Pages

February 22, 2008

The easiest ways to write in Burmese

မြန်မာစာ မရိုက်တတ်သူများအတွက် အသုံးဝင်မယ့် Link တွေ နဲ့  ZawGyi Unicode မ ရှိသူတွေအတွက် အသုံးဝင်မယ့် Link တွေပါ။
Zawgyi-one Web Text Editor 1.5.4
MystreyZillion.com
Source code For Firefox is written by Ko Min Kyaw
Updated By Saturngod
ကွန်ပြူတာမှာ ဇော်ဂျီယူနီကုတ် မသွင်းထားချင်သူတွေ၊ မြန်မာလိုမရိုက်တတ်သူတွေ အတွက် အသုံးဝင်ပါတယ်။ အဲ့ဒီမှာ ဖော်ပြထားတဲ့ Myanmar Key Map ကိုသုံးပြီး ရေးလို့ ရပါတယ်။ မနည်းနည်းတော့ ရေးရတာ ကြာမယ်ထင်တယ်။ ဒါပေမယ့် အလွန်အသုံးဝင်တဲ့ Website တစ်ခုလို့  အသုံးပြုသူတွေက ပြောပါတယ်။

ဒါကတော့ Burglish ( မြန်မာစာကို အသံထွက်အတိုင်း အင်္ဂလိပ်အက္ခရာတွေကိုသုံးပြီး ရေးတာပါ) ကို မြန်မာစာလုံး အဖြစ် ပြောင်းပေးတဲ့ ဆိုဒ်ပါ။ Top-Down List နဲ့ ပေါ်လာတဲ့အတွက် လွယ်ကူပါတယ်။ အဲ့ ကိုယ်ပေါင်းတာနဲ့  သူတို့ ပေါင်းတဲ့ ပုံစံမတူရင်တော့ ခက်တာပေါ့။ Burglish ရေးပုံရေးနည်း Standard တစ်ခုမှ မရှိသေးတယ်။ အဲဒီမှာ ZawGyi Font တစ်ခုတည်းမကဘူး တခြား UniBurma, Myazedi, PadaukOT, Myanmar3 ကြိုက်တာကို ရွေးချယ်ရေး လို့ ရ ပါတယ်။

ဒါတွေကတော့ ZawGyi Font နဲ့ ရေးထားတဲ့ စာတွေကို Win Font ၊ Win Font နဲ့ ရေးသား ထားတာတွေကို ZawGyi Font ကို အလွယ်တကူပြောင်းနိုင်တဲ့ Links တွေပါ။ မြန်မာစာ ရိုက်တတ်သူတွေ အတွက်ပိုပြီး အသုံးဝင်ပါတယ်။ ကျွန်မကတော့ သုံးနေတဲ့ ကွန်ပြူတာမှာ ယူနီကုတ် မသွင်းချင်တဲ့ အခါ၊ သွင်းလို့ မရတဲ့ အခါမျိုးတွေမှာ ရိုးရိုး Win Font နဲ့  Microsoft Web ထဲမှာ စာရိုက်ပြီး Zawgyi Unicode ကို ပြောင်းဖို့  အတွက် အဓိကသုံး ဖြစ်ပါတယ်။

နောက်ပြီး Gtalk သုံးနေတဲ့ အခါ Zawgyi Addin မသွင်းထားလို့  တဖက်က ပို့ တဲ့ ဇော်ဂျီနဲ့ ရေးထားတဲ့ မြန်မာစာလုံးတွေကို အမြင်ရပဲ လေးထောင့်အတုန်းတွေပဲ ပေါ်နေရင် အဲ့ဒီ Website တွေရဲ့ Text Area မှာ သွားထည့်ပြီး ဖတ်လို့ ရတယ်။ ကျွန်မ့ အလုပ်က ကွန်ပြူတာမှာဆို ZawGyi Gtalk Addin သွင်း မထားပါဘူး။ ဒီတော့ သူငယ်ချင်းတွေ ပို့ တဲ့ ZawGyi နဲ့ ရေးထားတဲ့ စာတွေကို အဲ့ဒီ ဆိုဒ်တွေကို သုံးပြီး ဖတ်လေ့ရှိတယ်။

Credit to Ko MgHla

4 comments:

Anonymous said...

ကျေးဇူးတင်ပါတယ် မမြနေနေနိုင် :P
woop! i can write Burmese now kwa :P

Nay Nay Naing said...

အထွေအထူး ကျေးဇူးတင်ကြောင်း ပြောနေစရာမလိုပါဘူး ထင်ပါတယ် ကိုအောင်ကျော်သိန်း။ :P..

Ko Boyz said...

ီဟီး...လောလောဆယ်တော့ ကိုမောင်လှ ဂူဂယ်ပေ့ခ်ျကြီး ဘဲန်ဝစ် ကျော်နေလို့ အဲဒါကြီး သုံးလို့မရတော့ဘူးရယ်...။ ၃-၄ ရက်လောက်ရှိပြီထင်တယ်...။ သုံးတဲ့သူ များနေလို့ ဖြစ်မှာ...။

Nay Nay Naing said...

ဟိုရက်က ကိုမောင်လှ ဂူဂယ်ပေ့ခ်ျကြီး ဘဲန်ဝစ် ကျော်နေတာ ဒီကသွားတဲ့ လင့်တွေကြောင့်တော့ မဟုတ်လောက်ပါဘူး။ တရားခံမရှိပါနဲ့  ကိုဘွိုင်းရာ :P .. ကိုမောင်လှ က မန္တလေးရတနာပုံဈေး မီးလောင်နေတဲ့ပုံတွေကို သူ့ ရဲ့ Google Page မှာ တင်လိုက်လို့  ကြည့်တဲ့သူတွေများပြီး Bandwidth Limt ကျော်သွားတာပါ။ အခုတော့ အဆင်ပြေနေပါပြီ။