Pages

March 19, 2008

Myanmar Food Photos

ဒီတစ်ခါ တင်မယ့် ဓာတ်ပုံတွေဟာ ကျွန်မ ကိုယ်တိုင် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ မဟုတ်ပါဘူး။ forward email ကနေ ရတဲ့ ဓာတ်ပုံတွေပါ။ အီးမေးထဲမှာ ဘယ်သူ စုစည်းထားတဲ့ ပုံတွေဆိုတာ ဖော်ပြထားတာ မတွေ့ ရဘူး။ ဒီပုံတွေ အင်တာနက်ပေါ်မှာ တွေ့ ဘူး သလိုပဲ။ မမှတ်မိတော့ဘူး။ ဘာပဲဖြစ်ဖြစ် အစားအသောက်ပုံတွေ ဆိုတော့ သဘောကျတာနဲ့  သိမ်းထားလိုက်တယ်။
မြန်မာအစားအသောက် ဓာတ်ပုံများ

ပဲပလာတာ

ပဲပြုတ်နံပြား

အုန်းနို့ ခေါက်ဆွဲ နဲ့  ဘဲသွေး

မုန့် ဟင်းခါး နဲ့  အကြော်စုံ

ဆီချက်ခေါက်ဆွဲ

ကြေးအိုး

ဖါလူဒါ

မြန်မာ ထမင်းဝိုင်း
ပုဇွန်ထုတ်ဟင်း

ချဉ်ပေါင်ကျော်

မြင်းခွါရွက်သုတ်


တရုတ်အစားအစားများ
တရုတ်အစားအစားများ
ဘဲကင်

အသုတ်စုံ

အကြော်စုံ

ကျောက်ကျော

ကောက်ညှင်းရွှေကျီ

ရေခဲမုန့် 

ရွှေရင်အေး



ပုံတွေကြည့်ပြီး ပဲပလာတာ၊ ပဲပြုတ် နံပြားနဲ့  မုန့် ဟင်းခါးစားကို ခုချက်ချင်း စားချင်သွားတယ်။ အကြော်စုံနဲ့  အသုတ်စုံလည်း စားချင်တယ်။ ဆီချက်ခေါက်ဆွဲနဲ့  ကြေးအိုးလည်း စားချင်ပြန်ရော။ ထမင်းပွဲကြည့်ပြီး ထမင်းစားချင်စိတ်လည်း ပေါ်လာတယ်။ ကြေးအိုးနဲ့ ဆီချက်ခေါက်ဆွဲလည်း စားချင်တာပဲ။ ဘဲကင်လည်း စားချင်တာပဲ။ ဒီက ဘဲကင်တွေက ရန်ကုန်က ဘဲကင်နဲ့  မတူဘူး။ နောက်ဆုံတစ်ခေါက် ရန်ကုန်ပြန်တုန်းက ကြက်ငှက်တုတ်ကွေးကြောက်နေရလို့  ဘဲကင်မစားခဲ့ရဘူး။ အကုန်လုံးကို စားချင်စိတ်ပေါက်နေတယ်။

အိမ်မှာ လက်ဖက်တွေ နဲ့ အကြော်စုံရှိတော့ လက်ဖက်သုတ် စားလို့ ရတယ်။ ပုစွန်ခြောက်လည်း ရှိတယ်။ ဂေါ်ဖီ၊ ခရမ်းချဉ်သီး နဲ့  ငရုတ်သီး ၀ယ်ထားတာလည်း ရှိတယ်။ အဖိုးကြီးသုတ်၊ အဖွားကြီးသုတ်၊ အားလုံးရောပြီး သုတ်တာ အကုန် လုပ်စားမယ်။ ပဲပြုတ် ၀ယ်ထားတာတွေ ရှိတယ်။ ဒီ အားလပ်ရက်မှာ ပဲပလာတာလည်း လုပ်စားအုံးမယ်။ အိမ်က ထည့်ပေးလိုက်တဲ့ ပုဇွန်ထုတ် နဲ့  ၀က်နံရိုးကျော်ကတော့ ကုန်သွားပြီ။ ငါးခူ အစပ်ကျော်တော့ ရှိသေးတယ်။ ဟင်းမချက်စား ဖြစ်တာ ကြာနေပြီ။ ပုဇွန်ဝယ်ပြီး ပုဇွန်ဟင်းချက် စားရင်ကောင်းမယ်။ ကြက်ဥကျော်ပြီး ပြန်ချက်တဲ့ဟင်းလည်း ချက်စားမယ်။ စိတ်ကူးတာတွေ။ မုန့် ဟင်းခါးကတော့ ပြီးခဲ့တဲ့ အပတ်က အစ်ကို ချက်ပေးလို့  စားလိုက်ရတယ်။ အကြော်တော့ မပါဘူးပေါ့။ စားလို့ ကောင်းပါတယ်။ ဒါပေမယ့် မုန့် ဟင်းခါးကို အကြော်စုံနဲ့ မှ ပိုကြိုက်တယ်။ အုန်းနို့ ခေါက်ဆွဲ စားချင်ရင်တော့ အိမ်က ထည့်ပေးလိုက်တဲ့ အထုတ်တွေရှိတယ်။ ဒီမှာ ဘဲသွေး ၀ယ်လို့ ရမယ် မထင်ဘူး။ ခုရက်ပိုင်း ဒံပေါက်လည်း စားချင်စိတ် ပေါ်နေတယ်။ တနင်္ဂနွေနေ့ မှ သွားဝယ်စားဦးမယ်။ အသုတ်စုံတို့  ဘာတို့ တော့ စားချင်စိတ် ရှိပေမယ့် လုပ်စားဖို့  စိတ်မရှည်ဘူး။ ဒီက မြန်မာဆိုင်တွေမှာ ရောင်းတဲ့ဟာတွေလည်း မစားချင်ဘူး။ အသုပ်စုံ လုပ်ကျွေးမယ့်သူ ရှိရင်ကောင်းမယ်။ :-)

March 18, 2008

18 March 2008

ဒီရက်ပိုင်း နေမကောင်းဘူး။ ရာသီဥတု အဲဒီလောက်အေးတာမဟုတ်ပဲနဲ့  ချောင်းပြန်ဆိုးလာတယ်။ စိတ်ပင်ပန်း နေလို့  လူပါ ပင်ပန်းသွားပြီး ခံနိုင်ရည် မရှိတော့တာလား မသိဘူး။ စောစောအိပ်ရာဝင်ဖြစ်အောင် ကြိုးစားပေမယ့် နိုးလာတဲ့ခါ အိပ်ရေး၀၀ အိပ်လိုက်ရတယ်လို့  မခံစားရဘူး။ ခုတလော စိတ်အနှောက်မယှက် ဖြစ်စရာတွေ ကလည်း များနေတယ်။ လူတွေ လူတွေ.. အတော် မလွယ်တာပဲ။ သူတို့ တွေကို သွားပြောင်းလဲလို့  မရတော့ ကိုယ်တိုင်သာ သူတို့ လို မလုပ်မိ၊ မပြောမိအောင်၊ သူတို့  စိတ်ထားမျိုးတွေ မထားမိအောင် နေရမှာပဲ။ ဒီရက်ပိုင်း အလုပ်မှာ ခွင့်ယူထားတဲ့သူရှိလို့  သူအလုပ်တွေပါ လုပ်ပေးနေရတော့ နည်းနည်း အလုပ်များတယ်။ အိမ်ပြန်ရောက်ရင် ဖတ်မိတဲ့ သတင်းတွေ၊ သတိထားမိတဲ့ အကြောင်းအရာလေးတွေ ရေးမယ် စိတ်ကူးပေမယ့် တကယ်တန်း မရေးဖြစ်ဘူး။ သီချင်းတွေတော့ နားထောင်ဖြစ်တယ်။ အချိန်ရရင် သီချင်းတွေနဲ့ စာသားတွေ ဒီမှာ လာရေးအုံးမယ်။ အလုပ်လုပ်တာ ၂ ရက်ပဲ ရှိသေးတယ်။ ပင်ပန်းနေပြီ။ ဒီတစ်ပတ် ၄ ရက်ပဲ အလုပ် လုပ်ရမှာ ဖြစ်လို့  တော်ပါသေးတယ်။ သောကြာနေ့ က Good Firday ဆိုတော့ အလုပ်ပိတ်တယ်။ အားလပ်ရက် ၃ ရက်ရောက်မှပဲ လုပ်ချင်တာတွေ လုပ်၊ ရေးချင်တာတွေ ရေး၊ စားချင်တာတွေ ၀ယ်စားပြီး၊ ကောင်းကောင်း အနားယူတော့မယ်။

March 16, 2008

Einstein's Intelligence Quiz

ဒီနေ့  တနင်္ဂနွေနေ့ ...
တစ်နေကုန် စားလိုက် အိပ်လိုက်နဲ့ ပေါ့။ ညနေရောက်တော့ ပျင်းလာတာနဲ့  သူငယ်ချင်းတစ်ယောက် ပို့ ပေးတဲ့ IQ Question ကို ဖြေကြည့်ု ဖြစ်တယ်။ ဒီမေးခွန်းကို ထုတ်တဲ့သူ အိုင်စတိုင်းက ပြောတာတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူတွေ အားလုံးရဲ့ ၉၈ ရာခိုင်နှုန်းက ဒီမေးခွန်းကို မှန်အောင် မဖြေနိုင်ဘူး ဆိုပဲ။

စိတ်ဝင်စားတယ်၊ အချိန်လည်းရတယ်၊ ကိုယ့် IQ ဘယ်လောက်ရှိလည်းသိချင်တယ် (ကိုယ်က 2% ထဲမှာပါလား၊ 98% ထဲမှာပါလား သိချင်တယ်) ဆိုရင်တော့ ဖြေကြည့်ကြပါ။ ဖြေကြည့်မယ် စိတ်ကူးရင်တော့ အင်တာနက်ပေါ်မှာ အဖြေမရှာပဲ အဖြေတစ်ခု ရအောင် အရင်ဆုံး ကြိုးစားကြည့်ပါ။ အဖြေတစ်ခုရတဲ့ အချိန်၊ နောက်ဆုံး အဖြေမှန်ကို လုံးဝ စဉ်းစားမရနိုင်တော့ဘူးလို့  ထင်တဲ့ အချိန်ကြမှသာ ဒီ Quiz ရဲ့ အဖြေကို ကြည့်လိုက်ပါ။ ဘာပဲဖြစ်ဖြစ် အပျင်းပြေပေါ့။

There are 5 houses in 5 different colors
- In each house lives a person with a different nationality
- These 5 owners drink a certain type of beverage, smoke a certain brand of cigar, and keep a certain pet
- No owners have the same pet, smoke the same brand of cigar or drink the same drink.

Here's the question: Who owns the fish?

1. The Brit lives in a red house
2. The Swede keeps dogs as pets
3. The Dane drinks tea
4. The green house is on the left of the white house
5. The green house owner drinks coffee
6. The person who smokes Pall Mall rears birds
7. The owner of the yellow house smokes Dunhill
8. The man living in the house right in the middle drinks milk
9. The Norwegian lives in the first house
10. The man who smokes Blend lives next door to the one who keeps cats.
11. The man who keeps horses lives next door to the man who smokes Dunhill
12. The owner who smokes Blue Master drinks beer
13. The German smokes Prince
14. The Norwegian lives next to the blue house
15. The man who smokes Blend has a neighbor who drinks water

With these 15 clues the problem is solvable.

