Pages

February 20, 2008

BurmeseClassic - 2nd Annual Special

Burmeseclassic မှာ ၂ နှစ်ပြည့် နှစ်ပတ်လယ် အထူအစီအစဉ်အနေနဲ့  နာမည်ကြီး မြန်မာရုပ်ရှင် ကားဟောင်းတွေကို အားလုံးကြည့်ရှု့ နိုင်အောင် တင်ထားပေးတာကို တွေ့ ရပါတယ်။

ဘယ်သူပြိုင်လို့ လှပါတော့နိုင် ( ဇော်ဝမ်း၊ ၀င်းလှိုင်၊ အံ့ကျော်၊ တင်တင်ညို၊ တင်တင်လှ)
မောင်တို့ ချယ်ရီမြေ ( ၀င်းဦး၊ခင်သန်းနု )
ကျွန်တော်က ခန့် ချော ( ကျော်ဟိန်း၊ ခင်သီတာထွန်း )
ပန်းမြို့တော်သို့  ခြေလှမ်းသုံးဆယ် ( ၀င်းဦး၊ ကျော်စွာဝင်း၊ ချိုပြုံး)
မလိခချစ်သူ ( မြတ်လေး၊ ကောလိပ်ဂျင်နေ၀င်း၊ ခင်ယုမေ)
နေခြည်ဖြာမှ နွေးသောကြောင့် ( အောင်လွင်၊ နွဲ့ နွဲ့ မူ)
နုနုငယ်ငယ် ( ကျော်ဟိန်း၊ စန္ဒာ၊ ကြည်ကြည်ဌေး၊ ဦးကျောက်လုံး၊ ၀င်းညွှန့် )
ချစ်တဲ့သူငယ်လေ ( မောင်ရူပ၊ မေ၀င်းမောင် )
ချစ်ခြင်းဆိုသည်ဘာလဲကွယ် ( နေအောင်၊ တင်တင်ညို)
ချစ်သူငယ်ချင်း ( ကျော်ဟိန်း၊ ခင်သီတာထွန်း၊ နွဲ့ နွဲ့ မူ)
ဆောင်းတည၀ယ် (၀င်းဦး၊ ၀ါဝါ၀င်းရွှေ၊ ဂျော်လီဆွေ )
နွေရူပ (ဇော်ဝမ်း၊ ခင်သီတာထွန်း)

Burmeseclassic က တင်ပေးထားတဲ့ ဇာတ်ကားတွေထဲက တချို့ ရုပ်ရှင်ကားတွေကို မြန်မာအသံက ပြန်လွှင့်ပေးလို့  ကြည့်ခဲ့ဖူးတယ်။ တချို့ ရုပ်ရှင်တွေကိုတော့ နာမည်ကြားဖူး ယုံလောက်ပဲရှိပြီး၊ တချို့ ရုပ်ရှင်ကားနာမည်တွေကိုတော့ ကြားတောင် မကြားဖူးဘူး။ ဒီတစ်ပတ် စနေ၊တနင်္ဂနွေ အားလပ်ရက် ရောက်ရင်တော့ အဲ့ဒီက မြန်မာရုပ်ရှင်ကားဟောင်းတွေကို ကြည့်ဖြစ်အောင် ကြည့်အုံးမယ်။

4 comments:

Anonymous said...

BurmeseClassic owner told me he gonna block those users from SG and RU cuz of bandwidth.. geez..
they will block only movie section for this moment..wil test like 1 week first.

Nay Nay Naing said...

တော်မီ .. ခုလို သတင်းပေးတာ ကျေးဇူးပါပဲ။ ကြားရတာ စိတ်တောင် မကောင်းဘူး။ စင်္ကာပူမှာကလည်း မြန်မာတွေများတယ်ဆိုတော့ စင်္ကာပူကိုသာ block လုပ်လိုက်ရင် bandwidth အတော်လေး အကုန် သက်သာသွားမယ် ထင်ပါတယ်။ အပျင်းပြေဆိုလို့  ဒါဒီ မှာပဲ လွယ်လွယ်ကူကူ သွားကြည့်ဖြစ်နေတာ။ မရတော့လည်း မကြည့်ယုံပဲ ရှိတော့တာပေါ့။ အဲ့လိုသာ တကယ် block လုပ်လိုက်မယ်ဆိုရင် နောက်ဆို အဲ့ဒီဆိုဒ်တောင် သွားဖြစ်တော့မယ် မထင်ဘူး။ တခြား ခွဲခြားမှု့ မရှိတဲ့ ဆိုဒ်တွေပဲ သွားကြည့်တော့မယ် :D

BurmeseClassic owner ကို ခုချိန်ထိ မြန်မာ ရုပ်ရှင်တွေ ကြည့်လို့ ရအောင် တင်ပေးခဲ့ အတွက် ကျေးဇူးတင်တယ် ပြောလိုက်ပါ။

Anonymous said...

