငယ်ငယ်ကတည်းက ခင်မင်ခဲ့တဲ့ သူငယ်ချင်းတွေရဲ့ တန်းဖိုးကို ကြာလေ ပိုပြီး သိလာရတယ်ဆိုတဲ့ အကြောင်းတွေ ပြောဖြစ်ခဲ့သေးတယ်။ နောက်ပြီး ငယ်ငယ်တုန်းက သံယောဇဉ်ဆိုတာ မေ့ရခက်တယ် မဟုတ်လား။ အထက်တန်း နဲ့  တက္ကသိုလ် တက်တုန်းက သူငယ်ချင်းတွေနဲ့  အဆက်အသွယ် ရှိသေးပေမယ့်၊ ငယ်ငယ်က သူငယ်ချင်းတွေနဲ့ တော့ အဆက်အသွယ်ပြတ်နေတာ များတယ်။ ဖြစ်နိုင်မယ်ဆို ဟိုး... ငယ်ငယ်တုန်းက ကစားဖော် သူငယ်ချင်းတွေကို တခါလောက်တော့ ပြန်ဆုံချင်ပါသေးတယ်။
တို့ ငယ်ငယ်တုန်းအရွယ် ရောင်ပေးစူးကလေးတွေနဲ့ ကွယ်
ပုဆိုးကို စလွယ်သိုင်း ရွာဝိုင်းပတ်လယ်
ပြေးလွှားပျော်ပါးတယ် သူငယ်ချင်းအပေါင်းအဖော်များနဲ့ 
ကောင်ရိုးပုံတွေကြား တူပုန်းကစားကြတယ်။
ခင်ခင်မင်မင်ကြင်နာရှာတယ် တို့ များငယ်ငယ်
တစ်ယောက်နဲ့ တစ်ယောက် အပျောက်မခံကြပဲ တတွဲတွဲနဲ့ ကွယ်
အလည်လွန်ကာ အိမ်ကိုပြန်ရင် အမေကဆူတယ်
ကြိမ်းမောင်းလို့  အရိုက်ခံထိလည်း အတွဲမပျက်ကြတယ်။
ရွာဦးက ဆရာတော်ကျောင်းဝယ်
တို့ အပေါင်းအဖော်ယောင်းရင်းတွေ တချီတမောင်းသွားလို့ ကွယ်
ကျောင်းပုံပေါ်ဝယ် ခိုတွေဖမ်းလို့  ခါးပိုက်ဆောင်မှာလွယ်
ဆရာတော်မိရင် အဆော်ခံထိမှာ စိုးတယ်.. စိုးတယ်.
ဖ၀ါးနဲ့ တင်ပါး တသားထဲ ပြေးကြတယ်.
ငယ်ငယ်တုန်းက တို့ ဘ၀အရွယ်၊ ပျော်စရာကောင်းလို့  အားမေ့ဖွယ်
ပေါင်းဖော်သဟာဆွေ မာစေကြောင်းလို့  ဆုတောင်းပါတယ်
တနယ်တကျေး အဝေးကကွယ်၊ အခုများဖြင့် ဆွေးကြဖွယ်
ဘ၀သံသရာဝယ် ကိုယ်တာကိုယ့်အရေး မအေးကြတယ်..
အရင်ကဆို ပျော်ပျော်ရွှင်ရွှင် ချစ်ချစ်ခင်ခင် တို့ တတွေမယ်
ပြေးလွှာကစားလို့ ကွယ် အပူပင် ဝေးခဲ့လေတယ်.
ဘ၀ဆိုတာလည်း နားမလည် အသိတရားတွေက မကြွယ်
အခုများဖြင့်ကိုယ်စီကိုယ်စီ ကြင်ဖော်အသွယ်သွယ်
သားရယ် သမီးရယ် သောကမီးနွယ် လောကကြီးအလယ်
ဘ၀တိုက်ပွဲ အနိုင်နွှဲကြတယ်။
Song Credit to Ko AwLanMg and SoeMoe