*** Einstein wrote this quiz last century. He said that 98% of the World could not figure it out. ***


နောက်ဆုံး အဖြေရပြီး မှန်မမှန်သိချင်ရင်ပဲဖြစ်ဖြစ်၊ အဖြေကိုလုံးဝ မရှာနိုင်တော့ဘူးလို့  ထင်တဲ့အခါကြရင်ပဲ ဖြစ်ဖြစ်၊ ခေါင်းရှုပ်ခံ၊ အချိန်ကုန်ခံပြီး စဉ်းစားမနေပဲ တခါထဲ အဖြေမှန်ကို သိချင်ရင်ပဲ ဖြစ်ဖြစ် ဒီနေရာမှာ သွားကြည့် လို့  ရပါတယ်။ အဲ့ဒီနေရာမှာ အဖြေမှန်ကို မြန်မြန်ရအောင် ဘယ်ပုံဘယ်နည်းနဲ့  စဉ်းစားလို့  ရတယ်ဆိုတဲ့ နည်းလမ်းကိုလည်း ရှင်းပြထားတယ်။

တစ်ယောက်တည်း - ဇော်ဝင်းထွဋ်

ဘယ်သူမှအနားနားမှာ မရှိသောဘဝ
ငါတစ်ယောက်ထဲနေ့ညတွေ ပျံသန်းသွား
ရည်ရွယ်ရာမရှိတော့သူ ငါ့အလွမ်းများ
တွယ်ရာမဲ့ခရီးဝေး ငါနှင်ခဲ့တာ
အဆုံးသတ်ကိုသိခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်
ပျော်ရွှင်စွာ အစပြုခဲ့မိသူ
ပြိုလာတဲ့ မိုးကောင်းကင်ကြီးအောက်
တစ်ယောက်တည်း

ဒါအချစ်ပဲ ဦးနှောက်တွေ မလိုဘူးလေ
ဒါအချစ်ပဲ ရိုသားစွာ ယုံသမျှတွေ
ဒီရင်ထဲရှိသမျှ နင် အကုန်လုံးယူ
အဆင်မပြေလို့  ပစ်ချလို့ ထွက်ပြေးသူ
မင်းအကြောင်း အကောင်းပဲ ထာဝရအတွက်
နင်ဘာမှ မမှားဘူး… ချစ်သူလေး..
အရာရာရဲ့ အစ ပြဿနာများလည်း ငါပါပဲ……

(ခွဲလို့ သွားနိုင်တယ်... နှလုံးသားတစ်ခု မင်းလက်ထဲ..
ညာချင်လည်း သဘောပါပဲ.. အကုန်ဖျက်ဆီးသွားနိုင်တယ်
စေလိုရာစေလိုကွာ.. ဒီရင်မှာ အချစ်များစွာ မင်းအတွက်)

အချိန်ရာသီတွေ အလီလီပါပဲ လွမ်းနေမှာ
နင်ဘယ်ရင်ခွင်မှာ ရှိမလဲး တွေးရင်း အသက်ရှင်နေမှာ
အသက်တာဝေးကွာ အသိမှာ မခံနိုင်ဘူး

ဇော်ဝင်းထွဋ် သီဆိုထားတဲ့ တစ်ယောက်တည်းဆို တဲ့ဒီသီချင်းမှာ featuring သီဆိုထားတဲ့သူက သူရဲ့သမီးဖြစ်သူ ချမ်းချမ်းပါ။ မျှော်လင့်ခြင်း ကမ်းခြေ အခွေ ထဲမှာ ပါတဲ့ သီချင်းတစ်ပုဒ်ပါ။ ဒီသီချင်း သံစဉ်နဲ့ စာသား ရေးသားသူက ဆောင်ဦးလှိုင်လို့  သိရတယ်။ တစ်စုံတစ်ယောက်သော သူက ဒီသီချင်းမှာပါတဲ့ ဗုံတီးသံတွေကို သဘောကျတယ်လို့  ပြောဖူးလို့ မှတ်မှတ်ရရ ဖြစ်နေတယ် :-)

ဒီနေ့  သူငယ်ချင်းတစ်ယောက်က ဒီသီချင်းရဲ့ စာသား ရှိရင် လိုချင်တယ် ပြောလာတာနဲ့  အင်တာနက်ပေါ်မှာ လိုက်ရှာတာ ရှာလို့ မတွေ့ ဘူး။ ဒါနဲ့ ပဲ ဒီသီချင်းကို နားထောင်ကြည့်ရင်း စာသားတွေကို လိုက်ရေးဖြစ်သွားတယ်။ သီချင်းကို နားထောင်ပြီး ရေးတာ ဖြစ်လို့  စာသားမှာ အမှားတွေလည်း ပါနိုင်ပါတယ်။
Mp3 - credit to Myamanmarmp3.net

March 13, 2008

The Change - Brooks Garth

ဒီနေ့  မနက်စောစော ဒီသီချင်းထဲက စာသားတချို့ ကို ကို LetItRock ရေးထားတာ ဖတ်လိုက်မိတာနဲ့  သဘောကျသွားပြီး mp3 မရမက လိုက်ရှာ၊ နားထောင်ဖြစ်သွားတဲ့ သီချင်းတစ်ပုဒ်ပါ။

The Change -- Garth Brooks
Fresh Horses 1995
One hand reaches out and Pulls a lost soul from harm
While a thousand more go unspoken for
They say what good have you done, by saving just this one
It's like whispering a prayer in the fury of a storm

And I hear them saying you'll never change things
And no matter what you do it's still the same thing
But it is not the world that I am changing...
I do this so this world will know
THAT IT WILL NOT CHANGE ME

This heart still believes that love and mercy still exist
While all the hatreds rage and so many say that love is
All but pointless in madness such as this
It's like trying to stop a fire with the moisture from a kiss

And I hear them saying you'll never change things
And no matter you do it's still the same thing
But it is not the world that I am changing...
I do this so this world will know
THAT IT WILL NOT CHANGE ME

As long as one heart still still holds on
Then hope is never really gone...

I hear them saying you'll never change things
And no matter what you do it's still the same thing
But is is not the world that I am changing...
I do this so this world we know
NEVER CHANGES ME

What I do is so
This world will know
That it will not change ME

ဒီသီချင်းကို အတော်လေး ရှာလိုက်ရတယ်။ Mp3 Search Engine တွေနဲ့  လိုက်ရှာတာ ရှာလို့ မတွေ့ ဘူး။ Google မှာ လိုက်ရှာတာ Album တစ်ခုလုံးကို ရှာတွေပေမယ့် Rapidshare မှာ တင်ထားတာမို့  ဒေါင်းလုတ်လုပ်ရတာ အဆင်မပြေဘူး။ ကူညီနေကြ သူကလည်း အလုပ်ရှုပ်နေတယ်ဆိုတော့ မနှောက်ယှက် ချင်တာနဲ့  ဒီသီချင်းတစ်ပုဒ်ရအောင် နည်းမျိုးစုံနဲ့  အတော်လေးရှာယူ လိုက်ရတယ်။ ဒေါင်းလုတ်လုပ်တဲ့ ဆော့ဝဲလ်တွေသုံးပြီး ရှာရင်တော့ ဒီလောက် ခက်မယ် မထင်ဘူး။ ဘာပဲဖြစ်ဖြစ် အချိန်ယူပြီး လိုက်ရှာရတာ တန်ပါတယ်။ ဒီသီချင်းနားထောင်ပြီး နှစ်သက်မိတာနဲ့  ထပ်ခါထပ်ခါ နားထောင်ဖြစ်တယ်။

March 11, 2008

Mp3gle.net - Another Audio Search Engine!

ဒီနေ့  ဟိုအရင်က ကျွန်မ ရေးခဲ့ဖူးတဲ့ SkreemR နဲ့  SeekMp3 တို့ လို MP3 Files တွေ ရှာပေးတဲ့ Search Engine တစ်ခု ထပ်တွေ့ ပါတယ်။ အဲ့ဒီ Search Engine ရဲ့ နာမည်က Mp3Gle ပါ။ Audio File တွေကို Google လိုပဲ လျှင်လျှင်မြန်မြန် ရှာဖွေပေးနိုင်တဲ့ နေရာတစ်ခု ဆိုပြီး Google for Mp3 (Mp3Gle) လို့  နာမည် ပေးထားတာ ထင်ပါတယ်။ ဒါပေမယ့် ဒီဆိုဒ်ဟာ Google Inc နဲ့ သက်ဆိုင်ခြင်း မရှိဘူးလို့  ပထမဆုံး စာမျက်နှာပါ ရေးထားတာ တွေ့ ရပါတယ်။ သူတို့ ပေးထားတဲ့ နာမည်ကလည်း လူတွေ အထင်မှားနိုင်လောက်တဲ့ အမည်မျိုး ဖြစ်နေလို့ ကြိုပြီး ရှင်းပြထားတာ ဖြစ်မယ်။

တခြားဆိုဒ်တွေလိုပဲ Mp3Gle ဟာ အင်တာနက်ပေါ်မှာ ရှိနေတဲ့ audio files တွေကို လိုက်ရှာပေးတဲ့ အလုပ်ပဲ လုပ်ပါတယ်။ သူတို့ ရဲ့ server မှာ ဘာ file မှ သိမ်းမထားပါဘူးလို့  သေသေချာချာရေး ထားပါတယ်။ ရှာလို့ တွေ့ တဲ့ သီချင်းတွေကို Download မလုပ်ခင် နားထောင်ကြည့်နိုင်တဲ့ Feature လည်း Mp3Gle မှာ ပါတယ်။ သီချင်းတွေ စမ်းရှာကြည့်တာတော့ အဆင်ပြေပါတယ်။
အရင်ကျွန်မ သုံးလေ့ရှိတဲ့ Search Engine နှစ်ခုနဲ့  ဒီနေ့ တွေတဲ့ Search Engine နဲ့ ဘယ်ဟာက ပိုပြီး ကောင်းသလဲ ဆိုတာ ကျွန်မလည်း အသေအချာ စမ်းမကြည့်ရ သေးပါဘူး။ ကျွန်မ အနေနဲ့ ကတော့ ဒီ Search Engine ၃ ခုကို အဆင်ပြေသလို သုံးဖြစ်မယ် ထင်တယ်။ ဘာနဲ့ ပဲရှာရှာ ကျွန်မ လိုချင်တဲ့ သီချင်း ရဖို့ က အဓိက မဟုတ်လား။ ဒါပေမယ့် သုံးတဲ့ အချိန် ကြာလာတဲ့ အခါမှာ Search Engine က ဘာတွေ ပိုကောင်းတယ် ဆိုတာ သိလာမယ် ထင်ပါတယ်။

Others Related Links:
SkreemR.com
SeekMp3.net

March 10, 2008

Sad News : Sai Htee Saing Passed Away

နေ့ လယ်စာ စားပြီးချိန်.. သတင်းတွေ ဖတ်နေရင်း နေးတစ်မှာ စိုင်းထီးဆိုင် ကွယ်လွန်ကြောင်း သတင်းတွေ ထွက်နေတယ်။ ဟုတ်သလားဆိုပြီး မေးထားတာတွေ့ လိုက်ရတယ်။ အဲဒီ သတင်းမမှန်ပါစေနဲ့ လို့ ဆုတောင်းရင်း သတင်းတွေ လိုက်ရှာဖတ်ကြည့်ဖြစ်သွားတယ်။ MizzimaBurmese မှာ အဲ့ဒီ သတင်း တင်ထားတယ်။ အဲ့ဒီမှာ ဘာမှ အသေးစိတ် ရေးမထားတော့ သတင်းမှန်တယ်ဆိုတာကို မယုံချင်သေးဘူး။ ကိုဘွိုင်း သတင်းပေးတာနဲ့  Shanland.org က သတင်းကို ဖတ်လိုက်ရမှပဲ အဆိုတော် စိုင်းထီဆိုင် ကွယ်လွန်သွားပြီဆိုတဲ့ သတင်း မှန်နေကြောင်း သိလိုက်ရပါတယ်။

Breaking News: Singer Htee Hseng passes away ( Shanland.org)

Popular Shan singer Sai Htee Hseng, 58, who exploded into prominence by singing songs composed by Sai Kham Lek, in the early 1970’s, passed way at 07:50 at his home in Kyaukmyaung, Rangoon. He had been reportedly suffering from weak lungs.