ဟုတ်ပါတယ်..တော်မီလဲ စိတ်မကောင်းဘူး.. အဲဒါနဲ့မေးလိုက်တယ်.. မင်းသီလကဆိုရင် ဖိုင်ဆိုဒ်ပိုတောင် ကြီးသေးတယ်လို့ သူတို့က ပြီးရင် တစ်ကားပြီး တစ်ကားလဲ မလဲဘူး..လင့်ခ်တွေရှိသေးတယ်လို့ ပြောလိုက်တယ်..ဒါနဲ့သူက ဒါတော့ သူလဲ မသိဘူးတဲ့.. သူတို့ဆိုဒ်က လူပိုလာတယ်ဆိုလားမသိဘူး..ပြောတာပဲ..
ရုပ်ရှင်ဟာကို ပိတ်လိုက်တယ်ဆိုပေမဲ့ တရားတို့ တခြားဟာတို့ရမယ်တဲ့..ဒါပေမဲ့ တော်မီလဲ ရုပ်ရှင်ပဲသွားကြည့်ဖြစ်တာပါ.. မင်းသီလကို ပိုအဓိကထားကြည့်တယ်..အဲဒီ့မှာ မရှိရင်တော့ burmeseclassic မှာကြည့်တယ်..မင်းသီလက ကွာလတီပိုကောင်းလို့.. burmeseclassic ကတော့ အဲလိုမျိုး မြန်မာကားဟောင်းလေးတွေလဲ တင်ပေးတတ်တယ်..ဟုတ်ပါတယ်..စင်ကာပူကိုပိတ်လိုက်မှာက လာတဲ့သူများလို့ထင်ပါတယ်.. ရုရှားကတော့ အမြင်ကပ်လို့တဲ့..
သူကိုပြောပါသေးတယ်.. ဒါဆိုရင် အဲဒီလိုလဲတင်ပြီးတော့ အလကားရတဲ့ megaupload, mediafire တို့မှာ upload လုပ်ပြီးတင်ပေးဆိုတော့ သူတို့က သူတို့ own server မှာတင်မှာပါလို့ပြောတာပဲ..

Nay Nay Naing said...

အခုအထိတော့ ကြည့်လို့ ရတုန်းပဲ။ မပိတ်သေးတာလား၊ မပိတ်တော့ဘူးလား ဘာလဲတော့ မသိဘူး :D

မင်းသီလကို ခုနောက်ပိုင်း သိပ်မသွားဖြစ်တော့ဘူး။ burmeseclassic တော်မီပြောသလို Mediafire တို့ ၊ Zshare တို့ မှာ တင်ပေးရင်ကြည့်လို့ ရတာပဲ။ ဒါပေမယ့် သူတို့  Site မှာတင်ပေးမှ အဲ့ဒီကိုလာသူများမှာပေါ့။ လူလည်း လာစေချင်တယ်နဲ့ တူပါတယ်။ Bandwidth လည်းအများကြီး မရဘူးထင်ပါတယ်။ ဒါတောင် အခု BurmessicClassic က ရုပ်ရှင်တွေက Server နှစ်ခုမှာ ခွဲတင်ထားတာ။ Movie တစ်ခုကို Server တစ်ခုတည်းမှာ မတင်ပဲ 4 ပိုင်း ရှိတယ်ရင် ၁ နဲ့  ၃ ကို server တစ်ခု၊ ၂ နဲ့  ၄ ကို တခြား server မှာ တင်ထားတယ်ဆိုတာ သတိထားမိတယ်။Bandwith မျှအောင်ထင်တယ်။ တော်မီ.. သတင်းတွေ အတွက် ကျေးဇူးတင်တယ်။ :)