Pages

February 09, 2008

လမ်းရွေးခွင့် - ဇော်ဝင်းထွဋ်

လမ်းရွေးခွင့် - ဇော်ဝင်းထွဋ်

အတူလျှောက်ဖို့  တို့ လမ်းကို တို့ ရွေးခွင့်ရပါ့အုံးမလား
ကိုယ်ပိုင်ယုံကြည်ချက်တို့  ကိုယ်ဆီနဲ့ လေ
ကိုယ့်ရဲ့ ကြမ္မာ ကိုယ်ဖန်တီးသွားချင်တဲ့သူ
ရင်မှာ ရည်ရွယ်ထားတဲ့ ဒီအချစ်လမ်းဆီ
နယ်ကျွံ့ လာမှ နောက်လှည့် မပြန်ချင်ဘူး...

အချစ်စစ်ရဲ့ လမ်းများဟာလေ... ထာဝစဉ် မဖြောင့်ဖြူးဘူး...
တို့ ရှေ့ ဆက်ရဖို့ အပြင် ဘယ်လမ်းမှ မမြင်တော့ဘူး...
ရှေ့ ဆက်လျှောက်လိုက်စမ်းပါ တို့ လမ်းကို တို့ ရွေးချယ်နိုင်မလား ...
တို့  နှစ်ယောက်လုံးကို နောက်ဆုံး ကံကြမ္မာကပဲ ရွေးချယ်သွား မလား..

ကိုယ်လေ အချိန်တွေ ဖြုန်းမိနေရင် Sorry..
ဒါဆို ကိုယ်ဟာ မင်းအတွက် ပုံပြောသူ ...
အရာရာ အနယ်ထိုင်သွားမယ့် တစ်ချိန်ချိန် တစ်နေ့ မှာ
ဝေဒနာတွေက အကောင်းဆုံး ပြက်လုံး တစ်ခု

လမ်းပြမရှိတဲ့ လူ့ ဘ၀ဟာ မြေပုံ မပါသောလမ်း
မင်းနဲ့ တို့ ရဲ့ စိတ်ကြိုက်လမ်းရွေးမှာလား ..
မင်း ဆုံးဖြတ်လိုက်စမ်း...
ရှေ့ ဆက်လျှောက် .....
......
ဘယ်အခြေအနေ .. ဘယ်အချိန်ဆို.. ဘယ်စီ ဘယ်မှာလည်း တို့ မသိ...
မရေရာတယ်.. မသေချာတယ်.. မမြင်နိုင်တဲ့ လမ်းများ
လျှောက်လိုက်စမ်းပါ...
တို့ လမ်းကို တို့ ရွေးချယ်နိုင်မလား ...
တို့  နှစ်ယောက်လုံးကို နောက်ဆုံး ကံကြမ္မာကပဲ ရွေးချယ်သွားမလား.
...
ရှေ့ ဆက်လျှောက် .....

2 comments:

Anonymous said...

This song was one of my favorite in 90's .. I think that was from (Hlatt Sit Moe Kaung Kin II album,) this song remind me of those time back in High Skool.

Thanks

Nay Nay Naing said...

ဘာတွေကို သတိရတာပါလိမ့်။ အထက်တန်းကျောင်းတုန်းက သူငယ်ချင်းတွေကိုလား။ ဆိုးခဲ့ ပေခဲ့ တေခဲ့တာတွေကိုလား :P