He made his last overseas performance in London on Shan New Year’s Day, which fell on 5 December 2007.


ကျွန်မ အကြိုက်ဆုံးအဆိုတော်တွေထဲမှာ စိုင်းထီးဆိုင်လည်း တစ်ယောက် လည်းပါတယ်။ မှတ်မှတ်ရရ ဒီနေ့  နေ့ လယ်စာ စားပြီး ဖုန်းပြောနေတဲ့ အချိန်ကတောင် စိုင်းထီးဆိုင်ရဲ့ သီချင်းတစ်ပုဒ်ကို နားထောင်ဖြစ်ခဲ့ပါတယ်။ တကယ့်ကို စိတ်မကောင်း ဖြစ်မိတယ်။ သူ့ ဂီတကို နှစ်သက်သူတွေ အားလုံး အတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှု့ တစ်ခု ပါပဲ။

Donation for Fire Victims

လှိုင်သာယာ ရေဥက္ကံကျေးရွာ မီးဘေးအတွက် အလှူငွေကောက်ခံနေတဲ့ အကြောင်း ကျွန်မ သတင်းပေး ရေးသားခဲ့ဖူး ပါတယ်။ ဒီနေ့  မှာ ကောက်ခံရရှိတဲ့ အလှူငွေတွေကို ရန်ကုန်ကို ပို့ ပေးရန် စာရင်းချုပ်တဲ့ အခါမှာ စုစုပေါင်း S$ 3200 ကောက်ခံရရှိ ခဲ့တယ်လို့  သိရှိရပါတယ်။ ဒီနေ့ ပင်နီဆူလားမှာ ငွေလွှဲဈေးက S$1 ကို ၇၈၀ ကျပ်ပါ။ ဒါပေမယ့် သပြေနုကို ဒီအလှူအကြောင်း ပြောပြတဲ့အခါမှာ ၇၈၈ ကျပ်ဈေးကို တိုးပေးတဲ့ အတွက်၊ စုစုပေါင်း ၂,၅၂၁,၆၀၀ ကျပ် လွှဲနိုင်ခဲ့တယ်လို့  သိရပါတယ်။

အခု အလှူမှာ လှူဒါန်းပေးတဲ့ အလှူရှင်တွေ၊ ထပ်ဆင့် သတင်းပေး အလှူငွေ ကောက်ခံ စုဆောင်းပေးသူများ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီလှိုင်သာယာ မီးဘေးဒုက္ခသည်တွေကို ကျွန်မတို့  တတ်နိုင်သမျှ ပမာဏကို လှူဒါန်းဖြစ်အောင် အလှူငွေ ကောက်ခံရေးမှာ ဦးဆောင်မှု့ ပြုပေးခဲ့တဲ့ စင်္ကာပူက Raven အဖွဲ့ သားများ၊ အလင်းလှိုင်းအဖွဲ့ သားများ၊ နေးတစ်မန်ဘာများ အားလုံးနဲ့  အလှူရှင်များ အားလုံးကိုယ်စား လေလွင့်မှု့ မရှိပဲ မီးဘေးသင့် ဒုက္ခသည်တွေ လက်ထဲအရောက် သွားရောက် လှူဒါန်းပေးကြမယ့် ရန်ကုန်မှ တာဝန်ယူထားသူများ အားလုံးကို အထူးကျေးဇူးတင်မိတယ်။

Photo Credit: Weekly Eleven News Journal
လှိုင်သာယာ ရေဥက္ကံကျေးရွာ မီးလောင်ပြင်ဒုက္ခသည်ဦးရေ စာရင်း...
အိမ်အလုံးရေ ၂၀၁ အိမ်၊ အိမ်ထောင်စု ၁၃၇၇ စု
၁၂ နှစ်အထက် ကျား - ၁၇၄၃ ဦး
၁၂ နှစ်အထက် မ - ၂၀၄၅ ဦး
၁၂ နှစ်အောက် ကျား - ၂၀၉ ဦး
၁၂ နှစ်အောက် မ - ၂၁၅ ဦး

စုစုပေါင်း မီးဘေးဒုက္ခသည် - ၄၂၀၃ ဦး

( So upset for them )

အခုလက်ရှိ ဒီစင်္ကာပူမှာ ကောက်ခံရရှိငွေ၊ အလှူရှင်များစာရင်းနဲ့  ဒီလှူဒါန်းမှု့ နဲ့  ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို နေးတစ်ဖိုရမ် RAVEN Blood Donor Club Topic မှာ အမြဲ Update လုပ် ရေးသား ပေးနေပါတယ်။ ကိုယ်တိုင်ကိုယ်ကျ သွားရောက် ဖတ်ရှု့ နိုင်ပါတယ်။ ဘာတွေ၊ ဘယ်လို လှူဒါန်းဖြစ်တယ် ဆိုတဲ့ သတင်းကို သိရတဲ့ အခါမှာလည်း အလှူရှင်တွေ ကိုယ့်လှူဒါန်းမှု့တွေ အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်နိုင်စေဖို့  ကျွန်မရဲ့ ဘလော့မှာ ပြန်လည်ရေးသားပေးပါမယ်။

ကျွန်မ့ လှိုင်သာယာမီးဘေးဒုက္ခသည်တွေကို ကူညီရန် အလှူငွေများ စုစည်းကောက်ခံပေးနေကြောင်း သတင်းပေးလိုက်တဲ့ အခါမှာ စိတ်တူကိုယ်တူ အလှူငွေများ ထည့်ဝင်ကြ၊ ထပ်ဆင့်အလှူငွေ ကောက်ခံပေးခဲ့ကြတဲ့ သူငယ်ချင်းများ အားလုံး ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်... :)

March 09, 2008

Singapore Airshow 2008

23 Feb 2008 ( Saturday) မှာ သူငယ်ချင်းတွေနဲ့  Airshow သွားတုန်းက သူငယ်ချင်းရဲ့ Camera ကိုယူပြီး ရိုက်ဖြစ်လိုက်တဲ့ ဓာတ်ပုံတွေ။Related Link:
Singapore Airshow 2008 - Changi Exhibition Centre by SMA

It's time to Let It Out!

S o m e t i m e s w e a l l j u s t n e e d t o l e t i t o u t.

Starrfadu - Let It Out

It's time to let it out " You in or you out?"
It's time to LAUGH.. until you CRY,...
SCREAM... until you spit. Show your HEART...
and show some tears. SING... at the top of
your lungs. Jump for JOY.... And when tons of
STUFF... stuffs up your nose, BLOW it
loud and blow it proud.

It's time to let it out...

Other Related Link:
Starrfadu / Kleenex Ad (UK Version)
Starrfadu / Kleenex Ad (US Version)

March 07, 2008

Sonic - Online Flash Game

ဒီနေ့  ... သောကြာနေ့ ...
ပြီးခဲ့တဲ့ရက်တွေက မိုးမိထားတော့ နေလို့ သိပ်မကောင်းဖူး ဖြစ်နေတယ်။ ဒီညနေမှာ ဟိုးအရင် အပတ်တွေကလို သူငယ်ချင်းတွေ နဲ့  မတွေ့  ဖြစ်တော့ပဲ၊ အလုပ်ပြီးတာ နဲ့  အိမ်စောစော ပြန်လာပြီး ရန်ကုန်က ထည့်ပေးလိုက်တဲ့ အစားသောက်တွေ စားရင်း game ကစားဖြစ်သွားတယ်။TheSonicGames.Com

ဒီနေ့  ကျွန်မ ကစားဖြစ်တာ Ultimate Flash Sonic ဆိုတဲ့ Game ပါ။ Sonic Games တွေ ကစားရတာ ကြိုက်နှစ်သက်တယ်၊ အချိန်ရတယ်ဆို TheSonicGames.Com ကို သွားကြည့်လိုက်ပါ။ အဲဒီနေရာမှာ တခြား Sonic Games တွေ အများကြီး ရှိနေပါတယ်။

March 06, 2008

Cartoons -Jan and March 2008 issue of Yati Magazines

ဒီမနက် ကာတွန်းလေးတစ်ခု ဖတ်မိရာကနေ၊ ရတီမဂ္ဂဇင်း Website သွားပြီး အဲ့ဒီမှာ တင်ထားပေးတဲ့ ကာတွန်းတွေ အားလုံးကို ဖတ်ကြည့်ဖြစ်တယ်။ ဒီနေ့  အလုပ်သိပ်မများပဲ အချိန်အားလေးရတာနဲ့  မတ်လနဲ့  ဇန်န၀ါရီလထုတ် မဂ္ဂဇင်းမှာပါတဲ့ ကာတွန်းတွေ အားလုံးကို စုစည်းပြီး PDF တွေလုပ်ဖြစ်သွားတယ်။
ကာတွန်းကြိုက်သူတွေ အားလုံးအတွက် ....

၂၀၀၈ - မတ်လထုတ် ရတီမဂ္ဂဇင်းတွေ ပါဝင်သော ကာတွန်းများ
Read this doc on Scribd: Cartoon-2008-03-YatiMagazine

Credit to j3w3l from NativeMyanmar and Yati Magazine

IE 8 Beta 1 for Developers Now Available


Microsoft - Internet Explorer 8 Beta 1
(For Web Developers and Designers)
Internet Explorer 8 Beta 1 is a developer preview for web designers and developers to help prepare their websites for the launch of Internet Explorer 8. Some of the new features designed for developers include a developer toolbar and improved interoperability and compatibility. This new version of the popular Web browser is a major step forward in security and privacy protection, end-user experiences, and platform advances, for both Web developers and application developers.
Source : IE blog

March 05, 2008

Myanmar Medicinal Plant Database

မှတ်သားထားသင့်တယ် ထင်မိတဲ့ Website တစ်ခုပါ။

မြန်မာဆေး (တိုင်းရင်းဆေး) ဖော်စပ်ရာမှာ အသုံးပြုရှိကြတဲ့ ဆေးဖက်ဝင်ပင်တွေအကြောင်းကို ရုက္ခဗေဒ အခေါ်အဝေါ် ၊ အင်္ဂလိပ် အခေါ်အဝေါ်တွေ၊ ပုံတွေနဲ့  တကွ စနစ်တကျ စုစည်းဖော်ပြထားပါတယ်။ တိုင်းရင်းဆေးကို စိတ်ဝင်စားသူတွေ အတွက် အလွန်ပဲ အသုံးဝင်မယ်လို့  ထင်ပါတယ်။

MYANMAR MEDICINAL PLANTS DATABASE index
• A compilation by U Kyaw Tun, U Pe Than, and staff of TIL. (A CD containing a library, intended for researchers, is available in Myanmar. The CD is not for sale, and is available at cost.)
• Over 200 species of plants are listed in this DB.
• The aim of this collection is to present the medicinal plants according to the Burmese-Myanmar names, and an Akshara index is given. However, because of unreliability of the Burmese-Myanmar names, a Family name index is given, and a short description of the plant is entered into the Akshara index.
• The compilation is based on publications, both in Burmese-Myanmar and English, which are not readily available outside Myanmar. The Burmese-Myanmar names have been standardized in accordance with the names listed in official dictionaries published by the MLC (Myanmar Language Commission).
• The family names have been updated to those given in A Checklist of the Trees, Shrubs, Herbs, and Climbers of Myanmar (Chklist) -- by W. J. Kress, R. A. DeFillipps, Ellen Farr, and Daw Yin Yin Kyi, (Revised from the original works by J.H. Lace, R. Rodgers, H.G. Hundley, and U Chit Ko Ko, on the "List of Trees, Shrubs, Herbs and Principal Climbers, etc. Recorded from Burma"), Department of Systematic Biology - Botany, National Museum of Natural History, Washington, DC, 2003, pp 590. Online: http://persoon.si.edu/myanmar/index.cfm
• Some of the Myanmar sources:
- Botanical Names of Myanmar Plants of Importance, an Index in order of Burmese-Myanmar akshara, by Agricultural Department (Planning), Government of Union of Myanmar, 2000, pp 65.
- Medicinal Plants of Burma (LSR) (in Burmese) {lèý-seik-rhing:}, (former name: Agricultural Department, Government of Burma) 1978, pp 513
- Pictorial Herbal Dictionary (in Burmese) by Shin Nagathein, vols. 1 to 4, 1976.
- Burmese Indigenous Medicinal Plants (in English) by Daw Mya Bwin and U Sein Gwan, Pharmacology Research Division, Department of Medical Research, Ministry of Health, Rangoon, 1973.


