Pages

February 08, 2008

2006 Myanmar Academy

၂၀၀၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုတွေကို သရဖူ မဂ္ဂဇင်း Website မှာ Live ရေးပေးနေတဲ့ အတွက် သိလိုက်ရပါတယ်။ အကောင်းဆုံး ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ အမျိုးသာဇာတ်ပို့ ဆု ၊ ရုပ်ရှင်တည်းဖြတ်ဆု တွေ ရသွားတဲ့ မျှော်လင့်ခြင်းများစွာဆိုတဲ့ ဇာတ်ကားဟာ အေအိုင်ဒီအက် ပညာပေး ဇာတ်ကားတစ်ခုဖြစ်ပြီး အဲ့ဒီ ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ထားသူတွေ အားလုံးဟာ ပိုက်ဆံမယူပဲ အခမဲ့ ၀င်ရောက်ကူညီထားလို့  Planet Website မှာ ဖတ်ခဲ့ဖူးတယ်။

ဇာတ်ကားဆု - မျှော်လင့်ခြင်းများစွာ
ဒါရိုက်တာ ဆု - မောင်မျိုးမင်း (ရင်တွင်းဖြစ်) (မျှော်လင့်ခြင်းများစွာ)
အမျိုးသားသရုပ်ဆောင် ဆု - ရန်အောင် (ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ)
အမျိုးသမီးသရုပ်ဆောင်ဆု - နန္ဒာလှိုင် (တောင်သမန်သစ္စာ)
အမျိုးသား ဇာတ်ပို့ ဆု - ဖိုးကျော် (မျှော်လင့်ခြင်းများစွာ)
အမျိုးသမီး ဇာတ်ပို့ ဆု - မေသဉ္စာဦး ( ပန်းပျိုးသူတို့  အလင်္ကာ)
ရုပ်ရှင် ဇာတ်ညွှန်း ဆု - ဇော်မြင့်ဦး ( တော်သမန်သစ္စာ)
ရုပ်ရှင် တည်းဖြတ် ဆု -ဇော်မင်း ဟံသာမြေ (မျှော်လင့်ခြင်းများစွာ)
ရုပ်ရှင် ဂီတထူချွန် ဆု - ကိုသော်ဇင် လ၀န်းအိမ် မန္တလေး ( ပန်းပျိုးသူတို့  အလင်္ကာ)
ရုပ်ရှင် အသံ ဆု -ဦးမျိုးညွှန့်  (တောင်သမန်သစ္စာ)
ရုပ်ရှင် ဓာတ်ပုံ ဆု - သန်းညွန့်  ပန်းသာ ( ပန်းပျိုးသူတို့  အလင်္ကာ)

၂၀၀၆ တစ်နှစ်လုံးမှာမှ မြန်မာရုပ်ရှင် ၁၁ ကားထည်းသာ ရုံတင်ပြသနိုင်ပြီး အဲ့ဒီထဲက ရွှေးချယ်ပြီး အခုလို ဆုတွေကို ပေးတာ ဖြစ်ကြောင်း Planet မှာ ရေးထားလို့ သိလိုက်ရတယ်။ အဲ့ဒီ ရုပ်ရှင် ၁၁ ကား အကြောင်း နဲ့  ဘယ်သူတွေ သရုပ်ဆောင်ထားတာလည်း ဆိုတာကို သိချင်တယ်ဆိုရင် Planet မှာ သွားဖတ်ကြည့်လို့ ရပါတယ်။
Update 2008-02-08
ဒီနေ့ တော့ မနေ့ ည မြန်မာရုပ်ရှင် အကယ်ဒမီဆုပေးပွဲက ပုံတွေကို ပေါ်ပြူလာ ဂျာနယ်ဆိုဒ်မှာ တင်ထားတာတွေ့  ရတယ်။
[More Photo at PopularJournal -2006 Academy Views]
[More Photo at Planet- Academy]

Photo Credit to Popular Journal

Source : Planet.com.mm , TharahpuMag.com

No comments: