အား... အလုပ်လုပ်ရတာ စိတ်မပါဘူး။ ပင်ပန်းနေတယ်။ နားချင်ပြီ။ မနေ့ ကမှ Deployment လုပ်ထားတာ ဆိုတော့ ဒီနေ့  အလုပ်လုပ်စရာ သိပ်မရှိပါဘူး။ Production မှာ အားလုံး အဆင်ပြေနေတယ်။ နောက်တစ်ပတ် ခွင့်သွားမယ့် သူတွေစီက အလုပ်တွေ လွှဲယူဖို့ ရှိတာကြောင့်သာ အလုပ်လာရတာ။ မဟုတ်ရင် ဒီနေ့  အလုပ် လာဖြစ်မယ် မထင်ဘူး။ သောကြာနေမို့  ခွင့်မယူချင်တာလည်း ပါတယ်။ နောက်တစ်ပတ် တရုတ်နှစ်ကူး ဆိုတော့ အလုပ်က တရုတ်တွေ ခွင့်ယူပြီး သူတို့  နိုင်ငံတွေ ပြန်ကြမယ်။ ထမင်းအတူသွားစားလေ့ရှိတဲ့ လူ ၆ ယောက်မှာ ၄ ယောက်က ခွင့်ယူတယ်။ ကျွန်မကလွဲရင် သူတို့ အားလုံးက တရုတ်တွေကြီးပဲ။ မလေး တရုတ်၊ အင်ဒိုနီးရှား တရုတ်၊ ဗီယက်နမ် တရုတ်၊ ဖိလစ်ပင်း တရုတ်၊ ပြည်မကြီးက တရုတ်နဲ့  စင်္ကာပူရီးယမ်း တရုတ်။ နောက်တစ်ပတ်မှာ ဒီနိုင်ငံက တရုတ်တချို့ လည်း ခွင့်ယူတာတွေ့ တယ်။ ထူထူးခြားခြား အဖွဲ့ ထဲက ကုလားတစ်ယောက်လည်း ခွင့်ယူတယ်။ သူကတော့ နှစ်ကူးဖို့ မဖြစ်နိုင်ဘူး။ အားလပ်ရင်မှာ ဆက်တိုက် နားချင်လို့ နဲ့  တူပါတယ်။ ခွင့်ယူတဲ့သူတွေ များတော့ ဒီနေ့  လွှဲစရာရှိတာတွေ အကုန် လွှဲယူထားမှ နောက်တစ်ပတ် အလုပ်လုပ်ရတာ အဆင်ပြေမှာလေ။ တစ်ခုခု ပြဿနာ တက်ရင် ကူညီရှင်းပေးမယ့်သူ ရှိမှာမဟုတ်ဘူး။
ဒါနဲ့  ခုနကလေးပဲ HR က အီးမေးပို့ တယ်။ ၆ ရက် နေ့ မှာ နေ့ လယ် ၁ နာရီအထိပဲ အလုပ်လုပ်ရမယ်တဲ့။ ကောင်းပါတယ်။ ၇-၈ က တရုတ်နှစ်ကူးဆိုတော့ ဒီနိုင်ငံရဲ့ အားလပ်ရက်၊ အလုပ်ပိတ်တယ်။ ၉-၁၀ က စနေ နဲ့  တနင်္ဂနွေ၊ အလုပ်သွားစရာ မလိုဘူး။ ဒီတော့ နောက်တစ်ပတ်မှာ ၄ ရက်ခွဲတောင် အလုပ်ပိတ်မယ်။ တချို့  အလုပ်တွေမှာဆို ၆ ရက်နေ့ ပါ ပိတ်လို့  ၅ ရက် အားလပ်ရက် ရတယ်ပြောတယ်။ ၆ ရက်နေ့  လုံးဝ မပိတ်တာထက်စာရင် နေ့ တစ်ဝက် ပိတ်လည်း အကြောင်းတော့ မဟုတ်ပါဘူး။ ခုတလောက user တွေ အားလုံးလည်း Holiday Mood ၀င်နေတော့ အလုပ် သိပ်ရှုပ်မှာ မဟုတ်ဘူး။ အားလပ်ရက်တွေ အကြောင်း ရေးလိုက်လို့ လား မသိဘူး၊ နည်းနည်း နေလို့  ကောင်းသွားတယ်။ အင်း.. လုပ်စရာမရှိ ရှိတာလေးတွေရှာပြီး အလုပ်လုပ်လိုက်အုံးမယ်။ ဒီနေ့  ညနေမှာ သူငယ်ချင်းတစ်ယောက်က ထမင်းလိုက်ကျွေးမယ် ပြောလို့  သွားစားရအုံးမယ်။ ညနေမှာ များများစားနိုင်အောင် အခုအချိန် နေကောင်းအောင် ကြိုးစားနေမှ ဖြစ်မယ်။

1 comment:
crazy :S
Post a Comment