Credit to THKZ

TP Myanmar Thingyan 2008

TP သင်္ကြန် ၁၀ နှစ်ပြည်ပွဲကို ၂၂ ရက်မတ်လ မှာ Republic polytechnic တွင် ကျင်းပမှာ ဖြစ်တယ်လို့  သူငယ်ချင်း တစ်ယောက်က သတင်းပေးပါတယ်။ မတ်လ ၁ ရက်နေ့ က စပြီး လက်မှတ်တွေ ရောင်းနေပါပြီ။ မနှစ်ကလို လက်မှတ် ၀ယ်လိုအားနဲ့  ရောင်းနိုင်တဲ့ အရေအတွက် မမျှတာမျိုး မဖြစ်အောင် ဒီနှစ်မှာ ပိုပြီးကျယ်ဝန်းတဲ့ နေရာမှာ စီစဉ်ပြီး လက်မှတ်တွေများများ လုပ်ထားတယ် သိရပါတယ်။ TP သင်္ကြန်ကို သွားဖြစ်အောင် သွားမယ် စိတ်ကူးရှိရင်တော့ လတ်မှတ် စောစောကြိုဝယ်ထားတာ ပိုစိတ်ချရမယ် ထင်ပါတယ်။
TP သင်္ကြန်ကို ဒီရောက်စနှစ် တစ်နှစ်ပဲသွားဖြစ်တယ်။ နောက်ပိုင်းနှစ်တွေတော့ ရန်ကုန်ပြန်နေတာရယ် ၊ အဲ့ဒီ ရက်တွေမှာ အလုပ်ရှုပ်နေတာတွေကြောင့် မရောက်ဖြစ်ခဲ့ဘူး။ ဟိုရက်ကမှ TPmyanmar Thingyan Collection (1999-2007) အခွေ ၀ယ်ပြီးကြည့်ဖြစ်တယ်။ သူငယ်ချင်းတွေထဲက အဲ့ဒီ သင်္ကြန်ခွေတွေ ကြည့်ချင်တဲ့ သူတွေရှိရင် ပြောပါ။ S$25 ပေးဝယ်လိုက်ရတယ်ဆိုတော့ တစ်ယောက်တည်း ကြည့်တယ်ဆို မတန်ဘူး ထင်တယ်လေ။

ဒီနှစ် TP သင်္ကြန် ၂၀၀၈ ကိုသွားမှာလား။ ၁၀ နှစ်ပြည့်ဆိုတော့ အထူးအစီအစဉ်တွေ စီစဉ်ထားတယ် ပြောတယ်။ TP သင်္ကြန် ပျက်လုံးတွေက အစထဲက နာမည်ကြီးပဲလေ။ အစစအရာရာ အဆင်ပြေတယ်ဆို သွားဖြစ်မယ်ထင်ပါတယ်။

February 29, 2008

Pls donate to Hlaing Thayar Fire Victims

မန္တလေး ရတနာပုံဈေး မီးလောင်တဲ့ နေ့ မှာပဲ ရန်ကုန်မြို့ ၊ လှိုင်သာယာ မြို့ နယ်မှာလည်း မီးလောင်မှု့ဖြစ်ပွါးခဲ့ ပါတယ်။ လှိုင်သာယာမြို့နယ်မှာ လောင်ကျွမ်းခဲ့တဲ့ မီးလောင်မှု့ကြောင့် အိမ်ခြေ ၂၀၀ ကျော် မီးလောင်ခံရပြီး မိသားစု ၇၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့  သိရပါတယ်။

ရန်ကုန်နှင့် မန္တလေးမြို့များတွင် မီးလောင်၊ ပျက်စီးဆုံးရှုံးမှုများ - ဧရာဝတီ

RAVEN Blood Donor Club အဖွဲ့ မှ အလှူငွေများ စုစည်းကောက်ခံပြီး လိုအပ်သော ပစ္စည်းများဝယ်ယူကာ၊ လှိုင်သာယာမီးဘေးဒုက္ခသည်များအား ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းရန် စီစဉ်နေကြတယ်လို့  သိရပါတယ်။

ဒီစင်္ကာပူနိုင်ငံမှာ ကောက်ခံရရှိတဲ့ အလှူငွေများကို မတ်လ ၃ ရက်နေ့  နောက်ဆုံးထား ပြီး ရန်ကုန်ကို ပို့ မယ်လို့ သိရပါတယ်။ လှိုင်သာယာမီးဘေးဒုက္ခသည်တွေကို ကူညီချင်တယ်၊ အလှူငွေထည့်ဝင်ချင်တယ်ဆိုရင် ကျွန်မ စီကို ဆက်သွယ်နိုင်သလို၊ ကို အီးမေးပို့ ပြီး ဆက်သွယ် မေးမြန်း လှူဒါန်းနိုင်ပါတယ်။ ရန်ကုန်မှ လူများ လှူဒါန်းချင်တယ်ဆိုရင် Raven Blood Donor အဖွဲ့ Website မှာပေးထားတဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။ RAVEN Blood Donor Club


ကိုယ်တိုင် ပါဝင်လှူတန်းကြ သလို၊ ကိုယ့်သူငယ်ချင်းအသိုင်းအ၀ိုင်း နီးစပ်ရာ လူတွေစီကလည်း အလှူငွေများ စုစည်း ကောက်ခံပေးကြဖို့  မေတ္တာရပ်ခံပါတယ်။

February 28, 2008

Yet another sleepless night!

မနေ့ ညက တစ်ညလုံး ကောင်းကောင်း အိပ်လို့ မရဘူး။ အိပ်ပျော်မလိုဖြစ်သွားလိုက်၊ လန့် နိုးလာလိုက်၊ အိပ်မက်ဆိုးတွေ မက်လိုက်နဲ့  မိုးသာလင်းသွားတယ် အိပ်လိုက်ရတယ်လို့  မခံစားရဘူး။ စိတ်ညစ်စရာတွေရှိနေလို့ များလား ဆိုတော့လဲ မရှိ။ တွေးစရာတွေများနေလို့ လား ဆိုတော့လဲ မဟုတ်။ ဘာကြောင့် အဲဒီလို ဖြစ်တာမှန်းလဲ မသိ။ တကယ့်ကို အူကြောင်ကြောင်နိုင်တဲ့ ညတစ်ညပဲ။ ညတုန်းက ဖြစ်နေတာ ဒီအောက်က ပုံထဲက အတိုင်းပဲ။ အိပ်ဖို့ ကြိုးစားလိုက်၊ နာရီကြည့်လိုက် နဲ့  အချိန်တွေကုန်သွားတယ်။

ခုချိန်ထိလည်း ပင်ပန်းတယ် မခံစားရသေးဘူး။ အိပ်ချင်စိတ်လည်း မပေါ်ဘူး။ ဟင်း... ဘာပဲဖြစ်ဖြစ် ဒီနေ့ ညတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မယ် ထင်ပါတယ်။ အိပ်မပျော်လို့ လည်း မဖြစ်ဘူး။ လိုအပ်ရင် အိပ်ဆေးသောက်အိပ်မှ ဖြစ်မယ်။ ဒီရက်ပိုင်းက အလုပ်များတယ်။ အားလပ်ရပ်မှာတောင် နားရမယ် မထင်ဘူး။ အလုပ်များတဲ့ အချိန်တွေမှာ ပေပေတေတေနေလို့  မဖြစ်ဘူး။ စားဝင်၊ အိပ်ပျော်မှ အလုပ်လုပ်ရတယ် အဆင်ပြေတယ်။ ဒီထက်ပိုပြီး ပိန်လို့ လည်း မကောင်းတော့ဘူးလေ။ -_-'

Photo Source : McMorbid - No Sleep by Rimfrost

February 27, 2008

Yael Naim - New Soul

ဒီနေ့ အလုပ်က စောစောပြန်ရောက်တာနဲ့  သီချင်းတွေ လိုက်ရှာရင်း New Soul ဆိုတဲ့ သီချင်းကို ထပ်ခါထပ်ခါ နားထောင်ဖြစ်သွားတယ်။
I'm a new soul,
I came to this strange world
hoping I could learn a bit about how to give and take.
But since I came here
Felt the joy and the fear
Finding myself making every possible mistake

La-la-la-la-la-la-la-la...

I'm a young soul in this very strange world
hoping I could learn a bit about what is true and fake.
But why all this hate?
Try to communicate.
Finding trust and love is not always easy to make.

La-la-la-la-la-la-la-la...

This is a happy end cause' you don't understand everything you have done why's everything so wrong

This is a happy end come and give me your hand I'll take your far away.

I feel so...
in this very strange world
making every possible mistake
possible mistake
every possible mistake
oh mistakes


ဒီသီချင်းကို French-Israeli အဆိုတော် Yael Naim က ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်သီဆိုထားတာပါ။ သီချင်းနားထောင်ရင်း ဒီသီချင်းအကြောင်းကို Wiki နဲ့  Google မှာ လိုက်ရှာဖတ်ကြည့်ဖြစ်လိုက်တော့ ဒီသီချင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ က The Billboard Hot 100 မှာ နံပတ် ၉ ချိတ်တယ်လို့  သိလိုက်ရတယ်။ ဒီသီချင်းလေးက နားထောင်လို့ ကောင်းပါတယ်။ ဒါပေမယ့် Apple ရဲ့  MacBook Air ကြော်ငြာမှာ ဒီသီချင်းကို အသုံးပြု ထားတာကြောင့် အခုလို Single အဖြစ်ပြန်ထွက်လာတဲ့ အရင်ကထက် ပိုပြီး နာမည်ကြီးသွားတာ ဖြစ်မယ်ထင်တယ်။

Related Links:
Apple - MacBook Air Ad
Yael Naim - Official Website
New Soul - Yael Naim (YouTube)
New soul Live Yael Naim & Lucie Star Academy(YouTube)

February 26, 2008

မန္တလေး ရတနာပုံဈေး မီး

မနေ့ က မန္တလေး ရတနာပုံဈေးမှာ လောက်ကျွမ်းခဲ့တဲ့ မီး နဲ့ ပတ်သက်တဲ့ သတင်းဓာတ်ပုံတွေ။

Anony's Pictiger Album
Zin Min Swe's multiply photo- Fire At YadanabonComplex
Ko Aye Chan's Photobucket - Yadanarpone Zay
U Hteik's Fire At Mandalay YandanaBom Market
Mg Ba Oo's multiply photo - Fire at Yadanarbon Market(25/26 Feb 2008)
All Credit go to Original uploader

ရတနာပုံဈေး မီးလောင်မှု့ မြင်ကွင်း မှတ်တမ်းတင် ဗီဒီယိုကလစ်များ
http://www.mediafire.com/?zwxbmjjhdhy
http://www.mediafire.com/?asfdigttlwh
http://www.mediafire.com/?dzmtuajt2nm
http://www.mediafire.com/?i5jduidniyn
http://www.mediafire.com/?xpy2jtzayzy
Credit to Wai Pho Aung from NativeMyanmar

