Pages

February 08, 2008

Save Windows XP!

Microsoft will end OEM and shrink-wrapped sales of Windows XP on June 30, 2008, forcing users to shift to Vista.Millions of us have grown comfortable with XP and don't see a need to change to Vista. [more here.....]
Why XP must be saved
The costs are too high and the benefits too low to be forced to switch to Vista [more here...]


တကယ်ဆို Window XP က အခု လက်ရှိ Window Vista နဲ့  နှိုင်းယှဉ်ရင် အများကြီး Stable ဖြစ်ပါတယ်။ ကျွန်မ အိမ်မှာ Widnow XP ကို တစ်ပတ်လောက် မပိတ်ပဲ ဖွင့်ထားလို့ ဘာမှမဖြစ်ဘူး။ အတော်လေး ငြိမ်တယ်ဆိုရမယ်။ ဒါပေမယ့် Widnow Vista ကို ၁ ရက်လောက် မပိတ်ပဲ ဖွင့်ထားလိုက်ရင် အရမ်းလေးပြီး သုံးရတာ အဆင်မပြေတော့ဘူး။ တစ်နေ့  တစ်ခါ လောက်တော့ အနည်းဆုံး restart လုပ်ပေးရတယ်။ နောက်ပြီး အခုအချိန်အထိ Window Vista ကို Applications တိုင်း က Support မလုပ်သေးပါဘူး။ Window Vista မှာ တခြား ပြဿနာတွေလည်း အများကြီးရှိသေးတယ်။ တခြားဟာ တွေထားပါ။ ဒီရက်ပိုင်း ကျွန်မရဲ့ ပတ်ဝန်းကျင်မှာ သုံးနေတဲ့ Window Vista သွင်းထားတဲ့ Laptop အချို့ မှာ Audio နဲ့  ပတ်သက်တဲ့ ပြဿနာတတ်တာ တွေ့ နေရတယ်။ Audio သုံးထားတဲ့ Software တစ်ခုကို ဖွင့်ထားတုန်း နောက်တစ်ခုကို ထပ်ဖွင့်လို့  မရဘူး။ Gtalk ကိုသုံးပြီး စကားပြောနေတုန်း၊ သီချင်း နားထောင်လိုက်ရင် ဒါမှမဟုတ် တခြား အသံနဲ့ ဆိုင်တဲ့ Applications တစ်ခုဖွင့်လိုက်ရင် Applications နှစ်ခုလုံး Hang သွားပါတယ်။ ဒါဆို တခြား Audio နဲ့  ပတ်သက်တာတွေ ဘာမှ ဖွင့်လို့  မရတော့ဘူး။ နောက်ဆုံး Computer ကို Restart လုပ်လိုက်မှသာ အဲ့ဒီ Application တွေ ပြန်သုံးလို့  ရတော့တယ်။ အဲ့ဒါလို ဟာလေးတွေကအစ အဆင်မပြေ တဲ့ Vista ကို ကျွန်မတော့ အခုအချိန်မှာ သုံးဖို့  ready မဖြစ်သေးပဲ Window XP ကိုပဲ ဆက်လက် သုံးစွဲနေအုံးမှာပါ။

6 comments:

Myo Kyaw Htun said...

အခု Winamp 5 နဲ့ Gtalk ပြသနာ တက်နေတာကို သတိထားမိတယ်။ Gtalk မှာ show currently music track ကို select လုပ်ထားတုန်း Winamp 5 ကို ကောက် Run လိုက်တာနဲ့ ပြသနာတက်တယ်။ ကျန်တဲ့ iTune တို့ Windows Media Player နဲ့ တစ်ခြား ဟာတွေနဲ့ စမ်းကြည့်တော့ အိုကေနေတယ်။ Windows Vista မှာတင် မဟုတ်ဘူး။ XP မှာပါ အဲ့ပြဿနာ တက်နေတာ။

solution လေးတွေ့ထားတယ်။ နောက်လူ ပြသနာတက်ရင် ပြလို့ရတာပေါ့။

Step 1: Go to the root directory of Winamp which is usually in C:\Program Files\Winamp\

Step 2: Select Tools->Folder Options->View (Tab) and uncheck the hide extensions for known file types and click Ok.

