ဟိုရက်ပိုင်းက ကျွန်မရဲ့ ကွန်ပြူတာမှာ Winamp 5 နဲ့  Gtalk ကို အတူသုံးရင် ပြဿနာ တတ်နေတယ်။ Gtalk ၀င်ထားတဲ့ အချိန် Winamp ကို ဖွင့်မိလိုက်ရင် Gtalk freezes ဖြစ်သွားတာပါ။ ဒါပေမယ့် ကျွန်မက သီချင်းတွေ နားထောင်တဲ့အခါ Winamp ကိုသုံးပြီး နားထောင်ရတာထက်စာရင် iTunes ကို သုံးပြီး နားထောက်ရတာကို ပိုပြီး အသံကြည်တယ်၊ ပိုပြီးသဘောကျတာနဲ့ Winamp မသုံးလည်း ကိစ္စမရှိဘူးဆိုပြီး Winamp မသုံးပဲ iTunes ပဲ သုံးနေလိုက်ပါတယ်။ ဘာကြောင့်ဖြစ်တယ်၊ ဘယ်လို ရှင်းရမယ် ဆိုတာတွေ ရှာရမှာ ပျင်းတာနဲ့  အလွယ်ဆုံး နည်းကို သုံးပြီး ရှင်းလိုက်တာပါ။ :D
ဒီနေ့ Save Window XP! ပိုစ့်မှာ မျိုးကျော်ထွန်း ရေးထားခဲ့တဲ့ ကွန်မန့် က နည်းကို အသုံးပြုပြီး ရှင်းလိုက်တော့ အခု အဆင်ပြေသွားပါပြီ။ တခြားသူတွေ အဲ့ဒီလို ပြဿနာတတ်နေရင် ရှင်းလို့ ရအောင် Solution ကို ပြန်ရေး လိုက်ပါတယ်။
Step 1: Go to the root directory of Winamp which is usually in C:\Program Files\Winamp\
Step 2: Select Tools->Folder Options->View (Tab) and uncheck the hide extensions for known file types and click Ok.
Step 3: Now create an empty file (Right click the mouse -> New -> Text document), so the default file would be like “New Text Document.txt”.
Step4: Rename the above file to “winamp.m3u” and save.
Step5: Close Winamp and Google Talk. Now open again and Your Show Current music track status should work like a charm
Credit to MyoKyawHtun
4 comments:
ပို့စ်တင်ပေးတဲ့ နေနေနဲ့ ပြောပြထားတဲ့ မျိုးကျော်ထွန်းကို ကျေးဇူး။ အခု winamp အသစ်တင်လိုက်တာ အဲဒီလိုဖြစ်နေလို့ နေနေ ရေးဘူးတာ သတိရပြီး ပြန်လိုက်ရှာလုပ်လိုက်တာ အဆင်ပြေသွားတယ်။ :)
မမေ အဆင်ပြေသွားတယ်ဆိုလို့ ဝမ်းသာပါတယ်။ နေနေ ကတော့ အဲ့ဒီလို တစ်ခါ ပြဿနာတတ်ပြီး ထဲက winmap ကို မသုံးဖြစ်တော့ပဲ itunes နဲ့  window media player ပဲ သုံးဖြစ်နေတယ်။
winamp နဲ့  gtalk crash ဖြစ်နေတာကြာပြီ....ဘယ်လိုလုပ်ရမှန်း မသိလို့ စိတ်ညစ်နေတာ....အခု ဒီဘလော့ ကို we she me ဘလော့  ကနေ တဆင့်  တွေ့ လို့ ရောက်လာပြီး စာတွေလျောက်ဖတ်ရင်း တွေ့ လို့  လုပ်ကြည့် လိုက်တာ အဆင်ပြေသွားပါပြီ...ဖြေရှင်းနည်း ပြောပြ တဲ့  ကိုမျိးကျော်ထွန်းနဲ့  post တင်ပေးတဲ့ မနေနေ တို့ အား အထူးပဲ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ....
ရွင်လန်းချမ်းမြေ့ ကြပါစေ.....
နှစ်ဆန်းပိုင်းက တင်ထားတဲ့ပိုစ့်ဆိုတော့ ဒီနေရာမှာ အတော်လေး အချိန်ပေးပြီး ဖတ်သွားတာပဲ။ အဆင်ပြေသွားတယ်ဆိုတာ သိရလို့  ၀မ်းသာပါတယ်။
Post a Comment