နေးတစ်ဖိုရမ်မှာ ဖော်ပြထားတဲ့ Links တွေနဲ့  အင်တာနက်ပေါ်မှာ ရှာတွေတာတွေပါ။ မနေ့ မနက် စောစောပိုင်းက စတင်လောက်ကျွမ်းခဲ့တာမီးဟာ မနေ့ ညပိုင်းမှာ ငြိမ်သက်သွားတယ် သိရတယ်။ ဒါပေမယ့် မနေ့ က မလောင်ပဲ ကျန်နေခဲ့တဲ့ အပိုင်းတွေ ဒီနေ့  ထပ်ပြီး မီးလောင်နေတယ် သိရပါတယ်။ လောက်စာကုန်မှ ငြိမ်းမယ့် မီးဆိုတာ မှန်နေပြီ ထင်ပါတယ်။ သတင်းတွေကို သိချင်တယ်ဆို နေးတစ်ဖိုရမ်မှာ ဖတ်ကြည့်နိုင်ပါတယ်။ Native Myanmar

February 22, 2008

The easiest ways to write in Burmese

မြန်မာစာ မရိုက်တတ်သူများအတွက် အသုံးဝင်မယ့် Link တွေ နဲ့  ZawGyi Unicode မ ရှိသူတွေအတွက် အသုံးဝင်မယ့် Link တွေပါ။
Zawgyi-one Web Text Editor 1.5.4
MystreyZillion.com
Source code For Firefox is written by Ko Min Kyaw
Updated By Saturngod
ကွန်ပြူတာမှာ ဇော်ဂျီယူနီကုတ် မသွင်းထားချင်သူတွေ၊ မြန်မာလိုမရိုက်တတ်သူတွေ အတွက် အသုံးဝင်ပါတယ်။ အဲ့ဒီမှာ ဖော်ပြထားတဲ့ Myanmar Key Map ကိုသုံးပြီး ရေးလို့ ရပါတယ်။ မနည်းနည်းတော့ ရေးရတာ ကြာမယ်ထင်တယ်။ ဒါပေမယ့် အလွန်အသုံးဝင်တဲ့ Website တစ်ခုလို့  အသုံးပြုသူတွေက ပြောပါတယ်။

ဒါကတော့ Burglish ( မြန်မာစာကို အသံထွက်အတိုင်း အင်္ဂလိပ်အက္ခရာတွေကိုသုံးပြီး ရေးတာပါ) ကို မြန်မာစာလုံး အဖြစ် ပြောင်းပေးတဲ့ ဆိုဒ်ပါ။ Top-Down List နဲ့ ပေါ်လာတဲ့အတွက် လွယ်ကူပါတယ်။ အဲ့ ကိုယ်ပေါင်းတာနဲ့  သူတို့ ပေါင်းတဲ့ ပုံစံမတူရင်တော့ ခက်တာပေါ့။ Burglish ရေးပုံရေးနည်း Standard တစ်ခုမှ မရှိသေးတယ်။ အဲဒီမှာ ZawGyi Font တစ်ခုတည်းမကဘူး တခြား UniBurma, Myazedi, PadaukOT, Myanmar3 ကြိုက်တာကို ရွေးချယ်ရေး လို့ ရ ပါတယ်။

ဒါတွေကတော့ ZawGyi Font နဲ့ ရေးထားတဲ့ စာတွေကို Win Font ၊ Win Font နဲ့ ရေးသား ထားတာတွေကို ZawGyi Font ကို အလွယ်တကူပြောင်းနိုင်တဲ့ Links တွေပါ။ မြန်မာစာ ရိုက်တတ်သူတွေ အတွက်ပိုပြီး အသုံးဝင်ပါတယ်။ ကျွန်မကတော့ သုံးနေတဲ့ ကွန်ပြူတာမှာ ယူနီကုတ် မသွင်းချင်တဲ့ အခါ၊ သွင်းလို့ မရတဲ့ အခါမျိုးတွေမှာ ရိုးရိုး Win Font နဲ့  Microsoft Web ထဲမှာ စာရိုက်ပြီး Zawgyi Unicode ကို ပြောင်းဖို့  အတွက် အဓိကသုံး ဖြစ်ပါတယ်။

နောက်ပြီး Gtalk သုံးနေတဲ့ အခါ Zawgyi Addin မသွင်းထားလို့  တဖက်က ပို့ တဲ့ ဇော်ဂျီနဲ့ ရေးထားတဲ့ မြန်မာစာလုံးတွေကို အမြင်ရပဲ လေးထောင့်အတုန်းတွေပဲ ပေါ်နေရင် အဲ့ဒီ Website တွေရဲ့ Text Area မှာ သွားထည့်ပြီး ဖတ်လို့ ရတယ်။ ကျွန်မ့ အလုပ်က ကွန်ပြူတာမှာဆို ZawGyi Gtalk Addin သွင်း မထားပါဘူး။ ဒီတော့ သူငယ်ချင်းတွေ ပို့ တဲ့ ZawGyi နဲ့ ရေးထားတဲ့ စာတွေကို အဲ့ဒီ ဆိုဒ်တွေကို သုံးပြီး ဖတ်လေ့ရှိတယ်။

Credit to Ko MgHla

Gtalk – Idle, Invisible and Multiple ID login

အရင်က Yahoo Messenger ကို အဓိကထားသုံးဖြစ်ခဲ့ပေမယ့် Gtalk Messenger ပေါ်လာပြီးနောက်ပိုင်းမှာ Gtalk ကိုပဲ အဓိက သုံးဖြစ်နေခဲ့တယ်။ Gtalk က ပေါ့ပေါ့ပါးပါးရှိတယ်၊ အသံကြည်တယ်၊ တခြား Fancy Features တွေ မပါဘူး။ သူ့ ရဲ့ Message Window က သေးသေးလေးဆိုတော့ အလုပ်မှာ သုံးရင်လည်း လူသိပ်မသိနိုင်တော့ သုံးရတာ အဆင်ပြေတယ်။ ကျွန်မနဲ့  ရင်းနှီးတဲ့ သူငယ်ချင်းတချို့ ကတော့ Yahoo နဲ့  MSN ကိုပဲ အဓိကထားသုံးနေကြတုန်းပဲ။ ဒီတော့ သူတို့ တွေကို ပြောစရာရှိတဲ့အခါတွေမှာဆို သူတို့ ရှိမယ့် Messenger တွေ ကို ၀င်ရတော့တယ်။ သူငယ်ချင်းတွေကို ဘာလို့  Gtalk မသုံးတာလဲလို့  မေးလိုက်တော့ Gtalk မှာ တခြား Messager တွေမှာလို့  စကားမပြောချင်တဲ့သူတွေကို မပြောပဲနေလို့  ရအောင် Hide (invisible) လုပ်တဲ့ Feature နဲ့  ကွန်ပြူတာနားမှာ မရှိဘူးဆိုတဲ့ Idle(Away) Status ပြောင်းထားလို့ ရတဲ့ Feature တွေ မပါဘူး။ ကိုယ်မပြောချင်လည်း လူမှု့ရေးတွေ၊ အားနာတာတွေ နဲ့ စကားပြန်ပြော နေရတာတွေ ရှိတယ်။ ဒါတွေကြောင့် မြန်မာပြည်ကလူတွေနဲ့ စကားပြောဖို့ ရှိမှသာ Gtalk ကို ၀င်တယ်တဲ့။ မဟုတ်ရင် ၀င်မထားဘူးတဲ့။

ဒါနဲ့  Gtalk နဲ့  ပတ်သက်ပြီး ကျွန်မ သိတာလေးတွေ သူငယ်ချင်းကို ပြောပြဖြစ်တယ်။ အခုအချိန်အထိတော့ Gtalk မှာ Idle Status ပြောင်းထားလို့ ရတာနဲ့  Invisible လုပ်ထားတဲ့ Features တွေ Default အနေနဲ့  မပါသေးပါဘူး။ ဒါပေမယ့် အဲ့လို လုပ်ချင်ရင် လုပ်လို့ ရတဲ့နည်းတွေရှိပါတယ်။ နည်းနည်းတော့ အလုပ်ပိုရှုပ်သွားတာပေါ့။

Idle (Away) လုပ်ဖို့ ကတော့ သိပ် မခက်ခဲပါဘူး။ အလွယ်ဆုံးနည်းကတော့ "gAlwaysIdle" ဆိုတဲ့ Software တစ်ခုကို သွင်းထားလိုက်တာပါပဲ။ အဲ့ဒီ Software လေးကို သွင်းလိုက်ရင် အခုလက်ရှိ ကျွန်မတို့  သုံးနေတဲ့ Gtalk မှာပဲ Normal Idle , Always Idle နဲ့ Never Idle ဆိုပြီး Status လေးတွေရွေးဖို့  ပေါ်လာပါလိမ့်မယ်။ Task Bar ပေါ်က Gtalk Icon မှာ Right Click လုပ်ကြည့်လိုက်ရင်တွေ့ မှာပါ။ ကိုယ်အလိုရှိတဲ့ Status ကို ရွေးပြီး သုံးလို့ ရပါတယ်။တစ်ခုရှိတာက Always Idle Status ကို ရွေးထားပေမယ့် တစ်ယောက်ယောက်နဲ့  စကားပြောနေတဲ့အချိန် (voice chat) ဆိုရင်တော့ ကိုယ့်ရဲ့ Status က Available အခြေအနေကိုပဲ ပြနေပါလိမ့်မယ်။

နောက်တစ်ခြား တစ်နည်းကတော့ Gtalk Messenger မသုံးပဲ Multi-protocol instant messaging Software တွေ ဖြစ်တဲ့ Pidgin (Gaim), iChat, Miranda, Psi and Trillian Pro စတာတွေကို Login ၀င်ပြီး ကိုယ်လိုချင်တဲ့ Status ကိုပြောင်းထားတာပါ။ ဒီနည်းကိုသုံးရင်တော့ Voice Chat လုပ်လို့ မရပါဘူး။ Gtalk Messenger ကို သုံးမှသာ Voice Chat Feature ကို သုံးလို့ ရနိုင်ပါတယ်။

Hide (Invisible) လုပ်ဖို့  အတွက်တော့ ကျွန်မသိသလောက်ဆိုရင် အခုအချိန်အထိ ရိုးရိုး Gtalk Messenger ကိုသုံးပြီး Login ၀င်ထားတဲ့ အခါတွေမှာဆို လုပ်လို့  မရပါဘူး။ တခြား Multi-protocol IM တွေသုံးပြီး လုပ်ရင်တော့ ရပါတယ်။ အင်တာနက်ပေါ်မှာ ရှာတွေ့ တဲ့ နည်း တစ်ခုကတော့ PSI ကို သုံးပြီး လုပ်တာပါ။ ကျွန်မကတော့ အဲ့ဒီနည်းကို တစ်ခါမှ စမ်းမကြည့်ဖူးဘူး။ အဲ့လောက် အလုပ်ရှုပ်မခံချင်တာလည်း ပါတယ်လေ။ ဒါပေမယ့် စိတ်ဝင်စားသူတွေ စမ်းကြည့်ချင်တယ်ဆို ဒီအောက်က Video နဲ့  Instruction တွေကို ကြည့်ပြီး လိုက်လုပ်ကြည့်လို့  ရပါတယ်။