Step 3: Now create an empty file (Right click the mouse -> New -> Text document), so the default file would be like “New Text Document.txt”.

Step4: Rename the above file to “winamp.m3u” and save.

Step5: Close Winamp and Google Talk. Now open again and Your Show Current music track status should work like a charm

source :
Google Talk freezes with show music status using winamp 5.5

Anonymous said...

I hate vista.
Why microsoft force everything? They force ppl to use office 2007 and stop selling 2003. Now it is again. Stop XP and gonna force vista again.

Nay Nay Naing said...

မျိုးကျော်ထွန်း..
Vista မှာက Gtalk နဲ့  Winamp 5 နဲ့  ပြဿနာတတ်တာ မဟုတ်ဘူး။ ဘာဖွင့်ဖွင့် ဖြစ်နေတာ။ Gtalk သုံးနေတုန်း Skype က call ၀င်လာလဲ မရဘူး။ တခြား Software တွေသုံးပြီးလဲ သီချင်းနားထောင်လို့ မရဘူး။ Audio Applications နှစ်ခု ကို ပြိုင်ဖွင့်လို့ ကိုမရတာ။
Window XP သွင်းထားတဲ့ ကွန်ပြူတာမှာ အဲ့ဒီ (Winamp 5 နဲ့  Gtalk) ပြဿနာတတ်တတ်နေတာနဲ့  အတော်ပဲ ဖြစ်သွားတယ်။ ကျေးဇူးတင်ပါတယ်။

တော်မီရေ.. တူတူပါပဲ။ Vista ကို လှတာလေးတွေကို သဘောကျမိတာကလွဲရင် မကြိုက်ဘူး။ Microsoft က သူတို့  Software အသစ်တွေကို သုံးဖို့  Force အမြဲလုပ်နေတာပါပဲ။ Mac လည်း ဒီအတိုင်းပဲ။ နောက်ထုတ်တဲ့ အသစ်တွေက ပိုကောင်းတော်ဆိုရင် တော်သေးတာပေါ့။

စိုးထက် - Soe Htet ! said...

ကျွန်တော့်မှာက Vista ပဲ ရှိတော့ သည်းခံ ပြီး သုံးနေရတယ် :D

Anonymous said...

>>>ါပေမယ့် Widnow Vista ကို ၁ ရက်လောက် မပိတ်ပဲ ဖွင့်ထားလိုက်ရင် အရမ်းလေးပြီး သုံးရတာ အဆင်မပြေတော့ဘူး။

I think it will depend on your computer configuration.. I never shut down my computer except some exceptional cases (e.g. software installation or windows update or etc).. I have no problem with Vista.. I think Vista will be more stable in future since Microsoft took around 5 years to build this OS. I know that some softwares doesn't work well on Vista.. but sooner or later, it will be okay.. Vista is kinda future OS and if MS release next OS, it will be based on Vista only.

Nay Nay Naing said...

ခုလို window vista သုံးရတဲ့ အတွေ့ အကြုံကို ပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ Microsoft က ၅ နှစ်ကျော် အချိန်ယူထုတ်ထားတဲ့ Window Vista ဟာ နောက်ပိုင်းမှာ အရင်ကထက်ပိုပြီး stable ဖြစ်လာမယ်ဆိုတာကိုတော့ အကြွင်းမဲ့ ယုံကြည်ပါတယ်။ Microsoft ၇ဲ့ ထုံးစံအတိုင်း တစ်ခုခုထုတ်ပြီးရင် နောက်က ပြင်ဆင်မှု့ တွေက လိုက်လာမှာ အသေအချာပါပဲ။ ဒါပေမယ့် အခုအချိန်မှာတော့ Window XP နဲ့  Window Vista ကို ယှဉ်ပြီး သုံးမယ်ဆို သာမန်ယူဇာတွေ အတွက် Window XP က အစစအရာရာ ပိုပြီး အဆင်ပြေနေတယ်လို့  ယုံကြည့်မိပါတယ်။