Mutiple ID Login လုပ်တာက အတော်လေးလွယ် ပါတယ်။ အတော်များများလည်း သိကြမယ်ထင်ပါတယ်။ ကွန်ပြူတာ တစ်ခုတည်းကနေ ရိုးရိုး Gtalk Messenger ကိုသုံးပြီးပဲ User အများကြီးဝင်လို့ ရအောင် ဆိုရင်
- ပထမဆုံး Gtalk Shortcut ကို Desktop ပေါ်မှာ ထားရပါမယ်။
- အဲ့ဒီ Gtalk Shortcut Icon ပေါ်မှာ Right Click လုပ်ပြီး Properties ကိုရွေးပြီးရင် Shotcut Tap က Target မှာ ပြနေတဲ့ GoogleTalk exe ရှိနေတဲ့ line ရဲ့နောက်မှာ /nomutex ဆိုတာလေးကို ထည့်လိုက်ပြီး Save လုပ်လိုက်ရင် ရသွားပြီ။
Gtalk ကို တခြား ID တစ်ခုနဲ့  ၀င်ချင်တိုင်း Desktop ပေါ်မှာရှိနေတဲ့ Gtalk Shortcut ကို click လုပ်လိုက်။ နောက် Gtalk Window တစ်ခုပေါ်လာမယ်။ ဒါဆို ကွန်ပြူတာတစ်ခုတည်းကိုသုံးပြီး အလကားရတိုင်း ဖွင့်ထားသမျှ Gtalk Account အကုန်လုံးနဲ့  တစ်ပြိုင်နက် Login ၀င်လို့ ရသွားတယ်။

February 20, 2008

BurmeseClassic - 2nd Annual Special

Burmeseclassic မှာ ၂ နှစ်ပြည့် နှစ်ပတ်လယ် အထူအစီအစဉ်အနေနဲ့  နာမည်ကြီး မြန်မာရုပ်ရှင် ကားဟောင်းတွေကို အားလုံးကြည့်ရှု့ နိုင်အောင် တင်ထားပေးတာကို တွေ့ ရပါတယ်။

ဘယ်သူပြိုင်လို့ လှပါတော့နိုင် ( ဇော်ဝမ်း၊ ၀င်းလှိုင်၊ အံ့ကျော်၊ တင်တင်ညို၊ တင်တင်လှ)
မောင်တို့ ချယ်ရီမြေ ( ၀င်းဦး၊ခင်သန်းနု )
ကျွန်တော်က ခန့် ချော ( ကျော်ဟိန်း၊ ခင်သီတာထွန်း )
ပန်းမြို့တော်သို့  ခြေလှမ်းသုံးဆယ် ( ၀င်းဦး၊ ကျော်စွာဝင်း၊ ချိုပြုံး)
မလိခချစ်သူ ( မြတ်လေး၊ ကောလိပ်ဂျင်နေ၀င်း၊ ခင်ယုမေ)
နေခြည်ဖြာမှ နွေးသောကြောင့် ( အောင်လွင်၊ နွဲ့ နွဲ့ မူ)
နုနုငယ်ငယ် ( ကျော်ဟိန်း၊ စန္ဒာ၊ ကြည်ကြည်ဌေး၊ ဦးကျောက်လုံး၊ ၀င်းညွှန့် )
ချစ်တဲ့သူငယ်လေ ( မောင်ရူပ၊ မေ၀င်းမောင် )
ချစ်ခြင်းဆိုသည်ဘာလဲကွယ် ( နေအောင်၊ တင်တင်ညို)
ချစ်သူငယ်ချင်း ( ကျော်ဟိန်း၊ ခင်သီတာထွန်း၊ နွဲ့ နွဲ့ မူ)
ဆောင်းတည၀ယ် (၀င်းဦး၊ ၀ါဝါ၀င်းရွှေ၊ ဂျော်လီဆွေ )
နွေရူပ (ဇော်ဝမ်း၊ ခင်သီတာထွန်း)

Burmeseclassic က တင်ပေးထားတဲ့ ဇာတ်ကားတွေထဲက တချို့ ရုပ်ရှင်ကားတွေကို မြန်မာအသံက ပြန်လွှင့်ပေးလို့  ကြည့်ခဲ့ဖူးတယ်။ တချို့ ရုပ်ရှင်တွေကိုတော့ နာမည်ကြားဖူး ယုံလောက်ပဲရှိပြီး၊ တချို့ ရုပ်ရှင်ကားနာမည်တွေကိုတော့ ကြားတောင် မကြားဖူးဘူး။ ဒီတစ်ပတ် စနေ၊တနင်္ဂနွေ အားလပ်ရက် ရောက်ရင်တော့ အဲ့ဒီက မြန်မာရုပ်ရှင်ကားဟောင်းတွေကို ကြည့်ဖြစ်အောင် ကြည့်အုံးမယ်။

February 19, 2008

Colbie Caillat - Bubbly


Colbie Caillat - Bubbly

Will you count me in?

I've been awake for a while now
You've got me feelin' like a child now
Cause everytime I see your bubbly face
I get the tingles in a silly place

February 18, 2008

အော်ပီကျယ် - မဆို မမိန့်  နဲ့  ကျကျမ်း

ဒီကာတွန်းကိုတော့ အတော်များများ ဖတ်ဖူးကြမယ် ထင်ပါတယ်။ ဒါပေမယ့် မဖတ်ရသေးသူတွေ ဖတ်နိုင်အောင် ပြန်တင်ထားလိုက်တယ်။ နောက်တစ်ချိန် ကိုယ့်ဘာသာ ပြန်ဖတ်ကြည့်ချင်စိတ်ပေါ်တဲ့ အခါမှာလည်း ပြန်ရှာရလွယ်သွားတာပေါ့။
မဆို မမိန့် 
ပညာရှိ အဆိုအမိန့်များနဲ့ သွေဖည်တတ်တဲ့ လူ့စရိုက်ကို ကာတွန်းရေးပါတယ်။

တိုးတက်ရာတိုးတက်ကြောင်းကို ညွှန်ပြတာက 'တက်ကျမ်း'
အဲဒါနဲ့ ပြောင်းပြန်က 'ကျကျမ်း'
(အော်ပီကျယ်)

Download - Mediafire
Credit to May11 and KhungMoung

Read in Full Screen


18 February 2008

ဘယ်လိုဖြစ်သလဲ မသိဘူး၊ တစ်ခုခုလုပ်ဖို့  ဆုံးဖြတ်ရတော့မယ်ဆို တစ်ခြား အလုပ်ကိစ္စတွေ ပေါ်လာတယ်။ ဘယ်တော့မှ ရှင်းရှင်းလင်းလင်း မရှိဘူး။ လုပ်ရမယ့် အချိန်တွေကလည်း ကွက်တိနည်းပါးကို ဖြစ်နေတယ်။ ဘာလုပ်ရမယ် မှန်းမသိတော့ဘူး။ ပြောသာ ပြောတာပါ။ ကိုယ်အကောင်းဆုံးလို့  ထင်တာကို ဆုံးဖြတ်ပြီး လုပ်ကိုင်မိသွားမှာပါပဲ။ တစ်ခုခုကို မဆုံးဖြတ်ပဲ ရပ်နေလို့ မှ မရတာ။ ဒါပေမယ့် ဘယ်ဟာကို ဦးစားပေး လုပ်ကိုင်ရမယ်ဆိုတာ စဉ်းစားရတာနဲ့  ဒီရက်ပိုင်းမှာ ခေါင်းပိုရှုပ်အုံးတော့မယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ အားလုံး အစီအစဉ်တကျနဲ့  အဆင်ပြေသွားမယ် ယုံကြည်ပါတယ်။

World Famous Arches

စင်္ကာပူနိုင်ငံသား သူငယ်ချင်းတစ်ယောက်ပို့ ပေးတာ။ ရယ်ရတယ်။ နောက်ဆုံးပိတ် စင်္ကာပူရဲ့ World Famous Arches ကိုကြည့်။ သိပ်မှန်တာပဲတဲ့။
What is ERP?
Electronic Road Pricing (ERP) is an electronic system of road pricing based on a pay-as-you-use principle. It is designed to be a fair system as motorists are charged when they use the road during peak hours.(Source: Singapore's Land Transport Authority)

တိတ်ဆိတ်ခြင်း

စကားလုံးတွေရဲ့ အရေးပါမှု့ ကို ပိုပြီး သိလာရတဲ့အခါ...
အပြောမတတ်လို့  ဖြစ်လာရတဲ့ ပြဿနာတွေကို ကြုံတွေ့ ၊ မြင်ရဖန်များလာရတဲ့ အခါ...
စကားတစ်ခွန်းကို လွယ်လွယ်နဲ့  ပြောမထွက်တော့ဘူး...
စိတ်ကူးထဲမှာ စကားတွေပေါ်လာတိုင်း အပြင်မှာ ပြောသင့်၊ မပြောသင့် တွေးတော စဉ်းစားရင်းနဲ့  စကားသံတွေ ခြောက်ခမ်းကုန်ရတယ်..

February 14, 2008

အော်ပီကျယ် - သူ / သူမ

သူငယ်ချင်း တစ်ယောက် အီးမေးက တဆင့် ပို့ ပေးတဲ့ အော်ပီကျယ်ရဲ့ ကာတွန်းတွေပါ။ ကာတွန်း နာမည်က သူ နဲ့  သူမ တဲ့။ သူ/ သူမ .. မတူညီတဲ့ တွေးခေါ်၊ ခံစား၊ ယူဆ၊ နေထိုင်၊ လုပ်ကိုင်ပုံတွေကို အော်ပီကျယ်က ဒီလို " ဗေဒင်မေးခြင်း၊ ပြောဆိုခြင်း၊ ခရီးသွားခြင်း၊ ထိုင်ခြင်း၊ စာဖတ်ခြင်း၊ လျှောက်ခြင်း၊ မှတ်ခြင်း၊ နားဆင်ခြင်း၊ စွဲငင်ခြင်း " ဆိုပြီး ခေါင်းစဉ် ၉ ခုနဲ့  ကာတွန်း ရေးတယ်။ အမှန်တရားတွေလား။ သူရေးထားတာကို ဖတ်ပြီး ရယ်မောမိလို့  ထပ်ဆင့် ပြန်လည် မျှဝေ လိုက်တာပါ။ အားလုံး ပျော်ရွှင်ရယ်မောနိုင်ကြပါစေ။
သူ ဆိုတာ ကျား
သူမ ဆိုတာ မ
ကျား နဲ့  မ တွေးမြင်ပုံ မတူဘူး။
ဒါကို "သူ / သူမ" ကာတွန်းရေးတယ်။
(အော်ပီကျယ်)
All credit go to original uploader fineleaf and Ko PN

February 13, 2008

13th February

ဖေဖော်ဝါရီ ၁၃ ဟာ ဗိုလ်ချုပ်မွေးနေ့ ပါ။

February 10, 2008

အဆုံးအဖြတ်တိုက်ပွဲ (သို့ ) အဆိုးဆုံး လာပြီ

စစ်အစိုးရ က စိန်ခေါ် ပြီ ။ 1990 ရွေးကောက်ပွဲရလဒ်ကိုတရားဝင်ပစ်ပယ်ဖို့လုပ်ပြီ။ ဒါတတိုင်းပြည်လုံးလူထုရဲ့ ဆန္ဒကို တရားဝင် ဗြောင်စော်ကားတာဘဲ။ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်အောင်ကြည်ဆွေးနွေးပွဲဟာလဲ နိတ္ထိတန်ပြီလို့ ပြောလိုက်တာဘဲ။ အဲ့ဒီတော့ တိုင်းရင်းသား ပြည်သူတရပ်လုံး၊ ဒေါ်အောင်ဆန်းစုကြည်၊ NLD နဲ့ တိုင်းရင်းသားပါတီ အားလုံးအတွက် အဆုံးအဖြတ်တိုက်ပွဲဟာ ၂၀၀၈ မေမှာ စတင်ပြီး ၂၀၁၀ ထက် ကျော်စရာမရှိတော့ဘူး......

အကောင်းဆုံးကို နှစ် နှစ်ဆယ်နီးပါး မျှော်လင့်ခဲ့ကြပြီးပြီ.....
အဆိုးဆုံးကို ပြင်ဆင်ကြသည့် အနေဖြင့်
အနီးကပ်ဆုံးရန်သူကိုရှာပြီး တိုက်ဖို့ အမြန်ဆုံး ပြင်ဆင်ကြတော့.....

This will be the critical turning point in Burma history. So it is very important for all the Burmese people to participate in changing the history of our country. We are self-determined. We have to choose democracy or dictatorship system for our country. If we do believe in freedom and democracy, we all have to raise our voice for the future of our young generations, we all have to show our courage again how much we love freedom, we all have to be organized again and worked together again like it never ever has been in the history of Burma before ...

Freedom!!!
Thiha Kyaw Zaw

Myanmar Announces to hold A General Election In 2010

အပေါ်ကဟာက မြန်မာပြည်မှာ အခုလက်ရှိ တစ်ခုတည်းသော အင်္ဂလိပ်လို တရာဝင်ထုတ်ဝေတဲ့ New Light Of Myanmar သတင်းစာမှာ ပါတဲ့ မြန်မာလိုရေးထားတဲ့ စစ်အစိုးရရဲ့ ထုတ်ပြန်ချက် ခေါင်းစဉ်။ ဒီအောက်က ဟာတွေကတော့ မြန်မာအလင်းသတင်းစာ ၁၃၆၉ ခုနှစ်၊ တပို့ တွဲလဆန်း ၄ ရက်နေ့ ။ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်၊ တနင်္ဂနွေနေ့ ၊ အတွဲ(၄၇)၊ အမှတ် (၁၄၄) ရှေ့ ဖုံး နဲ့  နောက်ကျောဖုံးမှာ ပါလာတဲ့ သတင်းထုတ်ပြန်ချက်တွေ။ မနေ့ ညက အင်တာနက်ပေါ်မှာ ဖတ်ရတဲ့ သတင်းတွေအရ ဒီနေ့ မှာတော့ မဖတ်တာကြာ နေပြီဖြစ်တဲ့ မြန်မာသတင်းစာတွေကို လိုက်ဖတ်ရင်း တွေ့ တာလေးတွေကို မှတ်ထားလိုက်တာပါ။ ဟိုတစ်ခါက လုပ်တဲ့ ရွေးကောက်ပွဲက အနှစ် ၂၀ ကြာတယ်၊ ရရှိတဲ့ အဖြေအတိုင်း အကောင်အထည် မဖော်ခဲ့ဘူး။ ဒါကိုလည်း ဒီအတိုင်းပဲ ငြိမ်နေခဲ့ကြတယ်။ ဒီတစ်ခါရော...
Source: mrtv3.net.mm

သီးလေးသီး ဆေးရောင်စုံ(စင်္ကာပူ)

မနေ့ ညနေပိုင်းက City Hall သွားရင် လမ်းပြကြယ်စာကြည့်တိုက်ကို ရောက်လို့  သီးလေးသီး အခွေနဲ့  TP မြန်မာသင်္ကြန်အခွေ ၀ယ်ဖြစ်တယ်။

သီးလေးသီး ဆေးရောင်စုံ(စင်္ကာပူ) အငြိမ့်ခွေ
စင်္ကာပူမှာ သီလေးသီး အငြိမ့် လာကတုန်းက နေလို့ မကောင်းတာနဲ့ သွားမကြည့်ဖြစ်ဘူး။ တကယ်တော့ အခွေလည်း ၀ယ်ဖို့  စိတ်ကူးလည်း မရှိပါဘူး။ တကယ်ဆို အင်တာနက်ပေါ်မှာ ကြည့်လို့ ရမှာပဲလေ။ ပထမဆုံး သူငယ်ချင်းက သီးလေးသီး အခွေဝယ်အုံးလေလို့  ပြောတော့ မ၀ယ်ပါဘူးလို့  ပြန်ပြောဖြစ်လိုက်တယ်။ ဒါပေမယ့် sample ပြထားတဲ့ အခွေကို ယူကြည့်ရင်း အခွေကာဗာပေါ်က မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေး (စင်္ကာပူ)မှ ဖြန့် ချီသည် ဆိုတဲ့ စာသားကိုတွေ့ တာနဲ့  အခွေကို ၀ယ်ဖြစ်သွားတယ်။ အခွေ တန်ဖိုးက S$10 ထဲပဲရှိပါတယ်။ ဒီပိုက်ဆံဟာ ကိုယ့်အတွက်ဆို ဘာမှ မဟုတ်လောက်တဲ့ ပိုက်ဆံပမာဏ ပါပဲ။ မူရင်းကို ၀ယ်ပြီး အားပေးလိုက်တာ တစ်တပ်တစ်အား ကိုယ်တတ်နိုင်သလောက် ကူညီရာ ရောက်သွားမယ်လို့  ထင်မိတယ်။ ၀ယ်ယူအားပေးချင်တယ်ဆိုရင် လမ်းပြကြယ် စာကြည့်တိုက်မှာ ၀ယ်လို့ ရပါတယ်။
TP Myanmar Thingyan Collection's Edition 1999-2007
TP သင်္ကြန်ခွေကတော့ သူငယ်ချင်းအတင်းဝယ်ခိုင်းလို့ ဝယ်ရတယ်။ ဈေးက S$ 25 ဆိုတော့ ၀ယ်ဖို့  နောက်တွန့်  သွားတယ်။ အထဲမှာ DVD 7 ချပ်ပါတယ်လို့ ပြောတယ်။ ဒါပေမယ့် အဲ့ဒီအခွေရောင်းသူ သူငယ်ချင်းက ၀ယ်မယ်ဆို အကြွေးနဲ့  ရောင်းမယ်၊ နောက်မှ ပိုက်ဆံပေးလို့  ပြောလာတယ်လေ။ :D သူငယ်ချင်းအချင်းချင်း ဒီလောက်တော့ အားပေးကူညီရမယ် မဟုတ်လား။ ဒီတော့ တွေ့ တိုင်းတောင်းသာတောင်းတော့၊ ဘယ်တော့ မှ အကြွေးပေးမယ် မပြောနိုင်ဘူး ပြောပြီး TP သင်္ကြန်အခွေကို ယူလာလိုက် ပါတယ်။
လမ်းပြကြယ် စာကြည့်တိုက်မှာ စာအုပ်အသစ်တွေရောက်နေတယ်။ အလှူရှင်တွေ လှူထားတာတွေနဲ့  စာကြည့်တိုက် ရန်ပုံငွေတွေနဲ့  ၀ယ်ယူထားတာတွေပါ။ အသစ်ရောက်နေတဲ့ စာအုပ်တွေထဲက ကဗျာဆရာ (ဦး)တင်မိုး ကွယ်လွန်ခြင်း ၁လပြည့် ထုတ်ဝေတဲ့ ဖလ်မီးအိမ်သို့ အလွမ်းစာ စာအုပ်ရယ်၊ ဆရာမောင်သာနိုး ရေးတဲ့ ထင်းရှူးပင်ရိပ် နဲ့  တော်မှော်ရုံလမ်း စာအုပ်တွေနဲ့  မိုးမိုး(အင်းလျား)ရေးတဲ့ ပွင့်တချို့  ကြွေတချို့  ဆိုတဲ့ စာအုပ် ငှါးလာတယ်။ ဒီတစ်ပတ်တော့ အလုပ်သွားအလုပ်ပြန် ဖတ်စရာ စာအုပ်တွေရှိသွားပြီ။
လမ်းပြကြယ်မှာ ၆ လစာအတွက် အသင်းဝင်ကြေး S$10 နဲ့  တစ်ခါငှါး နှစ်အုပ်ငှါးခွင့်ရှိ တယ်။ တစ်ခါငှါးရင် ၂ ပတ်အထိ ယူထားခွင့်ရှိတယ်။ ကျွန်မက တစ်ပတ်တစ်ခါ၊ တစ်ခါတလေ တစ်ပတ် ၂ခါ (ဗုဒ္ဓဟူး နဲ့  စနေ/တနင်္ဂနွေ) မှာ စာအုပ် အသစ်ငှါးလေ့ရှိတော့ အဲ့ဒီမှာ ရှိတဲ့ ကျွန်မ ဖတ်လေ့ရှိတဲ့ စာအုပ် အမျိုးအစားတွေမှာ ဖတ်လို့  ကုန်လုနီးပါး ရှိနေပြီ။ အခုလို စာအုပ်အသစ်တွေ ရောက်နေတွေ့ ရတော့ တကယ့်ကို ၀မ်းသာ သွားတယ်။ တစ်ခါမှ မဖတ်ရသေးတာတွေရော၊ ဖတ်ခဲ့ဖူးပေမယ့် ပြန်ဖတ်ချင်နေတဲ့ စာအုပ် အတော်များများကိုလည်းတွေ့ လိုက်ရတယ်လေ။ စာအုပ်အလှူရှင်တွေနဲ့  လမ်းပြကြယ် စာကြည့်တိုက် ဆက်လက်တည်တံ့အောင် လုပ်ဆောင်နေသူ အားလုံးကို ကျေးဇူးတင်ပါတယ်။

February 09, 2008

လမ်းရွေးခွင့် - ဇော်ဝင်းထွဋ်

လမ်းရွေးခွင့် - ဇော်ဝင်းထွဋ်

အတူလျှောက်ဖို့  တို့ လမ်းကို တို့ ရွေးခွင့်ရပါ့အုံးမလား
ကိုယ်ပိုင်ယုံကြည်ချက်တို့  ကိုယ်ဆီနဲ့ လေ
ကိုယ့်ရဲ့ ကြမ္မာ ကိုယ်ဖန်တီးသွားချင်တဲ့သူ
ရင်မှာ ရည်ရွယ်ထားတဲ့ ဒီအချစ်လမ်းဆီ
နယ်ကျွံ့ လာမှ နောက်လှည့် မပြန်ချင်ဘူး...

အချစ်စစ်ရဲ့ လမ်းများဟာလေ... ထာဝစဉ် မဖြောင့်ဖြူးဘူး...
တို့ ရှေ့ ဆက်ရဖို့ အပြင် ဘယ်လမ်းမှ မမြင်တော့ဘူး...
ရှေ့ ဆက်လျှောက်လိုက်စမ်းပါ တို့ လမ်းကို တို့ ရွေးချယ်နိုင်မလား ...
တို့  နှစ်ယောက်လုံးကို နောက်ဆုံး ကံကြမ္မာကပဲ ရွေးချယ်သွား မလား..

ကိုယ်လေ အချိန်တွေ ဖြုန်းမိနေရင် Sorry..
ဒါဆို ကိုယ်ဟာ မင်းအတွက် ပုံပြောသူ ...
အရာရာ အနယ်ထိုင်သွားမယ့် တစ်ချိန်ချိန် တစ်နေ့ မှာ
ဝေဒနာတွေက အကောင်းဆုံး ပြက်လုံး တစ်ခု

လမ်းပြမရှိတဲ့ လူ့ ဘ၀ဟာ မြေပုံ မပါသောလမ်း
မင်းနဲ့ တို့ ရဲ့ စိတ်ကြိုက်လမ်းရွေးမှာလား ..
မင်း ဆုံးဖြတ်လိုက်စမ်း...
ရှေ့ ဆက်လျှောက် .....
......
ဘယ်အခြေအနေ .. ဘယ်အချိန်ဆို.. ဘယ်စီ ဘယ်မှာလည်း တို့ မသိ...
မရေရာတယ်.. မသေချာတယ်.. မမြင်နိုင်တဲ့ လမ်းများ
လျှောက်လိုက်စမ်းပါ...
တို့ လမ်းကို တို့ ရွေးချယ်နိုင်မလား ...
တို့  နှစ်ယောက်လုံးကို နောက်ဆုံး ကံကြမ္မာကပဲ ရွေးချယ်သွားမလား.
...
ရှေ့ ဆက်လျှောက် .....

Gtalk freezes With Show Music Status using Winamp 5.5

ဟိုရက်ပိုင်းက ကျွန်မရဲ့ ကွန်ပြူတာမှာ Winamp 5 နဲ့  Gtalk ကို အတူသုံးရင် ပြဿနာ တတ်နေတယ်။ Gtalk ၀င်ထားတဲ့ အချိန် Winamp ကို ဖွင့်မိလိုက်ရင် Gtalk freezes ဖြစ်သွားတာပါ။ ဒါပေမယ့် ကျွန်မက သီချင်းတွေ နားထောင်တဲ့အခါ Winamp ကိုသုံးပြီး နားထောင်ရတာထက်စာရင် iTunes ကို သုံးပြီး နားထောက်ရတာကို ပိုပြီး အသံကြည်တယ်၊ ပိုပြီးသဘောကျတာနဲ့ Winamp မသုံးလည်း ကိစ္စမရှိဘူးဆိုပြီး Winamp မသုံးပဲ iTunes ပဲ သုံးနေလိုက်ပါတယ်။ ဘာကြောင့်ဖြစ်တယ်၊ ဘယ်လို ရှင်းရမယ် ဆိုတာတွေ ရှာရမှာ ပျင်းတာနဲ့  အလွယ်ဆုံး နည်းကို သုံးပြီး ရှင်းလိုက်တာပါ။ :D

ဒီနေ့ Save Window XP! ပိုစ့်မှာ မျိုးကျော်ထွန်း ရေးထားခဲ့တဲ့ ကွန်မန့် က နည်းကို အသုံးပြုပြီး ရှင်းလိုက်တော့ အခု အဆင်ပြေသွားပါပြီ။ တခြားသူတွေ အဲ့ဒီလို ပြဿနာတတ်နေရင် ရှင်းလို့ ရအောင် Solution ကို ပြန်ရေး လိုက်ပါတယ်။

Step 1: Go to the root directory of Winamp which is usually in C:\Program Files\Winamp\

Step 2: Select Tools->Folder Options->View (Tab) and uncheck the hide extensions for known file types and click Ok.

Step 3: Now create an empty file (Right click the mouse -> New -> Text document), so the default file would be like “New Text Document.txt”.

Step4: Rename the above file to “winamp.m3u” and save.

Step5: Close Winamp and Google Talk. Now open again and Your Show Current music track status should work like a charm


Credit to MyoKyawHtun

February 08, 2008

Save Windows XP!

Microsoft will end OEM and shrink-wrapped sales of Windows XP on June 30, 2008, forcing users to shift to Vista.Millions of us have grown comfortable with XP and don't see a need to change to Vista. [more here.....]
Why XP must be saved
The costs are too high and the benefits too low to be forced to switch to Vista [more here...]


တကယ်ဆို Window XP က အခု လက်ရှိ Window Vista နဲ့  နှိုင်းယှဉ်ရင် အများကြီး Stable ဖြစ်ပါတယ်။ ကျွန်မ အိမ်မှာ Widnow XP ကို တစ်ပတ်လောက် မပိတ်ပဲ ဖွင့်ထားလို့ ဘာမှမဖြစ်ဘူး။ အတော်လေး ငြိမ်တယ်ဆိုရမယ်။ ဒါပေမယ့် Widnow Vista ကို ၁ ရက်လောက် မပိတ်ပဲ ဖွင့်ထားလိုက်ရင် အရမ်းလေးပြီး သုံးရတာ အဆင်မပြေတော့ဘူး။ တစ်နေ့  တစ်ခါ လောက်တော့ အနည်းဆုံး restart လုပ်ပေးရတယ်။ နောက်ပြီး အခုအချိန်အထိ Window Vista ကို Applications တိုင်း က Support မလုပ်သေးပါဘူး။ Window Vista မှာ တခြား ပြဿနာတွေလည်း အများကြီးရှိသေးတယ်။ တခြားဟာ တွေထားပါ။ ဒီရက်ပိုင်း ကျွန်မရဲ့ ပတ်ဝန်းကျင်မှာ သုံးနေတဲ့ Window Vista သွင်းထားတဲ့ Laptop အချို့ မှာ Audio နဲ့  ပတ်သက်တဲ့ ပြဿနာတတ်တာ တွေ့ နေရတယ်။ Audio သုံးထားတဲ့ Software တစ်ခုကို ဖွင့်ထားတုန်း နောက်တစ်ခုကို ထပ်ဖွင့်လို့  မရဘူး။ Gtalk ကိုသုံးပြီး စကားပြောနေတုန်း၊ သီချင်း နားထောင်လိုက်ရင် ဒါမှမဟုတ် တခြား အသံနဲ့ ဆိုင်တဲ့ Applications တစ်ခုဖွင့်လိုက်ရင် Applications နှစ်ခုလုံး Hang သွားပါတယ်။ ဒါဆို တခြား Audio နဲ့  ပတ်သက်တာတွေ ဘာမှ ဖွင့်လို့  မရတော့ဘူး။ နောက်ဆုံး Computer ကို Restart လုပ်လိုက်မှသာ အဲ့ဒီ Application တွေ ပြန်သုံးလို့  ရတော့တယ်။ အဲ့ဒါလို ဟာလေးတွေကအစ အဆင်မပြေ တဲ့ Vista ကို ကျွန်မတော့ အခုအချိန်မှာ သုံးဖို့  ready မဖြစ်သေးပဲ Window XP ကိုပဲ ဆက်လက် သုံးစွဲနေအုံးမှာပါ။

2006 Myanmar Academy

၂၀၀၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုတွေကို သရဖူ မဂ္ဂဇင်း Website မှာ Live ရေးပေးနေတဲ့ အတွက် သိလိုက်ရပါတယ်။ အကောင်းဆုံး ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ အမျိုးသာဇာတ်ပို့ ဆု ၊ ရုပ်ရှင်တည်းဖြတ်ဆု တွေ ရသွားတဲ့ မျှော်လင့်ခြင်းများစွာဆိုတဲ့ ဇာတ်ကားဟာ အေအိုင်ဒီအက် ပညာပေး ဇာတ်ကားတစ်ခုဖြစ်ပြီး အဲ့ဒီ ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ထားသူတွေ အားလုံးဟာ ပိုက်ဆံမယူပဲ အခမဲ့ ၀င်ရောက်ကူညီထားလို့  Planet Website မှာ ဖတ်ခဲ့ဖူးတယ်။

ဇာတ်ကားဆု - မျှော်လင့်ခြင်းများစွာ
ဒါရိုက်တာ ဆု - မောင်မျိုးမင်း (ရင်တွင်းဖြစ်) (မျှော်လင့်ခြင်းများစွာ)
အမျိုးသားသရုပ်ဆောင် ဆု - ရန်အောင် (ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ)
အမျိုးသမီးသရုပ်ဆောင်ဆု - နန္ဒာလှိုင် (တောင်သမန်သစ္စာ)
အမျိုးသား ဇာတ်ပို့ ဆု - ဖိုးကျော် (မျှော်လင့်ခြင်းများစွာ)
အမျိုးသမီး ဇာတ်ပို့ ဆု - မေသဉ္စာဦး ( ပန်းပျိုးသူတို့  အလင်္ကာ)
ရုပ်ရှင် ဇာတ်ညွှန်း ဆု - ဇော်မြင့်ဦး ( တော်သမန်သစ္စာ)
ရုပ်ရှင် တည်းဖြတ် ဆု -ဇော်မင်း ဟံသာမြေ (မျှော်လင့်ခြင်းများစွာ)
ရုပ်ရှင် ဂီတထူချွန် ဆု - ကိုသော်ဇင် လ၀န်းအိမ် မန္တလေး ( ပန်းပျိုးသူတို့  အလင်္ကာ)
ရုပ်ရှင် အသံ ဆု -ဦးမျိုးညွှန့်  (တောင်သမန်သစ္စာ)
ရုပ်ရှင် ဓာတ်ပုံ ဆု - သန်းညွန့်  ပန်းသာ ( ပန်းပျိုးသူတို့  အလင်္ကာ)

၂၀၀၆ တစ်နှစ်လုံးမှာမှ မြန်မာရုပ်ရှင် ၁၁ ကားထည်းသာ ရုံတင်ပြသနိုင်ပြီး အဲ့ဒီထဲက ရွှေးချယ်ပြီး အခုလို ဆုတွေကို ပေးတာ ဖြစ်ကြောင်း Planet မှာ ရေးထားလို့ သိလိုက်ရတယ်။ အဲ့ဒီ ရုပ်ရှင် ၁၁ ကား အကြောင်း နဲ့  ဘယ်သူတွေ သရုပ်ဆောင်ထားတာလည်း ဆိုတာကို သိချင်တယ်ဆိုရင် Planet မှာ သွားဖတ်ကြည့်လို့ ရပါတယ်။
Update 2008-02-08
ဒီနေ့ တော့ မနေ့ ည မြန်မာရုပ်ရှင် အကယ်ဒမီဆုပေးပွဲက ပုံတွေကို ပေါ်ပြူလာ ဂျာနယ်ဆိုဒ်မှာ တင်ထားတာတွေ့  ရတယ်။
[More Photo at PopularJournal -2006 Academy Views]
[More Photo at Planet- Academy]

Photo Credit to Popular Journal

Source : Planet.com.mm , TharahpuMag.com

February 05, 2008

Livin’ on a Prayer


We're half way there
Livin' on a prayer
Take my hand and we'll make it - I swear
Livin' on a prayer

February 04, 2008

Busy Monday

ဒီရက်ပိုင်း ကျန်းမာရေး မကောင်းဘူး။
ဖျားတာတော့လည်း မဟုတ်ဘူး။ ဒီရက်ပိုင်းနေ့ တိုင်းနီးပါး ခေါင်းကိုက်တယ်။ နောက်ပြီး ချောင်းအရမ်း ဆိုးနေတယ်။
ခုအချိန်များ ဆေးခန်းသွားရင် ဆရာဝန်က ဆေးခွင့်ပေးမှာ သေချာတယ်။ ဒါပေမယ့် ခွင့်ယူလို့  မရဘူး။
အလုပ်မှာ တရုတ်နှစ်ကူး ပြည်တော်ပြန်ဖို့  ခွင့်ယူသူတွေများလို့  ကျန်တဲ့သူတွေကို ခွင့်မယူပါနဲ့ လို့  ပြောထားတယ်။
ဒီနေ့ အလုပ် အရမ်းများတယ်။ ၁၂ နာရီမှ စားနေကျ နေ့ လယ်စာတောင် ၂ နာရီလောက်မှ သွားစားရတယ်။
အားတဲ့အချိန်လေး စာဖတ်မယ် ဆိုတော့ သုံးနေကြ Proxy down နေလို့  အလုပ်က Proxy ကိုပဲသုံးလို့ ရတယ်။
အလုပ်က Proxy နဲ့ ဆို ဆိုဒ်တော်တော်များများကို ၀င်မရဘူး။ Logs တွေ အမြဲကြည့်နေတာမျိုးဆိုတော့ သုံးရတာ အဆင်မပြေဘူး။
ဒီရက်ပိုင်းတော့ Diary လိုလိုရေးတာတွေ ကလွဲရင် တခြားဟာတွေ ရေးနိုင်မယ် မထင်ဘူး။
၂ ရက် နဲ့  နေ့ တစ်ဝက်တော့ အောင့်အီးပြီး အလုပ်ကိုပဲ အာရုံစိုက် လုပ်လိုက်ပါအုံးမယ်။

February 01, 2008

1 February 2008